ဒူးနဲ့ တံတောင်ဆစ်တွေ မဲနေလျှင် - Amawpyay


အလှအပ ရေးရာ




(၁) သခွားသီး




(၃) နနွင်း


(၄) သကြားနဲ့သံလွင်ဆီ


(၅) အာလူး



ယူနီကုတ်

ဒူးနဲ့ တံတောင်ဆစ်တွေ မဲနေလျှင်

မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောကျာ်းလေး ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို သပ်ရပ်ကြည့်ကောင်းနေဖို့ အမြဲဂရုစိုက်သင့်ပါတယ်။ ရုပ်ရည်က ပထမဦးစားပေး မဟုတ်ပေမယ့်

တစ်ကိုယ်ရည် သန့်ရှင်းရေး ကိုတော့ လူတိုင်းဦးစားပေး သင့်တယ် မဟုတ် ဘူးလား။ ဒါကြောင့် တံတောင်ဆစ်နဲ့ ဒူးနေရာတွေမှာ ညိုမည်းနေတာတွေကို ဖယ်ရှားဖို့ လွယ်ကူတဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေး လိုက်ပါ တယ်။

(၁) သခွားသီး

သခွားသီးကို အကွင်းလေးတွေလှီးပြီး တံတောင်ဆစ်နဲ့ ဒူးနေရာကို ၁၅ မိနစ်လောက် ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ရေအေးနဲ့ရေပြန်ဆေးချ လိုက်ပါ။ နေ့တိုင်း မပျက်မကွက် လုပ်ပေးရင် တစ်လလောက်အတွင်း ဒူးနဲ့တံတောင် ဆစ်တွေမည်းနေ တာကို ပြန်ဖြူလာစေ ပါလိမ့်မယ်။

(၂) သံပရိုသီးနဲ့မုန့်ဖုတ်ဆိုဒါ

သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး မုန့်ဖုတ်ဆိုဒါကို အပေါ်ကဖြူးကာ တံတောင်ဆစ် နဲ့ဒူးကို ပွတ်ပေးပါ။ နေ့စဉ် တစ်နေ့တစ်ကြိမ် လုပ်ပေးသွားရင် တစ်လလောက် အတွင်း ဖြူလာပါ လိမ့်မယ်။

(၃) နနွင်း

နနွင်းအနည်းငယ်ကို နွားနို့ အနည်းငယ် နဲ့ရောပြီး အနှစ်ရလာတဲ့ အခါ တံတောင်ဆစ်နဲ့ ဒူးနေရာမှာ ခပ်ထူထူလေး လိမ်းပေးပါ။ ခြောက်သွားတဲ့ အထိစောင့်ပြီး ရေနွေးနဲ့ပြန်ဆေးချပေး လိုက်ပါ။ တစ်လလောက် ပုံမှန်လုပ်ပေး ရုံနဲ့ ဒူးနဲ့တံတောင် ဆစ်မည်းနေတာတွေ ပြန်ဖြူ လာပါလိမ့်မယ်။

(၄) သကြားနဲ့သံလွင်ဆီ

သကြားနဲ့သံလွင် ဆီကို ဆတူရောပြီး တံတောင်ဆစ်နဲ့ ဒူးကို ၅ မိနစ်လောက် ပွတ်တိုက်ပေးပါ။ နှစ်ပတ်လောက်ဆက်တိုက် လုပ်ပေးရင်ဒူး နဲ့တံတောင်မည်း တာတွေ ပျောက်ကင်း သွားပါ လိမ့်မယ်။

(၅) အာလူး

အာလူးကိုအရည်ညှစ်ပြီး ဒူးနဲ့တံတောင်ဆစ်နေရာကို လိမ်းပေးကာ ၁၅ မိနစ်လောက်ထားပြီး ရေပြန်ဆေးချပေးပါ။ နေ့စဉ်ပုံမှန် လုပ်ပေးသွားရုံနဲ့ နှစ်ပတ်အတွင်း ဒူး၊တံတောင်ဆစ်မည်းနေတာတွေ ပျောက်ကင်းသွားပါ လိမ့်မယ်။

ခရက်ဒစ် မူရင်းလေးစားစွာဖြင့်

No Comments

Leave a Reply

Your email address will not be published.

တင်းတိတ်ပေါက်လို့ စိတ်ညစ်နေလား ဒါလေးဖတ်လိုက်
အလှအပ ရေးရာ
တင်းတိတ်ပေါက်လို့ စိတ်ညစ်နေလား ဒါလေးဖတ်လိုက်

တင်းတိတ်ပေါက်လို့ စိတ်ညစ်နေလား ဒါလေးဖတ်လိုက် တင်းတိပ်ပျောက်ဆေး တင်းတိပ်ဆိုတာ မျက်နှာ အသားကို နေပူလောင်တာ၊ မီးပူမိတာက စတာပါ ..။ မီးအပူနဲ့ ချက်ရ ၊ ပြုတ်ရတာတွေလည်းပါတာပေါ့…။ သုံးရမှာက အိမ်မှာ ငွေလည်းမကုန် လွယ်လွယ်နဲ့ ရတဲ့ မီးဖိုချောင်ထဲက မြန်မာ့ တိုင်းရင်းဆေး ပစ္စည်း မကျည်းသီးမှည့် ပါဘဲ ။ ကျမ အဲဒီနည်းကို အမကြီးတွေ ၊ ညီမတွေကို ပေးပြီး စမ်းသပ် ခိုင်းတာ ဆယ်ရက် – ဆယ်ငါးရက်အတွင်း သိသိသာသာ ပျောက်သွား တာတွေကိုမျက်မြင် တွေ့ရလို့ မျှဝေပေးတာပါ ဆေးနည်း ၁ ။မကျည်းသီးမှည့် နည်းနည်းကို ခွက်တစ်ခုထဲမှာရေ နဲနဲထည့်ပြီး ပုံထဲက …

မျက်နှာပေါ်က အမည်းစက်တွေ၊ အမာရွတ်တွေ ရှိနေလျှင်
အလှအပ ရေးရာ
မျက်နှာပေါ်က အမည်းစက်တွေ၊ အမာရွတ်တွေ ရှိနေလျှင်

မျက်နှာပေါ်က အမည်းစက်တွေ၊ အမာရွတ်တွေ ရှိနေလျှင် မင်္ဂလာ ပါနော်။ မျက်နှာပေါ်က အမည်း စက်တွေ၊ အမာရွတ်တွေ ကင်းစင်ပြီး အသားအရေကို စိုပြေ လာစေ မယ့် နည်းလမ်းကောင်းတွေ ကို ဒီတခါ မျှဝေပေး သွားမှာဖြစ် ပါ တယ်။ ဘေးထွက် ဆိုးကျိုး မရှိတဲ့ သဘာဝ နည်းလမ်းမို့ စာဖတ် သူတို့ သဘော ကျမှာ ပါနော် သံပယိုသီးနဲ့ အာလူး အရင်ဆုံး အာလူးကို ရေသေချာဆေးပြီး ကြိတ် လိုက် ပါ ။ ပြီးရင် သံပယို ရည် နည်းနည်းထည့် ပါ ။ ပြီးသွား ရင်တော့ သေချာလေးမွှေပေးပြီး …

မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ
အလှအပ ရေးရာ
မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ

မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ မိုးရာသီမှာ အသားအရေက စိုပြေ မနေဘဲ ကြမ်းတမ်း ခြောက်သွေ့နေပြီလား ဒါဆိုရင် ဆန်းစစ်ရမယ့် အချက်က သိပ် မများဘူး။ နှစ်ခုပဲ ရှိတယ်။ ဒါက စားနေတဲ့ အစားအသောက်တွေကြောင့်လား၊ နေ့စဉ် လုပ်မိနေတဲ့ အလေ့ အထကြောင့်လား ဆိုတာပါ။ ကဲ ဒီတော့ မိုးတွင်းမှာ အသားအရေလေး Glow ပြီး လှနေစေဖို့ ဘာတွေ စားရမလဲ ဆိုတာ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ မုတ်သုံမှာ အသားအရေလေး Glow ပြီး လှနေစေဖို့ မုတ်သုံရာသီမှာ အသားအရေလေး Glow ပြီး လှစေဖို့ဆိုရင် ဒါလေးတွေကို စားပေးသင့်ပါတယ်။ …