
” ႐ုပ္အဆင္း လွပေစေသာ ကုသိုလ္ (၄) မ်ိဳး “
လူ ၊ နတ္ ၊ ျဗဟၼာ ျဖစ္ေလရာ ဘဝတို႔တြင္ သူတစ္ပါး ထက္ ႐ုပ္အဆင္း လွပ လိုသူတို႔ သည္ ေကာင္းမႈ ( ၄ ) ပါး ကို ျပဳၾက ရမည္ ဟု က်မ္းဂန္တို႔ ၌ ဆို ၾက ၏ ။ ထိုေကာင္းမႈ ( ၄ ) ခုသည္ကား
၁ ။ အဝတ္အစား , သကၤန္း လႉဒါန္းျခင္း
၂ ။ အစာအဟာရ လႉဒါန္းျခင္း
၃ ။ ေဒါသကို ခ်ဳပ္တည္း၍ ေမတၱာပြားျခင္း
၄ ။ တံျမက္လွည္းျခင္း
ဤ ( ၄ )ပါးသည္ ႐ုပ္အဆင္း လွပျခင္း၏ အ ေၾကာင္းရင္း ျဖစ္ေလ ၏ ။
ထိုကုသိုလ္ ( ၄ )ပါး ကို ျပဳပါ က ႐ုပ္အဆင္း လွပျခင္းအျပင္ သက္ဆိုင္ ရာ ေကာင္း က်ိဳးမ်ား ကိုလဲ ထပ္မံ ရေသး၏။ ထိုေၾကာင့္ ဤ ( ၄ ) ပါးေသာ ကုသိုလ္တို႔ ကို ျဖစ္ေလရာ ဘဝတိုင္း သူတစ္ပါးထက္ ႐ုပ္အဆင္း လွလို သူတို႔သည္ မလြဲ မေသြ ျပဳၾက ရေပ မည္။
တစ္ခ်ိဳ႕လူေတြက ႐ုပ္လွတယ္ စိတ္မလွဘူး ။ ဒီစိတ္ေၾကာင့္ပဲ ႐ုပ္ ဘယ္ေလာက္ပဲ လွလွ သူမ်ားေတြရဲ႕ ေမတၱာေတြကို ရသင့္ သေလာက္ မရၾက ေတာ့ဘူး ။ တစ္ခ်ိဳ႕လူေတြက ႐ုပ္ဆိုးတယ္ စိတ္ထားျဖဴ တယ္ ။
ဒီစိတ္ေတြေၾကာင့္ပဲ ဘယ္ေလာက္ ႐ုပ္ဆိုး႐ုပ္ဆိုး သူတစ္ခုခု လိုအပ္ လာရင္ ကူညီမယ့္ သူေတြ အဆင္သင့္နဲ႔ သူ႔အနားမွာ ဝန္းရံ သူေတြ ေပါမ်ား တတ္ တယ္ ။
တစ္ခ်ိဳ႕လူေတြက ႐ုပ္လည္း မလွဘူး စိတ္လည္း မလွဘူး ။ ဒါေၾကာင့္ပဲ ဘယ္သူနဲ႔မွ အဆင္မေျပပဲ တ ေလာကလုံးကို အျပစ္ျမင္ၿပီး ပူေလာင္ေန ရတယ္ ။
႐ုပ္လွၿပီး စိတ္လွဖို႔ ဆိုတာ ကလည္း ဘဝေပး ကုသိုလ္ကံ ေကာင္းေလး ေကာင္းခဲ့တာလည္း ျဖစ္ခ်င္ျဖစ္မယ္ ။ ဒါေပမယ့္ အရင္ဘဝက ဘာေကာင္းခဲ့ ေကာင္းခဲ့ မေကာင္းခဲ့ မေကာင္းခဲ့ ၊ ဒီဘဝမွာ ရသင့္ ရထိုက္တဲ့ ႐ုပ္ရည္ က ေတာ့ ျပဳျပင္လို႔ မရရင္ စိတ္ကေလး ကိုေတာ့ ေကာင္းတာ မလုပ္ ႏိုင္ေသးရင္ သူမ်ားကို ဒုကၡမ ေပးမိေအာင္ေန။
လူ႔တန္ဖိုးဆိုတာ ႐ုပ္ရည္ ေငြေၾကး အေပၚကေန အေပၚယံ ရွပ္ၾကည့္လို႔ မသိရဘူး ။ တန္ဖိုးတက္ေအာင္ မ ေနႏိုင္ေသးရင္ေတာင္ ကိုယ္က်င့္တရား အပိုင္းမွာ တန္ဖိုး က် ေအာင္ မေနနဲ႔။
စိတ္ေပါ့ပါးရင္ ႐ုပ္ၾကည္တယ္ ။ စိတ္ေကာင္း ရွိရင္ ကံေကာင္း တယ္ ။ စိတ္မ ေကာင္း ႏိုင္ ေသး ရင္ေတာင္ စိတ္မယုတ္ညံ့နဲ႔ ။ ကိုယ္ ေဒါသ ထြက္ ခ်ိန္ အၿငိဳး ေတးႀကီးခ်ိန္ တုန္းကလည္း တအားကို ပူေလာင္ၿပီး ႐ုပ္က် ခဲ့ရတဲ့ အခ်ိန္အခိုက္တန႔္ ရွိခဲ့ ဖူးတယ္ ။
အဓိက က ေတာ့ စိတ္ထား ေပါ့ပါးသြားရင္ အရာ အားလုံးက ေပါ့ေပါ့ ပါးပါး ျဖစ္သြား မွာပါ…။
ခရက္ဒစ္
ယူနီကုတ္
” ရုပ်အဆင်း လှပစေသော ကုသိုလ် (၄) မျိုး “
လူ ၊ နတ် ၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင် သူတစ်ပါး ထက် ရုပ်အဆင်း လှပ လိုသူတို့ သည် ကောင်းမှု ( ၄ ) ပါး ကို ပြုကြ ရမည် ဟု ကျမ်းဂန်တို့ ၌ ဆို ကြ ၏ ။ ထိုကောင်းမှု ( ၄ ) ခုသည်ကား
၁ ။ အဝတ်အစား , သင်္ကန်း လှူဒါန်းခြင်း
၂ ။ အစာအဟာရ လှူဒါန်းခြင်း
၃ ။ ဒေါသကို ချုပ်တည်း၍ မေတ္တာပွားခြင်း
၄ ။ တံမြက်လှည်းခြင်း
ဤ ( ၄ )ပါးသည် ရုပ်အဆင်း လှပခြင်း၏ အ ကြောင်းရင်း ဖြစ်လေ ၏ ။
ထိုကုသိုလ် ( ၄ )ပါး ကို ပြုပါ က ရုပ်အဆင်း လှပခြင်းအပြင် သက်ဆိုင် ရာ ကောင်း ကျိုးများ ကိုလဲ ထပ်မံ ရသေး၏။ ထိုကြောင့် ဤ ( ၄ ) ပါးသော ကုသိုလ်တို့ ကို ဖြစ်လေရာ ဘဝတိုင်း သူတစ်ပါးထက် ရုပ်အဆင်း လှလို သူတို့သည် မလွဲ မသွေ ပြုကြ ရပေ မည်။
တစ်ချို့လူတွေက ရုပ်လှတယ် စိတ်မလှဘူး ။ ဒီစိတ်ကြောင့်ပဲ ရုပ် ဘယ်လောက်ပဲ လှလှ သူများတွေရဲ့ မေတ္တာတွေကို ရသင့် သလောက် မရကြ တော့ဘူး ။ တစ်ချို့လူတွေက ရုပ်ဆိုးတယ် စိတ်ထားဖြူ တယ် ။
ဒီစိတ်တွေကြောင့်ပဲ ဘယ်လောက် ရုပ်ဆိုးရုပ်ဆိုး သူတစ်ခုခု လိုအပ် လာရင် ကူညီမယ့် သူတွေ အဆင်သင့်နဲ့ သူ့အနားမှာ ဝန်းရံ သူတွေ ပေါများ တတ် တယ် ။
တစ်ချို့လူတွေက ရုပ်လည်း မလှဘူး စိတ်လည်း မလှဘူး ။ ဒါကြောင့်ပဲ ဘယ်သူနဲ့မှ အဆင်မပြေပဲ တ လောကလုံးကို အပြစ်မြင်ပြီး ပူလောင်နေ ရတယ် ။
ရုပ်လှပြီး စိတ်လှဖို့ ဆိုတာ ကလည်း ဘဝပေး ကုသိုလ်ကံ ကောင်းလေး ကောင်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ။ ဒါပေမယ့် အရင်ဘဝက ဘာကောင်းခဲ့ ကောင်းခဲ့ မကောင်းခဲ့ မကောင်းခဲ့ ၊ ဒီဘဝမှာ ရသင့် ရထိုက်တဲ့ ရုပ်ရည် က တော့ ပြုပြင်လို့ မရရင် စိတ်ကလေး ကိုတော့ ကောင်းတာ မလုပ် နိုင်သေးရင် သူများကို ဒုက္ခမ ပေးမိအောင်နေ။
လူ့တန်ဖိုးဆိုတာ ရုပ်ရည် ငွေကြေး အပေါ်ကနေ အပေါ်ယံ ရှပ်ကြည့်လို့ မသိရဘူး ။ တန်ဖိုးတက်အောင် မ နေနိုင်သေးရင်တောင် ကိုယ်ကျင့်တရား အပိုင်းမှာ တန်ဖိုး ကျ အောင် မနေနဲ့။
စိတ်ပေါ့ပါးရင် ရုပ်ကြည်တယ် ။ စိတ်ကောင်း ရှိရင် ကံကောင်း တယ် ။ စိတ်မ ကောင်း နိုင် သေး ရင်တောင် စိတ်မယုတ်ညံ့နဲ့ ။ ကိုယ် ဒေါသ ထွက် ချိန် အငြိုး တေးကြီးချိန် တုန်းကလည်း တအားကို ပူလောင်ပြီး ရုပ်ကျ ခဲ့ရတဲ့ အချိန်အခိုက်တန့် ရှိခဲ့ ဖူးတယ် ။
အဓိက က တော့ စိတ်ထား ပေါ့ပါးသွားရင် အရာ အားလုံးက ပေါ့ပေါ့ ပါးပါး ဖြစ်သွား မှာပါ…။
No Comments