မိုးေရ ခ်ိဳးျခင္း ရဲ႕ အက်ိဳးေက်းဇူးေတြ သိထားၿပီးၿပီလား - Amawpyay

မိုးေရ ခ်ိဳးျခင္း ရဲ႕ အက်ိဳးေက်းဇူးေတြ သိထားၿပီးၿပီလား

မိုးေရ ခ်ိဳးျခင္း ရဲ႕ အက်ိဳးေက်းဇူးေတြ သိထားၿပီးၿပီလား
Health

မိုးေရ ခ်ိဳးျခင္း ရဲ႕ အက်ိဳးေက်းဇူးေတြ သိထားၿပီးၿပီလား

မိုး႐ြာရင္ မိုးေရခ်ိဳးမယ္ ဆိုတဲ့ သီခ်င္းေလး ဆိုဆိုၿပီး ငယ္တည္းက မိုးေရထဲ ေျပးလႊားၾက၊ ေပ်ာ္ခဲ့ၾကတယ္ မဟုတ္လား။ တခ်ိဳ႕မိဘေတြ ကေတာ့ အေအးမိမွာစိုး၊ ထိခိုက္မွာစိုးၿပီး ေပးမထြက္ ၾကဘူးေလ။ ဒါေပမယ့္ မိုးေရက သုံးလို႔ေကာင္းတာ၊ သန႔္စင္တာ၊ အရသာေကာင္း တာ စတဲ့ အခ်က္ေတြေၾကာင့္ မိုးေရေတြကို အိမ္မွာ သိမ္းဆည္း၊ သုံးစြဲတတ္ၾကပါတယ္။

ေရွးလူႀကီးေတြ ဆိုရင္ မိုးတြင္း ေရာက္တာနဲ႔ မိုးေရ ခံၿပီး အိုးႀကီးအိုးငယ္နဲ႔ ေသာက္သုံးေရ သိုေလွာင္တတ္ၾကပါတယ္။ မိုးေရကို က်ိဳေသာက္တဲ့ ေရေႏြးၾကမ္းက သိပ္ၿပီး အရသာေကာင္း ပါတယ္တဲ့။

ဒါ့ေၾကာင့္မို႔ မိုးေရကေန ရမယ့္ အက်ိဳးေက်းဇူးေတြ အေၾကာင္းကို ပိုၿပီးသိခ်င္ လာမိ တာေပါ့။ မိုးရာသီ ရဲ႕ ေပ်ာ္စရာ တစ္ခုအျဖစ္ မိုးေရခ်ိဳးျခင္းက ထိပ္ဆုံးက ပါဝင္ေန တာပဲေလ။

မိုးေရ ဘာလို႔ ခ်ိဳးသင့္တာလဲ

မိုးေရခ်ိဳးတယ္ ဆိုတာ မိုးထဲ ေျပးထြက္ၿပီး ခ်ိဳးတာခ်ည္းပဲ မဟုတ္ပါဘူး။ ေရတံေလွ်ာက္နဲ႔ ေရခံထားတဲ့ မိုးေရကို ခ်ိဳးတာလည္း အတူတူပါပဲ။ ဘယ္လိုပဲ ခ်ိဳးခ်ိဳး မိုးေရ ေၾကာင့္ ရရွိလာမယ့္ အက်ိဳးေက်းဇူး တခ်ိဳ႕ကို လက္လွမ္းမီ သေလာက္ ေဖာ္ျပေပး လိုက္ပါတယ္။

မိတ္ ေပ်ာက္တယ္

ဒါက လူသိအမ်ားဆုံး အက်ိဳးေက်းဇူး တစ္ခုပါ။ ေႏြတုန္းက အပူဒဏ္ေၾကာင့္ အေရျပားမွာ ျဖစ္ေနတဲ့ မိတ္ေတြကို အျမန္ဆုံး သက္သာ သြားေစတာ မိုးေရ ပါပဲ။ မိုးေရခ်ိဳး လိုက္ရင္ မိတ္ေၾကာင့္ ယားယံေနတာေတြ သက္သာၿပီး ခ်ပ္ရပ္ေစမယ္၊ အသားေအးသြား ပါလိမ့္မယ္။

မိတ္ဖုေတြ ကေန က်န္ရစ္ခဲ့တဲ့ အမာ႐ြတ္ေတြ ကိုလည္း မိုးေရ ေၾကာင့္ တျဖည္းျဖည္း ေလ်ာ့ပါး သက္သာသြားေစႏိုင္ ပါတယ္။

အေရျပား ကို သန႔္စင္ေစတယ္

မိုးေရ ရဲ႕ မူလသဘာဝ ကိုက soft water ျဖစ္တဲ့ အေပ်ာ့စားေရ ျဖစ္ၿပီး ေရထုညစ္ညမ္းမႈ ပိုနည္းပါတယ္။ မိုးေရနဲ႔ ခ်ိဳးတဲ့ အခါ အသားအေရမွာ ပိုၿပီး သန႔္စင္တာ၊ ပိုလန္းဆန္းေစတာ ခံစားမိ မွာပါ။ ပန္းကန္ ေဆးေၾကာ၊ အဝတ္ေလွ်ာ္တဲ့ အခါပဲ အရင္စမ္ းၾကည့္ပါ၊ ဆပ္ျပာ သိပ္မလိုဘဲ ပိုသန႔္စင္လြယ္တာ ကို သတိထားမိပါလိမ့္မယ္။

မိုးေရနဲ႔ မ်က္ႏွာသစ္ရင္ ဘက္တီးရီးယားေတြ ဖယ္ရွားႏိုင္ၿပီး ဝက္ၿခံေတာင္ ကာကြယ္ႏိုင္တယ္ လို႔ သိရပါတယ္။

အေၾကာအျခင္ ေျပေစတယ္

အေၾကာတက္ေနရင္ ေျခေထာက္ ကို ေရေလာင္း ၾကတယ္ မဟုတ္လား။ မိုးေရခ်ိဳးၿပီးတဲ့ အခါ အေၾကာေတြ ေျပၿပီး တစ္ကိုယ္လုံး ေအးေအးေလး နဲ႔ ေနလို႔ ေကာင္းသြားပါလိမ့္မယ္။ ဒါလည္း မိုးေရခ်ိဳးျခင္း ရဲ႕ ေကာင္းက်ိဳး တစ္ခု ပါပဲ။

စိတ္ဖိစီးမႈ ကို ေျပေလ်ာ့ေစတယ္

စိတ္ေတြ ညစ္ရင္ ထီး မပါဘဲ မိုးေရထဲ ေလွ်ာက္သြားၾကတာ ေတြ႕ဖူးတယ္ ဟုတ္။ မိုး႐ြာထဲ လမ္းေလွ်ာက္ၾကတာ ေတြ ႐ုပ္ရွင္ထဲေတာ့ ေတြ႕ရတာ ပိုမ်ားတာေပါ့။ မိုးေရခ်ိဳးတဲ့ အခါ စိတ္ထဲ ေပါ့ပါးၿပီး လန္းဆန္းေစပါတယ္။

သတိထားသင့္တဲ့ အခ်က္ေတြက –

မုတ္သုံ ရဲ႕ ပထမဆုံး မိုးကို သတိထားရ ပါမယ္။ ပထမဆုံး ႐ြာသြန္းတဲ့ မိုးေရဟာ ေလထုတြင္း ညစ္ညမ္းမႈေတြ အမ်ားႀကီးပါေနႏိုင္ ပါတယ္။ ဒီလို မိုးေရကို မေသာက္သုံးသင့္၊ မခ်ိဳးသင့္ပါဘူး။

မိုးေရခံတဲ့ စနစ္ကို သန႔္ရွင္းေအာင္ စနစ္တက် စီမံထားသင့္ပါတယ္။ မိုးေရ က သန႔္ေနလည္း ေခါင္မိုးေပၚနဲ႔ ေရတံေလွ်ာက္ေတြမွာ အမႈိက္ေတြ ရွိေနတာမ်ိဳးက ရသမွ် မိုးေရေတြကို ညစ္ညမ္းေစပါတယ္။
ရာသီ အကူးအေျပာင္း မွာ ျဖစ္တတ္တဲ့ အေအးမိျခင္း ကို သတိျပဳပါ။

မိုးေရ ခ်ိဳးခ်င္ေပမယ့္ ကိုယ္က အေအးမိမွာ စိုးတယ္ဆိုရင္ မိုးေရကို က်ိဳထားတဲ့ ေရေႏြးေလး နဲ႔ စပ္ၿပီး ခ်ိဳးလို႔ ရပါတယ္။

ဒီတိုင္း ခ်ိဳးလည္း သိပ္အၾကာႀကီး မခ်ိဳးဘူးဆိုရင္ အေအး မမိေလာက္ ပါဘူး။ ၿပီးရင္ မိုးေရနဲ႔က်ိဳခ်က္ထားတဲ့ ေရေႏြးၾကမ္း ပူပူေလး ေသာက္လိုက္ေပါ့။

ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုတ္

မိုးရေ ချိုးခြင်း ရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား

မိုးရွာရင် မိုးရေချိုးမယ် ဆိုတဲ့ သီချင်းလေး ဆိုဆိုပြီး ငယ်တည်းက မိုးရေထဲ ပြေးလွှားကြ၊ ပျော်ခဲ့ကြတယ် မဟုတ်လား။ တချို့မိဘတွေ ကတော့ အအေးမိမှာစိုး၊ ထိခိုက်မှာစိုးပြီး ပေးမထွက် ကြဘူးလေ။ ဒါပေမယ့် မိုးရေက သုံးလို့ကောင်းတာ၊ သန့်စင်တာ၊ အရသာကောင်း တာ စတဲ့ အချက်တွေကြောင့် မိုးရေတွေကို အိမ်မှာ သိမ်းဆည်း၊ သုံးစွဲတတ်ကြပါတယ်။

ရှေးလူကြီးတွေ ဆိုရင် မိုးတွင်း ရောက်တာနဲ့ မိုးရေ ခံပြီး အိုးကြီးအိုးငယ်နဲ့ သောက်သုံးရေ သိုလှောင်တတ်ကြပါတယ်။ မိုးရေကို ကျိုသောက်တဲ့ ရေနွေးကြမ်းက သိပ်ပြီး အရသာကောင်း ပါတယ်တဲ့။

ဒါ့ကြောင့်မို့ မိုးရေကနေ ရမယ့် အကျိုးကျေးဇူးတွေ အကြောင်းကို ပိုပြီးသိချင် လာမိ တာပေါ့။ မိုးရာသီ ရဲ့ ပျော်စရာ တစ်ခုအဖြစ် မိုးရေချိုးခြင်းက ထိပ်ဆုံးက ပါဝင်နေ တာပဲလေ။

မိုးရေ ဘာလို့ ချိုးသင့်တာလဲ

မိုးရေချိုးတယ် ဆိုတာ မိုးထဲ ပြေးထွက်ပြီး ချိုးတာချည်းပဲ မဟုတ်ပါဘူး။ ရေတံလျှောက်နဲ့ ရေခံထားတဲ့ မိုးရေကို ချိုးတာလည်း အတူတူပါပဲ။ ဘယ်လိုပဲ ချိုးချိုး မိုးရေ ကြောင့် ရရှိလာမယ့် အကျိုးကျေးဇူး တချို့ကို လက်လှမ်းမီ သလောက် ဖော်ပြပေး လိုက်ပါတယ်။

မိတ် ပျောက်တယ်

ဒါက လူသိအများဆုံး အကျိုးကျေးဇူး တစ်ခုပါ။ နွေတုန်းက အပူဒဏ်ကြောင့် အရေပြားမှာ ဖြစ်နေတဲ့ မိတ်တွေကို အမြန်ဆုံး သက်သာ သွားစေတာ မိုးရေ ပါပဲ။ မိုးရေချိုး လိုက်ရင် မိတ်ကြောင့် ယားယံနေတာတွေ သက်သာပြီး ချပ်ရပ်စေမယ်၊ အသားအေးသွား ပါလိမ့်မယ်။

မိတ်ဖုတွေ ကနေ ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေ ကိုလည်း မိုးရေ ကြောင့် တဖြည်းဖြည်း လျော့ပါး သက်သာသွားစေနိုင် ပါတယ်။

အရေပြား ကို သန့်စင်စေတယ်

မိုးရေ ရဲ့ မူလသဘာဝ ကိုက soft water ဖြစ်တဲ့ အပျော့စားရေ ဖြစ်ပြီး ရေထုညစ်ညမ်းမှု ပိုနည်းပါတယ်။ မိုးရေနဲ့ ချိုးတဲ့ အခါ အသားအရေမှာ ပိုပြီး သန့်စင်တာ၊ ပိုလန်းဆန်းစေတာ ခံစားမိ မှာပါ။ ပန်းကန် ဆေးကြော၊ အဝတ်လျှော်တဲ့ အခါပဲ အရင်စမ် းကြည့်ပါ၊ ဆပ်ပြာ သိပ်မလိုဘဲ ပိုသန့်စင်လွယ်တာ ကို သတိထားမိပါလိမ့်မယ်။

မိုးရေနဲ့ မျက်နှာသစ်ရင် ဘက်တီးရီးယားတွေ ဖယ်ရှားနိုင်ပြီး ဝက်ခြံတောင် ကာကွယ်နိုင်တယ် လို့ သိရပါတယ်။

အကြောအခြင် ပြေစေတယ်

အကြောတက်နေရင် ခြေထောက် ကို ရေလောင်း ကြတယ် မဟုတ်လား။ မိုးရေချိုးပြီးတဲ့ အခါ အကြောတွေ ပြေပြီး တစ်ကိုယ်လုံး အေးအေးလေး နဲ့ နေလို့ ကောင်းသွားပါလိမ့်မယ်။ ဒါလည်း မိုးရေချိုးခြင်း ရဲ့ ကောင်းကျိုး တစ်ခု ပါပဲ။

စိတ်ဖိစီးမှု ကို ပြေလျော့စေတယ်

စိတ်တွေ ညစ်ရင် ထီး မပါဘဲ မိုးရေထဲ လျှောက်သွားကြတာ တွေ့ဖူးတယ် ဟုတ်။ မိုးရွာထဲ လမ်းလျှောက်ကြတာ တွေ ရုပ်ရှင်ထဲတော့ တွေ့ရတာ ပိုများတာပေါ့။ မိုးရေချိုးတဲ့ အခါ စိတ်ထဲ ပေါ့ပါးပြီး လန်းဆန်းစေပါတယ်။

သတိထားသင့်တဲ့ အချက်တွေက –

မုတ်သုံ ရဲ့ ပထမဆုံး မိုးကို သတိထားရ ပါမယ်။ ပထမဆုံး ရွာသွန်းတဲ့ မိုးရေဟာ လေထုတွင်း ညစ်ညမ်းမှုတွေ အများကြီးပါနေနိုင် ပါတယ်။ ဒီလို မိုးရေကို မသောက်သုံးသင့်၊ မချိုးသင့်ပါဘူး။

မိုးရေခံတဲ့ စနစ်ကို သန့်ရှင်းအောင် စနစ်တကျ စီမံထားသင့်ပါတယ်။ မိုးရေ က သန့်နေလည်း ခေါင်မိုးပေါ်နဲ့ ရေတံလျှောက်တွေမှာ အမှိုက်တွေ ရှိနေတာမျိုးက ရသမျှ မိုးရေတွေကို ညစ်ညမ်းစေပါတယ်။
ရာသီ အကူးအပြောင်း မှာ ဖြစ်တတ်တဲ့ အအေးမိခြင်း ကို သတိပြုပါ။

မိုးရေ ချိုးချင်ပေမယ့် ကိုယ်က အအေးမိမှာ စိုးတယ်ဆိုရင် မိုးရေကို ကျိုထားတဲ့ ရေနွေးလေး နဲ့ စပ်ပြီး ချိုးလို့ ရပါတယ်။

ဒီတိုင်း ချိုးလည်း သိပ်အကြာကြီး မချိုးဘူးဆိုရင် အအေး မမိလောက် ပါဘူး။ ပြီးရင် မိုးရေနဲ့ကျိုချက်ထားတဲ့ ရေနွေးကြမ်း ပူပူလေး သောက်လိုက်ပေါ့။

No Comments

Leave a Reply

Your email address will not be published.

အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့
Health
အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့

အစွမ်းထက်လှတဲ့ နှာရည်ယို၊ နှာမွှန်၊ နှာပိတ် (ထိပ်ကပ်နာ) ရောဂါအတွက် ခရေစေ့ လွန်ခဲ့တဲ့ ၃/၄ လခန့်ကစပြီး နှာမွှန်ရောဂါ စွဲကပ်လာပါတယ်.. အိပ်ယာထချိန် နံက်အစောပိုင်းဆို အတော်လေးမွှန်ပါသည်.. မနားမနေကိုနှာချေပါသည်။ အင်္ဂလိပ်ဆေး.. { စီထရင်း (သိုမဟုတ်) ဘာမီတွန်} သောက်ရင် ပျောက်ပါသည် ဆေးအာနိသင်ကုန်တာနှင့် ပြန်ဖြစ်ပါတော့သည်။ တကယ်မွှန်တဲ့နေ့ဆို စွတ်ကြယ်ဂျိုင်းပြတ်အင်္ကျီ ၃ ထည်လောက် နှာရည်ညှစ်ဖို့ ဆောင်ထားရပါသည်။ တရားထိုင်ချိန်၊ တရားမှတ်ချိန်ဆို နှာရည်တွေ တောက်တောက် တောက်တောက်နဲ့ အောက်ကိုစီးကျနေလောက်အောင်ကို မွှန်ပါတယ်… အနံဆိုးများတော့ မထွက်သေးပါ။ လွန်ခဲ့တဲ့ ၃ လခန့်က fbပေါ်မှာ ဦးဇင်းတစ်ပါးတင် ထားတဲ့ ပိုစ်လေးတစ်ခု ဖတ်ရပါသည်။ သူ ၁၄ …

အသက္ရွည္လိုပါက (ဂ်င္း) ကို ၿမိဳပါ ” – မွတ္သားဖြယ္ရာ တိဗက္ဆရာေ တာ္ တစ္ပါး၏ နည္းေလးပါ
Health
အသက္ရွည္လိုပါက (ဂ်င္း) ကို ၿမိဳပါ ” – မွတ္သားဖြယ္ရာ တိဗက္ဆရာေ တာ္ တစ္ပါး၏ နည္းေလးပါ

အသက္ရွည္လိုပါက (ဂ်င္း) ကို ၿမိဳပါ ” – မွတ္သားဖြယ္ရာ တိဗက္ဆရာေ တာ္ တစ္ပါး၏ နည္းေလးပါ ျမန္မာနိုင္ငံမွ ဆရာ၀န္ တစ္ဦး တိဗက္ နိုင္ ငံကို အလည္အပတ္ ေရာက္ သြားခဲ့ပါတယ္။ မိတ္ေဆြတစ္ေယာက္၏ ညႊန္ျကားမွဳ ျဖင့္ ေတာင္ ေပၚရြာ ေလးတစ္ ရြာ၏ဘုန္းေတာ္ျကီးေက်ာ င္းတစ္ေက်ာင္းမွာ တည္းခိုခြင့္ ရခဲ့ပါတယ္။ ထို ဘုန္းျကီးေတာ္ျကီး ေက်ာင္း၏ ေက်ာင္းထိုင္ ဆရာေတာ္ လက္ေထာက္ ဆရာေတာ္တို ့မွာ အဂၤလိပ္စကားကို အ ေတာ္အသင့္ေျပာ နိုင္ျကရကား ယင္းဆရာ၀န္ အတြက္လြန္စြာ အဆင္ေျ ပ ေခ်ာေမြ ့လွေပသည္ ဧည့္ခံလိုက္သ ည္မွာလည္း …

Health
ခြေဖနောင့်ကွဲတာကို အချိန်တိုတိုနဲ့ သက်သာသွားစေမယ့် သဘာဝနည်းလမ်းများ

ခြေဖနောင့်ကွဲတာကို အချိန်တိုတိုနဲ့ သက်သာသွားစေမယ့် သဘာဝနည်းလမ်းများ ခြေဖနောင့်ကွဲနေပြီ ဆိုရင် ခန္ဓါကိုယ်မှာ ရေဓါတ်ခန်းခြောက် တယ် ဆိုပြီး လူအများစု ထင်ကြ ပါတယ်။ ဒါပေမယ့် တခြားသော အကြောင်းအရင်းတွေ ကြောင့်လည်း ခြေဖနောင့် ကွဲတတ် ပါတယ်။ ၆။ ကိုယ်အလေး ချိန်များခြင်း ကိုယ်အလေးချိန် များလာတဲ့ အခါ ခြေဖနောင့်မှာ ဖိအားတွေ များလာ ပါတယ်။ အဲဒီအခါ ခြေဖနောင့်မှာ အစိုဓါတ် မရှိတော့ဘဲ ခြေဖနောင့်ကွဲ သွားတာပါ။ ကိုယ်အလေးချိန်ကို ထိန်းသိမ်း လိုက်ရင် ခြေဖနောင့်ကွဲ တာလည်း သက်သာ သွားမှာ ပါ။ ၅။ ဗီတာမင်ဓါတ် ချို့တဲ့ခြင်း ခန္ဓါကိုယ်မှာ ဗီတာမင်၊ သတ္ထုဓါတ်နဲ့ …