
ခရက်ဒစ်
ယူနီကုတ်
ဟက်ဟက်ပက်ပက် ရယ်မောခြင်းကြောင့် သင် မထင်မှတ်ဘဲ ရရှိလာမယ့် စွမ်းအားများ
ရယ်မောခြင်းက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အထူး ကောင်းမွန်စေပြီး ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်မှု တစ်ချို့လည်း ရှိနေ ပါတယ် ။
ရယ်မောခြင်းက အသက်ရှည်တယ် ဆိုတဲ့ စကားလည်း ရှိသလို ရယ်မောခြင်းက အရွယ်တင် နုပျိုစေ ပါတယ် ။ လူတစ်ယောက်ဟာ ဟက်ဟက် ပက်ပက် ရယ်မောဖို့ လိုအပ် ပြီး ဒီလို ရယ်မောခြင်းက အကျိုးကျေးဇူးတွေ များစွ ာရှိလို့ နေပါ တယ်နော်။
နှလုံးခုန်နှုန်းကို မြင့်တတ်စေတယ်
ရယ်မောလိုက်တဲ့ အခါ အသက် ပြင်းပြင်း ရှုရတဲ့ အတွက် နှလုံးခုန်နှုန်းကို မြင့်တက် စေ တာ ပါ ။ အသက်ပြင်းပြင်း ရှုလိုက်ခြင်းက ခန္ဓာကိုယ်ထဲကို အောက်စီဂျင် ပိုရောက်ရှိပြီးတော့ သွေးလည်ပတ်မှုကို ကောင်းမွန် စေ ပါ တယ် ။
ကောင်းမွန်စွာ အိပ်ပျော်စေနိုင်တယ်
ရယ်မောခြင်းက melatonin လို့ ခေါ်တဲ့ ဓာတ်ကို ပိုထုတ်လွှတ် ပေးတယ်လို့ ဂျပန် သုတေသန ပညာရှင်တွေက ဆို ပါ တယ် ။ ဒီဓာတ်ဟာ ဟောမုန်းတစ်မျိုး ဖြစ်ပြီးတော့ ဒါက ညဘက်မှာ ကောင်းစွာ အနားယူ အိပ်စက်နိုင်ခြင်းကို ဖြစ်ပေါ် စေ ပါ တယ်။
စွမ်းအင်ကို ထုတ်ပေးတယ်
ရယ်မောခြင်းက ခန္ဓာကိုယ်ထဲကို အောက်စီဂျင် ပိုရောက်စေပြီးတော့ endorphin ကို ထုတ်လွှတ်ပေးပါတယ်။ ဒီလို လုပ်ဆောင်ခြင်းက ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ကို တိုးမြှင့်လာစေပြီး အားအင်ပြည့် ဝ နေ စေမှာ ဖြစ် ပါ တယ် ။
စိတ်ဖိစီးမှုကို လျော့ကျစေတယ်
ဟက်ဟက်ပက်ပက် ရယ်မော လိုက်တဲ့ အခါ စိတ်ဖိစီးမှု လျော့နည်း သွားတယ်လို့ ခံစား ရ မှာ ပါ ။
ဒါက endorphin တွေဟာ ခန္ဓာကိုယ် ထဲမှာ မ ကောင်းတဲ့ စွမ်းအင်တွေ နဲ့ ထိခိုက် မှုတွေကို လျော့ကျ စေ ပါ တယ် ။
ဒါကြောင့် ရယ်မောခြင်းဟာ ခန္ဓာကိုယ် အတွက် ဆေးတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး၊ နှလုံး နဲ့ စိတ် ဖိစီးမှုတွေ ကင်းဝေးစေပြီး ကောင်းမွန်စွာ အိပ်စက်ေ စနိုင်လို့ အားအင်ပြည့်ဝ နေ စေ ပါ တယ် ။
စိတ်ဓာတ်ကျမှုတွေကို ဖယ်ရှားပေးတယ်
ရယ်မောလိုက် တဲ့ အခါ ဦးနှောက်က နေပြီး serotonin ဓာတ် နဲ့ dopamine ဓာတ်တွေ ကို ထုတ်ပေးပြီး အဲဒီ့ ဟော်မုန်းတွေက ဦးနှောက် ရဲ့ စိတ်ခံစားမှု ဆိုင်ရာ ပြသနာတွေကို လုပ်ဆောင်ပေး ပါတယ်။
နောက်ပြီး စိတ်ခံစား မှုတွေကို တိုးမြှင့်ပေးတဲ့ အတွက် စိတ်ဓာတ်ကျ တာတွေ မရှိပဲ ပျော်ရွှင်ခြင်းကို ဖြစ်ပေါ် စေ ပါတယ် ။
No Comments