
ကေလးက ဝတုတ္ေနတာပဲ လို႔ေျပာခံရရင္ ေနာက္ေန႔ဖ်ားေရာ .. အဲလိုျဖစ္တာကို အံံ့မိျခင္းလို႔ေခၚပါတယ္(အံ့မိျခင္းေပ်ာက္ေစဖို႔)
အံံ့မိျခင္း အံ့မိတယ္ ဆိုတာ ဘာျဖစ္တာလဲ အေရာင္းအဝယ္ေတြေကာင္းေန ရင္းကေန ျဗဳန္းကနဲ လာဘ္ေတြတိတ္ သြားတယ္ ေဈးေရာင္းအား က်သြားတယ္ ေငြေတြဝင္ေနရင္း ေငြဝင္ရပ္ သြားတယ္ က်န္းမာေရးေကာင္းေနရင္း ကေန ေဖာက္သြား တယ္….
စသျဖင့္ေပါ့ေနာ္ … အေကာင္းေတြ ကေန မေကာင္းျဖစ္ သြားတယ္ ဆိုတာ တစ္ကယ္ေတာ့ အံ့မိသြားတာ။
ဘာေၾကာင့္အံ့ မိလဲ ဆိုေတာ့ ဥပမာ ကြၽန္ေတာ္ အဝတ္အစား အသစ္ဝတ္ တာျမင္ရင္ ” ဟာ …လန္းေနပါလား… အံမယ္ … အဆင္ေျပေန ပါလား လွလို႔ ပလို႔ ဝလို႔ပါလား ” အဲလို အံ့ဩတႀကီးေျပာခံရရင္ အံ့မိပါတယ္
ေ႐ႊေတြေငြေတြနဲ႔ အျပင္ သြားတယ္ အဲ့မွာကိုယ့္ ကိုျမင္တဲ့ သူေတြက ဟာ….. မင္းၾကည့္ေကာင္းလာတယ္ ေဈးေတြကိုယ္ အရမ္းေရာင္းေနရတဲ့ အခါမွာ ဟာ…အရမ္းေရာင္း ရတယ္ေနာ္
မင္းကိုအားက်တယ္…. အဲ့လိုမ်ိဳး ကိုယ့္ကိုေျပာ လာတဲ့ စကားေတြက ကာယကံရွင္ကို ထိပါတယ္ အံ့မိေစပါတယ္ဗ်ာ
ကေလးေလး ဝဝတုတ္တုတ္ေလးကို သနပ္ခါး အေဖြးသားလူးပီး ရပ္ကြက္ ထဲေခၚသြားေတာ့ေဘးကလူေတြက ဟယ္နင့္ ကေလးေလးက ဝတုတ္ေနတာ ပဲ ခ်စ္စရာႀကီးေနာ္
အံ့ၾသတႀကီး ခ်ီးက်ဴးၾကတာ အဲ့လိုဆို အဲ့ကေလးဘာျဖစ္ သြားလဲ သိလား ေနာက္ရက္ေနမေကာင္းျဖစ္တာ အဲ့လို လုပ္မေျပာေစ ခ်င္ဘူး မလုပ္ေစခ်င္ဘူး တားလို႔ မရပါဘူး
ပုထုစဥ္လူသားေတြမို႔ မေျပာပဲလည္း မေနႏိုင္ၾက ပါဖူး ကိုယ့္ကို လာေျပာတဲ့ လူေတြ ကိုလည္း အဲ့လိုလာမေျပာနဲ႔လို႔ လိုက္ေျပာေနရင္ ပါးခ်သြားမွာ အဲလို မေျပာမိေအာင္ မုဒိတာ ပြားေပးရ ပါတယ္ သူလွတာက ကုသိုလ္ေကာင္းလို ႔ လွတာ ဒီထက္ မကလွ ပါေစ
က်န္းမာပါေစ ခ်မ္းသာပါေစ အဲလိုေလး မုဒိတာပြားၿပီးဝမ္းသာေပးရပါတယ္ ကြၽန္ေတာ္တို႔ဆရာမင္းႏိူင္ရဲ႕တပည့္မ်ားလည္း အဲဒီမုဒိတာ စိတ္ေလးဝင္ေအာင္ ႀကိဳးစားၿပီးက်င့္ေနၾက ပါတယ္ အဲဒီမုဒိတာစိတ္ေလးဟာ တူေသာ အက်ိဳးကို ကိုယ္လည္းထပ္ တူရပါတယ္ ခင္ဗ်ာ…..
