
ၾကိိတ္မွန္ပင္ျဖင္႔ ေပ်ာက္ကင္းနိုင္ေသာေရာဂါ ၂၆မ်ိဳး
ေရာဂါေပါင္္း၂၆ မ်ိဴးေက်ာ္ကိုိသက္သာေစတဲ့ ေဆးဖက္ဝင္ ႀကိတ္မွန္ပင္
(၁) အပင္တစ္ပင္လုံး (ပၪၥငါးပါး) ျပဳတ္ရည္ကုိ အားတုိးေဆး အျဖစ္လည္းေကာင္း၊ အသည္းေရာင္ ေရာဂါႏွင့္ အေရျပားေရာဂါ ကုေဆးအျဖစ္ လည္းေကာင္း၊ အသုံးျပဳေလ့ ရွိပါတယ္။်
(၂) အျမစ္ပါမက်န္္ အပင္တစ္ပင္လုံးကုိ ႀကိတ္၍ ရရွိ လာေသာ သတၱဳရည္ ႏွစ္စက္ ခန္႔ကုိ ပ်ားရည္ႏွင့္ ေရာ၍ ေမြးကင္းစ ကေလးမ်ားကုိ တုိက္ေကၽြးေပးျခင္းျဖင့္ ႏွာေစးေခ်ာင္းဆုိးေရာဂါ တုိ႔ကုိ ေပ်ာက္ကင္း ေစ ပါတယ္။
(၃) ဆံံပင္က်န္းမာေရး အတြက္ ႀကိတ္မွန္ပင္ကုိ ေအာက္ပါ နည္းလမ္း အသြယ္သြယ္ တုိ႔ျဖင့္ အသုံးျပဳ ႏုိင္ ပါတယ္။
(က) ဆံပင္ေပါက္မႈကုိိ အားေပးသည့္ အျပင္ ဆံပင္ကုိ နက္ေမွာင္ သန္စြမ္းေစ ပါတယ္။ အပင္တစ္ပင္ လုံးကုိ ႀကိတ္ေခ်၍ ရလာေသာ သတၱဳရည္ကုိ ဆံပင္ နက္ဆုိးေဆး အျဖစ္ အသုံးျပဳ ႏုိင္ပါတယ္။ ၎အ ရည္ျဖင့္ ဦးေရျပားကုိႏွိပ္နယ္ေပးျခင္းျဖင့္လည္း ဆံပင္ သန္စြမ္းေစ ပါတယ္။
(ခ) ကြမ္းရြက္၊ ႀကိိတ္မွန္ရြက္၊ ျမင္းခြာရြက္၊ ေထာလပတ္ရြက္၊ လက္ဖက္ပုပ္ႏွင့္ ဆီးျဖဴသီး စတဲ့ ေျခာက္မ်ဳိးကုိ အေလးခ်ိန္ ပမာဏ ဆတူေရာ ေထာင္း၍ ႀကိတ္ေခ် ပါ။ ရလာ သည့္ ၎ေျခာက္မ်ဳိး၏ အ ရည္ကုိ အုန္းဆီ စစ္စစ္ႏွင့္
ဆတူေရာစပ္၍ အညိဳေရာင္ဖန္ ပုလင္းသန္႔သန္ ႔ထဲမွာ ထည့္သိမ္းၿပီး ေန႔စဥ္ လိမ္းေပးျခင္းျဖင့္ မၾကာမီဆံသားမ်ား နက္ေမွာင္ေတာက္ေျပာင္ လာပါ လိမ့္မယ္။ ၎ဆံပင္ နက္လိမ္း ေဆးဆီ လိမ္းရင္း တေရာ္ကင္ပြန္သီးတို႔ျဖင့္ ေခါင္းေလွ်ာ္ ေပးပါ။
ေခါင္းမေလွ်ာ္မီ တစ္ရက္ႀကိဳ၍ ည ဘက္မွာဆံပင္နက္ အုန္းဆီကုိ မ်ားမ်ားလိမ္း၍ အိပ္ၿပီး နံနက္မွာေခါင္းေလွ်ာ္ပါ။ ၎ဆံပင္နက္ အုန္းဆီ ကုိ လိမ္းေပးျခင္းျဖင့္ အရြယ္မတုိင္မီ
ဆံပင္ျဖဴသူေရာ၊ ဇရာေၾကာင့္ဆံပင္ျဖဴသူမ်ားအတြက္ပါ ဆံသား ႏွင့္ဦးေရ တုိ႔ကုိ က်န္းမာေစၿပီး ဆံပင္ေတြ နက္ေမွာင္လာေစႏုိင္ပါတယ္။
(ဂ) ႀကိိတ္မွန္ရြက္ႏွင့္ ႏွမ္းနက္ တုိ႔ကုိ ဆတူေရာကာ အမႈန္႔ျပဳၿပီး ႏြားႏုိ႔ႏွင့္ အၿမဲမွီဝဲ ေသာက္သုံးေပး ျခင္းျဖင့္ အနာေရာဂါ မ်ားကင္းစင္၍ အသက္ရွည္ကာ ဆံပင္မ်ား နက္ေမွာင္ လာေစႏုိ င္ပါတယ္။
(ဃ) ႀကိတ္မွန္ရြက္၊ မန္က်ီးသီး၊ ဆီးျဖဴသီး တုိ႔ကုိေရာၿပီး ညက္စြာႀကိတ္၍ မွီဝဲ စားသုံးျခင္းျဖင့္ ဆံပင္ ကၽြတ္ျခင္းႏွင့္ ထိပ္ေျပာင္ျခင္းတုိ႔ သက္သာ လာၿပီး ဆံပင္ျပန္ေပါက္ လာပါ လိမ့္္မယ္။
(၄) အရြက္ကုိ ေခ်ာင္းဆုိး၊ ေခါင္းကုိက္ေရာဂါ၊ အဆစ္ေရာင္ေရာဂါ၊ ထိပ္ေျပာင္ေမႊးကၽြတ္ေရာဂါ၊ အႀကိတ္နာ၊ မီးယပ္ထိန္ျခင္းႏွင့္ ကာလ သားေရာဂါ မ်ား အတြက္ အသုံးျပဳ ႏုိင္သလုိ၊ ေခၽြးေပါက္ဖြင့္ေဆး၊ အနာအုံေဆးႏွင့္ ဖန္ေဆး (အနာသန္႔စင္ေဆး) အျဖစ္လည္း အသုံးျပဳ ႏုိင္ပါ တယ္။
