
” လူဖြစ်ရှုံးကြသူများ ”
Credit to Original
Unicode
လူဖြစ်ရှုံးကြသူများ…ဘယ်လိုလူတွေက လူဖြစ်ရှုံးလဲဆိုတာ ဖက်ကြည့်ရအောင်
” လူဖြစ်ရှုံးကြသူများ ”
(၁) လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စု လိုက် အတင် းတုပ်ပြီး အပုပ်ချ အကြောင်းမ ရှိအကြောင်း ရှာ နှိမ့်ချ ပြော တတ် သူ ၊
(၂) သူတပါး ပျက်ဆီးရာ ပျက်ဆီးကြောင်း မဟုတ် မမှန် သတင်းလွှင့် ၊ အတင်းအဖျင်း ပြောတတ်သူ ၊
(၃) သူတပါးအပေါ်တွင် အမြဲ အနိုင်ယူ လိုချင်နေ သူ ။ သူတပါး မျက်ရည်စက် လက် အရှုံးကြီး ရှုံးနိမ့်မှုအပေါ်တွင် ဝမ်းသာ အားရ အောင်ပွဲ ခံနိုင်သူ
(၄) ကိုယ့်လက်အောင် ငယ်သား အပေါ်တွင် ညှာတာမှု မရှိပဲ အမြဲလိုလို အကာအကွယ် မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အတွက်သာ ကြည့် တတ်သူ ၊
(၅) နေရာတကာ လူတတ်ကြီး လုပ်၍ မိမိသာလျှင် ပညာတွေပြည့် ဝနေသူ မိမိသာလျှင် အသိဆုံးအတတ်ဆုံးဟု မာန်မာ နထောင်လွှား၍ မောက်မာ တတ်သူ၊
(၆) မိဘ စည်းစိမ် အပေါ်တွင် သာယာ ယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေ ချင်နေသူ ၊
(၇) ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေ သူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေ ကြီးပေါ်က လူတွေ အကြောင်းမသိသူ ၊ ချမ်းသာ သွားသည်နှင့် ဆင်းရဲခြင်း ဒုက္ခ များကိုမေ့ သွားပြီးအောက်ခြေ လွတ်သူ ၊
(၈) မြေနိမ့်ရာ လှံစိုက် – ရေနစ်ရာ ဝါးကူထိုး အမြဲလုပ်တတ်သူ …၊
(၉) တစ်ခုခုဆိုလျှင် မှန်သည်မှားသည် မစဉ်းစားပဲ “ ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ် ” လို့ တွေးပြီး လူအ များနှင့် ရောနှောလုပ်ဆောင်တတ်သူ …၊( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် ထိုလူများရှိသည်)
(၁၀) ကိုယ်ကိုယ်တိုင်က မည်သည့် အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး ဒေါသ ပွားနေသူ …၊
Credit to Original
No Comments