အံ့မိရင္လြတ္ေအာင္ လုပ္တဲ့နည္း ရွိပါတယ္ ထမင္း ပူပူေႏြးေႏြး တစ္ပန္းကန္ ခူး။ ၾကက္ဥျပဳတ္ တစ္လုံး အခြံႏြာ ထည့္။ ႏွင္းဆီပန္း အနီရဲရဲ တစ္ပြင့္ကေန ပြင့္ဖတ္ေတြ ေႁခြယူၿပီး ထမင္းေပၚ ပြင့္ဖတ္ေတြ ျဖဴးပါ….အဲဒီ ပန္းကန္ကို အျမင့္ တစ္ေနရာမွာ တင္။
အံ့မိျခင္းႏွင့္ ဆိုင္ေသာ နတ္မ်ားအား ကပ္လႉပါသည္။ အံ့မိျခင္း၊ ခမည္းလိုျခင္း စသည့္အေထြေထြမွ အကြၽန္ပ္မွ အစျပဳ၍ တစ္မိသားစုလုံး ကင္းလြတ္ၿငိမ္းရပါလို၏ ။
အဲလို ေျပာၿပီး ကပ္။ အနည္းဆုံး ေျခာက္နာရီေတာ့ ထား။ ေျခာက္နာရီေက်ာ္ရင္ စြန႔္။ စြန႔္ၿပီးရင္ ဘယ္သူမွ မစားရ။ အားလုံးအလုပ္အကိုင္ေတြ အစဥ္ေျပပီး စီးပြားတိုးတက္ အဆင္ေျပၾကပါေစ……အံ့မိျခင္းကင္းၾကပါေစ…..
အႏုပညာေလာကမွ ာရွိေသာ သူမ်ားအတြက္ေမာ္ဒယ္လ္မ်ား သီခ်င္းဆို သူမ်ား ဖက္ရွင္ရႈိးေလွ်ာက္သူမ်ားအႏုပညာျဖင့္ အသက္ေမြးဝမ္းျပဳသူမ်ား အားလုံးမွာ ရင္ထဲမွာ တုန္လႈပ္ေျခာက္ျခားျခင္း ဘာမွန္းမသိတခုခုထိတ္လန႔္ေျခာက္ျခားျခင္း စိုးရိမ္ ပူပန္ျခင္း ေဒါသထြက္ ထြက္ျခင္းစိတ္ တိုေနျခင္း အဲသလို မၾကာ မၾကာ ျဖစ္ေနတတ္ပါတယ္။
အဲလိုျဖစ္ေနျခင္းဟာ အံ့မိေနျခင္းေၾကာင့္ျဖစ္ ပါတယ္….. အဲလိုေတြျဖစ္ေန ခဲ့ရင္ အခုအံ့မိျခင္းယၾတာကို ၁ ပတ္တခါျဖစ္ေစ ၁၀ ရက္တခါျဖစ္ေစ ျပဳလုပ္လို ႔ရပါတယ္ ခင္ဗ်ာ….
ဆရာမင္းႏိုင္ကိုဦးခိုက္ကန္ေတာ့ ပါသည္…႐ႊင္လန္းေသာ စိတ္ျဖင့္ျပည့္စုံပါေစ……
ဆရာ ဇေၾယာထက်
ယူနီကုတ္
ကလေးက ဝတုတ်နေတာပဲ လို့ပြောခံရရင် နောက်နေ့ဖျားရော .. အဲလိုဖြစ်တာကို အံံ့မိခြင်းလို့ခေါ်ပါတယ်(အံ့မိခြင်းပျောက်စေဖို့)
အံံ့မိခြင်း အံ့မိတယ် ဆိုတာ ဘာဖြစ်တာလဲ အရောင်းအဝယ်တွေကောင်းနေ ရင်းကနေ ဗြုန်းကနဲ လာဘ်တွေတိတ် သွားတယ် ဈေးရောင်းအား ကျသွားတယ် ငွေတွေဝင်နေရင်း ငွေဝင်ရပ် သွားတယ် ကျန်းမာရေးကောင်းနေရင်း ကနေ ဖောက်သွား တယ်….
စသဖြင့်ပေါ့နော် … အကောင်းတွေ ကနေ မကောင်းဖြစ် သွားတယ် ဆိုတာ တစ်ကယ်တော့ အံ့မိသွားတာ။
ဘာကြောင့်အံ့ မိလဲ ဆိုတော့ ဥပမာ ကျွန်တော် အဝတ်အစား အသစ်ဝတ် တာမြင်ရင် ” ဟာ …လန်းနေပါလား… အံမယ် … အဆင်ပြေနေ ပါလား လှလို့ ပလို့ ဝလို့ပါလား ” အဲလို အံ့ဩတကြီးပြောခံရရင် အံ့မိပါတယ်
ရွှေတွေငွေတွေနဲ့ အပြင် သွားတယ် အဲ့မှာကိုယ့် ကိုမြင်တဲ့ သူတွေက ဟာ….. မင်းကြည့်ကောင်းလာတယ် ဈေးတွေကိုယ် အရမ်းရောင်းနေရတဲ့ အခါမှာ ဟာ…အရမ်းရောင်း ရတယ်နော်
မင်းကိုအားကျတယ်…. အဲ့လိုမျိုး ကိုယ့်ကိုပြော လာတဲ့ စကားတွေက ကာယကံရှင်ကို ထိပါတယ် အံ့မိစေပါတယ်ဗျာ
ကလေးလေး ဝဝတုတ်တုတ်လေးကို သနပ်ခါး အဖွေးသားလူးပီး ရပ်ကွက် ထဲခေါ်သွားတော့ဘေးကလူတွေက ဟယ်နင့် ကလေးလေးက ဝတုတ်နေတာ ပဲ ချစ်စရာကြီးနော်
အံ့သြတကြီး ချီးကျူးကြတာ အဲ့လိုဆို အဲ့ကလေးဘာဖြစ် သွားလဲ သိလား နောက်ရက်နေမကောင်းဖြစ်တာ အဲ့လို လုပ်မပြောစေ ချင်ဘူး မလုပ်စေချင်ဘူး တားလို့ မရပါဘူး
ပုထုစဉ်လူသားတွေမို့ မပြောပဲလည်း မနေနိုင်ကြ ပါဖူး ကိုယ့်ကို လာပြောတဲ့ လူတွေ ကိုလည်း အဲ့လိုလာမပြောနဲ့လို့ လိုက်ပြောနေရင် ပါးချသွားမှာ အဲလို မပြောမိအောင် မုဒိတာ ပွားပေးရ ပါတယ် သူလှတာက ကုသိုလ်ကောင်းလို့ လှတာ ဒီထက် မကလှ ပါစေ
ကျန်းမာပါစေ ချမ်းသာပါစေ အဲလိုလေး မုဒိတာပွားပြီးဝမ်းသာပေးရပါတယ် ကျွန်တော်တို့ဆရာမင်းနိူင်ရဲ့တပည့်များလည်း အဲဒီမုဒိတာ စိတ်လေးဝင်အောင် ကြိုးစားပြီးကျင့်နေကြ ပါတယ် အဲဒီမုဒိတာစိတ်လေးဟာ တူသော အကျိုးကို ကိုယ်လည်းထပ် တူရပါတယ် ခင်ဗျာ…..
အံ့မိရင်လွတ်အောင် လုပ်တဲ့နည်း ရှိပါတယ် ထမင်း ပူပူနွေးနွေး တစ်ပန်းကန် ခူး။ ကြက်ဥပြုတ် တစ်လုံး အခွံနွာ ထည့်။ နှင်းဆီပန်း အနီရဲရဲ တစ်ပွင့်ကနေ ပွင့်ဖတ်တွေ ခြွေယူပြီး ထမင်းပေါ် ပွင့်ဖတ်တွေ ဖြူးပါ….အဲဒီ ပန်းကန်ကို အမြင့် တစ်နေရာမှာ တင်။
အံ့မိခြင်းနှင့် ဆိုင်သော နတ်များအား ကပ်လှူပါသည်။ အံ့မိခြင်း၊ ခမည်းလိုခြင်း စသည့်အထွေထွေမှ အကျွန်ပ်မှ အစပြု၍ တစ်မိသားစုလုံး ကင်းလွတ်ငြိမ်းရပါလို၏ ။
အဲလို ပြောပြီး ကပ်။ အနည်းဆုံး ခြောက်နာရီတော့ ထား။ ခြောက်နာရီကျော်ရင် စွန့်။ စွန့်ပြီးရင် ဘယ်သူမှ မစားရ။ အားလုံးအလုပ်အကိုင်တွေ အစဉ်ပြေပီး စီးပွားတိုးတက် အဆင်ပြေကြပါစေ……အံ့မိခြင်းကင်းကြပါစေ…..
အနုပညာလောကမှ ာရှိသော သူများအတွက်မော်ဒယ်လ်များ သီချင်းဆို သူများ ဖက်ရှင်ရှိုးလျှောက်သူများအနုပညာဖြင့် အသက်မွေးဝမ်းပြုသူများ အားလုံးမှာ ရင်ထဲမှာ တုန်လှုပ်ခြောက်ခြားခြင်း ဘာမှန်းမသိတခုခုထိတ်လန့်ခြောက်ခြားခြင်း စိုးရိမ် ပူပန်ခြင်း ဒေါသထွက် ထွက်ခြင်းစိတ် တိုနေခြင်း အဲသလို မကြာ မကြာ ဖြစ်နေတတ်ပါတယ်။
အဲလိုဖြစ်နေခြင်းဟာ အံ့မိနေခြင်းကြောင့်ဖြစ် ပါတယ်….. အဲလိုတွေဖြစ်နေ ခဲ့ရင် အခုအံ့မိခြင်းယတြာကို ၁ ပတ်တခါဖြစ်စေ ၁၀ ရက်တခါဖြစ်စေ ပြုလုပ်လို့ရပါတယ် ခင်ဗျာ….
ဆရာမင်းနိုင်ကိုဦးခိုက်ကန်တော့ ပါသည်…ရွှင်လန်းသော စိတ်ဖြင့်ပြည့်စုံပါစေ……
ဆရာ ဇယြောထကျ
No Comments