ရုန်းထွက်ကြည့်ပါ
အကူအညီယူပါ
Khin
Credit
Unicode
ဘဝမှာ အရမ်းရှုပ်ထွေး ပင်ပန်းမှုဒဏ်ကို ခံစားလာရတဲ့အခါ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ပါ
လူတိုင်းလူတိုင်းမှာ စိတ်ပင်ပန်းစရာတွေ၊ စိတ်ညစ်စရာတွေနဲ့ ခက်ခဲတဲ့အချိန်ဆိုတာ ရှိတတ်စမြဲပါ။ ဒီလိုမျိုး စိတ်ညစ်စရာတွေ၊ အခက်အခဲတွေကြောင့် ကိုယ့်ရဲ့ ဘဝကြီးက အရမ်းတွေ ရှုပ်ထွေးပြီး ပင်ပန်းနေရပြီလို့ ခံစားလာ ရတဲ့ ခါမှာ
သင့်ဘက်က ဒီခြေအနေကို အကောင်းဆုံး ရင်ဆိုင်တတ်ဖို့ လိုပါတယ်။ ဒီတော့ ကိုယ့်ရဲ့ဘဝက ကမောက်ကမတွေဖြစ်ပြီး အရမ်းရှုပ်ထွေးနေပြီလို ခံစားနေရပြီဆိုရင် ဒီနည်းလမ်းတွေနဲ့ အဖြေရှာကြည့်ပါ။
ရှုပ်ထွေးမှုကို ရှာဖွေပါ
ကိုယ့်ရဲ့ လက်ရှိအခြေအနေ၊ လက်ရှိပြသနာကို သေချာသိဖို့ လိုပါတယ်။ ဒီလို ကိုယ်ဖြစ်နေတဲ့ ပြသနာကို သိမှ ဖြေရှင်းဖို့ နည်းလမ်း ရှာဖွေ နိုင်မှာပါ ကိုယ့်ရဲ့ပြသနာကို မသိဘူး ဆိုရင်တော့ သင်ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဖြေထွက် လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံး ငါဘာမှားနေလဲ၊ ဘာတွေက ပြသနာဖြစ်နေ တာလဲ၊ ဘာတွေက မှားယွင်းနေလဲဆိုတဲ့ ရှုပ်ထွေးမှုကြီးကို အရင်ဆုံးရှာဖို့ လိုအပ်ပါတယ်။
လက်ရှိအခြေအနေကို လက်ခံပါ
တစ်ချို့က ပြသနာတွေ ဘယ်လောက်ပဲ ကြီးမားနေပါစေ လက်ရှိ အခြေအနေကို လက်မခံ နိုင်တာပါပဲ။ ဒါက မှားယွင်းမှု တစ်ခုဖြစ်ပြီး ကိုယ်ဖြစ်နေတဲ့ လက်ရှိပုံစံ၊ လက်ရှိ အနေအထား၊ လက်ရှိပြသနာတွေကို လက်ခံ တတ်ဖို့ လိုပါတ ယ်။
ဒီလို လက်ခံလိုက်ပြီ ဆိုတာနဲ့ သင်ဖြေရှင်းဖို့ နည်းလမ်းက သင့်ခေါင်းထဲမှာ ပေါ်လာမှာ ဖြစ်ပါတယ်နော်။ ဒါကြောင့် လက်ရှိ ကိုယ်ဘယ်လို အခြေအနေပဲ ရှိရှိ လက်ခံ နိုင်အောင် ကြိုးစားပါ။
ရုန်းထွက်ကြည့်ပါ
ကိုယ်ဖြစ်နေတဲ့ ပြသနာ ကိုလည်း သိပြီ၊ ကိုယ့်ရဲ့လက်ရှိ အခြေအနေကို လက်ခံနိုင်သွားပြီဆိုရင်တော့ ရုန်းထွက်ဖို့ နည်းလမ်းရှာရ ပါတော့မယ်။ ကိုယ့်အတင်း ဖမ်းဆုပ် ထားတဲ့ ကိုယ့်အတွက် အကျိုးမရှိတဲ့အရာတွေကို လွှတ်ချပြီး ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြန်တည်ဆောက် သင့်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေ ပြန်မွေးပြီး ကိုယ်ပျော်ရွှင်နိုင်မယ့်လမ်းစလေးတွေ ဖန်တီးသင့်ပါတယ်။
အကူအညီယူပါ
တစ်ယောက်တည်း ဖြေရှင်းလို့မရတဲ့ ပြသနာဆိုတာရှိပြီး အကူအညီယူသင့်ရင် ယူရပါမယ်။ တစ်ယောက်ယောက်ဆီမှာ ကိုယ့်အကြောင်း ရင်ဖွင့်ပြောဆိုတာ၊ အကြံအဉာဏ်တောင်းခံတာမျိုးတွေ လုပ်သင့်ပါတယ်။
ဒါက တကယ့်ကို လမ်းပျောက်နေတဲ့ သင့်အတွက် လမ်းစလေး ရှာတွေ့ နိုင်လို့ပါပဲ။ ဒါကြောင့်တစ်ယောက်ယောက်ဆီမှာ အကူအညီတောင်းခံဖို့ကို မတွန့်ဆုတ် ပါနဲ့ ကိုယ်အရမ်း လိုအပ်နေတဲ့ အချိန်မှာ အကူအညီ ဆိုတာလည်း ယူသင့်ရင် ယူတတ် ရပါတယ်။ ဒါတွေက သင့်ရဲ့ ရှုပ်ထွေးနေတဲ့ဘဝကြီးကို အစီအစဉ်တကျ ပြန်ကောင်းမွန် လာစေ မှာပါ။
Khin
No Comments