ေရာဂါပိုးေတြ ျပန႔္ပြားေနခ်ိန္ သင့္ကေလး ခုခံအားကို ျမႇင့္တင္ပါ။ - Amawpyay

ေရာဂါပိုးေတြ ျပန႔္ပြားေနခ်ိန္ သင့္ကေလး ခုခံအားကို ျမႇင့္တင္ပါ။

ေရာဂါပိုးေတြ ျပန႔္ပြားေနခ်ိန္ သင့္ကေလး ခုခံအားကို ျမႇင့္တင္ပါ။
Knowledge

ေရာဂါပိုးေတြ ျပန႔္ပြားေနခ်ိန္ သင့္ကေလး ခုခံအားကို ျမႇင့္တင္ပါ။

လူႀကီးေတြက တစ္ႏွစ္လုံးေနမွ တစ္ခါ ဖ်ားခဲေပမယ့္ ကေလးေတြ ကေတာ့ ခဏခဏ ဖ်ားတတ္ပါတယ္။ က်န္းမာပါတယ္ ဆိုတဲ့ ကေလးေတြေတာင္ တစ္ႏွစ္ကို ၃-၄ ေခါက္ ဖ်ားတတ္တာ သဘာဝပါ။

ဒါေပမယ့္ ခုလို ကိုဗစ္ကာလ မွာေတာ့ ေမေမေတြ အေနနဲ႔ ကိုယ္ကေလးကို နည္းနည္းေလးေတာင္မွ ဖ်ားေစခ်င္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ရာသီဥတုက မိုးဦးက် ျဖစ္လာၿပီ။ ကိုဗစ္အျပင္ ရာသီတုပ္ေကြး၊ ေသြးလြန္ တုပ္ေကြးေတြပါ ပါလာႏိုင္တယ္ အတြက္

မိဘေတြအေနနဲ႔ ကိုယ့္ကေလးကို ကာကြယ္ထားသင့္ပါၿပီ။ ဘာပဲျဖစ္ျဖစ္ ကာကြယ္ျခင္းက ကုသျခင္းထက္ ေကာင္းတာေၾကာင့္ ဒီအခ်ိန္မွာ ကေလးေတြကို ခုခံအားေကာင္းေအာင္ ထားေပးဖို႔ အႀကံေပးလိုပါတယ္။

ေရာဂါပိုး ေတြကို ခံႏိုင္ေအာင္ ခုခံအား ျမႇင့္တင္မယ္ဆိုရင္

အာဟာရျပည့္ေအာင္ ေကြၽးပါ။

ကေလး အသက္အ႐ြယ္ေပၚလိုက္ၿပီး သင့္ေတာ္တဲ့ အာဟာရရေအာင္ ေကြၽးေပးပါ။ မိခင္ႏို႔ကေတာ့ ကေလး အသက္ ၂ႏွစ္ေက်ာ္တဲ့ အထိ တိုက္လိုဘ႔ရပါတယ္။ အိမ္မွာ ျဖည့္စြက္စာ ခ်က္ေကြၽးမယ္ဆိုလည္း ရသလို ေစ်းကြက္ထဲမွာ ရွိတဲ့ အာဟာရျဖည့္စြက္ထားတဲ့ ျဖည့္စြက္စာ ေတြ ေကြၽးလို႔ရပါတယ္။

ကေလး တစ္ေန႔တာ စားတဲ့ အစားအစာထဲမွာ ကစီဓာတ္၊ အသားဓာတ္၊ အဆီဓာတ္ေတြ အျပင္ တျခား ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြပါ စုံလင္ေအာင္ ေကြၽးေပးပါ။ အထူးသျဖင့္ ကိုယ္ခံအား စနစ္ကို အေထာက္အပံ့ေပးႏိုင္တဲ့ ဗီတာမင္ေအ၊ ဗီတာမင္စီ၊ ဗီတာမင္အီး၊ သံဓာတ္၊ ဇင့္ စတာေတြ ေန႔တိုင္းပါေအာင္ ေကြၽးေပးပါ။

အိပ္ေရးဝဝအိပ္ခိုင္းပါ။

ကေလးေတြမွာ အိပ္ေရးပ်က္ရင္ natural killer cells လို႔ ေခၚတဲ့ ခုခံအားဆဲလ္ေတြ ထိခိုက္ၿပီး ဖ်ားနာလြယ္ပါတယ္။ ကေလးေတြက တစ္ေန႔ကို ၁၀နာရီေလာက္အိပ္ ဖို႔ လိုပါတယ္။ ေန႔လယ္ ဘက္ေတြမွာလည္း တစ္ေရး တစ္ေမာ အိပ္ႏိုင္ရင္ ပိုေကာင္း ပါတယ္။ ကေလးေတြကို ေစာေစာအိ ပ္ခိုင္းပါ။ တီဗြီၾကည့္တာေတြ၊ ဖုန္းသုံးတာေတြ ေလွ်ာ့ခိုင္းပါ။

