
ေခတ္ဆန္တဲ့ မိန္းကေလးေတြသာ ပိုင္ဆိုင္ထားတဲ့ အရည္အခ်င္းမ်ား
လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ ဆိုသလို မိန္းကေလးေတြ လည္း ပုံစံ အမ်ိဳးမ်ိဳး ရွိၾက ပါတယ္။ ရိုးေအးတဲ့ မိန္းကေလးေတြ လည္း ရွိသလို သြက္လက္ၿပီး ေခတ္ဆန္တဲ့ ေကာင္မေလးေတြ လည္း ရွိေနပါတယ္။
ေခတ္ဆန္တဲ့ မိန္းကေလးေတြ ကေတာ့ သူမ်ားေတြ ထက္ ပိုတဲ့ အခုလို အရည္အခ်င္းေတြ ပိုင္ဆိုင္ထားတတ္ၾက ပါတယ္။
(၁) အေပါင္းအသင္းမ်ားတယ္
သူတို႔ေတြမွာ သိသာတဲ့ အခ်က္ ကေတာ့ အေပါင္းအသင္း မ်ားမ်ား စားစား ရွိတာ ပါပဲ။ ဒါေၾကာင့္ ခရီးထြက္တာ၊ show ပြဲသြားတာ အျပင္ အလႉအတန္း အတြက္လည္း လူစုလို႔ လြယ္ေန တတ္ပါ တယ္။
တစ္ေယာက္နဲ႕ တစ္ေယာက္ စိတ္ႏွစ္ထားတဲ့ ဆက္ဆံေရးမ်ိဳး မဟုတ္ေပမယ့္ စိတ္ထဲ ရွိၾက တဲ့ ဆက္ဆံေရး ျဖစ္တဲ့ အတြက္ မိတ္ေဆြ မ်ားသူလို႔ ဆိုနိုင္ ပါတယ္။
(၂) လူေတြအေၾကာင္း သိတယ္
ေခတ္ဆန္တဲ့သူပီပီ လူေတာ္ေတာ္ မ်ားမ်ားနဲ႕ စကားေျပာဆို ဆက္ဆံဖူး တာ မ်ားပါတယ္။ ဒီေတာ့ ဘယ္လိုလူမ်ိဳးေတြက မေကာင္းဘူးလဲ ဆိုတာနဲ႕ ေကာင္းတဲ့ သူေတြရဲ႕ လကၡဏာ ရပ္ေတြကို ကြဲကြဲျပားျပား သိၾကတာေၾကာင့္ လူေတြကို ေပါင္းသင့္တာ ခြဲျခားသိၾကပါတယ္။
(၃) အညာမခံရဘူး
မေကာင္းတဲ့သူ၊ ေကာင္းတဲ့ သူကို ခြဲျခားတတ္သူပီပီ လူလည္က်ခံ ရတာမ်ိဳး မရွိတဲ့ သူေတြလည္း ျဖစ္ပါတယ္။ သိသိခ်ည္းနဲ႕ အညာခံ တာမ်ိဳးပဲ ရွိနိုင္ၿပီး သူတို႔ကို အခ်ိဳသပ္ၿပီး လွည့္ျဖားနိုင္ ဖို႔ဆိုတာ မလြယ္ပါဘူး။
(၄) လူမႈေရးေကာင္းတယ္
သူတို႔ေတြက ဘယ္ေနရာမဆို ဝင္ဆန့္တဲ့ သူေတြ ျဖစ္ပါ တယ္။ လူႀကီး၊ ကေလး မေ႐ြး လိုက္ဖက္ေအာင္ စကားေျပာ ဆိုတတ္တာ ကလည္း သူတို႔ရဲ႕ အရည္အခ်င္း တစ္ရပ္ ပါပဲ။ ဒီအခ်က္ေၾကာင့္ လူေတာမတိုးသူလို႔ အျမင္မခံရတဲ့ သူေတြလည္း ျဖစ္ပါ တယ္။
(၅) စတိုင္က်တယ္
လူတစ္ေယာက္ရဲ႕ ၾကည့္ေကာင္းမႈက ကိုယ္ရည္ကိုယ္ေသြး တစ္ခုတည္းနဲ႕ မၿပီးပါဘူး။ ဖက္ရွင္က်မႈကလည္း ပါဝင္ေနပါတယ္။
ေခတ္ဆန္တဲ့ ေကာင္မေလးေတြက ေခတ္မီစြာ ဝတ္စားတတ္ သလို ဘုရားေက်ာင္းကန္ သြားရင္ေတာင္မွ ေနရာနဲ႕လိုက္ဖက္ၿပီးေခတ္ဆန္တဲ့ ဖက္ရွင္မ်ိဳးကို ေ႐ြးခ်ယ္ တတ္ၾကပါေသးတယ္။ ဒါေၾကာင့္ သူတို႔ကို အၿမဲ ဖက္ရွင္က်ေနတဲ့သူလို႔ ျမင္ရမွာပါ။
Kham
ခရက္ဒစ္
ယူနီကုတ္
ခေတ်ဆန်တဲ့ မိန်းကလေးတွေသာ ပိုင်ဆိုင်ထားတဲ့ အရည်အချင်းများ
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို မိန်းကလေးတွေ လည်း ပုံစံ အမျိုးမျိုး ရှိကြ ပါတယ်။ ရိုးအေးတဲ့ မိန်းကလေးတွေ လည်း ရှိသလို သွက်လက်ပြီး ခေတ်ဆန်တဲ့ ကောင်မလေးတွေ လည်း ရှိနေပါတယ်။
ခေတ်ဆန်တဲ့ မိန်းကလေးတွေ ကတော့ သူများတွေ ထက် ပိုတဲ့ အခုလို အရည်အချင်းတွေ ပိုင်ဆိုင်ထားတတ်ကြ ပါတယ်။
(၁) အပေါင်းအသင်းများတယ်
သူတို့တွေမှာ သိသာတဲ့ အချက် ကတော့ အပေါင်းအသင်း များများ စားစား ရှိတာ ပါပဲ။ ဒါကြောင့် ခရီးထွက်တာ၊ show ပွဲသွားတာ အပြင် အလှူအတန်း အတွက်လည်း လူစုလို့ လွယ်နေ တတ်ပါ တယ်။
တစ်ယောက်နဲ့ တစ်ယောက် စိတ်နှစ်ထားတဲ့ ဆက်ဆံရေးမျိုး မဟုတ်ပေမယ့် စိတ်ထဲ ရှိကြ တဲ့ ဆက်ဆံရေး ဖြစ်တဲ့ အတွက် မိတ်ဆွေ များသူလို့ ဆိုနိုင် ပါတယ်။
(၂) လူတွေအကြောင်း သိတယ်
ခေတ်ဆန်တဲ့သူပီပီ လူတော်တော် များများနဲ့ စကားပြောဆို ဆက်ဆံဖူး တာ များပါတယ်။ ဒီတော့ ဘယ်လိုလူမျိုးတွေက မကောင်းဘူးလဲ ဆိုတာနဲ့ ကောင်းတဲ့ သူတွေရဲ့ လက္ခဏာ ရပ်တွေကို ကွဲကွဲပြားပြား သိကြတာကြောင့် လူတွေကို ပေါင်းသင့်တာ ခွဲခြားသိကြပါတယ်။
(၃) အညာမခံရဘူး
မကောင်းတဲ့သူ၊ ကောင်းတဲ့ သူကို ခွဲခြားတတ်သူပီပီ လူလည်ကျခံ ရတာမျိုး မရှိတဲ့ သူတွေလည်း ဖြစ်ပါတယ်။ သိသိချည်းနဲ့ အညာခံ တာမျိုးပဲ ရှိနိုင်ပြီး သူတို့ကို အချိုသပ်ပြီး လှည့်ဖြားနိုင် ဖို့ဆိုတာ မလွယ်ပါဘူး။
(၄) လူမှုရေးကောင်းတယ်
သူတို့တွေက ဘယ်နေရာမဆို ဝင်ဆန့်တဲ့ သူတွေ ဖြစ်ပါ တယ်။ လူကြီး၊ ကလေး မရွေး လိုက်ဖက်အောင် စကားပြော ဆိုတတ်တာ ကလည်း သူတို့ရဲ့ အရည်အချင်း တစ်ရပ် ပါပဲ။ ဒီအချက်ကြောင့် လူတောမတိုးသူလို့ အမြင်မခံရတဲ့ သူတွေလည်း ဖြစ်ပါ တယ်။
(၅) စတိုင်ကျတယ်
လူတစ်ယောက်ရဲ့ ကြည့်ကောင်းမှုက ကိုယ်ရည်ကိုယ်သွေး တစ်ခုတည်းနဲ့ မပြီးပါဘူး။ ဖက်ရှင်ကျမှုကလည်း ပါဝင်နေပါတယ်။
ခေတ်ဆန်တဲ့ ကောင်မလေးတွေက ခေတ်မီစွာ ဝတ်စားတတ် သလို ဘုရားကျောင်းကန် သွားရင်တောင်မှ နေရာနဲ့လိုက်ဖက်ပြီးခေတ်ဆန်တဲ့ ဖက်ရှင်မျိုးကို ရွေးချယ် တတ်ကြပါသေးတယ်။ ဒါကြောင့် သူတို့ကို အမြဲ ဖက်ရှင်ကျနေတဲ့သူလို့ မြင်ရမှာပါ။
Kham
No Comments