သင့္ကို လူေတြ ဘာေၾကာင့္ အေလးအနက္မထားတာလဲ - Amawpyay

သင့္ကို လူေတြ ဘာေၾကာင့္ အေလးအနက္မထားတာလဲ

သင့္ကို လူေတြ ဘာေၾကာင့္ အေလးအနက္မထားတာလဲ
Knowledge

သင့္ကို လူေတြ ဘာေၾကာင့္ အေလးအနက္မထားတာလဲ

ကိုယ့္ရဲ႕ အေတြးအေခၚေတြကို အေလးထား မခံရတာ၊ ေမးတာကို ျပန္ေျဖ မခံရတာနဲ႕ ကိုယ္နဲ႕ သက္တူ႐ြယ္ တူေတြက ကိုယ့္ေပၚ ေလွာင္ေျပာင္ တာကို ခံၾက ရဖူးလား ဘယ္လိုပဲ ျဖစ္ျဖစ္ ခုလို လုပ္ခံရၿပီဆိုတာနဲ႕ ကြၽန္ေတာ္တို႔ေတြရဲ႕ စိတ္ထဲမွာ ေနရ ခက္ၿပီး မသက္သာျဖစ္လာတာေတာ့ အမွန္ပဲ။

လူေတြ ကိုယ့္အေပၚ အေလးအနက္ မထားဘူးလို႔ ခံစားရ လာၿပီ ဆိုရင္ လုပ္စရာ2 ခု ရွိပါ တယ္။ လ်စ္လ်ဴရႈ႕ထားမလား ပိုၿပီး ႀကိဳးစား မလား ဆိုတာ ပါပဲ။

တျခား သူေတြရဲ႕ အထင္နဲ႕အျမင္ကို မေျပာင္းလဲ နိုင္ေတာင္ ကိုယ့္ရဲ႕လုပ္ေဆာင္မႈ စြမ္းရည္ေတြနဲ႕ေတာ့ ရလာဒ္ေတြကို ေျပာင္းလဲနိုင္ ပါေသးတယ္။

လူေတြကိုယ့္ကို အေလးနက္ မထားဘူးလို႔ ခံစား လာရရင္ ယုန္နဲ႕လိပ္ပုံျပင္ေလးကို ျပန္စဥ္ းစားၾကည့္လိုက္ပါ။ အေျပးျမန္တဲ့ ယုန္က အင္အားနည္းတဲ့ လိပ္ကို အေလးနက္မထားဘဲ ေလွ်ာ့တြက္ခဲ့လို႔သာ သူ ဒီၿပိဳင္ပြဲမွာ ရႈံးခဲ့ ရတာေပါ့။

သူသာ လိပ္ကို အေလးအနက္ ထားၿပီး ေသခ်ာ ႀကိဳးစားခဲ့ ရင္ ဒီၿပိဳင္ပြဲမွာ သူနိုင္နိုင္ ပါတယ္။ ဒီလို ပါပဲ ေလာကမွာ တျခားသူ အေပၚ ေလွ်ာ့တြက္ တတ္တဲ့ ယုန္ရဲ႕ စိတ္ဓာတ္နဲ႕တူတဲ့ သူေတြ ရွိလို႔လဲ အေလးနက္မထားဘူးလို႔ ခံစား ၾကရ တာေပါ့။

လူေတြ အေလးမထား ရျခင္းအေၾကာင္း အရာေတြမ်ားစြာ ရွိတဲ့ ထဲကမွ အေရးအႀကီးဆုံး (၁၀)ခ်က္ကို ေျပာျပေပးခ်င္ ပါတယ္။ ဆက္ၾကည့္ လိုက္ရေအာင္

1ခ်ိန္းဆိုမႈမ်ားကို အၿမဲေနာက္က် တတ္လို႔။

လူေတြဘာလို႔ အေလးအနက္ မထားလဲ စဥ္းစားမိရင္ ကိုယ္တိုင္က အခ်ိန္ကို မေလးမစား လုပ္ေနလို႔ပါပဲ။ အခ်ိန္နဲ႕ ပတ္သက္လို႔ အရမ္းကို အေလးထား တဲ့သူနဲ႕ ေတြ႕ရင္ေတာ့ သူက မင္းကို ေလးစားမႈရွိမွာ မဟုတ္ေတာ့ပါဘူး။

