
ရိုးသားမႈကို ျမတ္ႏိုးတဲ့ သူေတြမွာသာ ရွိတတ္တဲ့ အားနည္းခ်က္ေလးမ်ား
ရိုးသားမႈဆိုတာ ဂုဏ္တစ္ခု ပါပဲ။ ဒီလို ရိုးသားမႈ မ်ိဳးက လူတိုင္းမွာ မရွိနိုင္လို႔ ရိုးသားသူေတြက ေလးစားစရာ ေကာင္းလွ ပါတယ္။ ဒါေပမယ့္ လည္း အဆိုးနဲ႕ အေကာင္း ဒြန္တြဲေန သလို ရိုးသားတာကပဲ အားနည္းခ်က္ ျဖစ္သြား တတ္ပါ တယ္။ ရိုးသား မႈေၾကာင့္ ဘယ္လို အားနည္းခ်က္ေတြ ျဖစ္သြားတတ္လဲ ဆိုရင္…
အလိမ္ခံရမယ္
ရိုးသားတဲ့ သူေတြရဲ႕ အက်င့္တစ္ခုက စိတ္ခံ အတိုင္း ေတြးၾက တာပါ။ ကိုယ့္လို ရိုးသားမယ္ ထင္ၿပီး ဟန္ေဆာင္ တာေတာင္ မရိပ္မိ တတ္ၾက ပါဘူး။ အေျဖာင့္အတိုင္း အမွန္အတိုင္း ေတြးတတ္ တာက လိမ္ခ်င္သူေတြ အတြက္ေတာ့ သေဘာက်စရာ အခ်က္ ျဖစ္ေန တတ္ပါ တယ္။
ပစ္မွတ္ထားခံရမယ္
မေကာင္းတဲ့ သူေတြက ဘယ္ေတာ့မွ သူတို႔လို လူေတြနဲ႕ လည္တဲ့သူေတြကို ပစ္မွတ္ မထားၾကပါဘူး။ ရိုးသားတဲ့သူ၊ မသိ နားမလည္တဲ့ သူနဲ႕ ႏုံအသူေတြ ကိုသာ အဓိက
ပစ္မွတ္ ထားၿပီး လိမ္လည္ဖို႔ ရာဇဝတ္ က်ဴးလြန္ဖို႔ ျပဳလုပ္ တတ္ၾက တာပါ။ သင့္ရဲ႕ ရိုးသားမႈက ရာဇဝတ္ မႈေတြကို လက္ယပ္ေခၚေနသလိုလည္း ျဖစ္ေနနိုင္ပါတယ္။
လြယ္တယ္ ထင္ခံရတယ္
ရိုးသားတဲ့ သူ အမ်ားစုကေတာ့ သိၾကတတ္ ၾကရင္ေတာင္မွ ကိုယ့္အေပၚ မရိုးသားတာ လုပ္တာကို သူ႕ကံနဲ႕သူ သြားပါေစလို႔ ေတြးလိုက္ၾကတာ မ်ားပါတယ္။
ဒီလိုမ်ိဳး မသိခ်င္ေယာင္ေဆာင္ေပးတတ္တာမ်ိဳးက ကိုယ့္အေတြးနဲ႕ဆို ဟုတ္သေယာင္ ရွိေပမယ့္ မေကာင္းတဲ့သူေတြနဲ႕ သင့္ကို အသုံးခ်တဲ့သူေတြကေတာ့ သင္က လြယ္လိုက္ တာလို႔ ထင္သြား တတ္ၾက ပါတယ္။
ႏုံတဲ့သူတစ္ေယာက္လို ဆက္ဆံခံရနိုင္တယ္
သင့္ရဲ႕ရိုးသားမႈက အားသာခ်က္လို႔ ထင္နိုင္ေပမယ့္ တစ္ခ်ိဳ႕သူေတြအတြက္ေတာ့ သင့္ရဲ႕ရိုးသားမႈက သူတို႔အတြက္ အခြင့္ေကာင္း ျဖစ္ပါတယ္။ သင့္ရဲ႕ ရိုးသားတဲ့ အခ်က္ကို အသုံးခ်ၿပီး သင့္ကို လူလည္က်သြားတာေတြ ရွိတတ္ ပါတယ္။ သူတို႔အျမင္ မွာေတာ့ သင္က ႏုံတဲ့သူ တစ္ေယာက္ ျဖစ္ေနမွာပါ။
အခြင့္အေရး ဆုံးရႈံးရမယ္
ရိုးသားတဲ့သူေတြက မရိုးမသား ျဖစ္သြားမွာ သိပ္ကိုဝန္ေလးတာေၾကာင့္ အခြင့္အေရးေတြ ကိုယ့္ဆီလာရင္ေတာင္ သံသယေတြ ပြားေနတတ္ပါတယ္။
ဒါေၾကာင့္ လက္လႊတ္ရတဲ့ အခြင့္အေရးေတြလည္း ရွိၿပီး သူမ်ားကို ဦးစားေပးလိုက္တာမ်ိဳးလည္း ရွိလို႔ အခြင့္အေရးေတြလည္း ဆုံးရႈံးေနရတတ္ပါတယ္။
Kham
ခရက္ဒစ္
ယူနီကုတ္
