ကိုယ့္အတြက္ မဟုတ္ေတာ့တဲ့ သူတစ္ေယာက္ကို ဘာေၾကာင့္ ဆက္မလြမ္း သင့္ေတာ့တာလဲ - Amawpyay

ကိုယ့္အတြက္ မဟုတ္ေတာ့တဲ့ သူတစ္ေယာက္ကို ဘာေၾကာင့္ ဆက္မလြမ္း သင့္ေတာ့တာလဲ

ကိုယ့္အတြက္ မဟုတ္ေတာ့တဲ့ သူတစ္ေယာက္ကို ဘာေၾကာင့္ ဆက္မလြမ္း သင့္ေတာ့တာလဲ
Knowledge

ကိုယ့္အတြက္ မဟုတ္ေတာ့တဲ့ သူတစ္ေယာက္ကို ဘာေၾကာင့္ ဆက္မလြမ္း သင့္ေတာ့တာလဲ

တစ္ခ်ိဳ႕လူေတြက ကိုယ့္အတြက္ မဟုတ္ေတာ့တဲ့ ကိုယ့္္နားက ထြက္ခြါသြားခဲ့ၿပီျဖစ္တဲ့ တစ္စံုတစ္ေယာက္ကို ခုခ်ိန္ထိ သတိရ တမ္းတေန ဆဲပါ။ မဆံု ႏိုင္ေတာ့တာ သိေပမယ့္ ရင္ထဲဲက အလြမ္းေတြကေတာ့ သူ႔အတြက္သာ ခုိင္မာေနဆဲ ပါေနာ္။

ဒီလိုေတြ ျဖစ္ေနတာက ကိုယ္ကိုယ္တုိင္ အတြက္ပဲ ထိခုိက္မႈေတြ မ်ားတယ္ ဆုိတာကေတာ့ သိပ္ေျပာစရာလုိမယ္ မထင္ ပါဘူး။ ကိုယ့္အတြက္ မဟုတ္ေတာ့တဲ့ သူတစ္ေယာက္ကို ဆက္မလြမ္း သင့္ေတာ့ေၾကာင္း ဒီအခ်က္္ေတြက ေဖာ္ျပေန ပါတယ္။

ၿပီးဆံုးသြားခဲ့ၿပီ

အရာရာဟာ အတိ္တ္ရဲ႕ ပန္းခ်ီကားခ်ပ္ တစ္ခုလိုသာ က်န္႐ွိေနခဲ့ၿပီး ခုခ်ိန္္မွာေတာ့ အဲဒီ ႔ပန္းခ်ီကားခ်ပ္ကလည္း ေဆးေတြျပယ္လြင့္ေန ခဲ့ပါၿပီ။ သင့္ဘက္က ဘယ္ေလာက္ပဲ လြမ္းေန ပါေစ သူ႔ဘက္ကေတာ့ သင့္ကို တစ္ခါတစ္ေလ သတိရတဲ့ စိတ္ေတာင္ ျဖစ္ခ်င္မွ ျဖစ္မွာပါ။

ဒီအလြမ္းေတြၾကားမွာ ေနထိုင္ေနတဲ့ ေန႔ရက္ တစ္ခ်ိဳ႕ကို အဆံုးသတ္လုိက္ သင့္ ပါၿပီ။ သူကလြဲၿပီး ဆက္မခ်စ္ႏုိင္ဘူးလို႔ ေတြးေနတဲ့ အေတြးေတြကို ေျဖေဖ်ာက္ လုိက္ပါေတာ့။ သင့္ေသခ်ာ မ်က္လံုးဖြင့္ၾကည့္ရင္ သင့္ေဘးနားမွာ သူ႔ထက္သာတဲ့ တစ္စံုတစ္ေယာက္ကို ျမင္လာ ႏုိင္မွာ ပါ။

