လူငယ္တစ္ေယာက္အေနနဲ႔ စိတ္ဖိစီးမႈကို ဘယ္လိုကိုင္တြယ္မလဲ…? - Amawpyay

လူငယ္တစ္ေယာက္အေနနဲ႔ စိတ္ဖိစီးမႈကို ဘယ္လိုကိုင္တြယ္မလဲ…?

လူငယ္တစ္ေယာက္အေနနဲ႔ စိတ္ဖိစီးမႈကို ဘယ္လိုကိုင္တြယ္မလဲ…?
Knowledge

လူငယ္တစ္ေယာက္အေနနဲ႔ စိတ္ဖိစီးမႈကို ဘယ္လိုကိုင္တြယ္မလဲ…?

လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ားမွာ စိတ္ဖိစီးမႈ ဒဏ္ေတြ ရွိၾက ပါတယ္။ အလုပ္မရွိတဲ့ လူငယ္တစ္ေယာက္ဟာ အလုပ္ရဖို ႔အတြက္ သူ႔မွာ စိတ္ဖိစီးမႈကို ခံစား ရမွာပါ။ အလုပ္ရွိတဲ့ လူငယ္ တစ္ေယာက္ဟာလည္း အလုပ္မွာ Pressure မ်ားလို႔၊ စိတ္မပါလို႔ ကိုယ္ႏွစ္သက္တဲ့ အလုပ္မ်ိဳးမဟုတ္ရင္လည္း စိတ္ဖိစီးမႈ ခံစားရမွာျဖစ္ ပါတယ္။

ေက်ာင္းသား တစ္ေယာက္ဟာလည္း ဆယ္တန္းေအာင္ၿပီး အေျခအေန တစ္ခုေၾကာင့္ ေက်ာင္းဆက္မတက္ႏိုင္ရင္လည္း အနည္းနဲ႔အမ်ား စိတ္ဖိစီးမႈ ဒဏ္ခံ ရမွာပါဘဲ။

ေက်ာင္းဆက္ တက္ေနတဲ့ ေက်ာင္းသားတစ္ေယာက္ ဟာလည္း ေက်ာင္းစာကို စိတ္မဝင္းစားေတာ့ တာ အေပ်ာ္အပါးကို လိုက္စားလို႔ ေက်ာင္းစာေတြ ပိၿပီး စာေတြ မလုပ္ႏိုင္ေတာ့တဲ့ အခါမွာလည္း စိတ္ဖိစီးမႈဒဏ္ကို ခံစား ရမွာျဖစ္ပါတယ္။

ေနာက္လူငယ္ တစ္ခ်ိဳ႕က အလုပ္လည္းရွိတယ္၊ အလုပ္ေပၚလည္း စိတ္ဝင္စားတယ္။ ေနာက္ေက်ာင္းသားတစ္ေယာက္က ေက်ာင္းလည္း ဆက္တက္ခြင့္ ရတယ္။ ေက်ာင္းစာလည္း ႏိုင္ႏိုင္နင္းနင္း ရွိတယ္။

သည္လူ ၂ေယာက္ဟာ မိသားစု အေရးလည္း အဆင္ေျပ တယ္။ ထို ၂ေယာက္ဟာ စိတ္ဖိစီးမႈဒဏ္ကို အေပၚက လူေတြေလာက္ ခံရမွာ မဟုတ္ပါဘူး။

ဒါေပမဲ့ ပုထုဇဥ္ လူသားေတြျဖစ္လို႔ သူ႔အခက္အခဲသူရွိတာမို႔ အနည္းနဲ႔အမ်ား စိတ္ဖိစီးမႈ ဒဏ္ကိုေတာ့ ခံၾက ရမွာျဖစ္ပါတယ္။