အေရးႀကီးတဲ့ ခ်ိန္းဆိုမႈေတြ၊ Meeting ေတြကို သြားမယ္ ဆိုရင္ အနည္းဆုံး နာရီဝက္ေလာက္ေစာေရာက္ေနတာ အေကာင္းဆုံးပါပဲ။

2ဝတ္စားဆင္ယင္မႈ မေသသပ္လို႔။

“ေတာင္းမွာ အကြပ္ လူမွာအဝတ္”ဆိုသလိုပဲ လုပ္ငန္းခြင္ဝင္ ၾကၿပီ ဆိုရင္ သူ႕ေနရာနဲ႕သူ ဝတ္တတ္စားတတ္ဖို႔ လိုလာ ပါၿပီ။ လူႀကီးသူ မမ်ားနဲ႕ တက္ေရာက္ ရမဲ့ ပြဲမ်ိဳးမွာ ကိုယ့္အေနနဲ႕ လွ်ပ္ေပၚေလာ္လီတဲ့ အဝတ္အစားေတြ ဝတ္မယ္ဆိုရင္ လူေတြ မင္းကို အထင္ေသးတဲ့ မ်က္လုံးနဲ႕ ၾကည့္တာ ခံရ ပါလိမ့္မယ္။

လူတစ္ေယာက္ရဲ႕ ဝတ္စားဆင္ယင္မႈက သူရဲ႕ အက်င့္စရိုက္နဲ႕ အဆင့္အတန္းကို တစ္စိတ္ တစ္ေဒသ ေဖာ္ျပေပးတာမို႔ ဂ႐ုစိုက္ ဆင္ယင္သင့္ ပါတယ္။

3ကိုယ့္ကိုကိုယ္ ယုံၾကည္မႈမရွိလို႔။

ကိုယ္တိုင္ေတာင္ ယုံၾကည္မႈ မရွိမွေတာ့ တျခားသူက ကိုယ့္ကို ယုံၾကည္ေလးစား တာ ခံရဖို႔ မေမွ်ာ္လင့္ပါနဲ႕ေတာ့။ ယုံၾကည္မႈ အားနည္းတာက ႀကိဳတင္ျပင္ဆင္မႈ မရွိလို ႔ပါပဲ။ ဘယ္အရာ လုပ္လုပ္ ႀကိဳတင္ျပင္ဆင္မႈ ရွိထားမယ္ ဆိုရင္ မိမိကိုယ္ကို ယုံၾကည္မႈ ပိုတက္ လာေစမွာအမွန္ပါ။

4Body Language အားနည္းလို႔။

တစ္ဖက္လူနဲ႕ စကားေျပာတဲ့ အခါ ခပ္တည္တည္ႀကီးေနရင္ သိပ္အဆင္ မေျပပါဘူး။ ကိုယ့္ကို မာနႀကီးတယ္။ အေၾကာတင္း တယ္ ထင္သြားနိုင္ ပါတယ္ ။ ၿပဳံးျပပါ။

ျပဳံးျခင္းက တျခားသူ တစ္ေယာက္နဲ႕ ပိုမို ရင္းႏွီးခ်စ္ခင္မႈ ရရွိေစနိုင္ တာမို႔ အၿပဳံးေတြနဲ႕ ႏႈတ္ဆက္တတ္ေအာင္ ႀကိဳးစားသင့္ ပါတယ္။

5နားေထာင္ဖို႔ ထက္ ေျပာဖို႔ကို ပိုအားသန္ေနလို႔။

ကိုယ္က ခ်ည္းပဲ ေျပာေနမယ္ ဆိုရင္ ၾကာရင္ တစ္ဖက္က လူက ကိုယ့္ကို သိပ္အေလး ထားမွာ မဟုတ္ေတာ့ ပါဘူး။ သူမ်ားေျပာတာကို ပိုနားေထာင္ နိုင္ေလေလ လူေတြရဲ႕ ခ်စ္ခင္ေလးစားမႈ ကိုလဲ ရမွာျဖစ္သလို သူတို႔ ဆီက ကိုယ္မသိေသးတဲ့ အေၾကာင္းအရာေတြ ကိုပါ ပိုသိလာ နိုင္ေလ ပဲျဖစ္ပါတယ္။

စကား အနည္းဆုံးေျပာတဲ့ သူေတြဟာ အမ်ားဆုံး အက်ိဳးခံစား ရနိုင္သူေတြ ပါပဲ။ ၆၀ ရာခိုင္ႏႈန္းကို နားေထာင္ဖို႔အတြက္ အခ်ိန္ေပးၿပီး ၄၀ ရာခိုင္ႏႈန္းကိုေတာ့ စကားေျပာဖို႔ အတြက္ အခ်ိန္ေပးသင့္ ပါတယ္ေနာ္။

6မလုပ္နိုင္တဲ့ အရာေတြအတြက္ ကတိေပးမိလို႔။

ကိုယ့္ကို အလုပ္တစ္ခု လာအပ္ၿပီ ဆိုတာနဲ႕ ကိုယ္လုပ္နိုင္တဲ့ အပိုင္းကိုေသခ်ာေျပာျပၿပီး လုပ္နိုင္ေၾကာင္း ကတိေပးသင့္ ပါတယ္။ ကိုယ့္ကို အထင္ႀကီးရင္ ၿပီးေရာဆိုၿပီး Overpromise ေတြေပးမယ္ ဆိုရင္ ေရရွည္မွာ ကိုယ့္ရဲ႕ ရာထူးကိုပါ ထိခိုက္ လာေစနိုင္ ပါတယ္။

7လုပ္မယ္ေျပာထားတဲ့ ကိစၥေတြကို မလုပ္လို႔။

လုပ္မယ္လို႔ ေျပာထားၿပီးသား ကိစၥေတြကို ကိုယ့္ဘက္က မၾကာခဏ ပ်က္ကြက္ တာမ်ားလာၿပီ ဆိုရင္ လူေတြရဲ႕ယုံၾကည္မႈကို မၾကာခင္မွာ ဆုံးရႈံး ရပါ လိမ့္မယ္။ အစတည္းက လုပ္ဖို႔ မအားဘူး ဆိုရင္ ခ်က္ခ်င္းျငင္းတာဟာ အေကာင္းဆုံး ပါပဲ။
Learn to say NO

8ဆင္ေျခ ခဏခဏေပးလို႔။

တစ္ခုခုလုပ္ဖို႔ ပ်က္ကြက္ သြားတဲ႕အခါမွာ ကိုယ့္ရဲ႕ အမွားကို ဝန္မခံဘဲ ဆင္ေျခေတြေပးေနတတ္တာဟာ တျခားသူ တစ္ေယာက္ရဲ႕ ကိုယ့္အေပၚ ထားတဲ့ ေလးနက္မႈေတြကို ဖ်က္ဆီး ပစ္လိုက္ သလိုပါပဲ။ အမွားတစ္ခုခု လုပ္မိၿပီ ဆိုရင္ ကိုယ့္ဘက္က ဝန္ခံၿပီး ေတာင္းပန္တတ္ဖို ႔ကို ဝန္မေလး ပါနဲ႕။

9Emotion မ်ားလို႔။

တစ္ခုခုဆို စိတ္ခံစားခ်က္ကို အရမ္း ဦးစားေပး တတ္သူေတြဟာ အလုပ္ခြင္မွာ ထိခိုက္မႈေတြ ရွိနိုင္ ပါတယ္။ ထစ္ခနဲရွိ ေဒါသ ထြက္လိုက္၊ ညည္းၫူလိုက္၊ ငိုလိုက္နဲ႕ဆို လူေတြက မိတ္ေဆြနားမွာ ၾကားၾကာေနခ်င္မွာ မဟုတ္ေတ ာ့ပါဘူး။

Emotion ေတြကို ေကာင္းစြာ ထိန္းခ်ဳပ္နိုင္ဖို႔ အတြက္ ဆိုရင္ ေန႕စဥ္ ပုံမွန္ တရားထိုင္တဲ့ အေလ့အက်င့္ကို လုပ္ေပးသင့္ ပါတယ္။

မာန္မာန ေထာင္လႊားတတ္လို႔။

မာနႀကီးတဲ့ သူနားကို ဘယ္သူမွ မကပ္ခ်င္ၾက ပါဘူး။ ခ်စ္သူေတြၾကား မွာေတာင္ မာန ကာဆီးလာရင္ လမ္းခြဲျခင္းဆိုတာ ေပၚေပါက္ လာတတ္ ပါတယ္။

တစ္လႊဲ မာန မထားဘဲ ကိုယ့္နားမွာ ရွိတဲ့ မိတ္ေဆြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ ရင္းႏွီးေဖာ္ေ႐ြ စြာေနၿပီး ကိုယ့္ကိုကိုယ္ နိမ့္ခ် ဆက္ဆံရမဲ့ ေနရာေတြ မွာလဲ နိမ့္ခ်စြာ ေျပာဆို ဆက္ဆံတတ္ေအာင္ေနထိုင္ သင့္ပါတယ္။
“လူ႕ေအာက္က်ိဳ႕လို႔ မေသနိုင္ပါဘူး”

တျခားသူေတြက ကိုယ့္အေပၚ အေလးထားမႈ မရွိေတာ့ဘူး လို႔ ခံစားေနရၿပီ ဆိုရင္ အေပၚက အခ်က္ေလးေတြကို ျပန္ဖတ္ၾကည့္ပါ မိတ္ေဆြအေနနဲ႕လဲ ျပန္ဆင္ဖို႔ လိုတာေတြကို ျပင္ဆင္ၿပီး လုပ္ငန္းခြင္နဲ႕ ပတ္ဝန္းက်င္မွာ လိုက္ေလ်ာ ညီေထြရွိေအာင္ေနထိုင္ လိုက္ပါ။

ေဆြးႏြေးစရာမ်ား ရွိရင္လဲ  Comment မွာ မွ်ေဝေပးခဲပါဦး။

ခရက္ဒစ္

ယူနီကုတ္

သင့်ကို လူတွေ ဘာကြောင့် အလေးအနက်မထားတာလဲ

ကိုယ့်ရဲ့ အတွေးအခေါ်တွေကို အလေးထား မခံရတာ၊ မေးတာကို ပြန်ဖြေ မခံရတာနဲ့ ကိုယ်နဲ့ သက်တူရွယ် တူတွေက ကိုယ့်ပေါ် လှောင်ပြောင် တာကို ခံကြ ရဖူးလား ဘယ်လိုပဲ ဖြစ်ဖြစ် ခုလို လုပ်ခံရပြီဆိုတာနဲ့ ကျွန်တော်တို့တွေရဲ့ စိတ်ထဲမှာ နေရ ခက်ပြီး မသက်သာဖြစ်လာတာတော့ အမှန်ပဲ။

လူတွေ ကိုယ့်အပေါ် အလေးအနက် မထားဘူးလို့ ခံစားရ လာပြီ ဆိုရင် လုပ်စရာ2 ခု ရှိပါ တယ်။ လျစ်လျူရှု့ထားမလား ပိုပြီး ကြိုးစား မလား ဆိုတာ ပါပဲ။

တခြား သူတွေရဲ့ အထင်နဲ့အမြင်ကို မပြောင်းလဲ နိုင်တောင် ကိုယ့်ရဲ့လုပ်ဆောင်မှု စွမ်းရည်တွေနဲ့တော့ ရလာဒ်တွေကို ပြောင်းလဲနိုင် ပါသေးတယ်။

လူတွေကိုယ့်ကို အလေးနက် မထားဘူးလို့ ခံစား လာရရင် ယုန်နဲ့လိပ်ပုံပြင်လေးကို ပြန်စဉ် းစားကြည့်လိုက်ပါ။ အပြေးမြန်တဲ့ ယုန်က အင်အားနည်းတဲ့ လိပ်ကို အလေးနက်မထားဘဲ လျှော့တွက်ခဲ့လို့သာ သူ ဒီပြိုင်ပွဲမှာ ရှုံးခဲ့ ရတာပေါ့။

သူသာ လိပ်ကို အလေးအနက် ထားပြီး သေချာ ကြိုးစားခဲ့ ရင် ဒီပြိုင်ပွဲမှာ သူနိုင်နိုင် ပါတယ်။ ဒီလို ပါပဲ လောကမှာ တခြားသူ အပေါ် လျှော့တွက် တတ်တဲ့ ယုန်ရဲ့ စိတ်ဓာတ်နဲ့တူတဲ့ သူတွေ ရှိလို့လဲ အလေးနက်မထားဘူးလို့ ခံစား ကြရ တာပေါ့။

လူတွေ အလေးမထား ရခြင်းအကြောင်း အရာတွေများစွာ ရှိတဲ့ ထဲကမှ အရေးအကြီးဆုံး (၁၀)ချက်ကို ပြောပြပေးချင် ပါတယ်။ ဆက်ကြည့် လိုက်ရအောင်

1ချိန်းဆိုမှုများကို အမြဲနောက်ကျ တတ်လို့။

လူတွေဘာလို့ အလေးအနက် မထားလဲ စဉ်းစားမိရင် ကိုယ်တိုင်က အချိန်ကို မလေးမစား လုပ်နေလို့ပါပဲ။ အချိန်နဲ့ ပတ်သက်လို့ အရမ်းကို အလေးထား တဲ့သူနဲ့ တွေ့ရင်တော့ သူက မင်းကို လေးစားမှုရှိမှာ မဟုတ်တော့ပါဘူး။

အရေးကြီးတဲ့ ချိန်းဆိုမှုတွေ၊ Meeting တွေကို သွားမယ် ဆိုရင် အနည်းဆုံး နာရီဝက်လောက်စောရောက်နေတာ အကောင်းဆုံးပါပဲ။

2ဝတ်စားဆင်ယင်မှု မသေသပ်လို့။

“တောင်းမှာ အကွပ် လူမှာအဝတ်”ဆိုသလိုပဲ လုပ်ငန်းခွင်ဝင် ကြပြီ ဆိုရင် သူ့နေရာနဲ့သူ ဝတ်တတ်စားတတ်ဖို့ လိုလာ ပါပြီ။ လူကြီးသူ မများနဲ့ တက်ရောက် ရမဲ့ ပွဲမျိုးမှာ ကိုယ့်အနေနဲ့ လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားတွေ ဝတ်မယ်ဆိုရင် လူတွေ မင်းကို အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်တာ ခံရ ပါလိမ့်မယ်။

လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုက သူရဲ့ အကျင့်စရိုက်နဲ့ အဆင့်အတန်းကို တစ်စိတ် တစ်ဒေသ ဖော်ပြပေးတာမို့ ဂရုစိုက် ဆင်ယင်သင့် ပါတယ်။

3ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိလို့။

ကိုယ်တိုင်တောင် ယုံကြည်မှု မရှိမှတော့ တခြားသူက ကိုယ့်ကို ယုံကြည်လေးစား တာ ခံရဖို့ မမျှော်လင့်ပါနဲ့တော့။ ယုံကြည်မှု အားနည်းတာက ကြိုတင်ပြင်ဆင်မှု မရှိလို့ပါပဲ။ ဘယ်အရာ လုပ်လုပ် ကြိုတင်ပြင်ဆင်မှု ရှိထားမယ် ဆိုရင် မိမိကိုယ်ကို ယုံကြည်မှု ပိုတက် လာစေမှာအမှန်ပါ။

4Body Language အားနည်းလို့။

တစ်ဖက်လူနဲ့ စကားပြောတဲ့ အခါ ခပ်တည်တည်ကြီးနေရင် သိပ်အဆင် မပြေပါဘူး။ ကိုယ့်ကို မာနကြီးတယ်။ အကြောတင်း တယ် ထင်သွားနိုင် ပါတယ် ။ ပြုံးပြပါ။

ပြုံးခြင်းက တခြားသူ တစ်ယောက်နဲ့ ပိုမို ရင်းနှီးချစ်ခင်မှု ရရှိစေနိုင် တာမို့ အပြုံးတွေနဲ့ နှုတ်ဆက်တတ်အောင် ကြိုးစားသင့် ပါတယ်။

5နားထောင်ဖို့ ထက် ပြောဖို့ကို ပိုအားသန်နေလို့။

ကိုယ်က ချည်းပဲ ပြောနေမယ် ဆိုရင် ကြာရင် တစ်ဖက်က လူက ကိုယ့်ကို သိပ်အလေး ထားမှာ မဟုတ်တော့ ပါဘူး။ သူများပြောတာကို ပိုနားထောင် နိုင်လေလေ လူတွေရဲ့ ချစ်ခင်လေးစားမှု ကိုလဲ ရမှာဖြစ်သလို သူတို့ ဆီက ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေ ကိုပါ ပိုသိလာ နိုင်လေ ပဲဖြစ်ပါတယ်။

စကား အနည်းဆုံးပြောတဲ့ သူတွေဟာ အများဆုံး အကျိုးခံစား ရနိုင်သူတွေ ပါပဲ။ ၆၀ ရာခိုင်နှုန်းကို နားထောင်ဖို့အတွက် အချိန်ပေးပြီး ၄၀ ရာခိုင်နှုန်းကိုတော့ စကားပြောဖို့ အတွက် အချိန်ပေးသင့် ပါတယ်နော်။

6မလုပ်နိုင်တဲ့ အရာတွေအတွက် ကတိပေးမိလို့။

ကိုယ့်ကို အလုပ်တစ်ခု လာအပ်ပြီ ဆိုတာနဲ့ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကိုသေချာပြောပြပြီး လုပ်နိုင်ကြောင်း ကတိပေးသင့် ပါတယ်။ ကိုယ့်ကို အထင်ကြီးရင် ပြီးရောဆိုပြီး Overpromise တွေပေးမယ် ဆိုရင် ရေရှည်မှာ ကိုယ့်ရဲ့ ရာထူးကိုပါ ထိခိုက် လာစေနိုင် ပါတယ်။

7လုပ်မယ်ပြောထားတဲ့ ကိစ္စတွေကို မလုပ်လို့။

လုပ်မယ်လို့ ပြောထားပြီးသား ကိစ္စတွေကို ကိုယ့်ဘက်က မကြာခဏ ပျက်ကွက် တာများလာပြီ ဆိုရင် လူတွေရဲ့ယုံကြည်မှုကို မကြာခင်မှာ ဆုံးရှုံး ရပါ လိမ့်မယ်။ အစတည်းက လုပ်ဖို့ မအားဘူး ဆိုရင် ချက်ချင်းငြင်းတာဟာ အကောင်းဆုံး ပါပဲ။
Learn to say NO

8ဆင်ခြေ ခဏခဏပေးလို့။

တစ်ခုခုလုပ်ဖို့ ပျက်ကွက် သွားတဲ့အခါမှာ ကိုယ့်ရဲ့ အမှားကို ဝန်မခံဘဲ ဆင်ခြေတွေပေးနေတတ်တာဟာ တခြားသူ တစ်ယောက်ရဲ့ ကိုယ့်အပေါ် ထားတဲ့ လေးနက်မှုတွေကို ဖျက်ဆီး ပစ်လိုက် သလိုပါပဲ။ အမှားတစ်ခုခု လုပ်မိပြီ ဆိုရင် ကိုယ့်ဘက်က ဝန်ခံပြီး တောင်းပန်တတ်ဖို့ကို ဝန်မလေး ပါနဲ့။

9Emotion များလို့။

တစ်ခုခုဆို စိတ်ခံစားချက်ကို အရမ်း ဦးစားပေး တတ်သူတွေဟာ အလုပ်ခွင်မှာ ထိခိုက်မှုတွေ ရှိနိုင် ပါတယ်။ ထစ်ခနဲရှိ ဒေါသ ထွက်လိုက်၊ ညည်းညူလိုက်၊ ငိုလိုက်နဲ့ဆို လူတွေက မိတ်ဆွေနားမှာ ကြားကြာနေချင်မှာ မဟုတ်တေ ာ့ပါဘူး။

Emotion တွေကို ကောင်းစွာ ထိန်းချုပ်နိုင်ဖို့ အတွက် ဆိုရင် နေ့စဉ် ပုံမှန် တရားထိုင်တဲ့ အလေ့အကျင့်ကို လုပ်ပေးသင့် ပါတယ်။

မာန်မာန ထောင်လွှားတတ်လို့။

မာနကြီးတဲ့ သူနားကို ဘယ်သူမှ မကပ်ချင်ကြ ပါဘူး။ ချစ်သူတွေကြား မှာတောင် မာန ကာဆီးလာရင် လမ်းခွဲခြင်းဆိုတာ ပေါ်ပေါက် လာတတ် ပါတယ်။

တစ်လွှဲ မာန မထားဘဲ ကိုယ့်နားမှာ ရှိတဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးဖော်ရွေ စွာနေပြီး ကိုယ့်ကိုကိုယ် နိမ့်ချ ဆက်ဆံရမဲ့ နေရာတွေ မှာလဲ နိမ့်ချစွာ ပြောဆို ဆက်ဆံတတ်အောင်နေထိုင် သင့်ပါတယ်။
“လူ့အောက်ကျို့လို့ မသေနိုင်ပါဘူး”

တခြားသူတွေက ကိုယ့်အပေါ် အလေးထားမှု မရှိတော့ဘူး လို့ ခံစားနေရပြီ ဆိုရင် အပေါ်က အချက်လေးတွေကို ပြန်ဖတ်ကြည့်ပါ မိတ်ဆွေအနေနဲ့လဲ ပြန်ဆင်ဖို့ လိုတာတွေကို ပြင်ဆင်ပြီး လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်မှာ လိုက်လျော ညီထွေရှိအောင်နေထိုင် လိုက်ပါ။

ဆွေးနွေးစရာများ ရှိရင်လဲ  Comment မှာ မျှဝေပေးခဲပါဦး။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …