
ကိုယ့္ရဲ႕ ခ်စ္သူက ကိုယ့္အတြက္ အိမ္ေထာင္ဖက္သင့္ေသာ ေန႔နာမ္ ျဖစ္မျဖစ္ စစ္နည္း (ခုပဲ စစ္ၾကည့္ဖို႔ ပုံကိုႏွိပ္ပါ)
ေန႔နာမ္ မတည့္တဲ့ စုံတြဲေလးေတြ အိမ္ေထာင္ေရး အဆင္ေျပေစဖို႔
ဓမၼာ၊ ေသာက၊ အင္းဝ၊ ရာဇာ အတြဲေလးေတြ လက္ထပ္ မိရင္ အိမ္ေထာင္ေရး အဆင္မေျပတာ၊ စီးပြါးမတက္တာ၊ က်န္းမာေရး ညံ့ဖ်င္း တာေတြ ျဖစ္တတ္ တယ္လို႔လည္း အယူ ရွိပါတယ္
သမီးရည္းစား ခ်စ္သူ ဘဝမွာ ဘာေန႔သား၊ ဘာေန႔ သမီး ဆိုတာေတြက သိပ္အေရး မႀကီးေပမယ့္ အိမ္ေထာင္ေရးအတြက္ ကေတာ့ ေန႔နံေတြက အေရးႀကီးလွ ပါတယ္။ ျမန္မာ အယူအဆ မွာေတာ့ ဓမၼာ၊ ေသာက၊ အင္းဝ၊ ရာဇာ ဆိုၿပီး လက္တြဲဖို႔ မသင့္ေတာ္တဲ့ ေမာင္ႏွံေလးေတြ သတ္မွတ္ ထားပါတယ္။
ဓမၼာ၊ ေသာက၊ အင္းဝ၊ ရာဇာ အတြဲေလးေတြ လက္ထပ္မိရင္ အိမ္ေထာင္ေရး အဆင္မေျပတာ၊ စီးပြါးမတက္တာ၊ က်န္းမာေရး ညံ့ဖ်င္းတာေတြ ျဖစ္တတ္ တယ္လို႔လည္း အယူ ရွိပါ တယ္။ ဒါေပမယ့္ အစြမ္းထက္တဲ့ ယၾတာေတြနဲ႔ ကာကြယ္ လို႔ ရတာမို႔ Marry ရဲ႕ ေမာင္ႏွံေလးေတြ ထဲက ဓမၼာ၊ ေသာက၊
အင္းဝ၊ ရာဇာ အတြဲေလးေတြ အတြက္ အိမ္ေထာင္ေရး ျပႆနာေတြကို ႀကိဳတင္ ကာကြယ္ဖို႔နဲ႔ ေနာက္ပိုင္း အိမ္ေထာင္ေရး သာယာေစဖို႔ အတြက္ အစီအရင္ ယၾတာေလးေတြ အေၾကာင္း ေျပာျပေပးခ်င္ ပါတယ္။
ဓမၼာ_ေမာင္ႏွံအတြဲေလးေတြ
စေနေန႔နံ သားသမီး နဲ႔ ၾကာသပေတးေန႔နံ သားသမီး အိမ္ေထာင္ျပဳခ်င္ ပါက ပိေတာက္သား နဲ႔ (၁၂)လက္မ အလ်ားရွိ သစ္သား (၂)ခု ကို ေ႐ႊခ် ၿပီး ထိပ္အသီးသီး မွာ ဖဲႀကိဳးနီ နဲ႔
ရစ္ပတ္ကာ မဂၤလာေမာင္ႏွံ ေနတဲ့အခန္း (သို႔) ေနအိမ္ ရဲ႕ အျမင့္ တစ္ေနရာ မွာ ပူးတြဲ ခ်ိတ္ဆြဲ ေပးထားပါ ။ တနဂၤေႏြေန႔ မနက္ (၁၁)နာရီ (၄၅)မိနစ္ မွာ ျပဳလုပ္ ရမွာ ျဖစ္ပါတယ္ ။
ေသာက_ေမာင္ႏွံအတြဲေလးေတြ
တနလၤာေန႔နံ သားသမီး နဲ႔ ေသာၾကာေန႔နံ သားသမီး အိမ္ေထာင္ျပဳ ခ်င္ပါက (၈) လက္မ ရွိတဲ့ ကသစ္သား (၂)ေခ်ာင္းကို ျဖတ္ၿပီး ေ႐ႊခ်ကာ ဖဲႀကိဳး အဝါ ျဖင့္ ပူးတြဲ ခ်ည္ေႏွာင္ကာ
မဂၤလာေမာင္ႏွံ ေနတဲ့အခန္း (သို႔) ေနအိမ္ ရဲ႕ အျမင့္တစ္ေနရာ မွာ ပူးတြဲ ခ်ိတ္ဆြဲ ေပးထားပါ ။ တနလၤာေန႔ မနက္ (၆) နာရီ (၂၀) မိနစ္ မွာ ျပဳလုပ္ ရမွာ ျဖစ္ပါတယ္ ။
