
အမြဲတမ်း ဆက်သွယ်ပါ
မကြာခဏ သွားလည်ပါ
Khin
ခရက်ဒစ်
ယူနီကုတ်
မိဘတွေနဲ့ အဝေးမှာ နေထိုင်ရသူတွေအတွက် အိမ်လွမ်းပြေစေမယ့် နည်းလေးများ
တစ်ခြားမြို့တစ်မြို့မှာ အလုပ်သွား လုပ်နေလို့ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်နဲ့ အဝေးမှာ ကျောင်းတက်နေ လို့ပဲဖြစ်ဖြစ် အဝေးရောက်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့မိဘတွေကို မေ့မထားသင့် ပါဘူးနော်။
မိဖဆိုတာ အစားထိုးလို့မရတဲ့ သူတွေဖြစ်သလို ကိုယ့်ကိုယ် ခုလို အရွယ်ရောက်ကြီးပြင်း လာအောင် ပြုစုကျွေးမွေးလာ ခဲ့တဲ့ သူတွေပါ။ ဒါကြောင့်အဝေးရောက်နေ ရင်တောင် မိဘတွေကို ဒီလို လေးတွေ ဂရုစိုက်ပေးလို့ ရပါတယ်နော်။
အမြဲတမ်း ဆက်သွယ်ပါ
မိဘတွေနဲ့ အဝေးမှာရောက်နေတဲ့ အချိန်မျိုးမှာ အမြဲတမ်း အဆက်အသွယ် မပြတ် ပါစေနဲ့။ ဖြစ်နိုင်ရင် နေ့တိုင်းဖုန်းပြော တာမျိုး လုပ်သင့် ပါတယ်။ ခုခေတ်မှာ ရိုးရိုးဖုန်းနဲ့ ဆက်သွယ် တာ၊ online ကနေ ဆက်သွယ် တာတွေပါ လုပ်လို့ရနေလို့ ဆက်သွယ်ဖို့ လွယ်ကူ လွန်းပါ တယ်နော်။
မဘဖဆိုတာက အမြဲတမ်း သားသမီးတွေရဲ့ သတင်း စကားလေးတွေကို စောင့်မျှော်နေ တတ်ကြသူတွေပါ။ ဒါကြောင့် အလုပ် မအားလို့၊ အချိန်မရလို့ ဆိုပြီး မိဘတွေကို မဆက်သွယ်ပဲ ပစ် မထားပါနဲ့။
အမှတ်တရပစ္စည်းတွေနဲ့ ဆေးဝါးတွေ ပို့ပေးပါ
ကိုယ်က မိဘတွေနဲ့ အဝေးမှာနေနေတဲ့ အချိန် လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်တဲ့ အခါမျိုးမှာ မိဘတွေအတွက်လည်း ထည့်ဝယ်ဖို့ကို မမေ့ပါနဲ့။ မိဘတေတွက် တန်ဖိုးမကြီး ရင်တောင် အသုံးတည့်မယ့် ပစ္စည်းလေးတွေနဲ့ လိုအပ်တဲ့ ဆေးဝါး စတာတွေကို သတိတရနဲ့ ဝယ်ထည့်ပေးသင့် ပါတယ်နော်။
မိဖတွေက ဒါတွေ မလိုအပ် ရင်တောင် သားသမီးတွေ ဆီက ထည့်ပေးလိုက်တယ် ဆိုတာနဲ့တင် ကြည်နူးပီတိဖြစ်စေ မှာ အမှန် ပါ။
အကြံပေးစကားတွေကို နားထောင်လက်ခံပါ
သားသမီးတွေ အရွယ်ရောက် လာတဲ့ အချိန်မှာ မိဘတွေရဲ့ အကြံပေး စကားတွေကို သိပ်မလိုက် နာချင်တတ်ကြတော့ ပါဘူး။
ဒါပေမယ့်လို့ မိဘ ဆိုတာက ကိုယ့်ထက် ဘဝ အကြောင်းကို ပိုနားလည် သူတွေဖြစ်ပြီး တကယ့်လို့ မလိုက်နာ ရင်တောင် အကြံ မပေးနဲ့ ကိုယ်ဘာသာဖြေရှင်းမယ်၊ ကိုယ့်ကိစ္စ ကိုယ်သိ ပါတယ် ဆိုတဲ့ စကားတွေ မပြောသင့် ပါဘူးနော်။ မိဖတွေရဲ့ အကြံပေး စကားကို နားထောင်ပေး သင့်ပါ တယ်။
မကြာခဏ သွားလည်ပါ
အဝေးရောက်နေလို့၊ တစ်ခြားမြို့မှာ အခြေချနေလို့၊ မအားလို့ စသဖြင့် မိဘတွေကို အချိန်အကြာကြီးပစ်ထားပြီး သွားမလည် တာမျိုးတွေ မလုပ် ပါနဲ့နော်။ တကယ်တော့ လာချင်ရင် အနီးလေး ဆိုသလို အကြောင်းပြချက် တစ်ခုသာ လိုပါ တယ်။
အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်တွေ ရတဲ့ အခါတိုင်း မိဘတွေ ဆီကို သွားလည် သင့်ပါတယ်။ မိဘတွေက သားသမီးအိမ်ပြန်လာတဲ့ အချိန်ကို အမြဲတမ်း တံခါးဖွင့် စောင့်ကြိုနေ တတ်တဲ့ သူတွေမို့လို့ပါပဲ။
လိုအပ်ချက်တွေ ထောက်ပံ့ပေးပါ
ကိုယ့်ရဲ့ မိဘတွေကို ငွေတစ်ခုတည်း ထောက်ပံ့နေရုံ နဲ့တော့ ထောက်ပံ့ တယ်လို့ မဆိုလို ပါဘူးနော်။ လိုအပ်ချက်တွေ အရ ငွေရော၊ လူရော၊ တစ်ခြား လိုအပ်ရင် လိုအပ် သလို ထောက်ပံ့ပေး တာမျိုး လုပ်သင့်ပါတယ်။
နေမကောင်းဖြစ်နေ တဲ့ မိဘ တစ်ယောက်က ငွေတွေ ပို့ပေးလိုက် တာထက် သားသမီး လာပြုစုတာလေးကို ပိုလိုချင်တဲ့ သဘော မျိုးပါပဲ။ ဒါကြောင့် မိဘတွေကို ဘာလိုအပ် တယ်၊ ဘာ မလိုအပ်ဘူး စသဖြင့် မေးမြန်းပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးသင့် ပါတယ်။ မိဘဆိုတာ ကိုယ့်ဘဝရဲ့ တုနှိုင်းမမှီတဲ့ မေတ္တာရှင်တွေ ပါနော်။
Khin
No Comments