တစ္ခ်ိန္မွာ သစၥာေဖာက္မယ့္ ေယာက်ာ္းေတြရဲ႕ လကၡဏာရပ္မ်ား - Amawpyay

တစ္ခ်ိန္မွာ သစၥာေဖာက္မယ့္ ေယာက်ာ္းေတြရဲ႕ လကၡဏာရပ္မ်ား

တစ္ခ်ိန္မွာ သစၥာေဖာက္မယ့္ ေယာက်ာ္းေတြရဲ႕ လကၡဏာရပ္မ်ား
အခ်စ္ေရး

တစ္ခ်ိန္မွာ သစၥာေဖာက္မယ့္ ေယာက်ာ္းေတြရဲ႕ လကၡဏာရပ္မ်ား

အခ်စ္ဆိုတာ ေပ်ာ္႐ႊင္စရာ ၾကည္ႏူးစရာ ဆိုေပမယ့္ အခ်စ္ကို တန္ဖိုးမထား သူေတြလည္း ေလာကမွာ ရွိပါတယ္။

အခ်စ္တစ္ခုကို တည္ေဆာက္ဖို႔ ရည္႐ြယ္ ခဲ့လည္း တစ္ဖက္သူက အခ်စ္ကို တန္ဖိုးမထားတဲ့ သူဆိုရင္ သင့္အေပၚ သစၥာေဖာက္ မွာပါပဲ။ အခ်စ္ကို တန္ဖိုးမထားပဲ သစၥာေဖာက္ တတ္တဲ့သူေတြ မွာေတာ့ အခုလို အခ်က္ေတြ ရွိေနတတ္ ပါတယ္။

(၁) ခ်စ္ျပတတ္တယ္

သူတို႔ရဲ႕ အကြၽမ္းဆုံး အရာ တစ္ခုပါပဲ။ စိတ္ထဲက မပါလည္း သူတို႔က ေကာင္မေလးေတြကို ခ်စ္ျပတတ္သလို ဂ႐ုလည္း စိုက္တတ္ ပါတယ္။

ဒါေၾကာင့္လည္း အလြယ္တကူ ယုံၾကည္ၿပီး စိတ္ဝင္စား သြားတာမ်ိဳးကို ေကာင္မေလးေတြ ဆီက ယူေနၾက ျဖစ္ပါတယ္။ အတည္အတံ့ ခံစားခ်က္ ဆိုတာမ်ိဳး က အဲ့သလို အရမ္း လြယ္မေနဘူး ဆိုတာ သိၾကမွာပါေနာ္။

(၂) စကားေျပာေကာင္းတယ္

သူတို႔ေတြက တည္တည္တံ့တံ့မ်ိဳး မရွိဘဲ မိန္းကေလးေတြနဲ႔ အေရာတဝင္ ရွိတတ္ပါတယ္။ မိန္းကေလးမိတ္ေဆြေတြ မ်ားၿပီး မိန္းကေလးေတြနဲ႔ လိုက္ဖက္ေအာင္ စကားေျပာတတ္ၾကတဲ့သူေတြ ျဖစ္ပါတယ္။

ဒီလိုနဲ႔ မိန္းကေလးေတြနဲ႔ အီတတ္ၿပီး အေပ်ာ္လည္း ရွာတတ္ၾကတာ မ်ားပါတယ္။

(၃) ေဖာက္ျပန္တတ္တယ္

သူတို႔ေတြက အခ်စ္ကို မခံစားတတ္ မေလးစားတတ္တာေၾကာင့္ ကိုယ့္စိတ္အတိုင္း လုပ္ၾကတဲ့သူေတြ ျဖစ္ပါတယ္။

ဒါေၾကာင့္ သူတို႔ ႀကိဳက္လို႔ ေကာင္မေလး တစ္ေယာက္နဲ႔ တြဲေနရင္ေတာင္ တြဲေနရင္းနဲ႔ တစ္ျခားတစ္ေယာက္ကို ထပ္အီတတ္တာနဲ႔ ပတ္သတ္တာေတြ လုပ္တတ္ ၾကပါတယ္။

(၄) လြယ္လြယ္ ေတာင္းပန္တတ္တယ္

မိန္းကေလးေတြက တာဝန္ယူတတ္တာ၊ အေလးထား တတ္တာမ်ိဳးကို သေဘာက်ပါတယ္။ ဒါေၾကာင့္ သူတို႔ေတြကေတာ့ ေကာင္မေလးေတြကို ေတာင္းပန္ၿပီး ေခ်ာ့တဲ့ေနရာမွာ ဆရာတစ္ဆူပါပဲ။

စိတ္ပါတာ မပါတာမ်ိဳး မဟုတ္ပဲ မိန္းကေလးေတြ စိတ္ေျပေအာင္ အႀကိဳက္လိုက္ေပးၿပီး သူတို႔က သာယာမႈ ရွာတတ္ၾကတာပါ။

(၅) မိန္းကေလးေတြ အႀကိဳက္သိတယ္

တည္တံ့တဲ့ သူေတြက အခ်စ္ကို ေလးစားၾကသလို မိန္းကေလးေတြတိုင္းရဲ႕ အႀကိဳက္ကိုလည္း မသိတတ္ၾကပါဘူး။

သူတို႔ကေတာ့ မိန္းကေလးေတြကို လိုက္ၾကည့္ေနတတ္သူ ျဖစ္ၿပီး ဘယ္လို မိန္းကေလးပုံစံက ဘာကို ႀကိဳက္တတ္တယ္ ဆိုတာ ေကာင္းေကာင္း သိၾကပါတယ္။ ဒါေၾကာင့္လည္း လြယ္လြယ္နဲ႔ ေကာင္မေလးေတြကို ခ်ဥ္းကပ္ႏိုင္ ၾကပါ တယ္။

Kham

Credit

Unicode

တစ်ချိန်မှာ သစ္စာဖောက်မယ့် ယောကျာ်းတွေရဲ့ လက္ခဏာရပ်များ

အချစ်ဆိုတာ ပျော်ရွှင်စရာ ကြည်နူးစရာ ဆိုပေမယ့် အချစ်ကို တန်ဖိုးမထား သူတွေလည်း လောကမှာ ရှိပါတယ်။

အချစ်တစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ် ခဲ့လည်း တစ်ဖက်သူက အချစ်ကို တန်ဖိုးမထားတဲ့ သူဆိုရင် သင့်အပေါ် သစ္စာဖောက် မှာပါပဲ။ အချစ်ကို တန်ဖိုးမထားပဲ သစ္စာဖောက် တတ်တဲ့သူတွေ မှာတော့ အခုလို အချက်တွေ ရှိနေတတ် ပါတယ်။

(၁) ချစ်ပြတတ်တယ်

သူတို့ရဲ့ အကျွမ်းဆုံး အရာ တစ်ခုပါပဲ။ စိတ်ထဲက မပါလည်း သူတို့က ကောင်မလေးတွေကို ချစ်ပြတတ်သလို ဂရုလည်း စိုက်တတ် ပါတယ်။

ဒါကြောင့်လည်း အလွယ်တကူ ယုံကြည်ပြီး စိတ်ဝင်စား သွားတာမျိုးကို ကောင်မလေးတွေ ဆီက ယူနေကြ ဖြစ်ပါတယ်။ အတည်အတံ့ ခံစားချက် ဆိုတာမျိုး က အဲ့သလို အရမ်း လွယ်မနေဘူး ဆိုတာ သိကြမှာပါနော်။

(၂) စကားပြောကောင်းတယ်

သူတို့တွေက တည်တည်တံ့တံ့မျိုး မရှိဘဲ မိန်းကလေးတွေနဲ့ အရောတဝင် ရှိတတ်ပါတယ်။ မိန်းကလေးမိတ်ဆွေတွေ များပြီး မိန်းကလေးတွေနဲ့ လိုက်ဖက်အောင် စကားပြောတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

ဒီလိုနဲ့ မိန်းကလေးတွေနဲ့ အီတတ်ပြီး အပျော်လည်း ရှာတတ်ကြတာ များပါတယ်။

(၃) ဖောက်ပြန်တတ်တယ်

သူတို့တွေက အချစ်ကို မခံစားတတ် မလေးစားတတ်တာကြောင့် ကိုယ့်စိတ်အတိုင်း လုပ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ ကြိုက်လို့ ကောင်မလေး တစ်ယောက်နဲ့ တွဲနေရင်တောင် တွဲနေရင်းနဲ့ တစ်ခြားတစ်ယောက်ကို ထပ်အီတတ်တာနဲ့ ပတ်သတ်တာတွေ လုပ်တတ် ကြပါတယ်။

(၄) လွယ်လွယ် တောင်းပန်တတ်တယ်

မိန်းကလေးတွေက တာဝန်ယူတတ်တာ၊ အလေးထား တတ်တာမျိုးကို သဘောကျပါတယ်။ ဒါကြောင့် သူတို့တွေကတော့ ကောင်မလေးတွေကို တောင်းပန်ပြီး ချော့တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။

စိတ်ပါတာ မပါတာမျိုး မဟုတ်ပဲ မိန်းကလေးတွေ စိတ်ပြေအောင် အကြိုက်လိုက်ပေးပြီး သူတို့က သာယာမှု ရှာတတ်ကြတာပါ။

(၅) မိန်းကလေးတွေ အကြိုက်သိတယ်

တည်တံ့တဲ့ သူတွေက အချစ်ကို လေးစားကြသလို မိန်းကလေးတွေတိုင်းရဲ့ အကြိုက်ကိုလည်း မသိတတ်ကြပါဘူး။

သူတို့ကတော့ မိန်းကလေးတွေကို လိုက်ကြည့်နေတတ်သူ ဖြစ်ပြီး ဘယ်လို မိန်းကလေးပုံစံက ဘာကို ကြိုက်တတ်တယ် ဆိုတာ ကောင်းကောင်း သိကြပါတယ်။ ဒါကြောင့်လည်း လွယ်လွယ်နဲ့ ကောင်မလေးတွေကို ချဉ်းကပ်နိုင် ကြပါ တယ်။

Kham

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …