
ေဘဘီေလးကို ဒူးရင္းသီး ေကြၽးလို႔ရလား
ကေလးက အစားစစား တတ္ၿပီ။ ဒါဆို အသီးေတြလည္း ေကြၽးလို ႔ရၿပီေပါ့။ ဒါဆိုရင္ ေတာ္ေတာ္မ်ားမ်ား ႀကိဳက္ၾကတဲ့ ဒူးရင္းသီးေရာ ကေလးကို
ေကြၽးလို ႔ၿပီလား၊ လို႔ ေမးစရာ ရွိႏိုင္ ပါတယ္။ ဒီအေျဖကို ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္ေစ ခ်င္ပါ တယ္။
ကေလးကို ဒူးရင္းသီး ေကြၽးလို႔ရလား
ကေလးကို ဒူးရင္းသီး ေကြၽးလို ႔ရလား ဆိုေတာ့ ေကြၽးလို႔ ရပါတယ္။ အရမ္း အမ်ားႀကီးေတာ့ ေကြၽးလို႔ မရပါဘူး။ ဒီလီု ေျပာရတာက ဒူးရင္းသီးက အာဟာရ ပါဝင္မႈ မ်ားသလို သၾကားဓာတ္ ပါဝင္မႈကလည္း ေတာ္ေတာ္ေလး ျမင့္ပါ တယ္။
ဒူးရင္းသီးမွာ ပ႐ိုတင္း၊ ဗီတာမင္ေတြ၊ ကယ္လ္ဆီယမ္၊ phosphorus နဲ႔ သံဓာတ္တို႔ ပါဝင္ ေန ပါတယ္။ ဒူးရင္းသီးက ပုံမွန္ အားျဖင့္ေတာ့ အာဟာရ ႂကြယ္ဝၿပီး က်န္းမာေရးကို အေထာက္အကူျပဳေပး တဲ့ အသီးတစ္မ်ိဳးပါ။
ကေလးကို ဒူးရင္းသီး အမ်ားႀကီး မေကြၽးပါနဲ႔
ဒူးရင္းသီးက အမွ်င္ဓာတ္ ႂကြယ္ဝစြာ ပါဝင္ေပ မယ့္။ ဒီ အမွ်င္ဓာတ္က ေရကို အလြယ္တကူ စုပ္ယူႏိုင္ၿပီး အူေတြ အစာအိမ္ေတြကို ေရာင္ေစႏိုင္ ပါတယ္။ ကေလးက ဒူးရင္းသီး အမ်ားႀကီး ေကြၽးမိမယ္ဆိုရင္ အူပိတ္တာ ဝမ္းခ်ဳပ္ တာေတြ ျဖစ္ေစႏိုင္ ပါတယ္။
ဒူးရင္းသီးမွာ ေန႔စဥ္ လိုအပ္တဲ့ အမွ်င္ဓာတ္ ျပည့္ဝစြာ ပါေပမယ့္ ေတာ္ေတာ္ေလး ကိုက္ျဖတ္ရပါတယ္။ ဒီ အမွ်င္ဓာတ္ေတြကို ကိုက္ျဖတ္ဖို႔ သားသားမီးမီးတို႔ရဲ႕ သြားေတြက အျပည့္အဝ မဖြံ႕ၿဖိဳးေသးပါဘူး။
ဒီေတာ့ ကေလးက ဒူးရင္းသီးကို ေသခ်ာ မဝါးမိဘဲ ၿမိဳခ် လိုက္မယ္ ဆိုရင္ အစာေျခစနစ္ ျပႆနာေတြ ျဖစ္လာေစ မွာပါ။
ေနာက္တစ္ခ်က္က ဒူးရင္းသီးက အပူစာ ျဖစ္တာေၾကာင့္ ကေလး အေနနဲ႔ ဒူးရင္းသီးကို အမ်ားႀကီး စားမိမယ္ဆိုရင္ အပူကန္တဲ့ လကၡဏာေတြျဖစ္တဲ့ လည္ေခ်ာင္းနာတာ၊
အစာမေၾကတာ နဲ႔ အိပ္မေပ်ာ္တာလိုမ်ိဳး ျပႆနာေတြ ခံစား ရႏိုင္ ပါတယ္။ ဒါေၾကာင့္ ကေလးကို ဒူးရင္းသီး စားၿပီးတိုင္း ေရေသခ်ာ တိုက္ေပးပါ။
ကေလးက တစ္ႏွစ္ မျပည့္ေသးဘူးဆိုရင္ေတာ့ ဒူးရင္းသီးကို လုံးဝမေကြၽးတာ အေကာင္းဆုံးပါ။ ဒူးရင္းသီးက အစာေၾကဖို႔ ခက္သလို အနံ႔အရသာ ျပင္းတာ၊ သၾကားဓာတ္ ပါဝင္မႈျမင့္တာေတြကို ကေလးက်န္းမာေရးကို ထိခိုက္ေစ ႏိုင္ပါတယ္။
အသက္ ၁ ႏွစ္ မျပည့္ခင္မွာ ဒူးရင္းသီး မေကြၽးသင့္တဲ့ အေၾကာင္းအရင္း
ကေလးကို အသက္ ၁ ႏွစ္ မျပည့္ခင္မွာ ဒူးရင္းသီး မေကြၽးပါနဲ႔လို႔ ေျပာရတဲ့ အေၾကာင္းအရင္း က ကေလးက သြားေတြ စုံေအာင္ မထြက္ေသးဘူး။ တစ္ႏွစ္အ႐ြယ္မွာ သြားေပါက္ျမန္တဲ့ ဆိုတဲ့
ကေလးတစ္ေယာက္အေနနဲ႔ေတာင္ သြားက ၁၀ ေခ်ာင္းပဲ ထြက္မွာပါ။ သြားေပါက္ေႏွးတဲ့ သားသားမီးမီးတို႔ဆိုရင္ ၂ ေခ်ာင္း ၃ ေခ်ာင္းအျပင္ ပိုမရွိ ႏိုင္ပါဘူး။
ဒီလို သြားပမာဏ နည္းနည္းေလးက အမွ်င္ဓာတ္မ်ားတဲ့ ဒူးရင္းသီးကို ေသခ်ာ ႀကိတ္ဝါးႏိုင္ဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒီေတာ့ ကေလးက အလြယ္တကူ မ်ိဳခ် လိုက္ပါ မယ္။ ဒီလိုမ်ိဳခ် တာက လည္ေခ်ာင္းမွာ အစာနင္တာ၊ ေလႁပြန္ပိတ္ တာလို မ်ိဳး ျပႆနာေတြ ခံစားရေစႏို င္ပါတယ္။
အသက္ ၁ ႏွစ္ေအာက္ ကေလးရဲ႕ လည္ေခ်ာင္း၊ ေလႁပြန္၊ အစာေရမ်ိဳေတြက ေတာ္ေတာ္ေလး ေသးငယ္ပါေသး တယ္။ ဒါေၾကာင့္ အသက္ ၁ ႏွစ္ေအာက္ ေဘဘီေလးကို အသက္ရႉၾကပ္တဲ့ ျပႆနာမ်ိဳး မျဖစ္ေစဖို႔ ဒူးရင္းသီး မေကြၽးသင့္ ပါဘူး။ ခရက္ဒစ္
ယူနီကုတ္
ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား
ကလေးက အစားစစား တတ်ပြီ။ ဒါဆို အသီးတွေလည်း ကျွေးလို့ရပြီပေါ့။ ဒါဆိုရင် တော်တော်များများ ကြိုက်ကြတဲ့ ဒူးရင်းသီးရော ကလေးကို
ကျွေးလို့ပြီလား၊ လို့ မေးစရာ ရှိနိုင် ပါတယ်။ ဒီအဖြေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေ ချင်ပါ တယ်။
ကလေးကို ဒူးရင်းသီး ကျွေးလို့ရလား
ကလေးကို ဒူးရင်းသီး ကျွေးလို့ရလား ဆိုတော့ ကျွေးလို့ ရပါတယ်။ အရမ်း အများကြီးတော့ ကျွေးလို့ မရပါဘူး။ ဒီလီု ပြောရတာက ဒူးရင်းသီးက အာဟာရ ပါဝင်မှု များသလို သကြားဓာတ် ပါဝင်မှုကလည်း တော်တော်လေး မြင့်ပါ တယ်။
ဒူးရင်းသီးမှာ ပရိုတင်း၊ ဗီတာမင်တွေ၊ ကယ်လ်ဆီယမ်၊ phosphorus နဲ့ သံဓာတ်တို့ ပါဝင် နေ ပါတယ်။ ဒူးရင်းသီးက ပုံမှန် အားဖြင့်တော့ အာဟာရ ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုပေး တဲ့ အသီးတစ်မျိုးပါ။
ကလေးကို ဒူးရင်းသီး အများကြီး မကျွေးပါနဲ့
ဒူးရင်းသီးက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပေ မယ့်။ ဒီ အမျှင်ဓာတ်က ရေကို အလွယ်တကူ စုပ်ယူနိုင်ပြီး အူတွေ အစာအိမ်တွေကို ရောင်စေနိုင် ပါတယ်။ ကလေးက ဒူးရင်းသီး အများကြီး ကျွေးမိမယ်ဆိုရင် အူပိတ်တာ ဝမ်းချုပ် တာတွေ ဖြစ်စေနိုင် ပါတယ်။