(၅) ႀကိိတ္မွန္ရြက္ လတ္လတ္ ဆတ္ဆတ္ကုိ ေနရိပ္ထဲမွာ အေျခာက္လွန္း၍ အမႈန္႔ေထာင္းပါ။ ထုိအမႈန္႔ႏွင့္ ႏြားႏုိ႔ကုိ တစ္လ တိတိေသာက္ေပးျခင္းျဖင့္ ယုိင္နဲ႔ေနေသာ သြားမ်ားလည္း ခုိင္မာ လာေစပါ တယ္။
တစ္ႏွစ္ေသာက္ခဲ့ ပါက မ်က္စိကန္းေနသူ မ်ားလည္း အျမင္သန္ ႏုိင္ပါတယ္။ ဆြံ႕အေနေသာ သူ မ်ားပင္ စကားေျပာႏုိင္ ပါလိမ့္ မယ္။ နားပင္းသူမ်ား အသံၾကား လာပါ လိမ့္မယ္။
(၆) ႀကိတ္မွန္ပင္္ အစုိိတစ္ပင္လုံးကုိ ညက္ညက္ႀကိတ္ေခ်ၿပီး ႏွမ္းနက္၏ အဆီ (ႏွမ္းနက္ဆီ) ျဖင့္ ခ်က္ကာ ကုိယ္ေရျပားေရာဂါ အႏူစြဲျခင္း မ်ားကုိ လိမ္းေပးျခင္းျဖင့္ ေရာဂါေပ်ာက္ကင္းေစ ပါတယ္။
(၇) ႀကိတ္မွန္ရြက္္ သတၱဳရည္ႏွင့္ ပင္စိမ္းရြက္ သတၱဳရည္တုိ ႔ကုိ ဆတူေရာ၍ တစ္ေန႔ႏွစ္ႀကိမ္ခန္႔ မီးေလာင္နာေပၚတြင္ လိမ္းေပးျခင္းျဖင့္ အပူေလာင္ျခင္း လုံးဝေပ်ာက္ကင္းေစ ႐ုံသာမက အမာရြတ္ လုံးဝမက်န္ေစေတာ့ေပ။
(၈) ႀကိိတ္မွန္ရြက္ႏွင့္ ေခြးေသးပန္းရြက္တုိ႔ကုိ ရွိန္းခုိ အနည္းငယ္ ထည့္ႀကိတ္၍ ရလာေသာ ထုိေဆး ရည္အႏွစ္တုိ႔ကုိ – –
(က) ကေလးႏွာပိတ္ျခင္း အတြက္ ငယ္ထိပ္မွ ႏွာေခါင္းအထိ ဆြဲခ်ေပးပါ။ –
(ခ) ေက်ာပူ၊ ေခါင္းပူ၊ ခၽြဲထျခင္းအတြက္ ငယ္ထိပ္ေပၚတြင္ ပါးပါးလိမ္းေပးပါ။ –
(ဂ) ကေလးအေညႇာ္မိိ၊ သန္ထ၊ သန္ဝမ္းသြား၊ ေက်ာက္ဝက္သက္၊ ေရေက်ာက္ ေရာဂါမ်ားအတြက္ မိခင္ႏုိ႔ရည္ျဖင့္ ေဖ်ာ္ၿပီးတုိက္ေပးပါ။
(၉) မီးယပ္ေသြးငုပ္ျခင္းအတြက္ အရြက္ကုိ ထန္းလ်က္ အနက္ေရာင္ျဖင့္ သုံးခြက္ တစ္ခြက္တင္ ႀကိဳ၍ေသာက္ေပးျခင္းျဖင့္ ရာသီေသြးေပၚ လာေစႏုိင္ ပါတယ္။ သားဖြားၿပီးေနာက္ သားအိမ္ ကုိက္ခဲျခင္း ကုိလည္း ေပ်ာက္ကင္းေစ ပါတယ္။
(၁၀) ႏုိ႔တုိက္မိခင္မ်ား ႏုိ႔ရည္ခမ္းျခင္းအတြက္ ႀကိတ္မွန္ရြက္ကုိ ဟင္းခါး ခ်က္၍ ေသာက္ေပးပါ။
(၁၁) အေရျပားေပၚတြင္္ ေရယုန္ႀကီးနာျဖစ္ပါက ႀကိတ္မွန္ပင္၏ အျမစ္ႏွင့္ နႏြင္းမႈန္႔တုိ႔ိကုိ ေရျဖင့္ ေသြး၍ေန႔စဥ္ လိမ္းက်ံေပးပါက ေပ်ာက္ကင္ းႏုိင္ပါ တယ္။
(၁၂) ႀကိတ္မွန္ရြက္၊ ႏွမ္းနက္ႏွင့္ ဆီးျဖဴသီးေျခာက္ကုိိ အေလးခ်ိန္တူ ယူ၍ အေလးခ်ိန္သုံးဆ သၾကားကုိထည့္ေရာ၍ အမႈန္႔ျပဳလုပ္ၿပီး ေန႔စဥ္မျပတ္ မွီဝဲစား သုံးျခင္းျဖင့္ သက္ရွည္ က်န္းမာ၍ အုိေသာ အျဖစ္မွ ေႏွးပါ လိမ့္မယ္။
(၁၃) ႀကိတ္မွွန္ပင္ အျမစ္ႏွင့္နႏြင္းကုိ အရြယ္အစား အညီအမွ် အမႈန္႔ေထာင္းၿပီး လိမ္းေပး ပါက လိပ္ ေခါင္းေရာဂါ ေပ်ာက္ ပါတယ္။
(၁၄) ကာလသားေရာဂါ အတြက္္ ေရွးတုိိင္းရင္းသမားေတာ္ႀကီး မ်ား၏ ေဆးေဖာ္နည္းျဖစ္ပါတယ္။ ႀကိတ္မွန္ရြက္၊ ၾကစုသီး၊ သစ္ဆိမ့္သီး၊ ႏွပ္ခ်ဳိျမစ္၊ ေၾကးနီမႈန္႔၊ သံမႈန္႔တုိ႔ကုိ အညီအမွ်အေလး ခ်ိန္ယူ၍ မႈန္႔ညက္ေအာင္ေထာင္းၿပီး အနာ ရွိရာ လိမ္းပါက ေပ်ာက္ကင္းေစ ပါတယ္။
