
ခံစားမှုတိုင်းကို စိတ်ရှိစွာ ဖွင့်ချခွင့် မရတဲ့ မိန်းကလေးတွေရဲ့ မြိုသိမ့်ခြင်း ဆိုတဲ့ မွန်းကြပ်မှုဒဏ်ကို ကျိတ်မှိတ် ခံစားရခြင်းဟာ ထွက်ပေါက် ပိတ်နေတဲ့ အခန်းကျဉ်းထဲ နေထိုင်ရတာနဲ့ မခြားပါဘူး ယောက်ျားတစ်ယောက်ရဲ့ အလိမ်အညာကို သိလိုက် ရချိန်
ခရက်ဒစ်
ယူနီကုတ်
သစ္စာရှိသောမိန်းမတစ်ယောက်ရဲ့ နှလုံးသားလျော်ကြေး
မိန်းမတစ်ယောက်ရဲ့ “ထိန်းသိမ်းတတ်ခြင်းနောက်ကွယ် မှာ တန်ဖိုး တရားတွေ ပါတယ် ” “ဆင်ခြင်နိုင်စွမ်းတွေရဲ့ နောက်ကွယ်မှာ အဆင့်အတန်းတွေ ပါတယ်” “နှုတ်ဆိတ်သွားခြင်းနောက်ကွယ်မှာ ဝမ်းနည်းကြေကွဲ မှုတွေ ပါနေ တယ်”
“မြိုသိမ့်နေတတ် ခြင်းနောက်ကွယ်မှာ စွန့်လွှတ်ခြင်းတွေ ပါတယ်” “တည်ငြိမ်သွားခြင်းနောက်ကွယ်မှာ စိတ်ပျက်စွာ လက်လျော့ ပေးလိုက်ခြင်းတွေ ပါတယ်” “ခွင့်လွှတ် လိုက်ခြင်း နောက်ကွယ်မှာ ဥပေက္ခာတရားတွေ ပါတယ်”
ခံစားမှုတိုင်းကို စိတ်ရှိစွာ ဖွင့်ချခွင့် မရတဲ့ မိန်းကလေးတွေရဲ့ မြိုသိမ့်ခြင်း ဆိုတဲ့ မွန်းကြပ်မှုဒဏ်ကို ကျိတ်မှိတ် ခံစားရခြင်းဟာ ထွက်ပေါက် ပိတ်နေတဲ့ အခန်းကျဉ်းထဲ နေထိုင်ရတာနဲ့ မခြားပါဘူး ယောကျ်ားတစ်ယောက်ရဲ့ အလိမ်အညာကို သိလိုက် ရချိန်
စစခြင်းတော့ ဒေါသထွက်ပြီး ပူလောင်ခဲ့ရတယ် မပြတ်သား နိုင်တဲ့ စိတ်ကြောင့်တောင်းပန်ပြီး လိုက်ဖမ်းဆွဲခဲ့တယ် ပူလောင်မှုတွေ နဲ့ပေါ့ ကိုယ်မှ မစွန့်လွှတ် နိုင်သေးတော့ လိမ်ညာ သမျှကို ခေါင်းငုံ့ငြိမ်ခံနေရင် နှုတ်ဆိတ် လာခြင်းနဲ့ အတူ နောင်တတွေ ပိုင်ဆိုင် လာခဲ့ ပါတယ်
တဖြေးဖြေး သဘောပေါက် လာပါပြီ ကိုယ်ဟာ စိတ်ရှိ တိုင်း ပေါက်ကွဲ ခွင့်မရတဲ့ မိန်းကလေးဘဝ သူလုပ်ရင် ကိုယ်က ပြန်လုပ်ပြ လိုက်မယ် လို့ အရွဲ့တိုက်ဖို့ မသင့်တော်တဲ့ မိန်းမသား ဘဝ ပါလား စိတ်တွေငြိမ်သက် စပြု လာပါပြီ
ကိုယ်ပေးခဲ့တဲ့ ဖြူစင်တဲ့မေတ္တာတရားနဲ့လုံးဝ ဆန့်ကျင်ဖက် နာကျင်စရာတွေ ရယ် ကိုယ့်ဖက်က တစ်ယောက်ထဲ သာဆိုတဲ့ ခိုင်မာတဲ့ သစ္စာတွေ အားလုံးဟာ သူပြုသမျှ နုနေရတာနဲ့ မတန်ဘူး မာန တရားတွေနဲ့ ကျောခိုင်းဖို့ ပြင်ဆ င်တတ်ခဲ့ ပါပြီ
မိန်းမခြင်းတူပေမဲ့ တန်ဖိုးခြင်း မတူတာကို မသိတဲ့ သူကို ဘာ အတွက်ကြောင့် ကိုယ့်အနားထားနေစရာ လိုသေးလို့လည်း လုံးဝ စွန့်လွှတ်နိုင် ခဲ့ပါပြီ ချစ်သူခြင်း တူတယ် ကိုယ့်အပေါ် ထားတဲ့ စေတနာခြင်း
မခွဲခြား တတ်သူကို ဘာလို့နှောင်တွယ်နေ စရာလိုနေသေးလည်း အမုန်း မပါတဲ့ နာကျဉ် းစိတ်တွေ မွေးမြူရင်း ကျောခိုင်း ရဲတဲ့ သတ္တိတို့ ပိုင်ဆိုင် ခဲ့ပါပြီ တကယ်တော့ အချစ်ဆို တဲ့အရာဟာ
တခါတရံ စွန့်ပစ် တတ်မှ စိတ်အနာတွေကို သက်သာစေ တတ်သလို တခါတရံတော့ လည်း တန်ဖိုးထားလွန်းရင် စွန့်ပစ်ဖို့ အကြောင်းတွေဖန် လာတတ် ပါတယ် ချစ်လွန်း ရင်လည်း စွန့်ရဲတဲ့ သတ္တိပါ မွေးထားသင့်သလို
တန်ဖိုးထားတာကို စော်ကား လာတဲ့ အခါ ကန်ထုတ် တတ်တဲ့ စိတ်ဓါတ်တွေကို မွေးမြူထားမှ အချစ်ဆိုတဲ့အရာဟာ ပိုနက်ရှိုင်းစေ ပါတယ် ပေးတိုင်းပြန် မရတာ အချစ်လို့ပါးစပ်က အော်နေမဲ့အစားရယူနိုင်ဖို့ ကြိုးစားသင့်တဲ့ အခါတွေ လည်းရှိခဲ့ ပါတယ်
လူတစ်ယောက်ကို စချစ်ပြီ ဆိုထဲက”သစ္စာရှိရှိ”နဲ့တန်ဖိုးထားပြီးချစ်ခဲ့တာမို့ ရယူပိုင်ဆိုင်ခြင်း အတ္တတွေပါတာ မှားခဲ့လား ကိုယ့်ဖက်က အကောင်းဆုံးတွေ ပေးခဲ့ ပါရက်နဲ့ ရှေ့တမျိုး နောက်ကွယ်တမျိုး လိမ်ညာတတ်တဲ့ ချစ်သူကို ဥပေက္ခာ တရားတွေနဲ့ ကန်ထုတ် ခဲ့တာ အမှားဆိုရင်
အကြိမ်တစ်ရာ မကမှားတယ်ဆို ပါစေတော့ ကိုယ့်ရဲ့ဖြူစင်တဲ့ နှလုံးသားကို အရောင်ဆိုးခံ လိုက်ရတဲ့ လျော်ကြေးအဖြစ် ခံယူ ထားလို့ ကိုယ့်ကတော့ကျေနပ် ပါတယ်
No Comments