အပေါင်းအသင်း မလုပ်ပဲ ရှောင်ရှားသင့်တဲ့ စိတ်ဓာတ်သေးသိမ်တို့ရဲ့ အမူအကျင့်များ - Amawpyay


Knowledge


ကိုယ့်ရဲ့ဘေးနား၊ ကိုယ့်ပတ်ဝန်းကျင်မှာ တကယ့်ကို စိတ်ဓာတ် သိမ်ဖျင်းနေတဲ့ သူတွေ ဆိုတာလည်း ရှိနေတတ် ပါတယ်။


ကျေးဇူးမသိတတ်ဘူး



မနာလိုဝန်တိုတတ်တယ်



ချောက်တွန်းတတ်တယ်






Khin

ခရက်ဒစ်

ယူနီကုတ်

အပေါင်းအသင်း မလုပ်ပဲ ရှောင်ရှားသင့်တဲ့ စိတ်ဓာတ်သေးသိမ်တို့ရဲ့ အမူအကျင့်များ

ကိုယ့်ရဲ့ဘေးနား၊ ကိုယ့်ပတ်ဝန်းကျင်မှာ တကယ့််ကို စိတ်ဓာတ် သိမ်ဖျင်းနေတဲ့ သူတွေ ဆိုတာလည်း ရှိနေတတ် ပါတယ်။

သူတို့တွေရဲ့ စိတ်ဓာတ်တွေက တကယ်ကို ဟိုးအောက်ဆုံး မှာသာ ရှိပြီးတော့ သူတို့တွေက တစ်ဖက်လူ အဆင်ပြေနေ တာ၊ ပျော်ရွှင်နေတာ မျိုးကို မမြင်နိုင်ကြ တဲ့ သူတွေပဲ ဖြစ်ပါတယ်နော်။ ဒီလို စိတ်ဓာတ်သေးသိမ်တဲ့ သူတွေမှာ ဒီလို အမူအကျင့်တွေ ရှိလို့နေ ပါတယ်။

ကျေးဇူးမသိတတ်ဘူး

သူလို အပ်တုန်းကတော့ ကိုယ့်ဆီက အကူအညီ ရယူတတ်ပေမယ့် ကိုယ်လိုအပ်နေတဲ့ အချိန်မှာတော့ ကိုယ့်ကိုယ် မသိကျိုးကျွံ ပြုနေတတ်ကြ သူတွေပါ။ ကိုယ်က တကယ် လိုအပ်နေလို့ အကူအညီတောင်းမိရင်တောင် မအားတာနဲ့၊ မလုပ်ပေး နိုင်တာနဲ့ အမျိုးမျိုး အကြောင်းပြ တတ်ကြ ပါတယ်။

ကျေးဇူးရှိခဲ့ဖူးတာကို ထောက်ထား ရကောင်းမှန်း မသိတတ်တဲ့ သူမျိုးတွေဖြစ်ပြီး သူတို့လို အပ်လာတဲ့အချိန်မှာတော့ သူတို့လို မဟုတ်တော့သလို ပုံစံမျိုးနဲ့ ထပ်လာ အကူအညီတောင်း တတ်ကြ ပါသေးတယ်။

မနာလိုဝန်တိုတတ်တယ်

ဒီလို လူတွေဟာ တစ်ခြားလူ အဆင်ပြေနေ တာမျိုးကို မနာလို အူတို တတ်ကြ သူတွေပါ။ ရှေ့မှာတော့ ကိုယ့်ရဲ့အောင်မြင်မှုကို ဝမ်းသာပြ တတ်ကြပေမယ့် သူတို့ရဲ့အတွင်းစိတ် ထဲမှာတော့ မနာလို မုန်းတီးစိတ်တွေ ပြည့်နှက်နေ တတ်ပါတယ်။

တစ်ခါတစ်လေမှာ အဲဒီ့ မနာလို စိတ်တွေက ဖုံးမ ရအောင် ပေါ်လာပြီး ကိုယ့်ကိုယ် တစ်ခုမဟုတ် တစ်ခု လာတိုက်ခိုက် တာမျိုးတွေတောင် လုပ်လာ တတ်ကြ ပါတယ်။

ချောက်တွန်းတတ်တယ်

မနာလိုခြင်းကနေ ဖြစ်တည် လာတဲ့ စိတ်ဟာ တစ်ဖက်လူ ကျရှုံးသွားမှာ၊ ပြိုလဲသွားမှာကို ဘယ်လိုနည်းလမ်းနဲ့မဆို လုပ်လာ တတ်ကြ တာပါပဲ။ တစ်ခြားသူတွေ ဆီမှာ ကိုယ့်ရဲ့မကောင်းကြောင်းတွေ၊ မဟုတ်သတင်းတွေ လျှောက်ဖြန့် တတ်ကြပြီး

ကိုယ့်ကိုယ် တစ်ခြားသူတွေ အထင်လွဲ သွားအောင် လုပ်တတ်ကြပါတယ်။ ဒီလို လူမျိုးတွေက တကယ့်ကို လျှာနှစ်ခွနဲ့ လူတွေဖြစ်ပြီး ကိုယ့်ရှေ့မှာတော့ မခုတ်တတ်တဲ့ ကြောင်လိုမျိုး ရိုးသားပြနေတတ်တဲ့ တကယ့်ကို မပေါင်းအပ်တဲ့ သူတွေပါ။

အဆိုးမြင်စိတ်တွေ များနေတတ်တယ်

ဒီလို စိတ်ဓာတ်သေးသိမ်တဲ့ သူတွေဟာ ကိုယ်ကိုယ်တိုင်က သူများအပေါ် မကောင်းစိတ်တွေ များနေတဲ့အတွက် တစ်ခြားလူ ကိုလည်း ကိုယ်လိုပဲလို ထင်တတ် ကြပြီး အဆိုးမြင် တတ်ကြ သူတွေ ဖြစ်ပါတယ်။

တစ်စုံတစ်ယောက်က စေတနာနဲ့ ပြောမိတဲ့ စကားကိုတောင် ကန့်လန့်မြင်ပြီး သူ့ကိုလာ တိုက်ခိုက်စော်ကားနေတယ်လို့ ထင်တတ်ကြ သူတွေပဲ ဖြစ်ပါတယ်။ ဒီလို အရာရာကို အဆိုးမြင်စိတ်နဲ့ ကြည့်တတ်တဲ့ သူတွေကို ဝေးဝေးက ရှောင်နိုင် တာ ကိုယ့်အတွက် အကောင်းဆုံးပ ါပဲနော်။

Khin

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …