
ငွက္ဖ်ား ေရာဂါကို အျမစ္ ျပတ္သြားသည္ ဆိုသည့္ တ႐ုတ္စကားပင္
ငွက္ဖ်ား ေရာဂါ
ငွက္ဖ်ားရွင္ တို႔အတြက္ မွတ္ဖြယ္ ကဗ်ာစာ တို႔ေလးမွာ ̏ တ႐ုတ္စကား ၊ အဟုတ္ စကားမို႔ ေက်ာ္၊ ဝိဇၨာေက်ာ္ ေဆးေတာ္ ေပး ၊ ငွက္ဖ်ား
ေသာ္ ေဝးကြာ ေဘး ၊ မွတ္သားေနာ္ တစ္သက္တာ ေရး ˝ ဟု ျဖစ္သည္ ။
မင္းေခါင္ရွင္ႀကီး ၁၉၁၈ ခုႏွစ္ ေလာက္က ကခ်င္ျပည္နယ္ နမၼာခ႐ုေခ်ာင္း ႐ြာတြင္ ေနစဥ္က မီးေသြး ဖုတ္တဲ့ ကခ်င္ လင္မယားကို ငွက္
ဖ်ားေတြ တက္ေနကာ ႏွစ္ဦးစလုံး အိပ္ရာထဲ လဲေန၍ ̏ မင္းတို႔ ႏွစ္ေယာက္ကို မေသေဆး တိုက္မယ္ ˝ ဆိုၿပီး တ႐ုတ္ စကားေခါက္ကို
ခြာကာ ျပဳတ္က်ိဳ၍ ဆားအနည္းငယ္ ထည့္သြင္းၿပီး ေသာက္ေစ ခဲ့ရာ ငွက္ဖ်ား အျမစ္ ျပတ္သြားသည္ ဆိုပါသည္ ။ ထိုစာမူကို ဝိဇၨာ
ျပခဲ့ေသာ ငွက္ဖ်ား ေဆးေတာ္ တစ္လက္ စာမူျဖင့္ ဂမၻီရ ဆန္းၾကယ္ မဂၢဇင္းတြင္ ေဖၚျပ ၿပီးခဲ့ပါသည္ ။
တ႐ုတ္စကားပင္၏ မ်ိဳးရင္းမွာ ဆယ့္ႏွစ္ရာသီ မ်ိဳးရင္းျဖစ္သည္။ ႐ုကၡေဗဒ အမည္မွာ Plummeria acutifolia Poir ျဖစ္သည္ ။ အလြန္
ေအးျမေသာ ေတာင္ေပၚေဒသမွ အပ ျမန္မာျပည္ အႏွံ႔ ေပါက္ေရာက္ပါသည္ ။ အေစး ၊အပြင့္ ၊အ႐ြက္ ၊ အေခါက္တို႔ကို အသုံးျပဳ
ႏိုင္သည္။ စပ္ခါးဖန္၍ ပူေသာ သတၱိရွိသည္။ ဆီးကို ႐ႊင္ေစသည္ ။ သလိပ္ကို ေၾကေစသည္ ။ ႏူနာ ၊ အနာေပါက္ ၊ ဝမ္းဗိုက္ ေရာဂါတို႔ကို
ေပ်ာက္ကင္းေစသည္ ။
အသုံးျပဳပုံမ်ား အေစး
အေခါက္ႏွင့္ ကိုင္းမွ ထြက္ေသာ ႏို႔ႏွစ္ေရာင္ အေစးကို ဝမ္းႏုတ္ေဆးအျဖစ္ သုံးသည္ ။ ႏို႔ႏွစ္ေရာင္ အေစးသည္ ဝမ္းဗိုက္ေရာင္ေရာဂါ ၊
ဝမ္းဗိုက္ထိုးေအာင့္ ေရာဂါတို႔ကို ေပ်ာက္ကင္းေစသည္ ။
အပြင့္ႏွင့္ အ႐ြက္
အ႐ြက္ကို စားျခင္းျဖင့္ လည္းေကာင္း ၊ မုန႔္ႏွစ္ျဖင့္ ေၾကာ္၍ လည္းေကာင္း စားၾကသည္ ။ အပြင့္ကို ျပဳတ္တို႔ ၾကသည္ ။ အ႐ြက္ ၊ အပြင့္ကို
မန္က်ည္းရည္ျဖင့္ ျပဳတ္၍ သနပ္လက္သုပ္ လုပ္စားျခင္းျဖင့္ ဆီးဝမ္းကို ႐ႊင္ေစ၍ သလိပ္ေလကို ေၾကေစသည္ ။ ေ႐ႊေပၚကြၽန္းမွ
ေဆးဆရာႀကီး အဘသိန္းကမူ ငွက္ဖ်ားသမားမ်ားအား တ႐ုတ္စကားေခါက္ကို ( ၃ )ခြက္ ( ၁ )ခြက္ ျပဳတ္က်ိဳၿပီး ဆားအနည္းငယ္ျဖင့္
တိုက္ပါက ငွက္ဖ်ားအျမစ္ ျပတ္သည္ဟု မိန႔္ဖူးသည္ ။
တ႐ုတ္စကားႏွင့္ ပတ္သက္ၿပီး အျခား ေဆးအသုံးမ်ားလည္း ရွိေနေပးဦးမည္ ။
Credit: ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)
Unicode
ငှက်ဖျား ရောဂါကို အမြစ် ပြတ်သွားသည် ဆိုသည့် တရုတ်စကားပင်
ငှက်ဖျား ရောဂါ
ငှက်ဖျားရှင် တို့အတွက် မှတ်ဖွယ် ကဗျာစာ တို့လေးမှာ ̏ တရုတ်စကား ၊ အဟုတ် စကားမို့ ကျော်၊ ဝိဇ္ဇာကျော် ဆေးတော် ပေး ၊ ငှက်ဖျား
သော် ဝေးကွာ ဘေး ၊ မှတ်သားနော် တစ်သက်တာ ရေး ˝ ဟု ဖြစ်သည် ။
မင်းခေါင်ရှင်ကြီး ၁၉၁၈ ခုနှစ် လောက်က ကချင်ပြည်နယ် နမ္မာခရုချောင်း ရွာတွင် နေစဉ်က မီးသွေး ဖုတ်တဲ့ ကချင် လင်မယားကို ငှက်
ဖျားတွေ တက်နေကာ နှစ်ဦးစလုံး အိပ်ရာထဲ လဲနေ၍ ̏ မင်းတို့ နှစ်ယောက်ကို မသေဆေး တိုက်မယ် ˝ ဆိုပြီး တရုတ် စကားခေါက်ကို
ခွာကာ ပြုတ်ကျို၍ ဆားအနည်းငယ် ထည့်သွင်းပြီး သောက်စေ ခဲ့ရာ ငှက်ဖျား အမြစ် ပြတ်သွားသည် ဆိုပါသည် ။ ထိုစာမူကို ဝိဇ္ဇာ
ပြခဲ့သော ငှက်ဖျား ဆေးတော် တစ်လက် စာမူဖြင့် ဂမ္ဘီရ ဆန်းကြယ် မဂ္ဂဇင်းတွင် ဖေါ်ပြ ပြီးခဲ့ပါသည် ။
တရုတ်စကားပင်၏ မျိုးရင်းမှာ ဆယ့်နှစ်ရာသီ မျိုးရင်းဖြစ်သည်။ ရုက္ခဗေဒ အမည်မှာ Plummeria acutifolia Poir ဖြစ်သည် ။ အလွန်
အေးမြသော တောင်ပေါ်ဒေသမှ အပ မြန်မာပြည် အနှံ့ ပေါက်ရောက်ပါသည် ။ အစေး ၊အပွင့် ၊အရွက် ၊ အခေါက်တို့ကို အသုံးပြု
နိုင်သည်။ စပ်ခါးဖန်၍ ပူသော သတ္တိရှိသည်။ ဆီးကို ရွှင်စေသည် ။ သလိပ်ကို ကြေစေသည် ။ နူနာ ၊ အနာပေါက် ၊ ဝမ်းဗိုက် ရောဂါတို့ကို
ပျောက်ကင်းစေသည် ။
အသုံးပြုပုံများ အစေး
အခေါက်နှင့် ကိုင်းမှ ထွက်သော နို့နှစ်ရောင် အစေးကို ဝမ်းနုတ်ဆေးအဖြစ် သုံးသည် ။ နို့နှစ်ရောင် အစေးသည် ဝမ်းဗိုက်ရောင်ရောဂါ ၊
ဝမ်းဗိုက်ထိုးအောင့် ရောဂါတို့ကို ပျောက်ကင်းစေသည် ။
အပွင့်နှင့် အရွက်
အရွက်ကို စားခြင်းဖြင့် လည်းကောင်း ၊ မုန့်နှစ်ဖြင့် ကြော်၍ လည်းကောင်း စားကြသည် ။ အပွင့်ကို ပြုတ်တို့ ကြသည် ။ အရွက် ၊ အပွင့်ကို
မန်ကျည်းရည်ဖြင့် ပြုတ်၍ သနပ်လက်သုပ် လုပ်စားခြင်းဖြင့် ဆီးဝမ်းကို ရွှင်စေ၍ သလိပ်လေကို ကြေစေသည် ။ ရွှေပေါ်ကျွန်းမှ
ဆေးဆရာကြီး အဘသိန်းကမူ ငှက်ဖျားသမားများအား တရုတ်စကားခေါက်ကို ( ၃ )ခွက် ( ၁ )ခွက် ပြုတ်ကျိုပြီး ဆားအနည်းငယ်ဖြင့်
တိုက်ပါက ငှက်ဖျားအမြစ် ပြတ်သည်ဟု မိန့်ဖူးသည် ။
တရုတ်စကားနှင့် ပတ်သက်ပြီး အခြား ဆေးအသုံးများလည်း ရှိနေပေးဦးမည် ။
Credit: ရဲမျိုးသူ(ဗောဓိမြိုင်)
No Comments