အလုပ္မရွိတဲ့ လူငယ္တစ္ေယာက္ ဟာလည္း ကိုယ္နဲ႔ ကိုက္ညီမယ့္ အလုပ္မ်ိဳးကို ရွာေဖြ ရမွာျဖစ္ပါတယ္။ ကိုယ္က မိသားစု အေျခအေန အဆင္မေျပဘူး ဆိုရင္ ရတဲ့ အလုပ္မွာ ခဏေလာက္ သည္းခံၿပီးလုပ္ပါ။ အေတြ႕အႀကဳံ ယူပါ။

ၿပီးရင္ ကိုယ္နဲ႔ကိုက္ ညီမယ့္ ကိုယ္ဝါသနာပါတဲ့ လုပ္ငန္းမွာ အသုံးခ်ပါ။ ဘယ္လုပ္ငန္းမွာမဆို ကိုယ့္အတြက္ အခြင့္အလမ္ းသစ္တစ္ခု ရွိေနပါတယ္။ ကိုယ့္အတြက္ ယူစရာပ ညာေတြလည္း အမ်ားရွိေပါတယ္။

လူေတြ မလုပ္ခ်င္တဲ့ အလုပ္မ်ိဳးမွာ အခြင့္အလမ္းေတြ ရွိေနပါတယ္။ ဒါေၾကာင့္ ကိုယ္က ဒီလိုမ်ိဳးနဲ႔ရင္ဆိုင္ေနရရင္ ကိုယ့္ကို အားတင္း ထားၿပီး အေကာင္းဆုံး လုပ္ေဆာင္လိုက္ပါ။ စိတ္ညစ္ေနမယ့္အစား ၂ဆ တိုးလုပ္လိုက္ပါ။

အလုပ္ရွိၿပီး အလုပ္မွာ အဆင္မေျပတဲ့ လူငယ္တစ္ေယာက္ဟာလည္း ကိုယ့္မွာ မိသားစုအေျခအေန အဆင္ေျပရင္ျဖစ္ေစ မေျပရင္ျဖစ္ေစ ကိုယ္က သည္အလုပ္မွာ ၾကာေနၿပီ၊ တျဖည္းျဖည္းနဲ႔ စိတ္မေပ်ာ္လာေတာ့ဘူးဆိုရင္ အလုပ္ထြက္ လိုက္ပါ။ ဆက္မလုပ္ ပါနဲ႔ေတာ့။

ဘာျဖစ္လို႔လဲ ဆိုရင္ တိုးတက္ဖို႔ ကိုယ့္မွာ အခြင့္အလမ္း မရွိေတာ့ ပါဘူး။ ဆက္လုပ္ေနၿပီ ဆိုရင္ ကိုယ္က စိတ္မပါေတာ့ အထက္လူက ကိုယ့္ကို အျမင္ၾကည္မွာ မဟုတ္ဘူး။ အဲေတာ့ ကိုယ္က ကိုယ္နဲ႔ကိုက္ညီမယ့္အလုပ္ကို ရွာရေတာ့ မွာျဖစ္ပါ တယ္။

အျမန္ဆုံး ရွာေဖြၿပီး အျမန္လုပ္ေဆာင္ ရမွာပါ။ စိတ္ဓာတ္က်ေနၿပီ ဆိုရင္ အရာရာေနာက္က်သြားမွာပါ။ ဒါေၾကာင့္ စိတ္ကို ခိုင္ခိုင္ထားၿပီး ေရွ႕ဆက္တိုး ရမွာျဖစ္ ပါတယ္။ ဘယ္ေတာ့မွ လက္မေလွ်ာ့ ပါနဲ႔ လက္မေလွ်ာ့တဲ့ လူအတြက္ အခြင့္အလမ္းက အၿမဲေစာင့္ႀကိဳေန ပါတယ္။

ေအာင္ျမင္မႈက ကိုယ့္ကို လာရွာမွာ မဟုတ္ပါဘူး ကိုယ္က ေအာင္ျမင္မႈကို သြားရွာ ရမွာပါ။ Google ကို တည္ေထာင္ ခဲ့တဲ့ ဆာေဂးဘရင္(Sergey Brin) က ဘာေျပာလဲ ဆိုရင္ ‘ရႈံးနိမ့္မႈ ဆိုတဲ့ ဗြက္အိုင္ေတြ၊ ႐ႊံ႕အိုင္ေတြ ကိုျဖတ္ေက်ာ္ၿပီးမွ ေအာင္ျမင္မႈ ဆိုတာ ရရွိ တာပါ။