ကာကြယ္ေဆး ထိုးေပးပါ။

အသက္အလိုက္ ထိုးရမယ့္ ကာကြယ္ေဆးေတြကို ပုံမွန္ထိုးေပးပါ။ ဒါ့ျပင္ ခုလို ကာလမွာ ရာသီတုပ္ေကြး ကာကြယ္ေဆး ထိုးႏိုင္ရင္ ေကာင္းပါတယ္။ အသက္ ၆လေက်ာ္တာနဲ႔ ထိုးလို႔ရပါၿပီ။ အသက္ ၆လနဲ႔ ၉ႏွစ္ၾကား တစ္ခါမွ မထိုးဘူးရင္ တစ္လျခားၿပီး ၂ခါထိုးပါ။ အရင္ႏွစ္က ထိုးထားဖူးရင္ တစ္ခါပဲထိုးလို႔ရပါတယ္။ ကေလးေတြကို ကာကြယ္ေဆးထိုးခ ါနီး ဆရာဝန္နဲ႔ တိုင္ပင္ပါ။

လက္ေဆးပါ။

လက္ေဆးျခင္းနဲ႔ တစ္ကိုယ္ေရသန႔္ရွင္းတာဟာ ကေလးေတြကို ေရာဂါျဖစ္ေစႏိုင္တဲ့ ဗိုင္းရပ္စ္၊ ဘက္တီးရီးယားပိုးေတြရန္ အႏၲရာယ္ကေန ကာကြယ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးကို ေရနဲ႔ ဆပ္ျပာသုံးၿပီး ေသခ်ာလက္ေဆးတတ္ေအာင္ သင္ေပးပါ။ ဘယ္အခ်ိန္ေတြမွာ လက္ေဆးရမယ္ ဆိုတာကိုပါ ေျပာျပေပးပါ။

ဆက္စပ္ၿပီး ေျပာရရင္ ဒီလိုကာလမွာ လက္ေဆးတာအျပင္ ႏွာေခါင္းစည္း တပ္ဖို႔ကိုပါ အႀကံေပးလိုပါတယ္။ ကေလးေတြကိုလည္း အျပင္ေခၚသြားမယ္ဆိုရင္ သူတို႔နဲ႔ လိုက္ဖက္တဲ့ အ႐ြယ္အစားရွိတဲ့ ႏွာေခါင္းစည္းေတြ တပ္ေပးဖို႔ မေမ့ပါနဲ႔ေနာ္။

ေလ့က်င့္ခန္း လုပ္ပါေစ။
ေလ့က်င့္ခန္း လုပ္တာက ေသြးလည္ပတ္မႈကို ေကာင္းေစၿပီး စိတ္ဖိစီးမႈကို ေလွ်ာ့က်ေစတဲ့အတြက္ ခုခံအားကို တက္ေစပါတယ္။ ဒီကာလမွာ ကေလးေတြက အိမ္တြင္းပုန္းရတဲ့အတြက္ လႈပ္လႈပ္ရွားရွား ေနဖို႔ေတာင္ ခက္ခဲမွာပါ။ ဒါေၾကာင့္ သမား႐ိုးက် ေလ့က်င့္ခန္းေတြ အျပင္ သီခ်င္းဖြင့္ၿပီး ကတာတို႔၊ လႈပ္လႈပ္ရွားရွား ကစားရတဲ့ နည္းတို႔ကို သုံးလို႔ရပါတယ္။

ပတ္ဝန္းက်င္ သန္႔ရွင္းပါေစ။

ပတ္ဝန္းက်င္ သန္႔ရွင္းပါေစ ဆိုတာက ကေလးနားမွာ ခုခံအားက်ေစတဲ့ ကိစၥေတြကို ေရွာင္ခိုင္းတာပါ။ ဥပမာ ေျပာရမယ္ဆိုရင္ ကေလးနားမွာ ေဆးလိပ္ေသာက္တာမ်ိဳးေပါ့။ ကေလးေတြ တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ေၾကာင့္ အဆုတ္ရဲ႕ ခုခံအား စနစ္ကို ထိခိုက္ၿပီး ေရာဂါပိုး ဝင္လြယ္မွာပါ။

ေနာက္ၿပီး ခုလိုအခ်ိန္မွာ တတ္ႏိုင္ရင္ ဧည့္သည္ လက္မခံပါနဲ႔။ ဧည့္သည္လာရင္လည္း ကေလးနဲ႔ ေဝးေဝးထားပါ။ လက္မေဆးဘဲ၊ ႏွာေခါင္းစည္း မတပ္ဘဲ ကေလးနား မကပ္ပါေစနဲ႔။

ကေလးကို ခ်ီျခင္း၊ ေပြ႕ဖက္နမ္းရႈံ႕ျခင္းကိုလည္း ေရွာင္ၾကဥ္ခိုင္းပါ။ အိမ္မွာ ေနမေကာင္းတဲ့သူ ရွိရင္လည္း ကေလးက အနားမကပ္ေအာင္ ေသခ်ာ မွာထားပါ။

အေပၚမွာ ေျပာထားတဲ့ နည္းလမ္းေတြထဲမွာ ခုခံအား တက္ေစတဲ့ နည္းလမ္းေတြလည္း ပါသလို၊ ခုခံအား မက်ေအာင္ ကာကြယ္တဲ့ နည္းလမ္းေတြလည္း ပါပါတယ္။ ဘာပဲျဖစ္ျဖစ္ ကေလးကို မဖ်ား မနာေအာင္ ႀကိဳတင္ကာကြယ္ထားတာက ပိုေကာင္းတယ္လို႔ ေျပာခ်င္ပါတယ္။

ခရက္ဒစ္

ယူနီကုတ္

ရောဂါပိုးတွေ ပြန့်ပွားနေချိန် သင့်ကလေး ခုခံအားကို မြှင့်တင်ပါ။

လူကြီးတွေက တစ်နှစ်လုံးနေမှ တစ်ခါ ဖျားခဲပေမယ့် ကလေးတွေ ကတော့ ခဏခဏ ဖျားတတ်ပါတယ်။ ကျန်းမာပါတယ် ဆိုတဲ့ ကလေးတွေတောင် တစ်နှစ်ကို ၃-၄ ခေါက် ဖျားတတ်တာ သဘာဝပါ။

ဒါပေမယ့် ခုလို ကိုဗစ်ကာလ မှာတော့ မေမေတွေ အနေနဲ့ ကိုယ်ကလေးကို နည်းနည်းလေးတောင်မှ ဖျားစေချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီဥတုက မိုးဦးကျ ဖြစ်လာပြီ။ ကိုဗစ်အပြင် ရာသီတုပ်ကွေး၊ သွေးလွန် တုပ်ကွေးတွေပါ ပါလာနိုင်တယ် အတွက်

မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကာကွယ်ထားသင့်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတာကြောင့် ဒီအချိန်မှာ ကလေးတွေကို ခုခံအားကောင်းအောင် ထားပေးဖို့ အကြံပေးလိုပါတယ်။

ရောဂါပိုး တွေကို ခံနိုင်အောင် ခုခံအား မြှင့်တင်မယ်ဆိုရင်

အာဟာရပြည့်အောင် ကျွေးပါ။

ကလေး အသက်အရွယ်ပေါ်လိုက်ပြီး သင့်တော်တဲ့ အာဟာရရအောင် ကျွေးပေးပါ။ မိခင်နို့ကတော့ ကလေး အသက် ၂နှစ်ကျော်တဲ့ အထိ တိုက်လိုဘ့ရပါတယ်။ အိမ်မှာ ဖြည့်စွက်စာ ချက်ကျွေးမယ်ဆိုလည်း ရသလို ဈေးကွက်ထဲမှာ ရှိတဲ့ အာဟာရဖြည့်စွက်ထားတဲ့ ဖြည့်စွက်စာ တွေ ကျွေးလို့ရပါတယ်။

ကလေး တစ်နေ့တာ စားတဲ့ အစားအစာထဲမှာ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်တွေ အပြင် တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ စုံလင်အောင် ကျွေးပေးပါ။ အထူးသဖြင့် ကိုယ်ခံအား စနစ်ကို အထောက်အပံ့ပေးနိုင်တဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ သံဓာတ်၊ ဇင့် စတာတွေ နေ့တိုင်းပါအောင် ကျွေးပေးပါ။

အိပ်ရေးဝဝအိပ်ခိုင်းပါ။

ကလေးတွေမှာ အိပ်ရေးပျက်ရင် natural killer cells လို့ ခေါ်တဲ့ ခုခံအားဆဲလ်တွေ ထိခိုက်ပြီး ဖျားနာလွယ်ပါတယ်။ ကလေးတွေက တစ်နေ့ကို ၁၀နာရီလောက်အိပ် ဖို့ လိုပါတယ်။ နေ့လယ် ဘက်တွေမှာလည်း တစ်ရေး တစ်မော အိပ်နိုင်ရင် ပိုကောင်း ပါတယ်။ ကလေးတွေကို စောစောအိ ပ်ခိုင်းပါ။ တီဗွီကြည့်တာတွေ၊ ဖုန်းသုံးတာတွေ လျှော့ခိုင်းပါ။

ကာကွယ်ဆေး ထိုးပေးပါ။

အသက်အလိုက် ထိုးရမယ့် ကာကွယ်ဆေးတွေကို ပုံမှန်ထိုးပေးပါ။ ဒါ့ပြင် ခုလို ကာလမှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနိုင်ရင် ကောင်းပါတယ်။ အသက် ၆လကျော်တာနဲ့ ထိုးလို့ရပါပြီ။ အသက် ၆လနဲ့ ၉နှစ်ကြား တစ်ခါမှ မထိုးဘူးရင် တစ်လခြားပြီး ၂ခါထိုးပါ။ အရင်နှစ်က ထိုးထားဖူးရင် တစ်ခါပဲထိုးလို့ရပါတယ်။ ကလေးတွေကို ကာကွယ်ဆေးထိုးခ ါနီး ဆရာဝန်နဲ့ တိုင်ပင်ပါ။

လက်ဆေးပါ။

လက်ဆေးခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းတာဟာ ကလေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးတွေရန် အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာလက်ဆေးတတ်အောင် သင်ပေးပါ။ ဘယ်အချိန်တွေမှာ လက်ဆေးရမယ် ဆိုတာကိုပါ ပြောပြပေးပါ။

ဆက်စပ်ပြီး ပြောရရင် ဒီလိုကာလမှာ လက်ဆေးတာအပြင် နှာခေါင်းစည်း တပ်ဖို့ကိုပါ အကြံပေးလိုပါတယ်။ ကလေးတွေကိုလည်း အပြင်ခေါ်သွားမယ်ဆိုရင် သူတို့နဲ့ လိုက်ဖက်တဲ့ အရွယ်အစားရှိတဲ့ နှာခေါင်းစည်းတွေ တပ်ပေးဖို့ မမေ့ပါနဲ့နော်။

လေ့ကျင့်ခန်း လုပ်ပါစေ။
လေ့ကျင့်ခန်း လုပ်တာက သွေးလည်ပတ်မှုကို ကောင်းစေပြီး စိတ်ဖိစီးမှုကို လျှော့ကျစေတဲ့အတွက် ခုခံအားကို တက်စေပါတယ်။ ဒီကာလမှာ ကလေးတွေက အိမ်တွင်းပုန်းရတဲ့အတွက် လှုပ်လှုပ်ရှားရှား နေဖို့တောင် ခက်ခဲမှာပါ။ ဒါကြောင့် သမားရိုးကျ လေ့ကျင့်ခန်းတွေ အပြင် သီချင်းဖွင့်ပြီး ကတာတို့၊ လှုပ်လှုပ်ရှားရှား ကစားရတဲ့ နည်းတို့ကို သုံးလို့ရပါတယ်။

ပတ်ဝန်းကျင် သန့်ရှင်းပါစေ။

ပတ်ဝန်းကျင် သန့်ရှင်းပါစေ ဆိုတာက ကလေးနားမှာ ခုခံအားကျစေတဲ့ ကိစ္စတွေကို ရှောင်ခိုင်းတာပါ။ ဥပမာ ပြောရမယ်ဆိုရင် ကလေးနားမှာ ဆေးလိပ်သောက်တာမျိုးပေါ့။ ကလေးတွေ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ရဲ့ ခုခံအား စနစ်ကို ထိခိုက်ပြီး ရောဂါပိုး ဝင်လွယ်မှာပါ။

နောက်ပြီး ခုလိုအချိန်မှာ တတ်နိုင်ရင် ဧည့်သည် လက်မခံပါနဲ့။ ဧည့်သည်လာရင်လည်း ကလေးနဲ့ ဝေးဝေးထားပါ။ လက်မဆေးဘဲ၊ နှာခေါင်းစည်း မတပ်ဘဲ ကလေးနား မကပ်ပါစေနဲ့။

ကလေးကို ချီခြင်း၊ ပွေ့ဖက်နမ်းရှုံ့ခြင်းကိုလည်း ရှောင်ကြဉ်ခိုင်းပါ။ အိမ်မှာ နေမကောင်းတဲ့သူ ရှိရင်လည်း ကလေးက အနားမကပ်အောင် သေချာ မှာထားပါ။

အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတွေထဲမှာ ခုခံအား တက်စေတဲ့ နည်းလမ်းတွေလည်း ပါသလို၊ ခုခံအား မကျအောင် ကာကွယ်တဲ့ နည်းလမ်းတွေလည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးကို မဖျား မနာအောင် ကြိုတင်ကာကွယ်ထားတာက ပိုကောင်းတယ်လို့ ပြောချင်ပါတယ်။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …