
မိမိကိုယ္ကို ေက်နပ္ေစႏိုင္မည့္ နည္းလမ္း (၁၀)
ဘ၀မွာ ေန႔တိုင္း ေနသာမေနႏို င္ပါဘူး။ မိုးအံု႔တဲ့ေန႔လည္း ရွိႏိုင္ ပါတယ္။ အားလံုးအဆင္ေျပေခ်ာေမြ႕ေနတဲ့ ရက္ရာဇာေတြ ရွိသလို ဘာပဲလုပ္လုပ္ အဆင္မေျပတဲ့ ျပႆဒါးေန႔ရက္ေတြလည္း ၾကံဳရ မွာပါ။ အဆင္မေျပမႈေတြ၊ အခက္အခဲေတြ၊ က်ရႈံးမႈေတြနဲ႔ ရင္ဆိုင္ ၾကံဳေတြ႕ရတဲ့ အခါမွာ မိမိကိုယ္ကို စိတ္ပ်က္အားငယ္ သြားတတ္ၾက ပါတယ္။ ဒီလိုမျဖစ္ေအာင္ နည္းလမ္း (၁၀)ခုကို မွ်ေ၀ေပးခ်င္ ပါတယ္။
၁။ ေရွ႕ကိုဆက္သြားပါ။
ဘ၀က သံပုရာသီးေပး လာရင္ သံပုရာရည္ေဖ်ာ္ေသာက္ ႏိုင္သူ ျဖစ္ေအာင္ ႀကိဳးစားပါ။ ဘ၀ရဲ႕ စိန္ေခၚမႈေတြေၾကာင့္ သင့္ရဲ႕ ရည္မွန္းခ်က္ ပန္းတိုင္နဲ႔ လမ္းေၾကာင္းကို ေျပာင္းလဲ မသြားပါေစ နဲ႔။
စိတ္ပ်က္စရာ အေျခအေနေတြဟာ ခဏတာပဲဆိုတာ သတိရပါ။ မုန္တိုင္းၿပီးရင္ ေလေျပလာစျမဲပါ။ လမ္းေၾကာင္းေပၚမွာ ဆက္ေလွ်ာက္ေနရင္း ခြန္အားေတြကို မွန္ကန္တဲ့ ဦးတည္ရာ အတြက္ အသံုးခ်ပါ။
၂။ မိမိကိုယ္ကို ယုံၾကည္မႈရွိပါ။
ဘာေတြ ဘယ္လိုပဲ ျဖစ္ေနပါေစ၊ သင့္ကိုယ္သင္နဲ႔ သင့္ရဲ႕ကိုယ္ပိုင္ အရည္အခ်င္းေတြ အေပၚမွာ ယုံၾကည္မႈ အျပည့္ထားပါ။ အေတြ႕အၾကံဳေတြက သင့္ရဲ႕တိုးတက္မႈ အတြက္ ေျမၾသဇာျဖစ္ပါတယ္။ ရင္ဆိုင္ေနရတဲ့အခက္အခဲကို ဘယ္လိုေျဖရွင္းရမယ္ ဆိုတာ သင္ကိုယ္တိုင္ပဲ အေျဖရွာႏိုင္မွာပါ။ စိတ္ရွည္ရွည္ထားၿပီး မိမိကိုယ္ကို အခ်ိန္ေပး လိုက္ပါ။
၃။ ဘ၀ကို သူငယ္ခ်င္းေပါင္းေပါင္းပါ။
ေလာကႀကီးက သူ႔အတိုင္းပဲ လည္ပတ္ တည္ရွိေန ပါတယ္။ သင့္ကို ဘာတစ္ခုမွ လုပ္မေနပါဘူး။ အျပစ္ေပးေန တာလည္း မဟုတ္ပါဘူး။ လက္ရွိ အခက္အခဲေတြ၊ အဆင္မေျပမႈေတြ အားလံုးရဲ႕ အရင္းအျမစ္က သင္ကိုယ္တိုင္ ပါပဲ။
ဒါ့ေၾကာင့္ မဆီမဆိုင္ ေလာကႀကီးကို အျပစ္တင္၊ ဘ၀ကို အခဲမေၾကျဖစ္ေနမယ့္ အစား အာရံုစူးစိုက္ၿပီး အခြင့္အလမ္း သစ္ေတြကို ရွာေဖြပါ။ အျခားအျမင္သစ္ တစ္ခုက ဦးတည္ရာ အသစ္တစ္ခုကို ရွာေဖြပါ။
၄။ အေတြးေတြကို ဆင္ျခင္သံုးသပ္ပါ။
သင့္ရဲ႕ စဥ္းစားေတြးေခၚမႈက ဘယ္ေသာအခါမွ ရာႏႈန္းျပည့္ အေကာင္းေတြခ်ည္းပဲ မျဖစ္ႏိုင္ပါဘူး။ မေကာင္းတဲ့ စိတ္ကူးေတြ၊ အေတြးေတြကို ရွင္းထုတ္ ပစ္တတ္ေအာင္ ေလ့လာပါ။ အဆိုးျမင္ စိတ္ေတြကို ဂရုတစိုက္ေစာင့္ၾကည့္ၿပီး စိတ္ထဲကေန ဖယ္ထုတ္ ႏိုင္ေအာင္ ႀကိဳးစားပါ။
၅။ ရွိၿပီးသား အစြမ္းသတၱိေတြကို ေဖာ္ထုတ္ပါ။
သင့္ရဲ႕အားသာ ခ်က္ေတြကို အသံုးခ်ႏိုင္ေအာင္ ႀကိဳးစားပါ။ သင့္ရဲ႕ အားသာခ်က္ေတြ၊ တနည္းအားျဖင့္ စြမး္ရည္ေတြနဲ႔ ဥာဏ္ရည္ဥာဏ္ေသြးကပဲ ဘယ္အရာမဆို ရင္ဆိုင္ေက်ာ္ျဖတ္ႏို င္ေအာင္ ကူညီေပးႏိုင္ပါတယ္။
၆။ မိမိကိုယ္ကို ခ်စ္တတ္ေအာင္ သင္ယူပါ။
လက္ရွိ ဘ၀အတိုင္းပဲ တစ္သက္လံုးရွင္သန္သြားရမယ္လို႔ ဘယ္သူ႔ကမွ သတ္မွတ္ထားတာမဟုတ္ပါဘူး။ သင့္ဘ၀ကို သင္ပိုင္ပါတယ္။ သင့္ကိုယ္သင္ ဘယ္လိုျမင္လဲဆိုတာက သင့္ဘ၀ကို ေျပာင္းလဲသြားေစႏိုင္ပါတယ္။ ဘ၀မွာ ျဖစ္ခ်င္တာကို ျဖစ္ေအာင္ လုပ္ႏိုင္သူ တစ္ေယာက္ျဖစ္ေအာင္ ေနပါ။ မိမိကိုယ္ကို ဂရုစုိက္ပါ။ ဘာျဖစ္ခ်င္တာလဲ ဘယ္လိုျဖစ္ေအာင္ လုပ္မလဲ ဆိုတာ အျမဲတမ္းစဥ္းစား ႀကိဳးစားပါ။
၇။ ေလာဘမႀကီးပါနဲ႔။
ရည္မွန္းခ်က္ႀကီးတာ၊ လိုအင္ ဆႏၵအျပည့္ ရွိတာက စိတ္အားတက္ၾကြေစႏိုင္ေပမယ့္ ေလာဘႀကီးတာကေတာ့ ထိခိုက္ စရာေတြ မ်ားပါ တယ္။ ဒါ့ေၾကာင့္ ဘယ္ေတာ့မွ ရွိတာထက္ ပိုမသံု းပါနဲ႔။ ရည္မွန္းခ်က္နဲ႔ ႀကိဳးစားပါ။ ေလာဘနဲ႔ မတည္ေဆာက္ ပါနဲ႔။
၈။ အေစာ္ကားမခံပါနဲ႔။
ေ၀ဖန္အၾကံျပဳ ခ်က္ေတြက တိုးတက္လာဖို႔ အေရးႀကီးတာ မွန္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ေသာ ေ၀ဖန္အၾကံျပဳခ်က္ေတြကို လ်စ္လ်ဴရႈ တတ္ဖို ႔လည္း လိုပါတယ္။ လူေတြ ကေတာ့ ေကာင္းတာေျပာသလို၊ ဆိုးတာလည္း ေျပာၾကမွ ာပါပဲ။ ဘယ္လို ေ၀ဖန္ အၾကံျပဳခ်က္ေတြ ကိုပဲျဖစ္ျဖစ္ ခ်က္ခ်င္းတုံ႔ျပန္ဖို႔ထက္ မွန္ကန္တဲ႔ နည္းလမ္း ကေန ေျဖရွင္းႏိုင္ေအာင္ ႀကိဳးစားပါ။
၉။ စိတ္ပ်က္စရာေတြက ဘ၀ရဲ႕အစိတ္အပိုင္းတစ္ခုဆိုတာ လက္ခံလိုက္ပါ။
အေအာင္ျမင္ဆံုး ပုဂၢိဳဟ္ေတြေတာင္မွ စိတ္ပ်က္စရာေတြ ကို ၾကံဳေတြ႕ရတ တ္ ပါတယ္။ ဒါ့ေပမယ့္ သူတို႔က အေကာင္းဆံုး ရင္ဆိုင္ေျဖရွင္းၿပီး သင္ခန္းစာ ယူတတ္ၾက ပါတယ္။ စိတ္ညစ္စရာေတြကို ဆန္းစစ္ပါ။ လက္ေတြ႕အလုပ္နဲ႔ ေျဖရွင္းပါ။ ထိုင္ၿပီး စိတ္ညစ္ေနလို႔ ဘာမွ ထူးျခား သြားမွာ မဟုတ္ ပါဘူး။
၁၀။ အေၾကာက္တရားကို ရင္ဆိုင္ပါ။
သင့္ရဲ႕ စိုးရိမ္မႈေတြ၊ ေၾကာက္ရြံ႕မႈေတြကို ေက်ာ္ျဖတ္ ႏိုင္ျခင္းက ပိုၿပီး သန္မာလာေစႏိုင္ပါတယ္။ဘ၀ရဲ႕ ဘယ္လိုအေျခအေန မွာပဲျဖစ္ျဖစ္ မိမိကိုယ္ကို ေက်နပ္မႈ ရွိေနဖို႔ အေရးႀကီး ပါတယ္။ မနက္အိပ္ရာက ႏိုးထ လာတိုင္းမွာ မေန႔တုန္းကထက္ ပိုေကာင္းေအာင္ လုပ္ေဆာင္ဖို႔ အခြင့္အေရးတစ္ႀကိမ္ထပ္ရတယ္ဆိုတာ သတိရပါ။ ဒီအခြင့္အေရးကို မျဖဳန္းတီးပစ္ လိုက္ပ ါနဲ႔။
Crd….Gentleman Magazine
Unicode
မိမိကိုယ်ကို ကျေနပ်စေနိုင်မည့် နည်းလမ်း (၁၀)
ဘဝမှာ နေ့တိုင်း နေသာမနေနို င်ပါဘူး။ မိုးအုံ့တဲ့နေ့လည်း ရှိနိုင် ပါတယ်။ အဆင်ပြေချောမွေ့နေတဲ့ ရက်ရာဇာတွေ ရှိသလို ဘာပဲလုပ်လုပ် အဆင်မပြေတဲ့ ပြဿဒါးနေ့ရက်တွေလည်း ကြုံရ မှာပါ။ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရတဲ့ အခါမှာ မိမိကိုယ်ကို စိတ်ပျက်အားငယ် သွားတတ်ကြ ပါတယ်။ ဒီလိုမဖြစ်အောင် နည်းလမ်း (၁၀)ခုကို မျှဝေပေးချင် ပါတယ်။
၁။ ရှေ့ကိုဆက်သွားပါ။
ဘဝက သံပုရာသီးပေး လာရင် သံပုရာရည်ဖျော်သောက် နိုင်သူ ဖြစ်အောင် ကြိုးစားပါ။ ဘဝရဲ့ စိန်ခေါ်မှုတွေကြောင့် သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့ လမ်းကြောင်းကို ပြောင်းလဲ မသွားပါစေ နဲ့။ စိတ်ပျက်စရာ အခြေအနေတွေဟာ ခဏတာပဲဆိုတာ သတိရပါ။ မုန်တိုင်းပြီးရင် လေပြေလာစမြဲပါ။ လမ်းကြောင်းပေါ်မှာ ဆက်လျှောက်နေရင်း ခွန်အားတွေကို မှန်ကန်တဲ့ ဦးတည်ရာ အတွက် အသုံးချပါ။
၂။ မိမိကိုယ်ကို ယုံကြည်မှုရှိပါ။
ဘာတွေ ဘယ်လိုပဲ ဖြစ်နေပါစေ၊ သင့်ကိုယ်သင်နဲ့ သင့်ရဲ့ကိုယ်ပိုင် အရည်အချင်းတွေ အပေါ်မှာ ယုံကြည်မှု အပြည့်ထားပါ။ အတွေ့အကြုံတွေက သင့်ရဲ့တိုးတက်မှု အတွက် မြေသြဇာဖြစ်ပါတယ်။ ရင်ဆိုင်နေရတဲ့အခက်အခဲကို ဘယ်လိုဖြေရှင်းရမယ် ဆိုတာ သင်ကိုယ်တိုင်ပဲ အဖြေရှာနိုင်မှာပါ။ စိတ်ရှည်ရှည်ထားပြီး မိမိကိုယ်ကို အချိန်ပေး လိုက်ပါ။
၃။ ဘဝကို သူငယ်ချင်းပေါင်းပေါင်းပါ။
လောကကြီးက သူ့အတိုင်းပဲ လည်ပတ် တည်ရှိနေ ပါတယ်။ သင့်ကို ဘာတစ်ခုမှ လုပ်မနေပါဘူး။ အပြစ်ပေးနေ တာလည်း မဟုတ်ပါဘူး။ လက်ရှိ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ အားလုံးရဲ့ အရင်းအမြစ်က သင်ကိုယ်တိုင် ပါပဲ။
ဒါ့ကြောင့် မဆီမဆိုင် လောကကြီးကို အပြစ်တင်၊ ဘဝကို အခဲမကြေဖြစ်နေမယ့် အစား အာရုံစူးစိုက်ပြီး အခွင့်အလမ်း သစ်တွေကို ရှာဖွေပါ။ အခြားအမြင်သစ် တစ်ခုက ဦးတည်ရာ အသစ်တစ်ခုကို ရှာဖွေပါ။
၄။ အတွေးတွေကို ဆင်ခြင်သုံးသပ်ပါ။
သင့်ရဲ့ စဉ်းစားတွေးခေါ်မှုက ဘယ်သောအခါမှ ရာနှုန်းပြည့် အကောင်းတွေချည်းပဲ မဖြစ်နိုင်ပါဘူး။ မကောင်းတဲ့ စိတ်ကူးတွေ၊ အတွေးတွေကို ရှင်းထုတ် ပစ်တတ်အောင် လေ့လာပါ။ အဆိုးမြင် စိတ်တွေကို ဂရုတစိုက်စောင့်ကြည့်ပြီး စိတ်ထဲကနေ ဖယ်ထုတ် နိုင်အောင် ကြိုးစားပါ။
၅။ ရှိပြီးသား အစွမ်းသတ္တိတွေကို ဖော်ထုတ်ပါ။
သင့်ရဲ့အားသာ ချက်တွေကို အသုံးချနိုင်အောင် ကြိုးစားပါ။ သင့်ရဲ့ အားသာချက်တွေ၊ တနည်းအားဖြင့် စွမ်းရည်တွေနဲ့ ဉာဏ်ရည်ဉာဏ်သွေးကပဲ ဘယ်အရာမဆို ရင်ဆိုင်ကျော်ဖြတ်နို င်အောင် ကူညီပေးနိုင်ပါတယ်။
၆။ မိမိကိုယ်ကို ချစ်တတ်အောင် သင်ယူပါ။
လက်ရှိ ဘဝအတိုင်းပဲ တစ်သက်လုံးရှင်သန်သွားရမယ်လို့ ဘယ်သူ့ကမှ သတ်မှတ်ထားတာမဟုတ်ပါဘူး။ သင့်ဘဝကို သင်ပိုင်ပါတယ်။ သင့်ကိုယ်သင် ဘယ်လိုမြင်လဲဆိုတာက သင့်ဘဝကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဘဝမှာ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်သူ တစ်ယောက်ဖြစ်အောင် နေပါ။ မိမိကိုယ်ကို ဂရုစိုက်ပါ။ ဘာဖြစ်ချင်တာလဲ ဘယ်လိုဖြစ်အောင် လုပ်မလဲ ဆိုတာ အမြဲတမ်းစဉ်းစား ကြိုးစားပါ။
၇။ လောဘမကြီးပါနဲ့။
ရည်မှန်းချက်ကြီးတာ၊ လိုအင် ဆန္ဒအပြည့် ရှိတာက စိတ်အားတက်ကြွစေနိုင်ပေမယ့် လောဘကြီးတာကတော့ ထိခိုက် စရာတွေ များပါ တယ်။ ဒါ့ကြောင့် ဘယ်တော့မှ ရှိတာထက် ပိုမသုံ းပါနဲ့။ ရည်မှန်းချက်နဲ့ ကြိုးစားပါ။ လောဘနဲ့ မတည်ဆောက် ပါနဲ့။
၈။ အစော်ကားမခံပါနဲ့။
ဝေဖန်အကြံပြု ချက်တွေက တိုးတက်လာဖို့ အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် တစ်ချို့သော ဝေဖန်အကြံပြုချက်တွေကို လျစ်လျူရှု တတ်ဖို့လည်း လိုပါတယ်။ လူတွေ ကတော့ ကောင်းတာပြောသလို၊ ဆိုးတာလည်း ပြောကြမှ ာပါပဲ။ ဘယ်လို ဝေဖန် အကြံပြုချက်တွေ ကိုပဲဖြစ်ဖြစ် ချက်ချင်းတုံ့ပြန်ဖို့ထက် မှန်ကန်တဲ့ နည်းလမ်း ကနေ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။
၉။ စိတ်ပျက်စရာတွေက ဘဝရဲ့အစိတ်အပိုင်းတစ်ခုဆိုတာ လက်ခံလိုက်ပါ။
အအောင်မြင်ဆုံး ပုဂ္ဂိုဟ်တွေတောင်မှ စိတ်ပျက်စရာတွေ ကို ကြုံတွေ့ရတ တ် ပါတယ်။ ဒါ့ပေမယ့် သူတို့က အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းပြီး သင်ခန်းစာ ယူတတ်ကြ ပါတယ်။ စိတ်ညစ်စရာတွေကို ဆန်းစစ်ပါ။ လက်တွေ့အလုပ်နဲ့ ဖြေရှင်းပါ။ ထိုင်ပြီး စိတ်ညစ်နေလို့ ဘာမှ ထူးခြား သွားမှာ မဟုတ် ပါဘူး။
၁၀။ အကြောက်တရားကို ရင်ဆိုင်ပါ။
သင့်ရဲ့ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ကျော်ဖြတ် နိုင်ခြင်းက ပိုပြီး သန်မာလာစေနိုင်ပါတယ်။ ဘဝရဲ့ ဘယ်လိုအခြေအနေ မှာပဲဖြစ်ဖြစ် မိမိကိုယ်ကို ကျေနပ်မှု ရှိနေဖို့ အရေးကြီး ပါတယ်။ မနက်အိပ်ရာက နိုးထ လာတိုင်းမှာ မနေ့တုန်းကထက် ပိုကောင်းအောင် လုပ်ဆောင်ဖို့ အခွင့်အရေးတစ်ကြိမ်ထပ်ရတယ်ဆိုတာ သတိရပါ။ ဒီအခွင့်အရေးကို မဖြုန်းတီးပစ် လိုက်ပ ါနဲ့။
Crd….Gentleman Magazineမိမိကိုယ်ကို ကျေနပ်စေနိုင်မည့် နည်းလမ်း (၁၀)
No Comments