ရိုးသားမှုကို မြတ်နိုးတဲ့ သူတွေမှာသာ ရှိတတ်တဲ့ အားနည်းချက်လေးများ
ရိုးသားမှုဆိုတာ ဂုဏ်တစ်ခု ပါပဲ။ ဒီလို ရိုးသားမှု မျိုးက လူတိုင်းမှာ မရှိနိုင်လို့ ရိုးသားသူတွေက လေးစားစရာ ကောင်းလှ ပါတယ်။ ဒါပေမယ့် လည်း အဆိုးနဲ့ အကောင်း ဒွန်တွဲနေ သလို ရိုးသားတာကပဲ အားနည်းချက် ဖြစ်သွား တတ်ပါ တယ်။ ရိုးသား မှုကြောင့် ဘယ်လို အားနည်းချက်တွေ ဖြစ်သွားတတ်လဲ ဆိုရင်…
အလိမ်ခံရမယ်
ရိုးသားတဲ့ သူတွေရဲ့ အကျင့်တစ်ခုက စိတ်ခံ အတိုင်း တွေးကြ တာပါ။ ကိုယ့်လို ရိုးသားမယ် ထင်ပြီး ဟန်ဆောင် တာတောင် မရိပ်မိ တတ်ကြ ပါဘူး။ အဖြောင့်အတိုင်း အမှန်အတိုင်း တွေးတတ် တာက လိမ်ချင်သူတွေ အတွက်တော့ သဘောကျစရာ အချက် ဖြစ်နေ တတ်ပါ တယ်။
ပစ်မှတ်ထားခံရမယ်
မကောင်းတဲ့ သူတွေက ဘယ်တော့မှ သူတို့လို လူတွေနဲ့ လည်တဲ့သူတွေကို ပစ်မှတ် မထားကြပါဘူး။ ရိုးသားတဲ့သူ၊ မသိ နားမလည်တဲ့ သူနဲ့ နုံအသူတွေ ကိုသာ အဓိက
ပစ်မှတ် ထားပြီး လိမ်လည်ဖို့ ရာဇဝတ် ကျူးလွန်ဖို့ ပြုလုပ် တတ်ကြ တာပါ။ သင့်ရဲ့ ရိုးသားမှုက ရာဇဝတ် မှုတွေကို လက်ယပ်ခေါ်နေသလိုလည်း ဖြစ်နေနိုင်ပါတယ်။
လွယ်တယ် ထင်ခံရတယ်
ရိုးသားတဲ့ သူ အများစုကတော့ သိကြတတ် ကြရင်တောင်မှ ကိုယ့်အပေါ် မရိုးသားတာ လုပ်တာကို သူ့ကံနဲ့သူ သွားပါစေလို့ တွေးလိုက်ကြတာ များပါတယ်။
ဒီလိုမျိုး မသိချင်ယောင်ဆောင်ပေးတတ်တာမျိုးက ကိုယ့်အတွေးနဲ့ဆို ဟုတ်သယောင် ရှိပေမယ့် မကောင်းတဲ့သူတွေနဲ့ သင့်ကို အသုံးချတဲ့သူတွေကတော့ သင်က လွယ်လိုက် တာလို့ ထင်သွား တတ်ကြ ပါတယ်။
နုံတဲ့သူတစ်ယောက်လို ဆက်ဆံခံရနိုင်တယ်
သင့်ရဲ့ရိုးသားမှုက အားသာချက်လို့ ထင်နိုင်ပေမယ့် တစ်ချို့သူတွေအတွက်တော့ သင့်ရဲ့ရိုးသားမှုက သူတို့အတွက် အခွင့်ကောင်း ဖြစ်ပါတယ်။ သင့်ရဲ့ ရိုးသားတဲ့ အချက်ကို အသုံးချပြီး သင့်ကို လူလည်ကျသွားတာတွေ ရှိတတ် ပါတယ်။ သူတို့အမြင် မှာတော့ သင်က နုံတဲ့သူ တစ်ယောက် ဖြစ်နေမှာပါ။
အခွင့်အရေး ဆုံးရှုံးရမယ်
ရိုးသားတဲ့သူတွေက မရိုးမသား ဖြစ်သွားမှာ သိပ်ကိုဝန်လေးတာကြောင့် အခွင့်အရေးတွေ ကိုယ့်ဆီလာရင်တောင် သံသယတွေ ပွားနေတတ်ပါတယ်။ ဒါကြောင့် လက်လွှတ်ရတဲ့ အခွင့်အရေးတွေလည်း ရှိပြီး သူများကို ဦးစားပေးလိုက်တာမျိုးလည်း ရှိလို့ အခွင့်အရေးတွေလည်း ဆုံးရှုံးနေရတတ်ပါတယ်။
No Comments