(၁၅) အက်ိတ္ေရာဂါအတြက္ ပင္စိိမ္းရြက္၊ ေရြးျဖဴရြက္၊ ဗုံလုံခါးရြက္တုိ႔ကုိ အညီအမွ်စီယူ၍ ၎ပမာ ဏ၏သုံးဆမွ် ပုိေသာ ႀကိတ္မွန္ရြက္ သတၱဳရည္တြင္ေရာ၍ ႀကိတ္ၿပီး အေတာင့္လုပ္ထားပါ။
၎အ ေတာင့္ကုိ ဆန္ပုန္းရည္ျဖင့္ ေရာၿပီးလိမ္း ပါက အက်ိတ္ေရာဂါ မ်ားကုိ လ်က္ျမန္စြာ ေပ်ာက္ကင္ းႏိုင္ပါ တယ္။
(၁၆) ေနပူထဲ အထြက္ မ်ား၍ ေခါင္းအုံး၊ ေခါင္းခဲ ကုိက္ျခင္း အတြက္ ႀကိတ္မွန္ရြက္ သတၱဳရည္တြင္ ဆိတ္ႏုိ႔ကုိဆတူ ယူေရာၿပီး ေနေရာင္ေအာက္တြင္ လွမ္းပါ။ ပူေႏြးေႏြးရွိ လာေသာ အခါ ႐ွဴ႐ႈိက္ေပးပါက ထုိေရာဂါေပ်ာက္ကင္းေစ ပါတယ္။
(၁၇) အသားဝါေရာဂါ အတြက္္ ႀကိိတ္မွန္ရြက္ သတၱဳရည္ကုိ ျငဳပ္ေကာင္း မႈန္႔ေရာ၍ နံနက္ေစာေစာ တြင္ ဒိန္ရည္ျဖင့္ ေသာက္ပါ။ ခုႏွစ္ရက္ တိတိ ဆက္ေသာက္ပါက ေပ်ာက္ကင္း သြားပါ လိမ့္မယ္။
(သုိ႔) အသည္းေရာင္အသားဝါႏွင့္ အသည္းႀကီးျခင္း အတြက္ ကိုလည္း ႀကိတ္မွန္ပင္ကို ႀကိတ္၍ရလာေသာ သတၱဳရည္ စားပဲြတင္ဇြန္ းႏွစ္ဇြန္းကုိ ေန႔စဥ္ မွန္မွန္ေသာက္ေပးျခင္းျဖင့္ အသက္ခ်မ္းသာရာရေစ ပါတယ္။
(၁၈) ျပဒါးအဆိပ္ သင့္ေရာဂါ အတြက္ ႀကိတ္မွန္ရြက္ သတၱဳရည္၊ ေပါက္ပန္းျဖဴရြက္သတၱဳရည္၊ ေဆာ္ဒါ မႈန္႔တုိ႔ကုိ ဆန္ပုန္းရည္ျဖင့္ေရာၿပီး တစ္ေန႔သုံးက်ပ္သားခန္႔ ေသာက္ေပး ပါက ျပဒါးမ်ားသည္ က်င္ငယ္ (ဆီး) မွ သက္ဆင္းေပ်ာက္ကင္ းပါမယ္။
(၁၉) အဝလြန္၊ အဆီပုိေန သူမ်ား အတြက္ ေန႔စဥ္ ညအိပ္ ရာဝင္ခ်ိန္တြင္ ႀကိတ္မွန္ရြက္သတၱဳရည္ျဖင့္ ခႏၶာကုိယ္ကုိ လိမ္းေပးပါ။ ေျခာက္လတုိင္ေအာင္ ဇြဲရွိရွိျဖင့္ျပဳလုပ္ေပးျခင္းျဖင့္ မ်ားျပားေနေသာအဆီ မ်ား ေလ်ာ့ပါးသြားၿပီး အဆီက်ိတ္မ်ားလည္း ေပ်ာက္ကင္းႏုိင္ပါတယ္။
(၂၀) ကေလးငယ္မ်ား စအုိဝတြင္ တုတ္ယားယံျခင္းအတြက္ ႀကိတ္မွန္ရြက္သတၱဳရည္ကုိ စအုိဝ၌ သုံးႀကိမ္ (သုိ႔) ေလးႀကိမ္လူးေပးပါက ပုိးမ်ားက်ဆင္းလာပါလိမ့္မယ္။
(၂၁) ႀကိတ္မွန္ပင္တစ္ပင္လုံးကုိယူ၍ အရိပ္တြင္ေသြ႕ေစကာ အမႈန္႔ျပဳ၍ ထုိအမႈန္႔ျဖင့္ အေလးခ်ိန္တူ ႀတိဖလအမႈန္႔ေရာစပ္ပါ။
ထုိႏွစ္မ်ဳိးလုံး၏အေလးခ်ိန္ျဖင့္ညီမွ်ေသာ သၾကားအေလးခ်ိန္ကုိယူၿပီး အမႈန္႔ ျပဳေရာစပ္၍ ၎အမႈန္႔ သုံးမတ္သားကုိ မွီဝဲစားသုံးျခင္းျဖင့္ အစာမေက်ရင္ျပည့္ရင္ကယ္ျခင္းႏွင့္ ေသြး အားနည္းေရာဂါတုိ႔ ေပ်ာက္ကင္းလာပါလိမ့္မယ္။
(၂၂) ႏုိင္ငံတကာ သုေတသနစမ္းသပ္ခ်က္အရ ႀကိိတ္မွန္ပင္ဟာ ဗီီတာမင္ေက၏ အစြမ္းသတၱိႏွင့္ တူညီၿပီးေသြးတြင္းရွိ prothrob-obin ဓာတ္ကုိ ျမႇင့္တင္ေပးသျဖင့္ ေသြးတိတ္ေစေၾကာင္း၊
ပုိးသတ္ ေဆးအာနိသင္ရွိေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္။ ဒါေၾကာင့္လည္း ႀကိတ္မွန္ပင္မ်ားကုိ မီးဖြားသည့္ ကိစၥမ်ား ေဆာင္ရြက္ရာတြင္လည္းေကာင္း၊ ခြဲစိတ္ရာတြင္လည္းေကာင္း ထည့္သြင္းအသုံးျပဳၾကပါ တယ္။
ဒါ့အျပင္ ေခ်ာင္းဆုိးေသြးပါ၊ ဝမ္းကုိက္ေသြးပါ၊ မီးယပ္ေသြးမ်ားျခင္း၊ ႏွာေခါင္းေသြးယုိျခင္း၊ လိပ္ေခါင္းေသြးယုိျခင္း၊ ေသြးအန္ျခင္း၊ ဆီးတြင္ေသြးပါျခင္း၊ ဒဏ္ရာေသြးထြက္ျခင္းတုိ႔အတြက္လည္း ႀကိတ္မွန္ပင္ကုိ သုံးႏုိင္ပါတယ္။
(၂၃) ႀကိိတ္မွန္ရြက္ကုိိ ေရေႏြးေျဖာၿပီး ပါးပါးလွီးကာ ၾကက္သြန္နီဆီခ်က္၊ ႏွမ္းမႈန္႔၊ ပဲမႈန္႔အက်က္၊ မန္က်ည္းမွည့္ (သုိ႔) ေရွာက္ (သုိ႔) သံပရာရည္၊ ငံျပာရည္တုိ႔ျဖင့္
သုပ္စားေပးျခင္းျဖင့္ အသားအရည္ ၾကည္လင္စုိျပည္လာၿပီး ဝက္ၿခံမ်ားလည္းေပ်ာက္ကင္းေစပါလိမ့္မယ္။ အမ်ဳိးသမီးမ်ားႏွင့္ အထူးသင့္ ေလ်ာ္ပါတယ္။
(၂၄) ဆင္ေျခေထာက္ေရာဂါအတြက္ ႀကိတ္မွန္တစ္ပင္လုံးကုိႀကိတ္၍ ႏွမ္းဆီျဖင့္ေရာ၍ လိမ္းေပး သင့္ပါတယ္။
(၂၅) ႀကိတ္မွန္ပင္အရြက္ႏွင့္ အျမစ္တုိိ႔ကုိ ႀကိတ္ေခ်၍ေသာက္ေပးျခင္းျဖင့္ သည္းေျခရည္ေကာင္းစြာ ထြက္ရွိေစပါတယ္။
(၂၆) ေဆးဖက္ဝင္ ႀကိိတ္မွန္ရြက္ယုိထုိးနည္း ႀကိတ္မွန္ရြက္ ပၪၥငါးပါးကုိ ႏုတ္ႏုတ္စင္းၿပီးသား ၂၅ က်ပ္သား၊ ထန္းလ်က္သန္႔သန္႔ ၁၀ က်ပ္သား၊ အရည္ညႇစ္ၿပီးသား ေရွာက္သီးဖတ္ ၁၀ က်ပ္သား၊ ၾကက္သြန္နီ ပါးပါးလွီးၿပီးသား ၁၀ က်ပ္သား၊
စမုန္် မ်ဳိးငါးပါး (ဇီယာ-စမုံစပါး-စမြတ္-စမံျဖဴ-စမုံဖြဲ) အမႈန္႔ႏွစ္ပဲသားစီ လုိအပ္ပါတယ္။ ၎ေဆးအစုတို႔ကုိ အုိးသစ္တစ္လုံးထဲတြင္ ဆားသင့္႐ုံႏွင့္ ေရသင့္႐ုံထည့္ပါ။
ၿပီးေနာက္ မီးဖုိတြင္ ယိုထုိးသလုိ ထုိးပါ။ ယို အျဖစ္သုိ႔ေရာက္လာပါက အေအးခံ၍သန္႔စင္ေသာဘူးသစ္တြင္ထည့္ၿပီး အစာႏွင့္ေဝးခ်ိန္ နံနက္အိပ္ ရာထ၊ ေန႔လည္-ညအိပ္ရာဝင္ တစ္ေန႔သုံးႀကိမ္စားေပးပါ။
ႀကိတ္မွန္ရြက္ယုိျဖင့္ ေပ်ာက္ကင္းႏုိင္ေသာေရာဂါမ်ားမွာ ခံတြင္းပ်က္၊ ကုိယ္လက္ေဖာေရာင္၊ ကုိယ္ဝန္ ရွိ ပ်ဳိ႕အန္နာ၊ ကုိယ္ဝန္ပ်က္၊ ၾကက္မ်က္သင့္၊ ေခ်ာင္းဆုိးပန္းနာ၊ ေျခတုန္လက္တုန္၊
တစ္ကုိယ္လုံး ယားနာ၊ ႏွလုံးတုန္ရင္ခုန္၊ ႏွလုံးေရာဂါ၊ ေပြးဝဲႏွင္းခူ၊ ဖုိမအဂၤါစပ္ေရာင္ေရာဂါ၊ ဗရင္ဂ်ီနာ၊ မီးယပ္ကြက္၊ မီးယပ္ေခါင္းကုိက္၊ မီးယပ္ထုံက်င္၊ ေမထုံလြန္၊ မ်က္စိမႈန္၊ သည္းေျခပ်က္၍ ေယာင္ၿပီးလန္႔ေအာ္ေသာ ေရာဂါ၊ ေလနာ၊
ဝမ္းကုိက္၊ ဝမ္းခ်ဳပ္လြန္၊ ဝမ္းသက္လြန္၊ သလိိပ္နာ၊ သားအိမ္ ကုိက္ခဲ၊ ေသြးပုပ္၊ ေသြး ဆုံး၊ ေသြးလြန၊ ေသြးအားနည္း စသည့္ေရာဂါမ်ား အတြက္ လြန္စြာ ထိေရာက္ ပါတယ္။
ေၾကးမုံသတင္းစာ
Unicode
ကြိတ်မှန်ပင်ဖြင့် ပျောက်ကင်းနိုင်သောရောဂါ ၂၆မျိုး
ရောဂါပေါင်း၂၆ မျိူးကျော်ကိုသက်သာစေတဲ့ ဆေးဖက်ဝင် ကြိတ်မှန်ပင်
(၁) အပင်တစ်ပင်လုံး (ပဉ္စငါးပါး) ပြုတ်ရည်ကို အားတိုးဆေး အဖြစ်လည်းကောင်း၊ အသည်းရောင် ရောဂါနှင့် အရေပြားရောဂါ ကုဆေးအဖြစ် လည်းကောင်း၊ အသုံးပြုလေ့ ရှိပါတယ်။ျ
(၂) အမြစ်ပါမကျန် အပင်တစ်ပင်လုံးကို ကြိတ်၍ ရရှိ လာသော သတ္တုရည် နှစ်စက် ခန့်ကို ပျားရည်နှင့် ရော၍ မွေးကင်းစ ကလေးများကို တိုက်ကျွေးပေးခြင်းဖြင့် နှာစေးချောင်းဆိုးရောဂါ တို့ကို ပျောက်ကင်း စေ ပါတယ်။
(၃) ဆံံပင်ကျန်းမာရေး အတွက် ကြိတ်မှန်ပင်ကို အောက်ပါ နည်းလမ်း အသွယ်သွယ် တို့ဖြင့် အသုံးပြု နိုင် ပါတယ်။
(က) ဆံပင်ပေါက်မှုကို အားပေးသည့် အပြင် ဆံပင်ကို နက်မှောင် သန်စွမ်းစေ ပါတယ်။ အပင်တစ်ပင် လုံးကို ကြိတ်ချေ၍ ရလာသော သတ္တုရည်ကို ဆံပင် နက်ဆိုးဆေး အဖြစ် အသုံးပြု နိုင်ပါတယ်။ ၎င်းအ ရည်ဖြင့် ဦးရေပြားကိုနှိပ်နယ်ပေးခြင်းဖြင့်လည်း ဆံပင် သန်စွမ်းစေ ပါတယ်။
(ခ) ကွမ်းရွက်၊ ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ထောလပတ်ရွက်၊ လက်ဖက်ပုပ်နှင့် ဆီးဖြူသီး စတဲ့ ခြောက်မျိုးကို အလေးချိန် ပမာဏ ဆတူရော ထောင်း၍ ကြိတ်ချေ ပါ။ ရလာ သည့် ၎င်းခြောက်မျိုး၏ အ ရည်ကို အုန်းဆီ စစ်စစ်နှင့်
ဆတူရောစပ်၍ အညိုရောင်ဖန် ပုလင်းသန့်သန့်ထဲမှာ ထည့်သိမ်းပြီး နေ့စဉ် လိမ်းပေးခြင်းဖြင့် မကြာမီဆံသားများ နက်မှောင်တောက်ပြောင် လာပါ လိမ့်မယ်။ ၎င်းဆံပင် နက်လိမ်း ဆေးဆီ လိမ်းရင်း တရော်ကင်ပွန်သီးတို့ဖြင့် ခေါင်းလျှော် ပေးပါ။
ခေါင်းမလျှော်မီ တစ်ရက်ကြို၍ ည ဘက်မှာဆံပင်နက် အုန်းဆီကို များများလိမ်း၍ အိပ်ပြီး နံနက်မှာခေါင်းလျှော်ပါ။ ၎င်းဆံပင်နက် အုန်းဆီ ကို လိမ်းပေးခြင်းဖြင့် အရွယ်မတိုင်မီ
ဆံပင်ဖြူသူရော၊ ဇရာကြောင့်ဆံပင်ဖြူသူများအတွက်ပါ ဆံသား နှင့်ဦးရေ တို့ကို ကျန်းမာစေပြီး ဆံပင်တွေ နက်မှောင်လာစေနိုင်ပါတယ်။
(ဂ) ကြိတ်မှန်ရွက်နှင့် နှမ်းနက် တို့ကို ဆတူရောကာ အမှုန့်ပြုပြီး နွားနို့နှင့် အမြဲမှီဝဲ သောက်သုံးပေး ခြင်းဖြင့် အနာရောဂါ များကင်းစင်၍ အသက်ရှည်ကာ ဆံပင်များ နက်မှောင် လာစေနို င်ပါတယ်။
(ဃ) ကြိတ်မှန်ရွက်၊ မန်ကျီးသီး၊ ဆီးဖြူသီး တို့ကိုရောပြီး ညက်စွာကြိတ်၍ မှီဝဲ စားသုံးခြင်းဖြင့် ဆံပင် ကျွတ်ခြင်းနှင့် ထိပ်ပြောင်ခြင်းတို့ သက်သာ လာပြီး ဆံပင်ပြန်ပေါက် လာပါ လိမ့်မယ်။
(၄) အရွက်ကို ချောင်းဆိုး၊ ခေါင်းကိုက်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ ထိပ်ပြောင်မွှေးကျွတ်ရောဂါ၊ အကြိတ်နာ၊ မီးယပ်ထိန်ခြင်းနှင့် ကာလ သားရောဂါ များ အတွက် အသုံးပြု နိုင်သလို၊ ချွေးပေါက်ဖွင့်ဆေး၊ အနာအုံဆေးနှင့် ဖန်ဆေး (အနာသန့်စင်ဆေး) အဖြစ်လည်း အသုံးပြု နိုင်ပါ တယ်။
(၅) ကြိတ်မှန်ရွက် လတ်လတ် ဆတ်ဆတ်ကို နေရိပ်ထဲမှာ အခြောက်လှန်း၍ အမှုန့်ထောင်းပါ။ ထိုအမှုန့်နှင့် နွားနို့ကို တစ်လ တိတိသောက်ပေးခြင်းဖြင့် ယိုင်နဲ့နေသော သွားများလည်း ခိုင်မာ လာစေပါ တယ်။
တစ်နှစ်သောက်ခဲ့ ပါက မျက်စိကန်းနေသူ များလည်း အမြင်သန် နိုင်ပါတယ်။ ဆွံ့အနေသော သူ များပင် စကားပြောနိုင် ပါလိမ့် မယ်။ နားပင်းသူများ အသံကြား လာပါ လိမ့်မယ်။
(၆) ကြိတ်မှန်ပင် အစိုတစ်ပင်လုံးကို ညက်ညက်ကြိတ်ချေပြီး နှမ်းနက်၏ အဆီ (နှမ်းနက်ဆီ) ဖြင့် ချက်ကာ ကိုယ်ရေပြားရောဂါ အနူစွဲခြင်း များကို လိမ်းပေးခြင်းဖြင့် ရောဂါပျောက်ကင်းစေ ပါတယ်။
(၇) ကြိတ်မှန်ရွက် သတ္တုရည်နှင့် ပင်စိမ်းရွက် သတ္တုရည်တို့ကို ဆတူရော၍ တစ်နေ့နှစ်ကြိမ်ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးခြင်းဖြင့် အပူလောင်ခြင်း လုံးဝပျောက်ကင်းစေ ရုံသာမက အမာရွတ် လုံးဝမကျန်စေတော့ပေ။
(၈) ကြိတ်မှန်ရွက်နှင့် ခွေးသေးပန်းရွက်တို့ကို ရှိန်းခို အနည်းငယ် ထည့်ကြိတ်၍ ရလာသော ထိုဆေး ရည်အနှစ်တို့ကို – –
(က) ကလေးနှာပိတ်ခြင်း အတွက် ငယ်ထိပ်မှ နှာခေါင်းအထိ ဆွဲချပေးပါ။ –
(ခ) ကျောပူ၊ ခေါင်းပူ၊ ချွဲထခြင်းအတွက် ငယ်ထိပ်ပေါ်တွင် ပါးပါးလိမ်းပေးပါ။ –
(ဂ) ကလေးအညှော်မိ၊ သန်ထ၊ သန်ဝမ်းသွား၊ ကျောက်ဝက်သက်၊ ရေကျောက် ရောဂါများအတွက် မိခင်နို့ရည်ဖြင့် ဖျော်ပြီးတိုက်ပေးပါ။
(၉) မီးယပ်သွေးငုပ်ခြင်းအတွက် အရွက်ကို ထန်းလျက် အနက်ရောင်ဖြင့် သုံးခွက် တစ်ခွက်တင် ကြို၍သောက်ပေးခြင်းဖြင့် ရာသီသွေးပေါ် လာစေနိုင် ပါတယ်။ သားဖွားပြီးနောက် သားအိမ် ကိုက်ခဲခြင်း ကိုလည်း ပျောက်ကင်းစေ ပါတယ်။
(၁၀) နို့တိုက်မိခင်များ နို့ရည်ခမ်းခြင်းအတွက် ကြိတ်မှန်ရွက်ကို ဟင်းခါး ချက်၍ သောက်ပေးပါ။
(၁၁) အရေပြားပေါ်တွင် ရေယုန်ကြီးနာဖြစ်ပါက ကြိတ်မှန်ပင်၏ အမြစ်နှင့် နနွင်းမှုန့်တို့ိကို ရေဖြင့် သွေး၍နေ့စဉ် လိမ်းကျံပေးပါက ပျောက်ကင် းနိုင်ပါ တယ်။
(၁၂) ကြိတ်မှန်ရွက်၊ နှမ်းနက်နှင့် ဆီးဖြူသီးခြောက်ကို အလေးချိန်တူ ယူ၍ အလေးချိန်သုံးဆ သကြားကိုထည့်ရော၍ အမှုန့်ပြုလုပ်ပြီး နေ့စဉ်မပြတ် မှီဝဲစား သုံးခြင်းဖြင့် သက်ရှည် ကျန်းမာ၍ အိုသော အဖြစ်မှ နှေးပါ လိမ့်မယ်။
(၁၃) ကြိတ်မှန်ပင် အမြစ်နှင့်နနွင်းကို အရွယ်အစား အညီအမျှ အမှုန့်ထောင်းပြီး လိမ်းပေး ပါက လိပ် ခေါင်းရောဂါ ပျောက် ပါတယ်။
(၁၄) ကာလသားရောဂါ အတွက် ရှေးတိုင်းရင်းသမားတော်ကြီး များ၏ ဆေးဖော်နည်းဖြစ်ပါတယ်။ ကြိတ်မှန်ရွက်၊ ကြစုသီး၊ သစ်ဆိမ့်သီး၊ နှပ်ချိုမြစ်၊ ကြေးနီမှုန့်၊ သံမှုန့်တို့ကို အညီအမျှအလေး ချိန်ယူ၍ မှုန့်ညက်အောင်ထောင်းပြီး အနာ ရှိရာ လိမ်းပါက ပျောက်ကင်းစေ ပါတယ်။
(၁၅) အကျိတ်ရောဂါအတွက် ပင်စိမ်းရွက်၊ ရွေးဖြူရွက်၊ ဗုံလုံခါးရွက်တို့ကို အညီအမျှစီယူ၍ ၎င်းပမာ ဏ၏သုံးဆမျှ ပိုသော ကြိတ်မှန်ရွက် သတ္တုရည်တွင်ရော၍ ကြိတ်ပြီး အတောင့်လုပ်ထားပါ။
၎င်းအ တောင့်ကို ဆန်ပုန်းရည်ဖြင့် ရောပြီးလိမ်း ပါက အကျိတ်ရောဂါ များကို လျက်မြန်စွာ ပျောက်ကင် းနိုင်ပါ တယ်။
(၁၆) နေပူထဲ အထွက် များ၍ ခေါင်းအုံး၊ ခေါင်းခဲ ကိုက်ခြင်း အတွက် ကြိတ်မှန်ရွက် သတ္တုရည်တွင် ဆိတ်နို့ကိုဆတူ ယူရောပြီး နေရောင်အောက်တွင် လှမ်းပါ။ ပူနွေးနွေးရှိ လာသော အခါ ရှူရှိုက်ပေးပါက ထိုရောဂါပျောက်ကင်းစေ ပါတယ်။
(၁၇) အသားဝါရောဂါ အတွက် ကြိတ်မှန်ရွက် သတ္တုရည်ကို ငြုပ်ကောင်း မှုန့်ရော၍ နံနက်စောစော တွင် ဒိန်ရည်ဖြင့် သောက်ပါ။ ခုနှစ်ရက် တိတိ ဆက်သောက်ပါက ပျောက်ကင်း သွားပါ လိမ့်မယ်။
(သို့) အသည်းရောင်အသားဝါနှင့် အသည်းကြီးခြင်း အတွက် ကိုလည်း ကြိတ်မှန်ပင်ကို ကြိတ်၍ရလာသော သတ္တုရည် စားပွဲတင်ဇွန် းနှစ်ဇွန်းကို နေ့စဉ် မှန်မှန်သောက်ပေးခြင်းဖြင့် အသက်ချမ်းသာရာရစေ ပါတယ်။
(၁၈) ပြဒါးအဆိပ် သင့်ရောဂါ အတွက် ကြိတ်မှန်ရွက် သတ္တုရည်၊ ပေါက်ပန်းဖြူရွက်သတ္တုရည်၊ ဆော်ဒါ မှုန့်တို့ကို ဆန်ပုန်းရည်ဖြင့်ရောပြီး တစ်နေ့သုံးကျပ်သားခန့် သောက်ပေး ပါက ပြဒါးများသည် ကျင်ငယ် (ဆီး) မှ သက်ဆင်းပျောက်ကင် းပါမယ်။
(၁၉) အဝလွန်၊ အဆီပိုနေ သူများ အတွက် နေ့စဉ် ညအိပ် ရာဝင်ချိန်တွင် ကြိတ်မှန်ရွက်သတ္တုရည်ဖြင့် ခန္ဓာကိုယ်ကို လိမ်းပေးပါ။ ခြောက်လတိုင်အောင် ဇွဲရှိရှိဖြင့်ပြုလုပ်ပေးခြင်းဖြင့် များပြားနေသောအဆီ များ လျော့ပါးသွားပြီး အဆီကျိတ်များလည်း ပျောက်ကင်းနိုင်ပါတယ်။
(၂၀) ကလေးငယ်များ စအိုဝတွင် တုတ်ယားယံခြင်းအတွက် ကြိတ်မှန်ရွက်သတ္တုရည်ကို စအိုဝ၌ သုံးကြိမ် (သို့) လေးကြိမ်လူးပေးပါက ပိုးများကျဆင်းလာပါလိမ့်မယ်။
(၂၁) ကြိတ်မှန်ပင်တစ်ပင်လုံးကိုယူ၍ အရိပ်တွင်သွေ့စေကာ အမှုန့်ပြု၍ ထိုအမှုန့်ဖြင့် အလေးချိန်တူ တြိဖလအမှုန့်ရောစပ်ပါ။
ထိုနှစ်မျိုးလုံး၏အလေးချိန်ဖြင့်ညီမျှသော သကြားအလေးချိန်ကိုယူပြီး အမှုန့် ပြုရောစပ်၍ ၎င်းအမှုန့် သုံးမတ်သားကို မှီဝဲစားသုံးခြင်းဖြင့် အစာမကျေရင်ပြည့်ရင်ကယ်ခြင်းနှင့် သွေး အားနည်းရောဂါတို့ ပျောက်ကင်းလာပါလိမ့်မယ်။
(၂၂) နိုင်ငံတကာ သုတေသနစမ်းသပ်ချက်အရ ကြိတ်မှန်ပင်ဟာ ဗီတာမင်ကေ၏ အစွမ်းသတ္တိနှင့် တူညီပြီးသွေးတွင်းရှိ prothrob-obin ဓာတ်ကို မြှင့်တင်ပေးသဖြင့် သွေးတိတ်စေကြောင်း၊
ပိုးသတ် ဆေးအာနိသင်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း ကြိတ်မှန်ပင်များကို မီးဖွားသည့် ကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ခွဲစိတ်ရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြပါ တယ်။
ဒါ့အပြင် ချောင်းဆိုးသွေးပါ၊ ဝမ်းကိုက်သွေးပါ၊ မီးယပ်သွေးများခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ လိပ်ခေါင်းသွေးယိုခြင်း၊ သွေးအန်ခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဒဏ်ရာသွေးထွက်ခြင်းတို့အတွက်လည်း ကြိတ်မှန်ပင်ကို သုံးနိုင်ပါတယ်။
(၂၃) ကြိတ်မှန်ရွက်ကို ရေနွေးဖြောပြီး ပါးပါးလှီးကာ ကြက်သွန်နီဆီချက်၊ နှမ်းမှုန့်၊ ပဲမှုန့်အကျက်၊ မန်ကျည်းမှည့် (သို့) ရှောက် (သို့) သံပရာရည်၊ ငံပြာရည်တို့ဖြင့်
သုပ်စားပေးခြင်းဖြင့် အသားအရည် ကြည်လင်စိုပြည်လာပြီး ဝက်ခြံများလည်းပျောက်ကင်းစေပါလိမ့်မယ်။ အမျိုးသမီးများနှင့် အထူးသင့် လျော်ပါတယ်။
(၂၄) ဆင်ခြေထောက်ရောဂါအတွက် ကြိတ်မှန်တစ်ပင်လုံးကိုကြိတ်၍ နှမ်းဆီဖြင့်ရော၍ လိမ်းပေး သင့်ပါတယ်။
(၂၅) ကြိတ်မှန်ပင်အရွက်နှင့် အမြစ်တို့ကို ကြိတ်ချေ၍သောက်ပေးခြင်းဖြင့် သည်းခြေရည်ကောင်းစွာ ထွက်ရှိစေပါတယ်။
(၂၆) ဆေးဖက်ဝင် ကြိတ်မှန်ရွက်ယိုထိုးနည်း ကြိတ်မှန်ရွက် ပဉ္စငါးပါးကို နုတ်နုတ်စင်းပြီးသား ၂၅ ကျပ်သား၊ ထန်းလျက်သန့်သန့် ၁၀ ကျပ်သား၊ အရည်ညှစ်ပြီးသား ရှောက်သီးဖတ် ၁၀ ကျပ်သား၊ ကြက်သွန်နီ ပါးပါးလှီးပြီးသား ၁၀ ကျပ်သား၊
စမုန်ျ မျိုးငါးပါး (ဇီယာ-စမုံစပါး-စမွတ်-စမံဖြူ-စမုံဖွဲ) အမှုန့်နှစ်ပဲသားစီ လိုအပ်ပါတယ်။ ၎င်းဆေးအစုတို့ကို အိုးသစ်တစ်လုံးထဲတွင် ဆားသင့်ရုံနှင့် ရေသင့်ရုံထည့်ပါ။
ပြီးနောက် မီးဖိုတွင် ယိုထိုးသလို ထိုးပါ။ ယို အဖြစ်သို့ရောက်လာပါက အအေးခံ၍သန့်စင်သောဘူးသစ်တွင်ထည့်ပြီး အစာနှင့်ဝေးချိန် နံနက်အိပ် ရာထ၊ နေ့လည်-ညအိပ်ရာဝင် တစ်နေ့သုံးကြိမ်စားပေးပါ။
ကြိတ်မှန်ရွက်ယိုဖြင့် ပျောက်ကင်းနိုင်သောရောဂါများမှာ ခံတွင်းပျက်၊ ကိုယ်လက်ဖောရောင်၊ ကိုယ်ဝန် ရှိ ပျို့အန်နာ၊ ကိုယ်ဝန်ပျက်၊ ကြက်မျက်သင့်၊ ချောင်းဆိုးပန်းနာ၊ ခြေတုန်လက်တုန်၊
တစ်ကိုယ်လုံး ယားနာ၊ နှလုံးတုန်ရင်ခုန်၊ နှလုံးရောဂါ၊ ပွေးဝဲနှင်းခူ၊ ဖိုမအင်္ဂါစပ်ရောင်ရောဂါ၊ ဗရင်ဂျီနာ၊ မီးယပ်ကွက်၊ မီးယပ်ခေါင်းကိုက်၊ မီးယပ်ထုံကျင်၊ မေထုံလွန်၊ မျက်စိမှုန်၊ သည်းခြေပျက်၍ ယောင်ပြီးလန့်အော်သော ရောဂါ၊ လေနာ၊
ဝမ်းကိုက်၊ ဝမ်းချုပ်လွန်၊ ဝမ်းသက်လွန်၊ သလိပ်နာ၊ သားအိမ် ကိုက်ခဲ၊ သွေးပုပ်၊ သွေး ဆုံး၊ သွေးလွန၊ သွေးအားနည်း စသည့်ရောဂါများ အတွက် လွန်စွာ ထိရောက် ပါတယ်။
ကြေးမုံသတင်းစာ
No Comments