
မိန္းကေလးမ်ား ဖတ္သင့္ေသာ စကား(၂၉) ခြန္း
(၁) ကိုယ့္ေရွ႕က ဒီေယာက္်ားဟာ ဘယ္ေလာက္ ပဲေကာင္းေကာင္း ေျပာစရာ မရွိေအာင္ ေကာင္းေနပါေစ။ သင့္ကို သူမခ်စ္ရင္ ဒါဟာ ခၽြတ္ယြင္း ခ်က္ပါ… ဒီခၽြတ္ယြင္းခ်က္ကို သင္လံုးဝေျပာင္းလဲလို႔ မရႏိုင္ဘူး။
(၂) လူတစ္ေယာက္ရဲ႕ အႀကီးဆံုး ခၽြတ္ယြင္းခ်က္က တစ္ကိုယ္ေကာင္းဆန္တာ၊ ရိုင္းစိုင္းတာ၊ မတည္တံ့တာ မဟုတ္ဘူး။ ကိုယ့္ကို မခ်စ္တဲ့ လူတစ္ေယာက္ကို ေခါင္းမာမာနဲ႔ ဆက္ခ်စ္ေန တာပဲျဖစ္ တယ္။
(၃) သင့္လက္ရွိ အေနထားဟာ ဘယ္ေလာက္ပဲ ဆိုးေနပါေစ။ သင့္ကို ခ်စ္တဲ့လူ ရွိႏိုင္ တယ္။ သင့္လက္ရွိ အေနအထားဟာ ဘယ္ေလာက္ပဲေကာင္းေနပါေစ။ သင့္ကို မခ်စ္တဲ့လူ ရွိႏိုင္ တယ္။
(၄) ဘယ္ေလာက္ပဲ လွေအာင္ျပင္ျပင္၊ ဘယ္ေလာက္ပဲ တန္ဖိုးႀကီးတဲ့ အဝတ္အစား ဝတ္ဝတ္ ဒါေတြဟာ ခဏတာ ပဲျဖစ္တယ္။ စိတ္ရင္းေစတနာေကာင္းေတြ ကမွ အျပင္ပန္းရဲ႕ တကယ့္ အလွဆံုးေတြျဖစ္တယ္။
(၅) သင့္ကို ဘာေၾကာင့္ ထိခိုက္ေစ ခဲ့သလဲလို႔ အခ်စ္ကို သင္အျပစ္ ဆိုခဲ့ရင္ …. ေမးပါရေစ…. စစခ်င္းမွာ အခ်စ္ေရာက္ ္ရွိလာဖို႔ကို သင္ေခါင္းညိတ္ လက္ခံခဲ့ တယ္ မဟုတ္လား!
(၆) ပါးစပ္နဲ႔ေျပာျပ ႏိုင္တဲ့ ေသာကေတြဟာ တကယ့္ေသာကေတြ မဟုတ္ဘူး။ သင့္ကို ခဲြသြားႏိုင္တဲ့ ခ်စ္သူဟာ တကယ့္ ခ်စ္သူမဟုတ္ဘူး။
(၇) အခ်ိန္တိုက္စားမသြားႏိုင္တဲ့ ရင္ထဲက ဒဏ္ရာပါးပါး တခ်ဳိ႕ဟာလည္း ေပ်ာ္ရႊင္ျခင္းေတြျဖစ္တယ္။
(၈) တကယ္လို႔ လူတစ္ေယာက္မွာ အားလပ္ခ်ိန္ မရွိဘူး ဆိုရင္ သူ မအားလပ္ခ်င္ လို ႔ျဖစ္တယ္။ တကယ္လို႔ လူတစ္ေယာက္ ဟာ မသြားႏိုင္ဘူးလို႔ ဆိုရင္ သူခဲြမ ထြက္သြားခ်င္လို႔ ျဖစ္တယ္။ တကယ္လို႔ လူတစ္ ေယာက္မွာ ဆင္ေျခေတြသိပ္ မ်ားေနၿပီ ဆိုရင္ သူအေလးမထားေတာ့ လို႔ျဖစ္တယ္။
(၉) သေဘာတရားတစ္ခုကို နားလည္ ထားရမယ္။ အဲဒီ သေဘာတရားက ေယာက္်ားေလးေတြဟာ မိန္းကေလး တစ္ေယာက္ ကို အလြယ္တကူ ႏွစ္သက္ ႏိုင္တယ္။ ဒါေပမယ့္ အလြယ္တကူ မခ်စ္မိ ႏိုင္ဘူး။
(၁ဝ) တစ္ခါတေလမွာ သိပ္အာရံု မစိုက္နဲ႔… ေယာက္်ားေတြဟာ ျဖစ္ကတတ္ ဆန္းႏိုင္ပါတယ္။ ကိစၥေလး တစ္ခုကို ေမ့တာနဲ႔ သင့္ကို သူမခ်စ္ေတာ့တာ မဟုတ္ဘူး။ သင့္အေတြးနဲ႔ သင့္ကိုယ္သင္ မေျခာက္လွန္႔ပါနဲ႔။
(၁၁) မိန္းကေလးေတြက ရင္ထဲကခံစားခ်က္ေတြကို အလြယ္တကူ ထုတ္ျပတတ္တယ္။ ဒါေပမယ့္ ေယာက္်ားေတြက မဟုတ္ဘူး။
(၁၂) သူ႔ကိုေျပာင္းလဲဖို႔ ဘယ္ေတာ့မွ မႀကိဳးစားနဲ႔။ ဘယ္သူကမွ ဘယ္သူ႔ကို မေျပာင္းလဲ ႏိုင္ဘူး။ သင့္အတြက္နဲ႔ သူေျပာင္းလဲ ခ်င္စိတ္ ရွိမရွိဆိုတာပဲ ရွိတယ္။
(၁၃) လြတ္လပ္ျခင္းဆိုတာ အဖိုးတန္တယ္။ ဒါေပမယ့္ ေန႔တိုင္းမွာ ေထာင္ေသာင္းမကတဲ့ လူေတြဟာ လြတ္လပ္ျခင္းကို အခ်စ္နဲ႔လဲ ယူေနၾက တယ္။
(၁၄) ေလာကမွာ ေယာက္်ားေကာင္းေတြ တစ္ေယာက္မွမရွိဘူးလုိ႔ မဆိုနဲ႔။ သင့္ကို နာက်င္၊ စြန္႔ပစ္ခဲ့တဲ့ လူကိုအမုန္း ရန္ညိဳးမထားနဲ႔။ သင့္ကိုသူ ခ်စ္ခဲ့ဖူးပါတယ္။ ၾကင္နာခဲ့ဖူးပါတယ္။ ခြင့္လြတ္ျခင္းက သင့္ကို ပိုလွပေစပါလိမ့္မယ္။
(၁၅) သူ႔ခ်စ္သူ ဘယ္ေလာက္လွလဲ! သူ႔ခ်စ္သူ ဘယ္ေလာက္ေခ်ာလဲလို႔ သြားမစပ္စုနဲ႔ သြားဂရုမစိုက္နဲ႔။ ဒါဟာ စိတ္ရႈပ္စရာေတြကို သင့္ကိုယ္သင္ ရွာယူေနတာျဖစ္တယ္။
(၁၆) ငိုယိုေနခ်ိန္မွာ ေဒါသစကား မေျပာနဲ႔၊ ဆံုးျဖတ္ခ်က္ေတြ မခ်နဲ႔။ ဒါဟာ သင့္ကို ေနာင္တရ ေစလိမ့္မယ္။
(၁၇) သင္ ျဖဴစင္ရိုးသားတယ္ဆိုရင္ ၿပီးတာပဲ။ ျဖဴစင္ရိုးသားခ်င္ ဟန္ေဆာင္တယ္ ဆိုရင္ေတာ့ သင္ပိုအရုပ္ ဆုိး မည္းညစ္ သြားမယ္ ဆိုတာ မွတ္ထားပါ။
(၁၈) ႀကိဳးစားမႈတိုင္း ေအာင္ျမင္လိမ့္မယ္ မဟုတ္ဘူး။ ဒါေပမယ့္ မႀကိဳးစားရင္ လံုးဝ မေအာင္ျမင္ႏိုင္ဘူး။
(၁၉) မိန္းကေလးေတြ ကိုယ့္ကိုယ္ကို ခ်စ္တတ္ ရမယ္။ ဘယ္ေလာက္ပဲ ထိခိုက္ နာက်င္ရ ပါေစ.. ဘယ္ေလာက္ပဲ ဝမ္းနည္းေၾကကဲြ ရပါေစ။ ခံစားႏိုင္တယ္.. ဝမ္းနည္ းႏိုင္တယ္။ ဒါေပမယ့္ ကိုယ့္ကိုယ္ကို မခ်စ္ေလ တျခားသူက သင့္ကို မခ်စ္ေလ ျဖစ္တယ္။
(၂ဝ) ရုပ္ရည္အလွအပ၊ အသိဉာဏ္၊ ေငြေၾကး… စတဲ့အရာေတာ္ေတာ္ မ်ားမ်ားေတြက ကံစီမံရာျဖစ္တယ္။ အဲဒီအရာ ေတြကို သင္ရဲ႕မနာလို ဝန္တိုစိတ္နဲ႔ ေျပာင္းလဲဖို႔ မႀကိဳးစားနဲ႔။
(၂၁) ရင္ခြင္က်ယ္က်ယ္ထားပါ။ ဆံုးရႈံး သြားတဲ့ အရာအတြက္ နာက်င္ ထိခိုက္မေနနဲ႔….. သူဟာ သင့္အတြက္ မဟုတ္ခဲ့ဘူး လို႔ပဲ သတ္မွတ္ လိုက္ပါ။
(၂၂) ရည္မြန္တဲ့ မိန္းကေလး တစ္ေယာက္ျဖစ္ဖို႔ အတတ္ႏိုင္ဆံုး ႀကိဳးစားပါ။ ရည္မြန္ေအာင္ ဟန္ မေဆာင္ပါနဲ႔။ ဟန္ေဆာင္ ္တာကို မိန္းကေလးေတြ မႀကိဳက္သလို ေယာက္်ားေလးေတြက ပိုမုန္းတယ္။
(၂၃) ကိုယ့္အား ကိုယ္ကိုးႏိုင္ေအာင္ အၿမဲလုပ္ပါ။ ေငြေၾကးအရာမွာျဖစ္ျဖစ္၊ အခ်စ္ေရးမွာျဖစ္ျဖစ္ ကိုယ့္အား ကိုယ္ကိုး ႏိုင္ေအာင္ လုပ္ပါ။
(၂၄) သင့္မွာ ခ်စ္သူမ်ားေၾကာင္း၊ ေယာက္်ားေလး သူငယ္ခ်င္း မ်ားေၾကာင္း လူေတြကို ၾကြားဝါ၊ ျပသဖို႔ မႀကိဳးစားနဲ႔။ ဒါဟာ သင့္ကို လူေတြအားမက်ေစ တဲ့အျပင္ သင့္ကို အထင္အျမင္ ေသးေစပါတယ္။
(၂၅) ငါ့ကိုခ်စ္လားလို႔ အခ်ိန္တိုင္း လိုက္လိုက္ မေမးနဲ႔။ လိုက္လိုက္ေမးတဲ့ အခ်ိန္ သင့္ကို သူမခ်စ္ဘဲ ေနလိမ့္မယ္။
(၂၆) ေယာက္်ားတစ္ေယာက္ရဲ႕ အေကာင္း၊အဆိုးကိုသူ႔ရဲ႕စိတ္မ်ားတယ္ တသမတ္တည္းျဖစ္တယ္ ဆိုတာ နဲ႔ မခန္႔မွန္းႏိုင္ဘူး။ ဟိုးေရွးေရွးကတည္းက ေယာက္်ားေတြဟာ စိတ္မ်ားခဲ့တယ္။ အဲဒီစိတ္ကိုသူထိန္းခ်ဳပ္ႏိုင္ မႏိုင္ဆိုတာနဲ႔ပဲ ခန္႔မွန္းလို႔ ရတယ္။
(၂၇) ရဲရင့္ထက္ျမက္တဲ့ မိန္းကေလး တိုင္းဟာ ေပ်ာ့ညံ့တဲ့ မိန္းကေလးေတြ ထက္ ပိုလွပတယ္။ တကယ္လို႔ သင္ခ်စ္ တဲ့သူက သင့္ကိုမခ်စ္ေတာ့တဲ့အခါ ရဲရဲရင့္ရင့္ လမ္းခဲြပါ။ ဒါဟာ ေပ်ာ့ေပ်ာ့ညံ့ညံ့ လိုက္ကပ္ ေနတာထက္စာရင္ ပိုေကာင္းပါတယ္။
(၂၈) မိန္းမထက္ မလုပ္ပါနဲ႔။ ထက္ျမက္တဲ့ မိန္းကေလးလုပ္ပါ။
(၂၉) အရက္နဲ႔ ေဆးလိပ္ဟာ ဟိုေရွးယခင္က ခုခ်ိန္ထိ မူးယစ္ေဆးလို႔ သတ္မွတ္ ထားၾကတယ္။ မိန္း ကေလးေတြ အတြက္ေတာ့ အခ်စ္တစ္ခုတည္းနဲ ႔တင္ အသက္ကို ေသေစ တတ္တယ္။
တိုင္းတက္ခ်င္ေသာ မိန္းခေလးမ်ား ဒီစာကုိမ်ားမ်ားဖတ္ပါ ျပီေတာ့ မွတ္သားထား သင့္တာကုိ မွတ္သားထားလိက္ပါ ဒါဆိုမိန္းခေလးသင္မိန္ခေလးဟာ ခ်စ္စဖြယ္ေကာင္းတဲ့ မိန္းခေလး တစ္ေယာက္ျဖစ္ျပီဆိုတာကုိ လူတိုင္းက လက္ခံ လာၾက မယ္။
Credit
Unicode
မိန်းကလေးများ ဖတ်သင့်သော စကား(၂၉) ခွန်း
(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက် ပဲကောင်းကောင်း ပြောစရာ မရှိအောင် ကောင်းနေပါစေ။ သင့်ကို သူမချစ်ရင် ဒါဟာ ချွတ်ယွင်း ချက်ပါ… ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရနိုင်ဘူး။
(၂) လူတစ်ယောက်ရဲ့ အကြီးဆုံး ချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့ လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေ တာပဲဖြစ် တယ်။
(၃) သင့်လက်ရှိ အနေထားဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင် တယ်။ သင့်လက်ရှိ အနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင် တယ်။
(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာ ပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေ ကမှ အပြင်ပန်းရဲ့ တကယ့် အလှဆုံးတွေဖြစ်တယ်။
(၅) သင့်ကို ဘာကြောင့် ထိခိုက်စေ ခဲ့သလဲလို့ အချစ်ကို သင်အပြစ် ဆိုခဲ့ရင် …. မေးပါရစေ…. စစချင်းမှာ အချစ်ရောက် ်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့ တယ် မဟုတ်လား!
(၆) ပါးစပ်နဲ့ပြောပြ နိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေ မဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ ချစ်သူဟာ တကယ့် ချစ်သူမဟုတ်ဘူး။
(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါး တချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။
(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန် မရှိဘူး ဆိုရင် သူ မအားလပ်ချင် လို့ဖြစ်တယ်။ တကယ်လို့ လူတစ်ယောက် ဟာ မသွားနိုင်ဘူးလို့ ဆိုရင် သူခွဲမ ထွက်သွားချင်လို့ ဖြစ်တယ်။ တကယ်လို့ လူတစ် ယောက်မှာ ဆင်ခြေတွေသိပ် များနေပြီ ဆိုရင် သူအလေးမထားတော့ လို့ဖြစ်တယ်။
(၉) သဘောတရားတစ်ခုကို နားလည် ထားရမယ်။ အဲဒီ သဘောတရားက ယောက်ျားလေးတွေဟာ မိန်းကလေး တစ်ယောက် ကို အလွယ်တကူ နှစ်သက် နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ မချစ်မိ နိုင်ဘူး။
(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံ မစိုက်နဲ့… ယောက်ျားတွေဟာ ဖြစ်ကတတ် ဆန်းနိုင်ပါတယ်။ ကိစ္စလေး တစ်ခုကို မေ့တာနဲ့ သင့်ကို သူမချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်ပါနဲ့။
(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားတွေက မဟုတ်ဘူး။
(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲ နိုင်ဘူး။ သင့်အတွက်နဲ့ သူပြောင်းလဲ ချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။
(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့ လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲ ယူနေကြ တယ်။
(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့ လူကိုအမုန်း ရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။
(၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။
(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ သင့်ကို နောင်တရ စေလိမ့်မယ်။
(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ် ဆိုရင်တော့ သင်ပိုအရုပ် ဆိုး မည်းညစ် သွားမယ် ဆိုတာ မှတ်ထားပါ။
(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ဘူး။
(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ် ရမယ်။ ဘယ်လောက်ပဲ ထိခိုက် နာကျင်ရ ပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲ ရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည် းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကို မချစ်လေ ဖြစ်တယ်။
(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး… စတဲ့အရာတော်တော် များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာ တွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားနဲ့။
(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံး သွားတဲ့ အရာအတွက် နာကျင် ထိခိုက်မနေနဲ့….. သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူး လို့ပဲ သတ်မှတ် လိုက်ပါ။
(၂၂) ရည်မွန်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန် မဆောင်ပါနဲ့။ ဟန်ဆောင် ်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။
(၂၃) ကိုယ့်အား ကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အား ကိုယ်ကိုး နိုင်အောင် လုပ်ပါ။
(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်း များကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေ တဲ့အပြင် သင့်ကို အထင်အမြင် သေးစေပါတယ်။
(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက် မမေးနဲ့။ လိုက်လိုက်မေးတဲ့ အချိန် သင့်ကို သူမချစ်ဘဲ နေလိမ့်မယ်။
(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊အဆိုးကိုသူ့ရဲ့စိတ်များတယ် တသမတ်တည်းဖြစ်တယ် ဆိုတာ နဲ့ မခန့်မှန်းနိုင်ဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကိုသူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ ရတယ်။
(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေး တိုင်းဟာ ပျော့ညံ့တဲ့ မိန်းကလေးတွေ ထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ် တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ် နေတာထက်စာရင် ပိုကောင်းပါတယ်။
(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။
(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ် ထားကြတယ်။ မိန်း ကလေးတွေ အတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေ တတ်တယ်။
တိုင်းတက်ချင်သော မိန်းခလေးများ ဒီစာကိုများများဖတ်ပါ ပြီတော့ မှတ်သားထား သင့်တာကို မှတ်သားထားလိက်ပါ ဒါဆိုမိန်းခလေးသင်မိန်ခလေးဟာ ချစ်စဖွယ်ကောင်းတဲ့ မိန်းခလေး တစ်ယောက်ဖြစ်ပြီဆိုတာကို လူတိုင်းက လက်ခံ လာကြ မယ်။
Credit
No Comments