
ပွင့်လင်းလွန်းလို့
Credit
Unicode
အမြဲတမ်းပွင့်လင်းပြီး ဒဲ့တိုးပြောတတ်တဲ့ မိန်းကလေးတွေရဲ့ အချစ်ရေးဆိုင်ရာပြဿနာများ
Relationship တစ်ခုမှာ ပွင့်လင်းမှ အဆင်ပြေမယ်လို့ ပြောကြပေမယ့် လို့ မိန်းကလေးတွေ ဖက်က မတရားပွင့်လင်းနေပြန် ရင်လည်း တစ်ဖက်ယောက်ျားလေးက မခံနိုင်တွေ ဖြစ်ပြီး အဆင်မပြေဖြစ်ရတတ်ပါတယ်။
အမြဲတမ်း ပွင့်ပွင့်လင်းလင်းနဲ့ စကားပြောတိုင်း တုတ်ထိုး အိုးပေါက်ဖြစ်နေ တတ်တဲ့ မိန်းကလေးတွေရဲ့ အချစ်ရေး အဆင်မပြေပုံလေးတွေကို မျှဝေပေး လိုက်ပါ တယ်။
ပွင့်လင်းလွန်းလို့
အမှန်တရားဟာ ခါးသီး ပါတယ်။ သူသူ ကိုယ်ကိုယ် ခါးသီးတဲ့ အမှတ်တရားဆို လက်မခံ ချင်ကြတာ ထုံးစံပဲလေ။ အထူးသဖြင့် ကိုယ့်ကောင်မလေး ဆီက ရတဲ့ bad comment တွေကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း အပြောခံနေရ တဲ့အခါ မျိုးမှာ ဆိုရင်တော့ တစ်ဖက်က ကိုယ့်ကိုယ်ကို သိမ်ငယ်လာပြီး ကိုယ်နဲ့ရှိနေရင် မပျော်တော့ ပါဘူး။
ဆရာကြီးလုပ်လွန်းတယ် ထင်လို့
ကောင်လေးတွေရဲ့ သဘာဝအရ မိန်းကလေးတွေ ဆရာလုပ်တာ ဆိုရင် ဘယ်တော့မှ မခံချင်ကြဘူးမဟုတ်လား။ ကိုယ်ကတော့ ကောင်းစေချင်လို့ ဒဲ့တိုပဲ ပြောလိုက်တယ်၊ တုတ်ထိုးအိုပေါက်အကျင့်ကြောင့် သူ့ဖက်က ဆရာကြီးလုပ်နေ တယ်လို့ အမြဲတမ်း ထင်ပြီး အဖုအထစ်တွေ ဖြစ်လာနိုင် ပါတယ်။
ဖွဲ့နွဲ့မပြောတတ်လို့
ယောက်ျားတွေဟာ အချော့ကြိုက်တယ်၊ ချိုအီနေတဲ့ လေသံလေးနဲ့ သူတို့ကို ကြောင်လေးတွေ လို ချွဲတာ လိုချင်ကြ ပါတယ်။ ဒါကို ကိုယ်က ဘာပြောပြော ဒဲ့ပဲ တဗြဲဗြဲပြောနေမယ် ဆိုရင်တော့ နည်းနည်းချင်း စိတ်ပျက် စပြုလာ မှာပါ။
Respect မရှိဘူးလို့ ထင်ကြလို့
စကားပြောအရမ်း ပွင့်လင်းပြီး မဖုံးကွယ် တတ်ဘူး၊ နောက် ဖွဲ့နွဲ့ပြီးမပြောတတ်တဲ့ အတွက် ချစ်သူဖက်မှ သူ့ကို respect မရှိဘူးလို့ အထင်မှား တတ်ကြ ပါတယ်။ ဒီကိစ္စကတော့ ချစ်သူတွေကြားထဲ အဆိုးရွားဆုံးကြုံတွေ့ရမယ့် အထင်လွဲမှားမှု တစ်ခု ပါပဲ။
Penny
No Comments