အင္းဝ_ေမာင္ႏွံအတြဲေလးေတြ
တနဂၤေႏြေန႔နံ သားသမီး နဲ႔ ဗုဒၶဟူးေန႔နံ သားသမီး အိမ္ေထာင္ျပဳခ်င္ပါက (၅) လက္မ အလ်ား ရွိတဲ့ ဝင္အူသားသစ္(၂) ေခ်ာင္း ကို ေ႐ႊခ်ကာ အျပာရင့္ေရာင္ ဖဲႀကိဳးနဲ႔ ပူးတြဲ ခ်ည္ေႏွာင္ၿပီး
မဂၤလာေမာင္ႏွံ ေနတဲ့အခန္း (သို႔) ေနအိမ္ ရဲ႕ အျမင့္ တစ္ေနရာမွာ ပူးတြဲ ခ်ိတ္ဆြဲေပး ထားပါ ။ *ဗုဒၶဟူးေန႔ မြန္းလြဲ (၁)နာရီ (၄၅) မိနစ္ မွာ ျပဳလုပ္ ရမွာ ျဖစ္ပါတယ္ ။
ရာဇာ_ေမာင္ႏွံအတြဲေလးေတြ
ဗုဒၶဟူးေန႔နံ သားသမီး နဲ႔ အဂၤါေန႔နံသားသမီး အိမ္ေထာင္ျပဳ ခ်င္ပါက (၅) လက္မ အလ်ားရွိတဲ့ ဝင္အူသား သစ္(၂)ေခ်ာင္း ကို အစိမ္းေရာင္ ဖဲႀကိဳး နဲ႔ ပူးတြဲ ခ်ည္ေႏွာင္ၿပီး မဂၤလာေမာင္ႏွံ ေနတဲ့
အခန္း (သို႔) ေနအိမ္ ရဲ႕ အျမင့္ တစ္ေနရာမွာ ပူးတြဲ ခ်ိတ္ဆြဲေပး ထားပါ ။ အဂၤါေန႔ မနက္ (၉) နာရီ (၉)မိနစ္ မွာ ျပဳလုပ္ ရမွာ ျဖစ္ပါတယ္ ။
ေမတၱာျဖင့္…
Unicode
ကိုယ့်ရဲ့ ချစ်သူက ကိုယ့်အတွက် အိမ်ထောင်ဖက်သင့်သော နေ့နာမ် ဖြစ်မဖြစ် စစ်နည်း (ခုပဲ စစ်ကြည့်ဖို့ ပုံကိုနှိပ်ပါ)
နေ့နာမ် မတည့်တဲ့ စုံတွဲလေးတွေ အိမ်ထောင်ရေး အဆင်ပြေစေဖို့
ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ် မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွါးမတက်တာ၊ ကျန်းမာရေး ညံ့ဖျင်း တာတွေ ဖြစ်တတ် တယ်လို့လည်း အယူ ရှိပါတယ်
သမီးရည်းစား ချစ်သူ ဘဝမှာ ဘာနေ့သား၊ ဘာနေ့ သမီး ဆိုတာတွေက သိပ်အရေး မကြီးပေမယ့် အိမ်ထောင်ရေးအတွက် ကတော့ နေ့နံတွေက အရေးကြီးလှ ပါတယ်။
မြန်မာ အယူအဆ မှာတော့ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ ဆိုပြီး လက်တွဲဖို့ မသင့်တော်တဲ့ မောင်နှံလေးတွေ သတ်မှတ် ထားပါတယ်။
ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွါးမတက်တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ် တယ်လို့လည်း အယူ ရှိပါ တယ်။ ဒါပေမယ့် အစွမ်းထက်တဲ့ ယတြာတွေနဲ့ ကာကွယ် လို့ ရတာမို့ Marry ရဲ့ မောင်နှံလေးတွေ ထဲက ဓမ္မာ၊ သောက၊
အင်းဝ၊ ရာဇာ အတွဲလေးတွေ အတွက် အိမ်ထောင်ရေး ပြဿနာတွေကို ကြိုတင် ကာကွယ်ဖို့နဲ့ နောက်ပိုင်း အိမ်ထောင်ရေး သာယာစေဖို့ အတွက် အစီအရင် ယတြာလေးတွေ အကြောင်း ပြောပြပေးချင် ပါတယ်။
ဓမ္မာ_မောင်နှံအတွဲလေးတွေ
စနေနေ့နံ သားသမီး နဲ့ ကြာသပတေးနေ့နံ သားသမီး အိမ်ထောင်ပြုချင် ပါက ပိတောက်သား နဲ့ (၁၂)လက်မ အလျားရှိ သစ်သား (၂)ခု ကို ရွှေချ ပြီး ထိပ်အသီးသီး မှာ ဖဲကြိုးနီ နဲ့
ရစ်ပတ်ကာ မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့် တစ်နေရာ မှာ ပူးတွဲ ချိတ်ဆွဲ ပေးထားပါ ။ တနင်္ဂနွေနေ့ မနက် (၁၁)နာရီ (၄၅)မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ် ။
သောက_မောင်နှံအတွဲလေးတွေ
တနင်္လာနေ့နံ သားသမီး နဲ့ သောကြာနေ့နံ သားသမီး အိမ်ထောင်ပြု ချင်ပါက (၈) လက်မ ရှိတဲ့ ကသစ်သား (၂)ချောင်းကို ဖြတ်ပြီး ရွှေချကာ ဖဲကြိုး အဝါ ဖြင့် ပူးတွဲ ချည်နှောင်ကာ
မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာ မှာ ပူးတွဲ ချိတ်ဆွဲ ပေးထားပါ ။ တနင်္လာနေ့ မနက် (၆) နာရီ (၂၀) မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ် ။
အင်းဝ_မောင်နှံအတွဲလေးတွေ
တနင်္ဂနွေနေ့နံ သားသမီး နဲ့ ဗုဒ္ဓဟူးနေ့နံ သားသမီး အိမ်ထောင်ပြုချင်ပါက (၅) လက်မ အလျား ရှိတဲ့ ဝင်အူသားသစ်(၂) ချောင်း ကို ရွှေချကာ အပြာရင့်ရောင် ဖဲကြိုးနဲ့ ပူးတွဲ ချည်နှောင်ပြီး
မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့် တစ်နေရာမှာ ပူးတွဲ ချိတ်ဆွဲပေး ထားပါ ။ *ဗုဒ္ဓဟူးနေ့ မွန်းလွဲ (၁)နာရီ (၄၅) မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ် ။
ရာဇာ_မောင်နှံအတွဲလေးတွေ
ဗုဒ္ဓဟူးနေ့နံ သားသမီး နဲ့ အင်္ဂါနေ့နံသားသမီး အိမ်ထောင်ပြု ချင်ပါက (၅) လက်မ အလျားရှိတဲ့ ဝင်အူသား သစ်(၂)ချောင်း ကို အစိမ်းရောင် ဖဲကြိုး နဲ့ ပူးတွဲ ချည်နှောင်ပြီး မင်္ဂလာမောင်နှံ နေတဲ့
အခန်း (သို့) နေအိမ် ရဲ့ အမြင့် တစ်နေရာမှာ ပူးတွဲ ချိတ်ဆွဲပေး ထားပါ ။ အင်္ဂါနေ့ မနက် (၉) နာရီ (၉)မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ် ။
No Comments