ဒူးရင်းသီးမှာ နေ့စဉ် လိုအပ်တဲ့ အမျှင်ဓာတ် ပြည့်ဝစွာ ပါပေမယ့် တော်တော်လေး ကိုက်ဖြတ်ရပါတယ်။ ဒီ အမျှင်ဓာတ်တွေကို ကိုက်ဖြတ်ဖို့ သားသားမီးမီးတို့ရဲ့ သွားတွေက အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။
ဒီတော့ ကလေးက ဒူးရင်းသီးကို သေချာ မဝါးမိဘဲ မြိုချ လိုက်မယ် ဆိုရင် အစာခြေစနစ် ပြဿနာတွေ ဖြစ်လာစေ မှာပါ။
နောက်တစ်ချက်က ဒူးရင်းသီးက အပူစာ ဖြစ်တာကြောင့် ကလေး အနေနဲ့ ဒူးရင်းသီးကို အများကြီး စားမိမယ်ဆိုရင် အပူကန်တဲ့ လက္ခဏာတွေဖြစ်တဲ့ လည်ချောင်းနာတာ၊
အစာမကြေတာ နဲ့ အိပ်မပျော်တာလိုမျိုး ပြဿနာတွေ ခံစား ရနိုင် ပါတယ်။ ဒါကြောင့် ကလေးကို ဒူးရင်းသီး စားပြီးတိုင်း ရေသေချာ တိုက်ပေးပါ။
ကလေးက တစ်နှစ် မပြည့်သေးဘူးဆိုရင်တော့ ဒူးရင်းသီးကို လုံးဝမကျွေးတာ အကောင်းဆုံးပါ။ ဒူးရင်းသီးက အစာကြေဖို့ ခက်သလို အနံ့အရသာ ပြင်းတာ၊ သကြားဓာတ် ပါဝင်မှုမြင့်တာတွေကို ကလေးကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။
အသက် ၁ နှစ် မပြည့်ခင်မှာ ဒူးရင်းသီး မကျွေးသင့်တဲ့ အကြောင်းအရင်း
ကလေးကို အသက် ၁ နှစ် မပြည့်ခင်မှာ ဒူးရင်းသီး မကျွေးပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း က ကလေးက သွားတွေ စုံအောင် မထွက်သေးဘူး။ တစ်နှစ်အရွယ်မှာ သွားပေါက်မြန်တဲ့ ဆိုတဲ့
ကလေးတစ်ယောက်အနေနဲ့တောင် သွားက ၁၀ ချောင်းပဲ ထွက်မှာပါ။ သွားပေါက်နှေးတဲ့ သားသားမီးမီးတို့ဆိုရင် ၂ ချောင်း ၃ ချောင်းအပြင် ပိုမရှိ နိုင်ပါဘူး။
ဒီလို သွားပမာဏ နည်းနည်းလေးက အမျှင်ဓာတ်များတဲ့ ဒူးရင်းသီးကို သေချာ ကြိတ်ဝါးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကလေးက အလွယ်တကူ မျိုချ လိုက်ပါ မယ်။ ဒီလိုမျိုချ တာက လည်ချောင်းမှာ အစာနင်တာ၊ လေပြွန်ပိတ် တာလို မျိုး ပြဿနာတွေ ခံစားရစေနို င်ပါတယ်။
အသက် ၁ နှစ်အောက် ကလေးရဲ့ လည်ချောင်း၊ လေပြွန်၊ အစာရေမျိုတွေက တော်တော်လေး သေးငယ်ပါသေး တယ်။ ဒါကြောင့် အသက် ၁ နှစ်အောက် ဘေဘီလေးကို အသက်ရှူကြပ်တဲ့ ပြဿနာမျိုး မဖြစ်စေဖို့ ဒူးရင်းသီး မကျွေးသင့် ပါဘူး။
No Comments