တစ္ျခားတစ္ေယာက္ဆီမွာ သူေပ်ာ္ေနၿပီ

တစ္ျခားတစ္္ေယာက္ဆီမွာ သူေပ်ာ္ေနၿပီ ဆုိတဲ့ အသိနဲ႔တင္ ဒီအလြမ္းေတြ အဆံုးသတ္ဖုိ႔ လံုေလာက္ပါတယ္ေနာ္။ ကိုယ့္ကိုယ္ မခ်စ္ေတာ့တဲ့၊ ကိုယ့္အတြက္ မဟုတ္ေတာ့တဲ့ တစ္စံုတစ္္ေယာက္ အတြက္ လြမ္းသင့္သေလာက္ လြမ္းခဲ့ ၿပီးၿပီပဲ။

တစ္ဖန္ျပန္္ၿပီး အခ်စ္္ေတြနဲ႔ ႐ွင္သန္္ဖို႔ ဒီအခ်ိန္္က အေကာင္းဆံုးပါပဲ။ မေမွ်ာ္လင့္သင့္ေတာ့့တဲ့ သူတစ္္ေယာက္ကိုမွ ေမွ်ာ္လင့္ေနျခင္းဟာ ႐ူးသြပ္ျခင္း ဆုိတာ ကိုေတာ့ ေကာင္းေကာင္ းသေဘာေပါက္ မွာပါ။ ဒါေတြေၾကာင့္ ဆက္ၿပီးမ႐ူးမိုက္ ပါနဲ႔ေတာ့ ေ႐ွ႕ဆက္ရမယ့္ ကိုယ္ပိုင္္ ဘဝေလးက အမ်ားႀကီး ႐ွိပါေသးတယ္။

မခ်စ္္ေတာ့လုိ႔ ခ်န္ထားရစ္ခဲ့ၿပီပဲ

သူသာ သင့္ကို ခ်စ္ေနဆဲ ဆုိရင္ ျပန္လာဖုိ႔ကို ႀကိဳးစားမွာေပါ့ အခုေတာ့ သင့္ကို ထပ္မခ်စ္ ႏိုင္ေတာ့လုိ႔ ေနာက္္လွည့္ မၾကည့္ပဲ သူ႔ဘဝသစ္ ကိုေတာင္ တည္ေဆာက္ေနၿပီ ဘာေတြမ်ား လြမ္းစရာက်န္ေနအံုးမွာလဲဲ။

ကိုယ့္ကိုယ္ မခ်စ္ေတာ့လို႔ ထားရစ္ခဲ့တဲ့ သူတစ္္ေယာက္ကို ဆက္ခ်စ္ေနေသးရင္ ကိုယ္ပဲ အ႐ံႈးျဖစ္ေနမွာေပါ့။ သူ႔ထက္ေကာင္တဲ့သူ၊ သူ႔ထက္ သင့္ကိုခ်စ္ႏိုင္္တဲ့သူေတြ ေလာကႀကီးမွာ အမ်ားႀကီး႐ွိႏုိင္ပါေသးတယ္။

တစ္ခါေလာက္ပဲ အဲဒီ အလြမ္းေတြက ႐ုန္းထြက္ၾကည့္ပါ သင္လံုးဝ ေနာင္တမရ ေစရပါဘူး။ စစ္မွန္္တဲဲ့ တစ္စံုတစ္္ေယာက္ရဲ႕ အခ်စ္ေတြက အဲဒီ႔ အလြမ္းေတြကို ဖံံုးလႊမ္းသြားေအာင္ ထိ စြမ္းေဆာင္ႏုိင္ပါတယ္ေနာ္။

ကိုယ့္လမ္းကိုယ္ေဖာက္သင့္ၿပီ

သူလည္း သူ႔လမ္းသူေဖာက္သြားၿပီး ကိုယ္လည္း ကိုယ့္လမ္းကိုယ္ေဖာက္သင့္ပါၿပီ။ ထားရစ္ခံလုိက္ရတုိင္း ကိုယ့္ဘက္က ႐ံႈးနိမ့္ျခင္းမ်ိဳး မဟုတ္ပါဘူး တစ္္ခါတစ္ေလမွာ ပိုေကာင္းတာေတြ ျဖစ္လာဖို႔အတြက္ ဘာမဟုတ္တဲ့ အရာေတြကို လက္လႊတ္ ခံႏုိင္ ရပါမယ္။

တာ့ အရင္ကထက္ ကိုယ့္ဘဝကို အရည္အခ်င္းေတြ ျပည့္လာေအာင္ ႀကိဳးစားမယ္၊ အရင္ကထက္ ပိုလွေအာင္ ေနမယ္၊ ေပ်ာ္စရာေတြ အမ်ားႀကီး ပိုဖန္တီးမယ္ ဒါဟာ ဘဝပါပဲ။

အခ်ိန္တန္ရင္ေတာ့ ကိုယ့္ေဘးနားမွာ ကိုယ့္ကို္ယ္ ၿပီးျပည့္စံုေစ မယ့္ တစ္စံုတစ္္ေယာက္က ႐ွိေနပါလိမ့္မယ္။ အစြဲအလန္းႀကီးတဲ့ အလြမ္းေတြကပဲ ႐ုန္းထြက္ ၾကည့္ဖို႔ လုိ တာပါ။

ခရက္ဒစ္

ယူနီကုတ္

ကိုယ့်အတွက် မဟုတ်တော့တဲ့ သူတစ်ယောက်ကို ဘာကြောင့် ဆက်မလွမ်း သင့်တော့တာလဲ

တစ်ချို့လူတွေက ကိုယ့်အတွက် မဟုတ်တော့တဲ့ ကိုယ့််နားက ထွက်ခွါသွားခဲ့ပြီဖြစ်တဲ့ တစ်စုံတစ်ယောက်ကို ခုချိန်ထိ သတိရ တမ်းတနေ ဆဲပါ။ မဆုံ နိုင်တော့တာ သိပေမယ့် ရင်ထဲက အလွမ်းတွေကတော့ သူ့အတွက်သာ ခိုင်မာနေဆဲ ပါနော်။

ဒီလိုတွေ ဖြစ်နေတာက ကိုယ်ကိုယ်တိုင် အတွက်ပဲ ထိခိုက်မှုတွေ များတယ် ဆိုတာကတော့ သိပ်ပြောစရာလိုမယ် မထင် ပါဘူး။ ကိုယ့်အတွက် မဟုတ်တော့တဲ့ သူတစ်ယောက်ကို ဆက်မလွမ်း သင့်တော့ကြောင်း ဒီအချက်တွေက ဖော်ပြနေ ပါတယ်။

ပြီးဆုံးသွားခဲ့ပြီ

အရာရာဟာ အတိတ်ရဲ့ ပန်းချီကားချပ် တစ်ခုလိုသာ ကျန်ရှိနေခဲ့ပြီး ခုချိန်မှာတော့ အဲဒီ့ပန်းချီကားချပ်ကလည်း ဆေးတွေပြယ်လွင့်နေ ခဲ့ပါပြီ။ သင့်ဘက်က ဘယ်လောက်ပဲ လွမ်းနေ ပါစေ သူ့ဘက်ကတော့ သင့်ကို တစ်ခါတစ်လေ သတိရတဲ့ စိတ်တောင် ဖြစ်ချင်မှ ဖြစ်မှာပါ။

ဒီအလွမ်းတွေကြားမှာ နေထိုင်နေတဲ့ နေ့ရက် တစ်ချို့ကို အဆုံးသတ်လိုက် သင့် ပါပြီ။ သူကလွဲပြီး ဆက်မချစ်နိုင်ဘူးလို့ တွေးနေတဲ့ အတွေးတွေကို ဖြေဖျောက် လိုက်ပါတော့။ သင့်သေချာ မျက်လုံးဖွင့်ကြည့်ရင် သင့်ဘေးနားမှာ သူ့ထက်သာတဲ့ တစ်စုံတစ်ယောက်ကို မြင်လာ နိုင်မှာ ပါ။

တစ်ခြားတစ်ယောက်ဆီမှာ သူပျော်နေပြီ

တစ်ခြားတစ်ယောက်ဆီမှာ သူပျော်နေပြီ ဆိုတဲ့ အသိနဲ့တင် ဒီအလွမ်းတွေ အဆုံးသတ်ဖို့ လုံလောက်ပါတယ်နော်။ ကိုယ့်ကိုယ် မချစ်တော့တဲ့၊ ကိုယ့်အတွက် မဟုတ်တော့တဲ့ တစ်စုံတစ်ယောက် အတွက် လွမ်းသင့်သလောက် လွမ်းခဲ့ ပြီးပြီပဲ။

တစ်ဖန်ပြန်ပြီး အချစ်တွေနဲ့ ရှင်သန်ဖို့ ဒီအချိန်က အကောင်းဆုံးပါပဲ။ မမျှော်လင့်သင့်တော့တဲ့ သူတစ်ယောက်ကိုမှ မျှော်လင့်နေခြင်းဟာ ရူးသွပ်ခြင်း ဆိုတာ ကိုတော့ ကောင်းကောင် းသဘောပေါက် မှာပါ။ ဒါတွေကြောင့် ဆက်ပြီးမရူးမိုက် ပါနဲ့တော့ ရှေ့ဆက်ရမယ့် ကိုယ်ပိုင် ဘဝလေးက အများကြီး ရှိပါသေးတယ်။

မချစ်တော့လို့ ချန်ထားရစ်ခဲ့ပြီပဲ

သူသာ သင့်ကို ချစ်နေဆဲ ဆိုရင် ပြန်လာဖို့ကို ကြိုးစားမှာပေါ့ အခုတော့ သင့်ကို ထပ်မချစ် နိုင်တော့လို့ နောက်လှည့် မကြည့်ပဲ သူ့ဘဝသစ် ကိုတောင် တည်ဆောက်နေပြီ ဘာတွေများ လွမ်းစရာကျန်နေအုံးမှာလဲ။

ကိုယ့်ကိုယ် မချစ်တော့လို့ ထားရစ်ခဲ့တဲ့ သူတစ်ယောက်ကို ဆက်ချစ်နေသေးရင် ကိုယ်ပဲ အရှုံးဖြစ်နေမှာပေါ့။ သူ့ထက်ကောင်တဲ့သူ၊ သူ့ထက် သင့်ကိုချစ်နိုင်တဲ့သူတွေ လောကကြီးမှာ အများကြီးရှိနိုင်ပါသေးတယ်။

တစ်ခါလောက်ပဲ အဲဒီ အလွမ်းတွေက ရုန်းထွက်ကြည့်ပါ သင်လုံးဝ နောင်တမရ စေရပါဘူး။ စစ်မှန်တဲ့ တစ်စုံတစ်ယောက်ရဲ့ အချစ်တွေက အဲဒီ့ အလွမ်းတွေကို ဖံုံးလွှမ်းသွားအောင် ထိ စွမ်းဆောင်နိုင်ပါတယ်နော်။

ကိုယ့်လမ်းကိုယ်ဖောက်သင့်ပြီ

သူလည်း သူ့လမ်းသူဖောက်သွားပြီး ကိုယ်လည်း ကိုယ့်လမ်းကိုယ်ဖောက်သင့်ပါပြီ။ ထားရစ်ခံလိုက်ရတိုင်း ကိုယ့်ဘက်က ရှုံးနိမ့်ခြင်းမျိုး မဟုတ်ပါဘူး တစ်ခါတစ်လေမှာ ပိုကောင်းတာတွေ ဖြစ်လာဖို့အတွက် ဘာမဟုတ်တဲ့ အရာတွေကို လက်လွှတ် ခံနိုင် ရပါမယ်။

တာ့ အရင်ကထက် ကိုယ့်ဘဝကို အရည်အချင်းတွေ ပြည့်လာအောင် ကြိုးစားမယ်၊ အရင်ကထက် ပိုလှအောင် နေမယ်၊ ပျော်စရာတွေ အများကြီး ပိုဖန်တီးမယ် ဒါဟာ ဘဝပါပဲ။

အချိန်တန်ရင်တော့ ကိုယ့်ဘေးနားမှာ ကိုယ့်ကိုယ် ပြီးပြည့်စုံစေ မယ့် တစ်စုံတစ်ယောက်က ရှိနေပါလိမ့်မယ်။ အစွဲအလန်းကြီးတဲ့ အလွမ်းတွေကပဲ ရုန်းထွက် ကြည့်ဖို့ လို တာပါ။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …