
အခ်စ္မွာ မွ်တတဲ့ဆက္ဆံေရး တည္ေဆာက္ႏုိင္ဖုိ႔ လိုအပ္ေၾကာင္း ေဖာ္ျပေနတဲ့ အခ်က္မ်ား
ကိုယ္တည္ေဆာက္္ လုိက္တဲ့ အခ်စ္တစ္ခုက လွပၿပီး ေပ်ာ္႐ႊင္ စရာေကာင္းတဲ့ အခ်စ္ေရးျဖစ္ဖို႔ အားလံုးေမွ်ာ္လင့္ တတ္ၾက ပါတယ္။ အခ်စ္ဆုိ တာ ကလည္း ခ်စ္ပံု ခ်စ္နည္း မွန္ကန္တတ္ဖို႔ လုိၿပီး မခ်စ္တတ္ ရင္ေတာ့ အဲဒီ႔ အခ်စ္က အက်ဥ္းတန္ အ႐ုပ္ဆုိးတဲဲ့ အခ်စ္္အျဖစ္ ေျပာင္းလဲ သြားတတ္ ပါတယ္။
ဒီေတာ့ တစ္စံုတစ္ေယာက္ကို ခ်စ္္ေတာ့မယ္လုိ႔ ဆံုးျဖတ္ ထားတဲ့ အခါ အခ်စ္နဲ ႔ပတ္သက္တဲ့ ဒီအခ်က္ေလးေတြ ကိုေတာ့ သိထားဖို႔ လုိအပ္္ ပါလိမ့္မယ္။
အခ်စ္က ခံစားခ်က္ထက္ အျပဳအမူနဲ႔ ပိုဆုိင္တယ္
တစ္စံုတစ္ေယာက္ကို ခ်စ္္မိတဲ့ အခါမွာ ခ်စ္ပါ တယ္လုိ႔ ပါးစပ္က တဖြဖြေျပာေန ႐ံုနဲ႔ အခ်စ္တစ္ခု မၿပီးျပည့္စံုေန ပါဘူး။ ကိုယ္ရဲ႕အျပဳအမူေတြ ကေန တစ္ဆင့္ အခ်စ္ဆုိတာ ကိုသာ ပိုခံစားႏုိင္္ လုိ႔ပါ။
ပါးစပ္ကေတာ့ ခ်စ္ပါတယ္ လု႔ိေ့ျပာေနေပ မယ့္လို႔ တကယ္တမ္း လက္ေတြ႔ မွာေတာ့ သူ႔ကိုဂ႐ုမစိုက္ဘူး၊ မၾကင္နာဘူး ဆိုရင္ ဒါကို အခ်စ္လုိ ႔မေခၚနုိင္ ပါဘူးေနာ္။ တကယ္္ ခ်စ္မိသြားတဲ့ အခါ
အျပဳအမူတုိင္းက သူ႔အေပၚ ေကာင္းေစခ်င္တဲ့၊ အခ်စ္္ေတြလြန္းၿခံဳထားတဲ့ ေကာင္းမြန္တဲ့ လုပ္ရပ္ေတြနဲ႔ ေဖာ္ျပ တတ္ပါ တယ္။ ဥပမာ- သူမိုးမိေနမွာစိုးလုိ႔ ထီးယူလာေပးတာ၊ သူ႔စားခ်င္တာေလးကို တကူးတက ဝယ္လာေပး တာမ်ိဳးေပါ့။
ကိုယ့္အခ်စ္ေတြကိုလည္း ေဖာ္ျပသင့္တယ္
အခ်စ္ဆုိတာ တစ္ဘက္တည္း ကပဲ ခ်စ္ေန႐ံုနဲ႔ ေကာင္းမြန္ျပည့္စံုတဲ့ အခ်စ္ျဖစ္္မလာပါဘူးေနာ္။ သူက ကိုယ့္အေပၚ ဂ႐ုစိုက္သလုိ ကိုယ့္ကလည္္း ဂ႐ုစိုက္ ခ်စ္ခင္ တတ္ဖုိ႔ လုိ ပါေသး တယ္။
ဒီလုိ ႏွစ္ဦးႏွစ္ဘက္ မွ်တတဲ့ ဆက္ဆံေရး မ်ိဳးကမွ ေရ႐ွည္ ခုိင္ျမဲတဲ့ အခ်စ္ကို တည္ေဆာက္ ႏုိင္ပါ တယ္။ ဒါေၾကာင့္ တစ္စံုတစ္္ေယာက္ ဆီက အခ်စ္ခံ ရဖုိ႔ကို ေမွ်ာ္လင့္ ရင္တာ့ ကိုယ့္ ကလည္း သူမ်ားကို ခ်စ္တတ္ဖို႔ လုိ ပါေသးတယ္။
အခ်စ္က တစ္ခါတစ္္ေလမွာ သက္ေတာင့္သက္သာမ႐ွိဘူး
အခ်စ္က အျမဲတမ္း ေပ်ာ္႐ႊင္မႈ မေပးႏုိင္္သလုိ၊ အျမဲတမ္း စိတ္ခ်မ္းသာစရာေတြ နဲ႔ပဲ ျပည့္ေနတာ မဟုတ္ပါဘူး။ ဆက္ဆံေရး တုိင္းမွာ အဖုအထစ္ေလးေတြ ဆုိတာ ႐ွိစျမဲျဖစ္ၿပီး ပိုၿပီး ေကာင္းမြန္္တဲ့ ခ်စ္ျခင္းတစ္ခုျဖစ္ လာဖုိ႔ အခက္အခဲေတြ ကိုလည္း ရင္ဆုိင္ေတြ႔ ရတတ္ ပါတယ္။
တစ္ခါတစ္ေလမွာ ခ်စ္ရတာဟာ ကိုယ့္အတြက္ ပင္ပန္္းၿပီး စိတ္မသက္သာ ျဖစ္ေစတတ္တာဟာ အခ်စ္တစ္ခုရဲ႕ ျဖစ္ေလ့ျဖစ္ထ ႐ွိတဲ့ အရာေလး ပါပဲ။
အခ်စ္နဲ႔အတူ ခြင့္္လႊတ္ျခင္းကို သင္ယူတတ္ရမယ္
တစ္စံုတစ္ေယာက္ကို ခ်စ္မိ သြားတဲ့အခါ အဲဒီ႔လူရဲ႕ အမွားေသးေသးေလးေတြကို အလုိလို ခြင့္လႊတ္တတ္လာပါတယ္။ ဒါဟာ အခ်စ္က သင္ေပး လုိက္တဲဲ့ ခြင့္လႊတ္ တတ္ျခင္း ပါပဲ။
လူတစ္ေယာက္ကို ခ်စ္တဲ့ မ်က္စိနဲ ႔ၾကည့္မိရင္ အဲဒီ႔လူရဲ႕ အမွားတုိင္းက အျပစ္မျမင္ တတ္ေတာ့ ပါဘူး။ သိပ္ေရးႀကီး ခြင္က်ယ္ မဟုတ္တဲဲ့ အျပစ္ေလးေတြ ကိုလည္း ခြင့္လႊတ္ျခင္းနဲ႔ အႏုိင္ယူ လာတတ္တာဟာ ခ်စ္ျခင္းပါပဲ။
႐ိုး႐ွင္းစြာ ခ်စ္တတ္ျခင္းက အလွဆံုးခ်စ္ျခင္းျဖစ္တယ္
အခ်စ္မွာ ဂုဏ္ပကာသန စည္းစိမ္ေတြ ထက္ လုိအပ္တာက ႐ိုး႐ွင္္းစြာ ခ်စ္တတ္ဖို႔ပဲ ျဖစ္ပါတယ္။ လက္ေဆာင္ေတြ၊ surprise အႀကီးႀကီးေတြ လုပ္မွ အခ်စ္က ခမ္းနာတာ မဟုတ္ပါဘူး။
မနက္မိုးလင္းလုိ႔ ေမာနင္း ႏိုးၿပီလား လုိ႔သတိ ရေၾကာင္း စာပို႔တာကလည္း အခ်စ္ျဖစ္ သလုိ ေနမေကာင္းတဲ့ အခ်ိန္ ဂ႐ုတစိုက္နဲ႔ သတင္းေမးျပဳစု တာကလည္း ႐ိုး႐ွင္္းတဲ့ ခ်စ္ျခင္ းတစ္ခုပါ။ တကယ္ေတာ့ အခ်စ္ဆုိတာ ႐ိုး႐ိုး႐ွင္္း႐ွင္း ခ်စ္တတ္ေလ ပိုလွတဲ့ ခ်စ္ျခင္းျဖစ္ေလ ပါပဲေနာ္။
Credit Aunty May
Unicode
အချစ်မှာ မျှတတဲ့ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ လိုအပ်ကြောင်း ဖော်ပြနေတဲ့ အချက်များ
ကိုယ်တည်ဆောက် လိုက်တဲ့ အချစ်တစ်ခုက လှပပြီး ပျော်ရွှင် စရာကောင်းတဲ့ အချစ်ရေးဖြစ်ဖို့ အားလုံးမျှော်လင့် တတ်ကြ ပါတယ်။ အချစ်ဆို တာ ကလည်း ချစ်ပုံ ချစ်နည်း မှန်ကန်တတ်ဖို့ လိုပြီး မချစ်တတ် ရင်တော့ အဲဒီ့ အချစ်က အကျဉ်းတန် အရုပ်ဆိုးတဲ့ အချစ်အဖြစ် ပြောင်းလဲ သွားတတ် ပါတယ်။
ဒီတော့ တစ်စုံတစ်ယောက်ကို ချစ်တော့မယ်လို့ ဆုံးဖြတ် ထားတဲ့ အခါ အချစ်နဲ့ပတ်သက်တဲ့ ဒီအချက်လေးတွေ ကိုတော့ သိထားဖို့ လိုအပ် ပါလိမ့်မယ်။
အချစ်က ခံစားချက်ထက် အပြုအမူနဲ့ ပိုဆိုင်တယ်
တစ်စုံတစ်ယောက်ကို ချစ်မိတဲ့ အခါမှာ ချစ်ပါ တယ်လို့ ပါးစပ်က တဖွဖွပြောနေ ရုံနဲ့ အချစ်တစ်ခု မပြီးပြည့်စုံနေ ပါဘူး။ ကိုယ်ရဲ့အပြုအမူတွေ ကနေ တစ်ဆင့် အချစ်ဆိုတာ ကိုသာ ပိုခံစားနိုင် လို့ပါ။
ပါးစပ်ကတော့ ချစ်ပါတယ် လု့ိေ့ပြာနေပေ မယ့်လို့ တကယ်တမ်း လက်တွေ့ မှာတော့ သူ့ကိုဂရုမစိုက်ဘူး၊ မကြင်နာဘူး ဆိုရင် ဒါကို အချစ်လို့မခေါ်နိုင် ပါဘူးနော်။ တကယ် ချစ်မိသွားတဲ့ အခါ
အပြုအမူတိုင်းက သူ့အပေါ် ကောင်းစေချင်တဲ့၊ အချစ်တွေလွန်းခြုံထားတဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေနဲ့ ဖော်ပြ တတ်ပါ တယ်။ ဥပမာ- သူမိုးမိနေမှာစိုးလို့ ထီးယူလာပေးတာ၊ သူ့စားချင်တာလေးကို တကူးတက ဝယ်လာပေး တာမျိုးပေါ့။
ကိုယ့်အချစ်တွေကိုလည်း ဖော်ပြသင့်တယ်
အချစ်ဆိုတာ တစ်ဘက်တည်း ကပဲ ချစ်နေရုံနဲ့ ကောင်းမွန်ပြည့်စုံတဲ့ အချစ်ဖြစ်မလာပါဘူးနော်။ သူက ကိုယ့်အပေါ် ဂရုစိုက်သလို ကိုယ့်ကလည်း ဂရုစိုက် ချစ်ခင် တတ်ဖို့ လို ပါသေး တယ်။
ဒီလို နှစ်ဦးနှစ်ဘက် မျှတတဲ့ ဆက်ဆံရေး မျိုးကမှ ရေရှည် ခိုင်မြဲတဲ့ အချစ်ကို တည်ဆောက် နိုင်ပါ တယ်။ ဒါကြောင့် တစ်စုံတစ်ယောက် ဆီက အချစ်ခံ ရဖို့ကို မျှော်လင့် ရင်တာ့ ကိုယ့် ကလည်း သူများကို ချစ်တတ်ဖို့ လို ပါသေးတယ်။
အချစ်က တစ်ခါတစ်လေမှာ သက်တောင့်သက်သာမရှိဘူး
အချစ်က အမြဲတမ်း ပျော်ရွှင်မှု မပေးနိုင်သလို၊ အမြဲတမ်း စိတ်ချမ်းသာစရာတွေ နဲ့ပဲ ပြည့်နေတာ မဟုတ်ပါဘူး။ ဆက်ဆံရေး တိုင်းမှာ အဖုအထစ်လေးတွေ ဆိုတာ ရှိစမြဲဖြစ်ပြီး ပိုပြီး ကောင်းမွန်တဲ့ ချစ်ခြင်းတစ်ခုဖြစ် လာဖို့ အခက်အခဲတွေ ကိုလည်း ရင်ဆိုင်တွေ့ ရတတ် ပါတယ်။
တစ်ခါတစ်လေမှာ ချစ်ရတာဟာ ကိုယ့်အတွက် ပင်ပန်းပြီး စိတ်မသက်သာ ဖြစ်စေတတ်တာဟာ အချစ်တစ်ခုရဲ့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာလေး ပါပဲ။
အချစ်နဲ့အတူ ခွင့််လွှတ်ခြင်းကို သင်ယူတတ်ရမယ်
တစ်စုံတစ်ယောက်ကို ချစ်မိ သွားတဲ့အခါ အဲဒီ့လူရဲ့ အမှားသေးသေးလေးတွေကို အလိုလို ခွင့်လွှတ်တတ်လာပါတယ်။ ဒါဟာ အချစ်က သင်ပေး လိုက်တဲ့ ခွင့်လွှတ် တတ်ခြင်း ပါပဲ။
လူတစ်ယောက်ကို ချစ်တဲ့ မျက်စိနဲ့ကြည့်မိရင် အဲဒီ့လူရဲ့ အမှားတိုင်းက အပြစ်မမြင် တတ်တော့ ပါဘူး။ သိပ်ရေးကြီး ခွင်ကျယ် မဟုတ်တဲ့ အပြစ်လေးတွေ ကိုလည်း ခွင့်လွှတ်ခြင်းနဲ့ အနိုင်ယူ လာတတ်တာဟာ ချစ်ခြင်းပါပဲ။
ရိုးရှင်းစွာ ချစ်တတ်ခြင်းက အလှဆုံးချစ်ခြင်းဖြစ်တယ်
အချစ်မှာ ဂုဏ်ပကာသန စည်းစိမ်တွေ ထက် လိုအပ်တာက ရိုးရှင်းစွာ ချစ်တတ်ဖို့ပဲ ဖြစ်ပါတယ်။ လက်ဆောင်တွေ၊ surprise အကြီးကြီးတွေ လုပ်မှ အချစ်က ခမ်းနာတာ မဟုတ်ပါဘူး။
မနက်မိုးလင်းလို့ မောနင်း နိုးပြီလား လို့သတိ ရကြောင်း စာပို့တာကလည်း အချစ်ဖြစ် သလို နေမကောင်းတဲ့ အချိန် ဂရုတစိုက်နဲ့ သတင်းမေးပြုစု တာကလည်း ရိုးရှင်းတဲ့ ချစ်ခြင် းတစ်ခုပါ။ တကယ်တော့ အချစ်ဆိုတာ ရိုးရိုးရှင်းရှင်း ချစ်တတ်လေ ပိုလှတဲ့ ချစ်ခြင်းဖြစ်လေ ပါပဲနော်။
Credit Aunty May
No Comments