
Ohmarshin
ဓမ္မရေချမ်းစင်
Unicode
ကျောင်းဆောက် နှင့် ဘုရားတည် ဘယ်ဟာအကျိုးပိုပါသလဲ
သံဃာကိုကျောင်းဆောက်လှူ တာနဲ့စေတီ တည်တာ ဘယ်ဟာပို အကျိုးများလဲ
စေတီတစ်ဆူ တည်ပြီးတော့ ဘုရားကိုးကွယ်မယ် ဆိုလို့ ရှိရင် မြတ်စွာ ဘုရားကို အာရုံပြုလို့ ဗုဒ္ဓပူဇာတော့ဖြစ် ပါတယ်
ကျောင်းတစ်ကျောင်း ဆောက်ပြီးတော့ လှူလိုက် တာလောက် ဒီသာသနာတော် အတွက် အကျိုးဖြစ်ထွန်းမှုရှိမရှိ စဉ်းစားပြီးတော့ ကြည့်ကြ ရအောင်
စေတီလှူတယ် ဟုတ်ပြီ လမ်းသွားလမ်းလာ ပုဂ္ဂိုလ်တွေ ဘုရားကို ရှိခိုးမယ် လက်အုပ်ချီ ကြတယ် ကုသိုလ်ရကြမယ် မှန်တယ် ဒီလောက်ပဲ
စေတီတည်တဲ့ ပုဂ္ဂိုလ် ဟာလည်း ဘုရားကို အာရုံပြုပြီးတော့ ကုသိုလ်တွေ ရမယ် ဟုတ်တယ် အဲလောက်ပဲရမယ်..
ကျောင်းတစ်ဆောင် ဆောက်လှူလို့ရှိရင် ဘုရားကို ပူဇော်ပြီးသား လည်းဖြစ်မယ် တရားကို ပူဇော်ပြီးသားလည်းဖြစ်မယ် သံဃာကို ပူဇော်ပြီး သားလည်း ဖြစ်မယ်
ရတနာ သုံးပါးလုံး ပူဇော်ပြီး ဖြစ်ရုံမျှမက သာသနာတော် အဓွန့်ရှည်ကြာဖို့ မိမိပြုလုပ် လိုက်တဲ့ ကုသိုလ်ဟာ တစ်ထောင့် တစ်နေရာ ကနေပြီးတော့ အကျိုးပြုနေ တာဖြစ်တယ်
အင်မတန်မှ တန်ဖိုးရှိတဲ့ ကုသိုလ်လို့စိတ်ထဲမှာ ဝမ်းသာနေ ရမယ်..
”ဘုရားထက်မြတ်တယ်”လို့ ပြောတာ မဟုတ်ဘူးနော် စဉ်းစားပြီးတော့ ကြည့် အကျိုးဖြစ် တာကိုပြောတာနော်..
မြတ်စွာဘုရားက စေတီတည်ပြီးတော့ ကိုးကွယ် တာကို ကုသိုလ် မရဘူးလို့ ပြောတာ မဟုတ်ဘူး ရတယ်ဘုရားကိုပူဇော်တာ မကောင်းဘူးပြောတာ မဟုတ်ဘူး ကောင်းတယ် အကျိုးကို တွက်ကြည့် လိုက်
ကျောင်းဆောက်လိုက် ရင် ဘုရားပါတယ် အဲဒီ ထဲမှာနော် ဘုရားရုပ်ပွားတော် ထည့်သွင် းပူဇော်ထားတယ်
ဗုဒ္ဓပူဇာ သံဃာတွေ သီတင်းသုံးနေတဲ့ အတွက်ကြောင့် ထိုသံဃာတွေ သင်ကြားနေတဲ့ တရား ဓမ်မပူဇာသံဃာတွေကို ပူဇော်ခြင်းဆိုတဲ့သံဃာ့ပူဇာ
စေတီကိုတည် ထားကိုးကွယ်မယ် ဆိုရင်ဗုဒ္ဓပူဇာ တစ်ခုပဲရနိုင်တယ်ဓမ္မပူဇာမရနိုင်ဘူး သံဃာ့ပူဇာမရနိုင်ဘူးဘာပြုလို့တုန်းဆို စေတိယစေတီက အာရုံပြုလို့ရတာ တစ်ခုပဲ ရှိတယ်
အခုလို စာပေကျမ်းဂန်တွေ အကြောင်းပြုပြီးတော့ သံဃာတွေ သီတင်းသုံးလို့ရတာ မဟုတ်ဘူး
အဲဒါကြောင့်မို့ ကျောင်းဆောက်ပြီးတော့ လှူရတာဟာ သာသနာတော် အတွက် အင်မတန်မှ အကျိုးဖြစ်တယ် ဒီလိုမှတ် ရမယ်နော်
မြတ်စွာဘုရား ကိုယ်တိုင်ကို ကဝေလာ မသုတ္တန်မှာ သံဃာကိုကျောင်းဆောက် လှူဒါန်းတာဟာ ပိုကောင်းတယ်ဆွမ်း သင်္ကန်း ကျောင်း ဆေး ဆိုတဲ့ အလှူဟာ ပိုကောင်းတယ်တဲ့နော်
ဘာပြုလို့လဲဆိုရင် အခုပြောတဲ့ အတိုင်းပဲကျောင်းဆောက်လိုက် သဖြင့် ဗုဒ္ဓပူဇာဖြစ်တယ်တရားဓမ္မတွေသင်ယူ ပို့ချနေသည့် အတွက်ကြောင့် ဓမ္မပူဇာ လည်းဖြစ်တယ်
သံဃာတွေ သီတင်းသုံးနေသည့် အတွက်ကြောင့် သံဃာ့ပူဇာ လည်းဖြစ်တယ် ဒါတင်လားလို့ဆိုတော့ မကဘူး
သံဃာတွေက အဲဒီကျောင်းမှာ သီတင်း သုံးပြီးတော့(Generation to Generation) မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းပြီးတော့ ဘုရားရဲ့တရားတော်တွေကို သင်ကြားပို့ချပေးလိုက်လို့
နောက်တစ်ဆက်က ထပ်ပြီးတော့ သင်ကြားပို့ချပေးမယ်ဆိုရင် မြတ်စွာ ဘုရားရဲ့တရားတော်တွေကို လက်ဆင့်ကမ်းပြီး သင်ယူ သွားတာပဲ..
ရှေးတုန်းကလည်း ဒီစနစ် နဲ့သင်ယူ လာလို့ ခု (၂၆၀၀)ထိအောင်တရားတွေ မပျောက်မပျက်တာ..
အကယ်၍ မသင်ပဲနေမယ် ဆိုလို့ရှိရင် ပျောက်သွား တာကြာလှပြီ ဘယ်သူမှ အဓိပ္ပါယ်မဖော် နိုင်တော့ဘူး အဲတော့
သာသနာရှည်ကြာဖို့ အတွက် တို့လုပ်ထားတဲ့ အလုပ်ဟာ အင်မတန်မှ အကျိုးဖြစ်တယ် လို့ မှတ်ရမယ်..။
ပါမောက္ခချုပ်ဆရာတော်ကြီး
စေတနာမေတ္တာအရင်းခံဖြင့်မျှဝေပူဇော်ပါသည်။
No Comments