
အိပ္ေရးပ်က္တာေတြ မ်ားလာတဲ့အခါ ဘာေတြ ျဖစ္လာႏိုင္လဲ။
လူေတြဟာ ေန႔စဥ္ေန႔တိုင္း စိတ္ေရာကိုယ္ပါ က်န္းမာေနဖို ႔အတြက္ အိပ္စက္ေပးဖို႔ လိုအပ္ ပါတယ္။ အ႐ြယ္ေရာက္ၿပီးသား လူတစ္ေယာက္ အေနနဲ႔ တစ္ေန႔ကို အနည္းဆုံး ၈နာရီေလာက္ အိပ္ေပးမွ တက္ႂကြ လန္းဆန္းတဲ့ ေန႔ရက္ေလးေတြ ရရွိမွာ ျဖစ္ပါတယ္။
တစ္ခါတစ္ေလ အိပ္ေရးပ်က္တာက အရမ္းႀကီး ျပႆနာမရွိေပမယ့္ အိပ္ေရးပ်က္တာ မ်ားလာတဲ့အခါ ကိုယ္ခႏၶာ အတြက္ေရာ၊ စိတ္ခံစားခ်က္ေတြ ပါ သိသိသာသာ ထိခိုက္လာ ႏိုင္ပါ တယ္။ ဒီေန႔မွာေတာ့ sleep deprivation လို႔ေခၚတဲ့ အိပ္ေရး ပ်က္တာ၊ မအိပ္တာ ၾကာလာတဲ့ အခါမွာ အဆင့္ဆင့္ဘာေတြ ျဖစ္လာႏိုင္လဲ ဆိုတာ ေလးေတြကို မွ်ေဝေပး သြားခ်င္ ပါတယ္။
လူတစ္ေယာက္နဲ႔ တစ္ေယာက္ တည္ေဆာက္ ပုံေရာ၊ ခံႏိုင္ရည္ ရွိမႈေရာ မတူညီတဲ့ အတြက္ ျဖစ္ႏိုင္တဲ့ အေျခအေနေလးေတြ အနည္းငယ္ ကြဲျပား ႏိုင္ပါ တယ္။ အခု ဒီေဆာင္းပါးေလးမွာ ကေတာ့ သာမာန္၊ ေယ်ဘုယ်အားျဖင့္ လူေတြမွာ ဘယ္ႏွနာရီေလာက္ မအိပ္ရင္ ဘယ္လိုေတြ ျဖစ္လာ ႏိုင္တယ္ ဆိုတာေလးေတြ ေျပာျပ သြားမွာပါ။
၁။ မအိပ္ဘဲေနတာ ၂၄ နာရီ (၁ရက္) ၾကာတဲ့အခါ။
ပင္ပန္းႏြမ္းနယ္ၿပီး၊ အိပ္ငိုက္လာမယ္၊ ႏႈံးလာမယ္။ ဒါ့အျပင္ စိတ္တိုလြယ္ၿပီး၊ အာ႐ုံစူးစိုက္ရခက္ခဲျခင္း၊ စိတ္ဖိစီးမႈမ်ားလာျခင္း၊ စိတ္ဆတ္လာျခင္း၊ လက္တုန္ျခင္း၊ accident ျဖစ္ႏိုင္ေျခမ်ားျခင္း၊ မ်က္ကြင္းညိဳၿပီး ခ်ိဳင့္လာျခင္း စတဲ့ ဆိုးက်ိဳးေတြ ျဖစ္လာ မွာပါ။
ဒါ့ေၾကာင့္ မအိပ္ ဘဲေနတာ တစ္ရက္ၾကာတဲ့ သူေတြဟာ ေသြးထဲမွာ alcohol ပမာဏ 0.1 % ရွိေနတဲ့ သူေတြနဲ႔တူတယ္လို႔ ေျပာၾက ပါတယ္။ alcohol 0.1 % ဟာ တရားဝင္ ကားမေမာင္းဖို႔ တားျမစ္ထားတဲ့ ပမာဏထက္ေတာင္ ပိုမ်ားတာကို ေတြ႕ရ ပါတယ္။
၂။ မအိပ္တာ ၃၆ နာရီ ၾကာတဲ့အခါ။
မအိပ္ဘဲေနတာ ၁ရက္ခြဲေလာက္ ရွိတဲ့ အခါ ခံစားရတဲ့ လကၡဏာေတြက ပိုၿပီးျပင္းထန္ လာပါတယ္။ လိုအပ္တဲ့ အိပ္စက္ခ်ိန္ မရွိတဲ့အတြက္ ဦးေႏွာက္ရဲ႕ အစိတ္အပိုင္းေတြကလည္း တစ္ခုနဲ႔ တစ္ခု ေကာင္းေကာင္းမခ်ိတ္ဆက္ ႏိုင္ေတာ့ ပါဘူး။
ဒါ့ေၾကာင့္ မွတ္ဉာဏ္ေတြ မေကာင္းေတာ့တာ၊ သင္ယူႏိုင္စြမ္းေတြ ေလ်ာ့က်လာတာ၊ ဆုံးျဖတ္ႏိုင္စြမ္း က်ဆင္းလာတာေတြအျပင္ ခႏၶာကိုယ္ကလည္း လိုက္ေလ်ာညီေထြလုပ္ႏိုင္စြမ္းေတြ မရွိေတာ့ဘဲ အမွားေတြအမ်ားႀကီး ျဖစ္လာ တတ္ပါ တယ္။
ဒါ့အျပင္ မအိပ္တာ ၁ရက္ေက်ာ္ သြားတဲ့ အခါ ခႏၶာကိုယ္က အိပ္စက္ျခင္းကို အျပင္းအထန္ေတာင္း ဆိုလာၿပီး microsleep လို႔ေခၚတဲ့ သတိမထား လိုက္မိဘဲ ခဏေလး (စကၠန႔္ ၃၀ေလာက္) ေမွးၿပီး အိပ္ေပ်ာ္သြားတာမ်ိဳးေတြ ျဖစ္လာ ပါတယ္။
အစားစားခ်င္ စိတ္ေတြ မ်ားလာျခင္း၊ ခုခံအားေတြ က်ျခင္းနဲ႔ ပင္ပန္းႏြမ္းနယ္ျခင္း ေတြကိုလည္း ႀကဳံေတြ႕ရႏိုင္ ပါတယ္။
၃။ မအိပ္တာ ၄၈နာရီ ေက်ာ္တဲ့အခါ။
မအိပ္ဘဲေနတာ ၂ရက္ေက်ာ္သြားၿပီဆိုရင္ေတာ့ extreme sleep deprivation လို႔ေခၚပါတယ္။ ဆိုလိုတာကေတာ့ သာလြန္အဆင့္ ျဖစ္သြားၿပီေပါ့။ အဲဒီအဆင့္ကို ေရာက္လာၿပီ ဆိုရင္ေတာ့ ႏိုးႏိုးၾကားၾကားေနဖို႔ ပိုခက္ခဲလာၿပီး Microsleep ေလးေတြ ပိုျဖစ္လာ ပါတယ္။
ဒါ့အျပင္ hallucination လို႔ေခၚတဲ့ အမွန္တကယ္မရွိတဲ့အရာေတြကို စၿပီး ျမင္လာ၊ ၾကားလာ၊ ခံစားလာရႏိုင္ပါတယ္။ အားအင္ကုန္ခမ္းၿပီး စိတ္ပူပန္ လာမယ္၊ လူနဲ႔ စိတ္မကပ္ဘဲ ဂေယာင္ေျခာက္ျခားေတြလည္း ျဖစ္လာႏိုင္ ပါတယ္။
၄။ မအိပ္တာ ၇၂နာရီ ေက်ာ္လာတဲ့အခါ။
ဒီလို အခ်ိန္မွာေတာ့ အေရွ႕မွာ ေဖာ္ျပထားတဲ့ လကၡဏာေတြက ပိုပို ဆိုးလာၿပီး hallucination အျပင္ ပိုရႈပ္ေထြးတဲ့ delusion (ထင္ေယာင္ထင္မွား ယုံၾကည္မႈ) လို႔ေခၚတဲ့ မျဖစ္ႏိုင္တဲ့ အရာ၊ မွားေနတဲ့အရာကို ဇြတ္ယုံၾကည္ေနတဲ့ လကၡဏာ၊ Illusion လို႔ေခၚတဲ့ အျမင္မွားျခင္း လကၡဏာေတြပါ ျဖစ္လာ ႏိုင္ပါတယ္။
၅။ မအိပ္တာ ၉၆နာရီ ၾကာတဲ့အခါ။
မအိပ္တာ ၄ရက္ရွိၿပီ ဆိုရင္ေတာ့ ခံစားရတဲ့ ျပသနာေတြ ပိုဆိုးလာတဲ့ အျပင္ sleep deprivation psychosis လို႔ေခၚတဲ့ အိပ္ေရးအပ်က္ လြန္ၿပီး စိတ္မမွန္ေတာ့တဲ့ အေျခအေနျဖစ္ သြားႏိုင္ ပါတယ္။
မ်ားေသာအားျဖင့္ေတာ့ အိပ္ေရး ပ်က္တာေၾကာင့္ ျဖစ္တဲ့ လကၡဏာေတြဟာ အိပ္ေရး၀၀ျပန္အိပ္လိုက္မယ္ဆိုရင္ သက္သာ သြားႏိုင္ ပါတယ္။
ဒါေပမယ့္ ဒီလို အိပ္ေရးပ်က္တဲ့ အတြက္ ျဖစ္လာႏိုင္တဲ့ က်န္းမာေရးနဲ႔ လူမႈေရးဆိုင္ရာ ဆိုးက်ိဳးေတြ၊ အမွားလုပ္ မိတာေတြ၊ မေတာ္တဆ ျဖစ္ႏိုင္ေခ်ေတြ အရမ္းမ်ား တာေၾကာင့္ လူတိုင္းလူတိုင္း ဘယ္ေလာက္ပဲ အလုပ္ေတြရႈပ္ရႈပ္ ခႏၶာကိုယ္ အတြက္ မရွိမျဖစ္ လိုအပ္တဲ့ အိပ္စက္ျခင္း ကိုေတာ့ မျဖစ္မေန အခ်ိန္ေပးၾကဖို႔ သတိေပး ခ်င္ပါ တယ္။
ေရးသားသူ – Khine Phoo Ngon
ခရက္ဒစ္
ယူနီကုတ္
အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။
လူတွေဟာ နေ့စဉ်နေ့တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့အတွက် အိပ်စက်ပေးဖို့ လိုအပ် ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက် အနေနဲ့ တစ်နေ့ကို အနည်းဆုံး ၈နာရီလောက် အိပ်ပေးမှ တက်ကြွ လန်းဆန်းတဲ့ နေ့ရက်လေးတွေ ရရှိမှာ ဖြစ်ပါတယ်။
တစ်ခါတစ်လေ အိပ်ရေးပျက်တာက အရမ်းကြီး ပြဿနာမရှိပေမယ့် အိပ်ရေးပျက်တာ များလာတဲ့အခါ ကိုယ်ခန္ဓာ အတွက်ရော၊ စိတ်ခံစားချက်တွေ ပါ သိသိသာသာ ထိခိုက်လာ နိုင်ပါ တယ်။ ဒီနေ့မှာတော့ sleep deprivation လို့ခေါ်တဲ့ အိပ်ရေး ပျက်တာ၊ မအိပ်တာ ကြာလာတဲ့ အခါမှာ အဆင့်ဆင့်ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာ လေးတွေကို မျှဝေပေး သွားချင် ပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက် တည်ဆောက် ပုံရော၊ ခံနိုင်ရည် ရှိမှုရော မတူညီတဲ့ အတွက် ဖြစ်နိုင်တဲ့ အခြေအနေလေးတွေ အနည်းငယ် ကွဲပြား နိုင်ပါ တယ်။ အခု ဒီဆောင်းပါးလေးမှာ ကတော့ သာမာန်၊ ယျေဘုယျအားဖြင့် လူတွေမှာ ဘယ်နှနာရီလောက် မအိပ်ရင် ဘယ်လိုတွေ ဖြစ်လာ နိုင်တယ် ဆိုတာလေးတွေ ပြောပြ သွားမှာပါ။
၁။ မအိပ်ဘဲနေတာ ၂၄ နာရီ (၁ရက်) ကြာတဲ့အခါ။
ပင်ပန်းနွမ်းနယ်ပြီး၊ အိပ်ငိုက်လာမယ်၊ နှုံးလာမယ်။ ဒါ့အပြင် စိတ်တိုလွယ်ပြီး၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ စိတ်ဖိစီးမှုများလာခြင်း၊ စိတ်ဆတ်လာခြင်း၊ လက်တုန်ခြင်း၊ accident ဖြစ်နိုင်ခြေများခြင်း၊ မျက်ကွင်းညိုပြီး ချိုင့်လာခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်လာ မှာပါ။
ဒါ့ကြောင့် မအိပ် ဘဲနေတာ တစ်ရက်ကြာတဲ့ သူတွေဟာ သွေးထဲမှာ alcohol ပမာဏ 0.1 % ရှိနေတဲ့ သူတွေနဲ့တူတယ်လို့ ပြောကြ ပါတယ်။ alcohol 0.1 % ဟာ တရားဝင် ကားမမောင်းဖို့ တားမြစ်ထားတဲ့ ပမာဏထက်တောင် ပိုများတာကို တွေ့ရ ပါတယ်။
၂။ မအိပ်တာ ၃၆ နာရီ ကြာတဲ့အခါ။
မအိပ်ဘဲနေတာ ၁ရက်ခွဲလောက် ရှိတဲ့ အခါ ခံစားရတဲ့ လက္ခဏာတွေက ပိုပြီးပြင်းထန် လာပါတယ်။ လိုအပ်တဲ့ အိပ်စက်ချိန် မရှိတဲ့အတွက် ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကလည်း တစ်ခုနဲ့ တစ်ခု ကောင်းကောင်းမချိတ်ဆက် နိုင်တော့ ပါဘူး။
ဒါ့ကြောင့် မှတ်ဉာဏ်တွေ မကောင်းတော့တာ၊ သင်ယူနိုင်စွမ်းတွေ လျော့ကျလာတာ၊ ဆုံးဖြတ်နိုင်စွမ်း ကျဆင်းလာတာတွေအပြင် ခန္ဓာကိုယ်ကလည်း လိုက်လျောညီထွေလုပ်နိုင်စွမ်းတွေ မရှိတော့ဘဲ အမှားတွေအများကြီး ဖြစ်လာ တတ်ပါ တယ်။
ဒါ့အပြင် မအိပ်တာ ၁ရက်ကျော် သွားတဲ့ အခါ ခန္ဓာကိုယ်က အိပ်စက်ခြင်းကို အပြင်းအထန်တောင်း ဆိုလာပြီး microsleep လို့ခေါ်တဲ့ သတိမထား လိုက်မိဘဲ ခဏလေး (စက္ကန့် ၃၀လောက်) မှေးပြီး အိပ်ပျော်သွားတာမျိုးတွေ ဖြစ်လာ ပါတယ်။
အစားစားချင် စိတ်တွေ များလာခြင်း၊ ခုခံအားတွေ ကျခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်း တွေကိုလည်း ကြုံတွေ့ရနိုင် ပါတယ်။
၃။ မအိပ်တာ ၄၈နာရီ ကျော်တဲ့အခါ။
မအိပ်ဘဲနေတာ ၂ရက်ကျော်သွားပြီဆိုရင်တော့ extreme sleep deprivation လို့ခေါ်ပါတယ်။ ဆိုလိုတာကတော့ သာလွန်အဆင့် ဖြစ်သွားပြီပေါ့။ အဲဒီအဆင့်ကို ရောက်လာပြီ ဆိုရင်တော့ နိုးနိုးကြားကြားနေဖို့ ပိုခက်ခဲလာပြီး Microsleep လေးတွေ ပိုဖြစ်လာ ပါတယ်။
ဒါ့အပြင် hallucination လို့ခေါ်တဲ့ အမှန်တကယ်မရှိတဲ့အရာတွေကို စပြီး မြင်လာ၊ ကြားလာ၊ ခံစားလာရနိုင်ပါတယ်။ အားအင်ကုန်ခမ်းပြီး စိတ်ပူပန် လာမယ်၊ လူနဲ့ စိတ်မကပ်ဘဲ ဂယောင်ခြောက်ခြားတွေလည်း ဖြစ်လာနိုင် ပါတယ်။
၄။ မအိပ်တာ ၇၂နာရီ ကျော်လာတဲ့အခါ။
ဒီလို အချိန်မှာတော့ အရှေ့မှာ ဖော်ပြထားတဲ့ လက္ခဏာတွေက ပိုပို ဆိုးလာပြီး hallucination အပြင် ပိုရှုပ်ထွေးတဲ့ delusion (ထင်ယောင်ထင်မှား ယုံကြည်မှု) လို့ခေါ်တဲ့ မဖြစ်နိုင်တဲ့ အရာ၊ မှားနေတဲ့အရာကို ဇွတ်ယုံကြည်နေတဲ့ လက္ခဏာ၊ Illusion လို့ခေါ်တဲ့ အမြင်မှားခြင်း လက္ခဏာတွေပါ ဖြစ်လာ နိုင်ပါတယ်။
၅။ မအိပ်တာ ၉၆နာရီ ကြာတဲ့အခါ။
မအိပ်တာ ၄ရက်ရှိပြီ ဆိုရင်တော့ ခံစားရတဲ့ ပြသနာတွေ ပိုဆိုးလာတဲ့ အပြင် sleep deprivation psychosis လို့ခေါ်တဲ့ အိပ်ရေးအပျက် လွန်ပြီး စိတ်မမှန်တော့တဲ့ အခြေအနေဖြစ် သွားနိုင် ပါတယ်။
များသောအားဖြင့်တော့ အိပ်ရေး ပျက်တာကြောင့် ဖြစ်တဲ့ လက္ခဏာတွေဟာ အိပ်ရေး၀၀ပြန်အိပ်လိုက်မယ်ဆိုရင် သက်သာ သွားနိုင် ပါတယ်။
ဒါပေမယ့် ဒီလို အိပ်ရေးပျက်တဲ့ အတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေ၊ အမှားလုပ် မိတာတွေ၊ မတော်တဆ ဖြစ်နိုင်ချေတွေ အရမ်းများ တာကြောင့် လူတိုင်းလူတိုင်း ဘယ်လောက်ပဲ အလုပ်တွေရှုပ်ရှုပ် ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်တဲ့ အိပ်စက်ခြင်း ကိုတော့ မဖြစ်မနေ အချိန်ပေးကြဖို့ သတိပေး ချင်ပါ တယ်။
ရေးသားသူ – Khine Phoo Ngon
No Comments