မိန်းမသားတွေက ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး ယောက်ျားသားတွေက ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး - Amawpyay
မိန်းမသားတွေက ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး ယောက်ျားသားတွေက ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး
မိန်းမသားတွေက ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး ယောက်ျားသားတွေက ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး
Knowledge
မိန်းမသားတွေက ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး ယောက်ျားသားတွေက ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး
ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော ယောက်ျားတစ်ယောက်မှာ ကိုယ်ပိုင် အရည်အချင်းနဲ့ အနာဂ္ဂါတ်ရည်မှန်းချက် ဆိုတာ မရှိရင် ဘယ်မိန်းကလေးမှ အနားမှာရှိမှာ မဟုတ်ပါဘူး။
ယူတာတော့ ယူတတ်ပြီး အိမ်ထောင်ဦး တစ်ယောက်ရဲ့ တာဝန် ဝတ္တရားမှ မကျေပွန်ရင် ဒီလူကို ယောက်ျားကောင်း လို့ သတ်မှတ်လို့ ရပါဦးမလား? မိန်းကလေးတွေ လည်း မကောင်းဘူး မယူခင် ရှေ့ရေးအတွက် ကြိုစဉ်းစား သင့်တယ်။
အချစ်က ကိုက်စားလို့မရဘူး ဗိုက်မပြည့်ဘူး ကိလေသာ တဏှာရာ ဂမီးကို ဦးစားပေးပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု ကလေးတွေယူ ဖြစ်လာမှ မရှူနိုင် မကယ်နိုင် ဘယ်သူ့ကို အားကိုးရမှန်းမသိ ကိုယ့်ယောက်ျားက ကောင်းရင်တော့ တစ်မျိုးပေါ့။
Credit
Unicode
မိန်းမသားတွေက ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး ယောကျ်ားသားတွေက ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး
ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော ယောကျ်ားတစ်ယောက်မှာ ကိုယ်ပိုင် အရည်အချင်းနဲ့ အနာဂ္ဂါတ်ရည်မှန်းချက် ဆိုတာ မရှိရင် ဘယ်မိန်းကလေးမှ အနားမှာရှိမှာ မဟုတ်ပါဘူး။
တစ်ချို့ကပြောတယ် အေးအတူ ပူအမျှမောင် တစ်ထမ်း မယ်တစ်ရွက် ကြင်ကြင်နာနာ ယုယုယယနဲ့ လုပ်ကိုင်စားသောက် သွားကြ မယ်တဲ့။
ဒါတွေဟာ ဘိုးတော်မင်း လေးဘက်ပြေးတဲ့ ခေတ်မှာ ကျန်ခဲ့ ပါပြီ။ မိန်းမသား ဆိုတာ ယောကျ်ားသားကို ချစ်လို့ အားကိုးချင်လို့ တဘဝလုံးကို ပုံအပ်ပြီး ကိုယ့်အနောက်ကို ကောက်ကောက်ပါအောင် လိုက်ခဲ့တာမဟုတ်လား။
ကိုယ်ဟာ ယောကျ်ားတစ်ယောက်ပဲလေ ရှိသင့်ရှိထိုက်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ အရည်အချင်းတော့ ရှိကို ရှိရမယ်လေ။ မိန်းမတစ်ယောက်ကို ယူထားပြီး တင့်တောင့် တင့်တယ် မထားနိုင် ရင်တောင် လူမွေး သူမွေး ပြောင်အောင် ထားနိုင် ရမယ်။
ဒီမိန်းမရဲ့ ဆိုးခြင်းကောင်းခြင်း ကံကြမ္မာဟာ အိမ်ထောင်ဦးစီးအပေါ် (၁၀၀%)မူတည်သွားပြီ။ မယူခင်စဉ်းစား ယူတာတော့ တတ်ပြီး မိန်းမ တစ်ယောက်ရဲ့ဘဝ မဖူလုံရင်တော့ ခင်ဗျား$ပြစ် ဖြစ်သွားပြီ။ ဟိုတလောက သက်ငယ် လင်မယား စုံတွဲအကြောင်း သတင်းတစ်ခုမှာ ပါလာ တယ်။
အိမ်ထောင်ကျပြီး မကြာသေးဘူး ကလေးတစ်ယောက် ရတယ်။ ကလေး ကျန်းမာရေး မကောင်းဖြစ်တော့ ဆေးခန်းသွားပြ စရာ ပိုက်ဆံ မရှိလို့ ဆိုပြီး လမ်းအလယ်မှာ သူများပိုက်ဆံ ကို လုတယ်။
ရပ်ကွက်လူထုက ဝိုင်းဖမ်းပြီးမေးတော့ သူ့ကလေး နေမကောင်းလို့ ဆေးခန်းပြဖို့ ငွေလိုနေလို့ သူများပိုက်ဆံကို လုရတာ ပါတဲ့။ တစ်ချို့က ဒီလူကို ဖခင်စိတ် ရှိတယ် ဆိုပြီး ဝိုင်းသနားကြ ဂရုဏာ သတ်ကြတာပေါ့။
ကျွန်တော်ကတော့ ဂရုဏာ မသတ်ပေး နိုင်ဘူး ဒါလား ယောကျ်ား ဒါလား အိမ်ထောင်ဦးစီး။ မိန်းမဖြစ်သူမှာ မိမိရင်သွေးလွယ် ထားရပြီ ဆိုကတည်းက မွေးဖို့ဖွားဖို့ စားဖို့သောက်ဖို့ ကြိုရှာ ထားရမှာ အိမ်ထောင်ဦးစီးရဲ့ တာဝန် မဟုတ်ဘူးလား?
ယူတာတော့ ယူတတ်ပြီး အိမ်ထောင်ဦး တစ်ယောက်ရဲ့ တာဝန် ဝတ္တရားမှ မကျေပွန်ရင် ဒီလူကို ယောကျ်ားကောင်း လို့ သတ်မှတ်လို့ရပါဦးမလား? မိန်းကလေးတွေ လည်း မကောင်းဘူး မယူခင် ရှေ့ရေးအတွက် ကြိုစဉ်းစား သင့်တယ်။
အချစ်က ကိုက်စားလို့မရဘူး ဗိုက်မပြည့်ဘူး ကိလေသာ တဏှာရာ ဂမီးကို ဦးစားပေးပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု ကလေးတွေယူ ဖြစ်လာမှ မရှူနိုင် မကယ်နိုင် ဘယ်သူ့ကို အားကိုးရမှန်းမသိ ကိုယ့်ယောကျ်ားက ကောင်းရင်တော့ တစ်မျိုးပေါ့။
ယောကျ်ားက $သုံးမကျ မိန်းမက မထိန်းကွတ်တက် ဒီအိမ်ထောင်ရေးဟာ ပရမ်းပတာဖြစ်သွားမှာပဲ။သင်ခန်းစာ ယူကြ မယူခင် စဉ်းစားကြ ကျန်တာတွေကို မိုက်လုံးကြီးပါ။ မိမိဘဝ ရှေ့ရေးအတွက်တော့ မိုက်လုံးမကြီးကြပါနဲ့ ညီမငယ်တို့ရေ။ လိုရင် ဖြည့်တွေးကြကွာမှား ခဲ့ရင်တောင် စေတနာ အမှားပါ။
No Comments
Leave a Reply
Your email address will not be published.
ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …
" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …