
အိမ္မွာ အပင္စိုက္ဝါသနာပါတဲ့သူေတြ သိထားသင့္တဲ့ အပင္နိမိတ္
၁။ ကိုယ့္ၿခံထဲက အပင္ေတြ အလြယ္တကူ မခုတ္ ပါနဲ႔။ တခ်ိဳ႕ အပင္ေတြက အိမ္သား
တစ္ေယာက္ေယာက္နဲ႔ ဆက္ႏြယ္ေန တတ္လို႔ လူသြားထိ ပါတယ္။
၂။ အိမ္ေပါက္ တည့္တည့္ ဝါးပင္ မစိုက္ပါနဲ႔။ အလုပ္အကိုင္ အဆင္မေျပ ျဖစ္တတ္ ပါတယ္။
၃။ ပင္စိမ္းပင္ ၿခံထဲ စိုက္ပါ။ အိမ္သားေတြ ေတာ္႐ုံ မဖ်ားနာ ပါဘူး။
၄။ စံပါယ္ပင္ အိမ္ေရွ႕စိုက္ပါ။ အပြင့္ပြင့္ရင္ ေငြဝင္ တတ္ပါ တယ္။
၅။ ႏွစ္တစ္ရာေက်ာက္စိမ္းပင္ အိမ္ေခါင္းရင္း စိုက္ပါ။ အလုပ္အကိုင္ အဆင္ေျပ ပါတယ္။ (အနံ႔မရွိ ပန္းမရွိ အ႐ြက္ေတြ ဘုရား မကပ္ ရပါ ဘူး။)
၆။ သရက္ပင္ ၿခံထဲစိုက္ပါ။ အိမ္ ေအးခ်မ္း တတ္ပါ တယ္။
၇။ မႈိ႕ပင္ ၿခံထဲ မစိုက္ပါနဲ႔။ လုံးပတ္ သစ္ခြဲလို႔ ရရင္ လူေသတတ္ ပါတယ္။
၈။ ဗန္ဒါပင္ ၿခံထဲ မစိုက္ပါနဲ႔။ လုံးပတ္သစ္ခြဲ လို႔ရရင္ လူေသ တတ္ပါ တယ္။ (ၿခံေရွ႕ စိုက္ပါ။ သူ႔ ဘာသာ ေပါက္ရင္ ထားလို႔ ရပါ တယ္။ နဂိုပါ ထားလို႔ ရပါတယ္။)
၉။ ေညာင္ပင္ ၿခံထဲ မစိုက္ပါနဲ႔။ ဘာသာေရး မၿမဲတဲ့ မိသားစုဆို ဒုကၡေရာက္တတ္ပါတယ္။
၁၀။ လူမမာရဲ႕ လက္သည္း၊ ေျခသည္း၊ ဆံပင္ စတာေတြကို သစ္ပင္ အေပါက္ေဖါက္ၿပီး ထည့္လိုက္ပါ။
သစ္ပင္ ညႇိဳးေသ၊ က်ိဳးက် တစ္ခုခု ျဖစ္ရင္ သူေနေကာင္းတတ္ ပါတယ္။ (လုပ္သင့္ မလုပ္သင့္ေတာ့ ကိုယ္တိုင္သာ စဥ္းစားၾက ပါ။)
ခရက္ဒစ္ ေအာင္မ်ိဳးဦး
ယူနီကုတ္
အိမ်မှာ အပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ်
၁။ ကိုယ့်ခြံထဲက အပင်တွေ အလွယ်တကူ မခုတ် ပါနဲ့။ တချို့ အပင်တွေက အိမ်သား
တစ်ယောက်ယောက်နဲ့ ဆက်နွယ်နေ တတ်လို့ လူသွားထိ ပါတယ်။
၂။ အိမ်ပေါက် တည့်တည့် ဝါးပင် မစိုက်ပါနဲ့။ အလုပ်အကိုင် အဆင်မပြေ ဖြစ်တတ် ပါတယ်။
၃။ ပင်စိမ်းပင် ခြံထဲ စိုက်ပါ။ အိမ်သားတွေ တော်ရုံ မဖျားနာ ပါဘူး။
၄။ စံပါယ်ပင် အိမ်ရှေ့စိုက်ပါ။ အပွင့်ပွင့်ရင် ငွေဝင် တတ်ပါ တယ်။
၅။ နှစ်တစ်ရာကျောက်စိမ်းပင် အိမ်ခေါင်းရင်း စိုက်ပါ။ အလုပ်အကိုင် အဆင်ပြေ ပါတယ်။ (အနံ့မရှိ ပန်းမရှိ အရွက်တွေ ဘုရား မကပ် ရပါ ဘူး။)
၆။ သရက်ပင် ခြံထဲစိုက်ပါ။ အိမ် အေးချမ်း တတ်ပါ တယ်။
၇။ မှို့ပင် ခြံထဲ မစိုက်ပါနဲ့။ လုံးပတ် သစ်ခွဲလို့ ရရင် လူသေတတ် ပါတယ်။
၈။ ဗန်ဒါပင် ခြံထဲ မစိုက်ပါနဲ့။ လုံးပတ်သစ်ခွဲ လို့ရရင် လူသေ တတ်ပါ တယ်။ (ခြံရှေ့ စိုက်ပါ။ သူ့ ဘာသာ ပေါက်ရင် ထားလို့ ရပါ တယ်။ နဂိုပါ ထားလို့ ရပါတယ်။)
၉။ ညောင်ပင် ခြံထဲ မစိုက်ပါနဲ့။ ဘာသာရေး မမြဲတဲ့ မိသားစုဆို ဒုက္ခရောက်တတ်ပါတယ်။
၁၀။ လူမမာရဲ့ လက်သည်း၊ ခြေသည်း၊ ဆံပင် စတာတွေကို သစ်ပင် အပေါက်ဖေါက်ပြီး ထည့်လိုက်ပါ။
သစ်ပင် ညှိုးသေ၊ ကျိုးကျ တစ်ခုခု ဖြစ်ရင် သူနေကောင်းတတ် ပါတယ်။ (လုပ်သင့် မလုပ်သင့်တော့ ကိုယ်တိုင်သာ စဉ်းစားကြ ပါ။)
ခရက်ဒစ် အောင်မျိုးဦး
No Comments