အလုပ္တစ္ခုကို ေတာင္ႀကီးတစ္ခုလို႔ မျမင္ပါနဲ႔ ေတာင္ကုန္းေလး တစ္ခုလို႔ပဲ ျမင္လိုက္ပါ။ ျမန္မာစကားရွိပါတယ္ ‘ေတာင္ႀကီးေတာ့ ေျခေအာက္၊ လႈိင္းႀကီးေတာ့ ေလွေအာက္’ တဲ့။

ဒါေၾကာင့္မို႔ စိတ္ဓာတ္မက်ဘဲ ကိုယ္အၿမဲႀကိဳးစားေနဖို႔ပဲ လိုတာပါ။ အခြင့္အေရးေတြ ေအာင္ျမင္မႈေတြက ကိုယ့္ကို ႀကိဳဆိုေနမွာပါ။

ေနာက္ လူငယ္ေကာ ေက်ာင္းသားေကာ အားလုံး အတူတူႀကဳံေတြ႕ရတာက အသဲကြဲ တဲ့ျပႆနာပါ။ လူတစ္ေယာက္အေနနဲ႔ အသက္အ႐ြယ္ ရလာၿပီ ဆိုရင္ အခ်စ္ကို ရင္ခုန္ၿပီး ရွာေဖြတတ္ ၾကပါ တယ္။

လူတစ္ေယာက္ကို ခ်စ္မိလို႔ ကိုယ္ခ်စ္တဲ့ သူက ကိုယ့္ကို ထားသြာ းခဲ့ရင္ ေတာ္ေတာ္မ်ားမ်ား အသဲကြဲတတ္ၾကပါတယ္။ လူပဲေလ ခံစားတတ္တဲ့ ႏွလုံးသားပါေတာ့လည္း ခံစားေၾကကြဲမိတာေပါ့။ အသဲကြဲတဲ့အခါ စိတ္ထြက္ေပါက္ ဘယ္လို ရွာမလဲ။ ဒါအေရးႀကီ းပါတယ္။

ခံစားရလြန္းလို႔ အရက္ေသာက္ တာ။ မေသာက္နဲ႔လို႔ ေျပာတာ မဟုတ္ပါဘူး။ ေသာက္ပါ။ ဒါေပမဲ့ အရက္က ကိုယ့္ကို ျပန္ေသာက္တဲ့ အထိ မျဖစ္ဖို႔ သတိထား ရပါမယ္။

အရက္ေသာက္လို႔ အသဲကြဲတာ ေပ်ာက္ မသြားႏိုင္ ဘူး။

မူးေနတုန္း ေျခမွန္းမသိ ေခါင္းမွန္း မသိတဲ့ အခ်ိန္မွာေတာ့ အသဲကြဲတာ ေပ်ာက္ရင္ေပ်ာက္လိမ့္ မယ္ေပါ့။

တစ္ခ်ိဳ႕မ်ား ဘယ္ဟာေျခ၊ လက္မွန္းမသိေအာင္ မူးတာေတာင္ အဟီးဟီး သတိရလို႔ဆိုၿပီး ငိုတာေတာင္ ရွိေသးတာပဲ။ ေဖာ္ျပေနတာက အရက္က အသဲကြဲရင္ ေပ်ာက္တယ္ ဆိုတဲ့ေဆး မဟုတ္ပါဘူး။ လူငယ္အေနနဲ႔ မေသာက္နဲ႔ မဟုတ္ဘူး ေသာက္ ဘာမွမျဖစ္ ပါဘူး။ ခံစားစရာရွိ ခံစားလိုက္။

ၿပီးမွ ကိုယ္က ကိုယ့္ကိုဆင္ျခင္ သုံးသပ္ ရမွာျဖစ္တယ္။အသဲကြဲတာ ေပ်ာက္ေအာင္ လုပ္ႏိုင္တာ အခ်ိန္နဲ႔ ကိုယ့္ရဲ႕အသိဉာဏ္ ရင့္က်က္မႈပဲ ျဖစ္တယ္။ အခ်ိန္နဲ႔ ကုစား ရမယ္။ အသိဉာဏ္ေတြ တျဖည္းျဖည္းရင့္က်က္ လာေအာင္ အခ်ိန္ကို အက်ိဳးရွိရွိ အသုံးခ်ၿပီ စာေတြ မ်ားမ်ားဖတ္ဖတ္ ရမယ္။

စိတ္ခြန္အားျဖစ္ေစမယ့္ ေဟာေျပာပြဲေတြကို နားေထာင္ ရမယ္။ ေနာက္တစ္ခ်က္က တရားနာပါ။ တစ္ခါမွ တရားမနာ ဖူးရင္ တရားနာၾကည့္ ပါ။

ဆရာေတာ္ႀကီးေတြ ေဟာၾကားတဲ့ ဆိုဆုံးမ စကားေတြကို လိုက္နာက်င့္ သုံးၾကည့္ပါ။ ကိုယ့္အတြက္ အဖိုးမျဖတ္ ႏိုင္တဲ့ အက်ိဳးေက်းဇူးေတြ ရရွိေစ မွာျဖစ္ပါတယ္။

‘ဓမၼစကား ေန႔တိုင္းၾကားက စိတ္ထားေဖြးလ်က္ သိဉာဏ္ထက္၏’ တဲ့ အသဲကြဲတာကို ေပ်ာက္ေအာင္လုပ္ႏိုင္တာဟာ အခ်ိန္နဲ႔ ကိုယ့္ရဲ႕ အသိဉာဏ္ပဲ ျဖစ္ပါ တယ္။ ကိုယ္က အသိဉာဏ္ကို အသုံးမခ်ႏိုင္ဘူး။ သည္ခံစားမႈကေန ႐ုံန္းမထြက္ ႏိုင္ဘူး ဆိုရင္ ကိုယ့္ရဲ႕ဘဝခရီးလမ္းဟာ တိုးတက္ဖို ႔အတြက္ ေႏွာင့္ေႏွးေနမွာပဲ ျဖစ္ပါ တယ္။

ကြၽန္ေတာ္တို႔ လူငယ္ေတြ စိတ္ခ်မ္းသာေအာင္ ေနထိုင္ဖို႔အတြက္ ဗဟုသုတ ရွိရမယ္။ ကြၽန္ေတာ္တို႔ ာေက်ာင္းမွာ သင္ၾကားေနတဲ့ အရာေတြဟာ သုတေတြပဲ ျဖစ္ပါတယ္။ ပညာမဟုတ္ေသးပါဘူး။ အလြယ္ေျပာၾကတာက ပညာသင္ တယ္လို႔ပဲ ေျပာၾက တာေပါ့။

တကယ္ေတာ့ ပညာရဖို႔ သုတေတြကို သင္ရတာ ျဖစ္ပါတယ္။ သုတမရွိပဲ ပညာမရႏိုင္ပါဘူး။ ကိုယ္သင္ထားတာေတြ၊ ေလ့လာ ထားတာေတြကို လက္ေတြ႕အသုံးခ် ႏိုင္မွ ပညာဆိုတာ ျဖစ္ပါတယ္။ ပညာရွိမွ ဘဝရဲ႕ ျဖစ္တည္မႈေတြ ကို အမွား၊ အမွန္ ပိုင္းျခား ႏိုင္မွာပါ။

ေနာက္တစ္ခုက ခံစားမႈကိုေပးတဲ့ ရသေတြ ၊ ကိုယ္ခ်င္းစာတရားေတြ ရွိဖို ႔လိုအပ္ ပါတယ္။ စိတ္ပိုင္းစိတ္ဆိုင္ရာ သုတေတြကို ေလ့လာ ရမယ္။

ဒါမွ တစ္ခုခုကို ေဒါသထြက္တဲ့ အခါ စိတ္ခံစားမႈကို ေရွ႕တန္းမတင္ပဲ မတုန႔္ျပန္ေအာင္ စိတ္ကိုေလ့က်င္ ရမွာျဖစ္တယ္။

ကိုယ္က ဘာမွမစဥ္းစား မဆင္ျခင္ လုပ္လိုက္လို ႔ရွိရင္ မျဖစ္သင့္တာေတြ ျဖစ္သြားႏိုင္ပါတယ္။ ၿပီးေတာ့ မွားမွန္း မသိျဖစ္သြားႏိုင္ ပါတယ္။

ဒါေၾကာင့္ အမွားအမွန္ ပိုင္းျခားႏိုင္ဖို႔ လိုပါတယ္။ ဒါေတြကို ပိုင္းျခားႏိုင္ဖို႔အတြက္ အသိပညာ ဗဟုသုတေတြကို ရွာေဖြေလ့လာ ရမွာျဖစ္ပါတယ္။

ခရက္ဒစ္

ယူနီကုတ္

လူငယ်တစ်ယောက်အနေနဲ့ စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တွယ်မလဲ…?

လူငယ်တွေ တော်တော်များများမှာ စိတ်ဖိစီးမှု ဒဏ်တွေ ရှိကြ ပါတယ်။ အလုပ်မရှိတဲ့ လူငယ်တစ်ယောက်ဟာ အလုပ်ရဖို့အတွက် သူ့မှာ စိတ်ဖိစီးမှုကို ခံစား ရမှာပါ။ အလုပ်ရှိတဲ့ လူငယ် တစ်ယောက်ဟာလည်း အလုပ်မှာ Pressure များလို့၊ စိတ်မပါလို့ ကိုယ်နှစ်သက်တဲ့ အလုပ်မျိုးမဟုတ်ရင်လည်း စိတ်ဖိစီးမှု ခံစားရမှာဖြစ် ပါတယ်။

ကျောင်းသား တစ်ယောက်ဟာလည်း ဆယ်တန်းအောင်ပြီး အခြေအနေ တစ်ခုကြောင့် ကျောင်းဆက်မတက်နိုင်ရင်လည်း အနည်းနဲ့အများ စိတ်ဖိစီးမှု ဒဏ်ခံ ရမှာပါဘဲ။

ကျောင်းဆက် တက်နေတဲ့ ကျောင်းသားတစ်ယောက် ဟာလည်း ကျောင်းစာကို စိတ်မဝင်းစားတော့ တာ အပျော်အပါးကို လိုက်စားလို့ ကျောင်းစာတွေ ပိပြီး စာတွေ မလုပ်နိုင်တော့တဲ့ အခါမှာလည်း စိတ်ဖိစီးမှုဒဏ်ကို ခံစား ရမှာဖြစ်ပါတယ်။

နောက်လူငယ် တစ်ချို့က အလုပ်လည်းရှိတယ်၊ အလုပ်ပေါ်လည်း စိတ်ဝင်စားတယ်။ နောက်ကျောင်းသားတစ်ယောက်က ကျောင်းလည်း ဆက်တက်ခွင့် ရတယ်။ ကျောင်းစာလည်း နိုင်နိုင်နင်းနင်း ရှိတယ်။

သည်လူ ၂ယောက်ဟာ မိသားစု အရေးလည်း အဆင်ပြေ တယ်။ ထို ၂ယောက်ဟာ စိတ်ဖိစီးမှုဒဏ်ကို အပေါ်က လူတွေလောက် ခံရမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ပုထုဇဉ် လူသားတွေဖြစ်လို့ သူ့အခက်အခဲသူရှိတာမို့ အနည်းနဲ့အများ စိတ်ဖိစီးမှု ဒဏ်ကိုတော့ ခံကြ ရမှာဖြစ်ပါတယ်။

အလုပ်မရှိတဲ့ လူငယ်တစ်ယောက် ဟာလည်း ကိုယ်နဲ့ ကိုက်ညီမယ့် အလုပ်မျိုးကို ရှာဖွေ ရမှာဖြစ်ပါတယ်။ ကိုယ်က မိသားစု အခြေအနေ အဆင်မပြေဘူး ဆိုရင် ရတဲ့ အလုပ်မှာ ခဏလောက် သည်းခံပြီးလုပ်ပါ။ အတွေ့အကြုံ ယူပါ။

ပြီးရင် ကိုယ်နဲ့ကိုက် ညီမယ့် ကိုယ်ဝါသနာပါတဲ့ လုပ်ငန်းမှာ အသုံးချပါ။ ဘယ်လုပ်ငန်းမှာမဆို ကိုယ့်အတွက် အခွင့်အလမ် းသစ်တစ်ခု ရှိနေပါတယ်။ ကိုယ့်အတွက် ယူစရာပ ညာတွေလည်း အများရှိပေါတယ်။

လူတွေ မလုပ်ချင်တဲ့ အလုပ်မျိုးမှာ အခွင့်အလမ်းတွေ ရှိနေပါတယ်။ ဒါကြောင့် ကိုယ်က ဒီလိုမျိုးနဲ့ရင်ဆိုင်နေရရင် ကိုယ့်ကို အားတင်း ထားပြီး အကောင်းဆုံး လုပ်ဆောင်လိုက်ပါ။ စိတ်ညစ်နေမယ့်အစား ၂ဆ တိုးလုပ်လိုက်ပါ။

အလုပ်ရှိပြီး အလုပ်မှာ အဆင်မပြေတဲ့ လူငယ်တစ်ယောက်ဟာလည်း ကိုယ့်မှာ မိသားစုအခြေအနေ အဆင်ပြေရင်ဖြစ်စေ မပြေရင်ဖြစ်စေ ကိုယ်က သည်အလုပ်မှာ ကြာနေပြီ၊ တဖြည်းဖြည်းနဲ့ စိတ်မပျော်လာတော့ဘူးဆိုရင် အလုပ်ထွက် လိုက်ပါ။ ဆက်မလုပ် ပါနဲ့တော့။

ဘာဖြစ်လို့လဲ ဆိုရင် တိုးတက်ဖို့ ကိုယ့်မှာ အခွင့်အလမ်း မရှိတော့ ပါဘူး။ ဆက်လုပ်နေပြီ ဆိုရင် ကိုယ်က စိတ်မပါတော့ အထက်လူက ကိုယ့်ကို အမြင်ကြည်မှာ မဟုတ်ဘူး။ အဲတော့ ကိုယ်က ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်ကို ရှာရတော့ မှာဖြစ်ပါ တယ်။

အမြန်ဆုံး ရှာဖွေပြီး အမြန်လုပ်ဆောင် ရမှာပါ။ စိတ်ဓာတ်ကျနေပြီ ဆိုရင် အရာရာနောက်ကျသွားမှာပါ။ ဒါကြောင့် စိတ်ကို ခိုင်ခိုင်ထားပြီး ရှေ့ဆက်တိုး ရမှာဖြစ် ပါတယ်။ ဘယ်တော့မှ လက်မလျှော့ ပါနဲ့ လက်မလျှော့တဲ့ လူအတွက် အခွင့်အလမ်းက အမြဲစောင့်ကြိုနေ ပါတယ်။

အောင်မြင်မှုက ကိုယ့်ကို လာရှာမှာ မဟုတ်ပါဘူး ကိုယ်က အောင်မြင်မှုကို သွားရှာ ရမှာပါ။ Google ကို တည်ထောင် ခဲ့တဲ့ ဆာဂေးဘရင်(Sergey Brin) က ဘာပြောလဲ ဆိုရင် ‘ရှုံးနိမ့်မှု ဆိုတဲ့ ဗွက်အိုင်တွေ၊ ရွှံ့အိုင်တွေ ကိုဖြတ်ကျော်ပြီးမှ အောင်မြင်မှု ဆိုတာ ရရှိ တာပါ။

အလုပ်တစ်ခုကို တောင်ကြီးတစ်ခုလို့ မမြင်ပါနဲ့ တောင်ကုန်းလေး တစ်ခုလို့ပဲ မြင်လိုက်ပါ။ မြန်မာစကားရှိပါတယ် ‘တောင်ကြီးတော့ ခြေအောက်၊ လှိုင်းကြီးတော့ လှေအောက်’ တဲ့။

ဒါကြောင့်မို့ စိတ်ဓာတ်မကျဘဲ ကိုယ်အမြဲကြိုးစားနေဖို့ပဲ လိုတာပါ။ အခွင့်အရေးတွေ အောင်မြင်မှုတွေက ကိုယ့်ကို ကြိုဆိုနေမှာပါ။

နောက် လူငယ်ကော ကျောင်းသားကော အားလုံး အတူတူကြုံတွေ့ရတာက အသဲကွဲ တဲ့ပြဿနာပါ။ လူတစ်ယောက်အနေနဲ့ အသက်အရွယ် ရလာပြီ ဆိုရင် အချစ်ကို ရင်ခုန်ပြီး ရှာဖွေတတ် ကြပါ တယ်။

လူတစ်ယောက်ကို ချစ်မိလို့ ကိုယ်ချစ်တဲ့ သူက ကိုယ့်ကို ထားသွာ းခဲ့ရင် တော်တော်များများ အသဲကွဲတတ်ကြပါတယ်။ လူပဲလေ ခံစားတတ်တဲ့ နှလုံးသားပါတော့လည်း ခံစားကြေကွဲမိတာပေါ့။ အသဲကွဲတဲ့အခါ စိတ်ထွက်ပေါက် ဘယ်လို ရှာမလဲ။ ဒါအရေးကြီ းပါတယ်။

ခံစားရလွန်းလို့ အရက်သောက် တာ။ မသောက်နဲ့လို့ ပြောတာ မဟုတ်ပါဘူး။ သောက်ပါ။ ဒါပေမဲ့ အရက်က ကိုယ့်ကို ပြန်သောက်တဲ့ အထိ မဖြစ်ဖို့ သတိထား ရပါမယ်။

အရက်သောက်လို့ အသဲကွဲတာ ပျောက် မသွားနိုင် ဘူး။

မူးနေတုန်း ခြေမှန်းမသိ ခေါင်းမှန်း မသိတဲ့ အချိန်မှာတော့ အသဲကွဲတာ ပျောက်ရင်ပျောက်လိမ့် မယ်ပေါ့။

တစ်ချို့များ ဘယ်ဟာခြေ၊ လက်မှန်းမသိအောင် မူးတာတောင် အဟီးဟီး သတိရလို့ဆိုပြီး ငိုတာတောင် ရှိသေးတာပဲ။ ဖော်ပြနေတာက အရက်က အသဲကွဲရင် ပျောက်တယ် ဆိုတဲ့ဆေး မဟုတ်ပါဘူး။ လူငယ်အနေနဲ့ မသောက်နဲ့ မဟုတ်ဘူး သောက် ဘာမှမဖြစ် ပါဘူး။ ခံစားစရာရှိ ခံစားလိုက်။

ပြီးမှ ကိုယ်က ကိုယ့်ကိုဆင်ခြင် သုံးသပ် ရမှာဖြစ်တယ်။အသဲကွဲတာ ပျောက်အောင် လုပ်နိုင်တာ အချိန်နဲ့ ကိုယ့်ရဲ့အသိဉာဏ် ရင့်ကျက်မှုပဲ ဖြစ်တယ်။ အချိန်နဲ့ ကုစား ရမယ်။ အသိဉာဏ်တွေ တဖြည်းဖြည်းရင့်ကျက် လာအောင် အချိန်ကို အကျိုးရှိရှိ အသုံးချပြီ စာတွေ များများဖတ်ဖတ် ရမယ်။

စိတ်ခွန်အားဖြစ်စေမယ့် ဟောပြောပွဲတွေကို နားထောင် ရမယ်။ နောက်တစ်ချက်က တရားနာပါ။ တစ်ခါမှ တရားမနာ ဖူးရင် တရားနာကြည့် ပါ။

ဆရာတော်ကြီးတွေ ဟောကြားတဲ့ ဆိုဆုံးမ စကားတွေကို လိုက်နာကျင့် သုံးကြည့်ပါ။ ကိုယ့်အတွက် အဖိုးမဖြတ် နိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေ မှာဖြစ်ပါတယ်။

‘ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလျက် သိဉာဏ်ထက်၏’ တဲ့ အသဲကွဲတာကို ပျောက်အောင်လုပ်နိုင်တာဟာ အချိန်နဲ့ ကိုယ့်ရဲ့ အသိဉာဏ်ပဲ ဖြစ်ပါ တယ်။ ကိုယ်က အသိဉာဏ်ကို အသုံးမချနိုင်ဘူး။ သည်ခံစားမှုကနေ ရုံန်းမထွက် နိုင်ဘူး ဆိုရင် ကိုယ့်ရဲ့ဘဝခရီးလမ်းဟာ တိုးတက်ဖို့အတွက် နှောင့်နှေးနေမှာပဲ ဖြစ်ပါ တယ်။

ကျွန်တော်တို့ လူငယ်တွေ စိတ်ချမ်းသာအောင် နေထိုင်ဖို့အတွက် ဗဟုသုတ ရှိရမယ်။ ကျွန်တော်တို့ ာကျောင်းမှာ သင်ကြားနေတဲ့ အရာတွေဟာ သုတတွေပဲ ဖြစ်ပါတယ်။ ပညာမဟုတ်သေးပါဘူး။ အလွယ်ပြောကြတာက ပညာသင် တယ်လို့ပဲ ပြောကြ တာပေါ့။

တကယ်တော့ ပညာရဖို့ သုတတွေကို သင်ရတာ ဖြစ်ပါတယ်။ သုတမရှိပဲ ပညာမရနိုင်ပါဘူး။ ကိုယ်သင်ထားတာတွေ၊ လေ့လာ ထားတာတွေကို လက်တွေ့အသုံးချ နိုင်မှ ပညာဆိုတာ ဖြစ်ပါတယ်။ ပညာရှိမှ ဘဝရဲ့ ဖြစ်တည်မှုတွေ ကို အမှား၊ အမှန် ပိုင်းခြား နိုင်မှာပါ။

နောက်တစ်ခုက ခံစားမှုကိုပေးတဲ့ ရသတွေ ၊ ကိုယ်ချင်းစာတရားတွေ ရှိဖို့လိုအပ် ပါတယ်။ စိတ်ပိုင်းစိတ်ဆိုင်ရာ သုတတွေကို လေ့လာ ရမယ်။

ဒါမှ တစ်ခုခုကို ဒေါသထွက်တဲ့ အခါ စိတ်ခံစားမှုကို ရှေ့တန်းမတင်ပဲ မတုန့်ပြန်အောင် စိတ်ကိုလေ့ကျင် ရမှာဖြစ်တယ်။

ကိုယ်က ဘာမှမစဉ်းစား မဆင်ခြင် လုပ်လိုက်လို့ရှိရင် မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ မှားမှန်း မသိဖြစ်သွားနိုင် ပါတယ်။

ဒါကြောင့် အမှားအမှန် ပိုင်းခြားနိုင်ဖို့ လိုပါတယ်။ ဒါတွေကို ပိုင်းခြားနိုင်ဖို့အတွက် အသိပညာ ဗဟုသုတတွေကို ရှာဖွေလေ့လာ ရမှာဖြစ်ပါတယ်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …