
လုပ္ငန္းခြင္ ျပန္ဝင္ေတာ့မယ္ဆိုရင္
အခုခ်ိန္မွာ အားလုံးနဲ႔ ရင္းႏွီးေန ေလာက္ၿပီ ျဖစ္တဲ့ စကား။ New normal တဲ့။ ပုံမွန္ အေျခအေန အသစ္လို႔ ျမန္မာျပန္ရမယ္ ထင္ပါ တယ္။ သေဘာက အရင္လို ဘယ္လိုမွ ျပန္မျဖစ္ ႏိုင္ေတာ့ ဘူး။ ခု ႀကဳံရမဲ့ အေျခအေနသည္ အသစ္ပဲ။
ဒီကပ္ႀကီး ၿပီးသြားရင္ ဘာေတြ ျပန္လုပ္မယ္၊ ဘယ္ေတြ သြားမယ္ စသျဖင့္ တခ်ိဳ႕ေျပာေနၾက သလို ေမွ်ာ္လင့္လို႔ မရေတာ့ ဘူး။ ဒါႀကီးက လုံးဝ အျမစ္ျပတ္ သြားဖို႔ ျဖစ္ခ်င္မွ ျဖစ္ႏိုင္ေတာ့ မယ္။ ဘယ္ေတာ့ ၿပီးသြားမယ္ ဆိုတာလည္း ဘယ္သူမွ အတိအက် မသိဘူး။
တစ္ဖက္မွာ လည္း အလုပ္ေတြက အၾကာႀကီး ရပ္ထားလို႔ မရျပန္ ဘူး။ ခုကိုပဲ ျပန္စေနၾကရၿပီ။ စားဝတ္ေနေရးကလည္း ရွိေသး တာကို။
ဆိုေတာ့ အလုပ္ေတြလည္း ျပန္လုပ္။ ဒီဗိုင္းရပ္စ္ ကိုယ့္ဆီ မကူးေအာင္ ဘယ္လို ကာကြယ္ ရမလဲ ဆိုတာကို လည္း စဥ္းစား။
ဒီလို အေနအထားမ်ိဳး ျဖစ္လာၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဆက္ၿပီး ႀကဳံေတြ႕ရမဲ့ အေျခအေနသည္ အသစ္ျဖစ္ပါတယ္။ အျပစ္တင္ေနလို႔ မရဘဲ ဒါနဲ႔ ဘယ္လို အံဝင္ခြင္က် ျဖစ္ေအာင္ ေနမလဲပဲ စဥ္းစားရေတာ့မွာ။
ဒီေဆာင္းပါးမွာေတာ့ အဲ့လို လုပ္ငန္းခြင္ ျပန္ဝင္ေန ရတဲ့ သူေတြ၊ ျပန္ဝင္ရေတာ့မဲ့ သူေတြ အတြက္ ျပင္ဆင္ထားရမဲ့ အခ်က္ ၅ ခ်က္ကို ေဝမွ်ခ်င္ ပါတယ္။
၁။ သန႔္ရွင္းေရး (Hygiene)
အားလုံးလည္း သိတဲ့ အတိုင္း ဒီဗိုင္းရပ္စ္က မသန႔္ရွင္းတဲ့ လက္ကေန အဓိက ကူးတာပါ။ ပိုးရွိ သူဆီကေန ထြက္လာတဲ့ အမႈန္အမႊားေတြ က စားပြဲေပၚ၊ ဓါတ္ေလွကား ခလုတ္ ေပၚ၊ ေလွကား လက္ရန္ ေပၚ က်သြားမယ္။
အဲဒါကို ကိုယ္က ကိုင္မိမယ္။ ၿပီးရင္ လက္မေဆးဘဲ ႏွာေခါင္း၊ မ်က္စိ၊ ပါးစပ္တို႔ကို ကိုင္မိလိုက္မယ္ဆို ပိုးက ကိုယ့္ဆီကို ကူးသြာ းႏိုင္တယ္။ ဒါေၾကာင့္ မၾကာခဏ လက္ေဆးျခင္း ဆိုတဲ့ ကိစၥကို ဝန္ထမ္းတိုင္း မျဖစ္မေန လုပ္ ရေတာ့မယ္။
သတိရတိုင္း ေဆး၊ အဆင္ေျပတိုင္း ေဆး။ Hand sanitizer သြားေလရာ ေဆာင္ထား။ အခ်င္းခ်င္းလည္း လက္ေဆးဖို႔ သတိေပး။
တာဝန္ ရွိသူေတြ ကလည္း လက္ေဆးစရာေနရာေတြ၊ ဆပ္ျပာေတြ စီစဥ္ေပး။ လက္ေဆးဖို႔ သတိေပး ပိုစတာေတြ လည္း ကပ္ထားေပး။
ကိုယ့္႐ုံးက လက္ေဗြႏွိပ္ၿပီး Attendance လုပ္ရတာဆို ႏွိပ္ၿပီးတာနဲ႔ လက္ေဆးႏိုင္ေအာင္ လုပ္ထားေပး။ ေနာက္ၿပီး လူေတြတင္ သန႔္ရွင္းေနဖို႔ လိုတာ မဟုတ္ဘူး။ ႐ုံးက စားပြဲေတြ၊ ခုံေတြ၊ ၾကမ္းျပင္ေတြ ကိုလည္း ပိုးသတ္ေဆးရည္နဲ႔ စနစ္တက် သန႔္ရွင္းေရး လုပ္ဖို႔ လိုပါမယ္။
၂။ ႏွာေခါင္းစည္းတပ္ဖို႔ (Mask)
ဒါကလည္း မျဖစ္မေန လုပ္သြား ရမဲ့ အထဲမွာ ပါတယ္။ အရင္က က်န္းမာေရး ဝန္ထမ္းေတြ၊ ေနထိုင္မေကာင္း ျဖစ္ေနတဲ့သူေတြ၊ ေနမေကာင္း သူကို အနီးကပ္ ျပဳစုေန ရသူေတြ သာ တပ္သင့္တယ္လို႔ ဆိုခဲ့ပါတယ္။ ခုေတာ့ လူတိုင္း မျဖစ္မေန တပ္ထား သင့္တယ္လို႔ တိုက္တြန္း ထားပါတယ္။
Mask လို႔ ေျပာလိုက္ရင္ ခြဲခန္းသုံး (Surgical mask) ရွိသလို အဝတ္နဲ႔ ခ်ဳပ္ထားတဲ့ Cloth mask လည္း ရွိတယ္။ ခြဲခန္းသုံး အမ်ိဳးအစားက တပ္ထားတဲ့
သူကို အတိုင္းအတာတစ္ခုထိ အကာအကြယ္ ေပးႏိုင္ေပမဲ့ အဝတ္ Mask ေတြကေတာ့ တပ္ထားသူကို ကာကြယ္ေပး တာထက္ သူ႔ဆီ ကေန အမႈန္အမႊားေတြ ထြက္မလာဖို႔ကို အဓိက လုပ္ေပး တာ။
ဒါဆို လူလူခ်င္း ကူးစက္မႈကို အထိုက္အေလ်ာက္ ေလွ်ာ့ခ် ႏိုင္သြားမယ္။ ဘာ Mask မွ မပါဘဲ အလုပ္လုပ္ေနၾကတာ ထက္စာရင္ေတာ့ အဝတ္ Mask ေလးေတြ တပ္ ထားတာ က ပိုအဆင္ေျပတယ္ေပါ့။ ခြဲခန္းသုံး Mask က က်န္းမာေရး ဝန္ထမ္းေတြကို
ဦးစားေပး သုံးေစခ်င္ တာရယ္၊ ေနာက္ တခ်ိဳ႕ဝန္ထမ္းေတြ အတြက္က် ဝယ္ဖို႔ ေငြေၾကး အခက္အခဲ ရွိႏိုင္တာရယ္ေၾကာင့္ ျပန္ျပန္ေလွ်ာ္ၿပီး သုံးလို႔ရတဲ့ အဝတ္ Mask ကို သုံးဖို႔ တိုက္တြန္း လာၾကတာ ျဖစ္ပါတယ္။
တပ္မယ္ ဆိုရင္လည္း ေသခ်ာ စနစ္တက် တပ္ၾကပါ။ ေမးေစ့ေအာက္ကို ဆြဲခ်ထားတာမ်ိဳး မလုပ္ပါနဲ႔။ နားလည္ပါတယ္။ စစခ်င္းေတာ့ အသက္ရႉၾကပ္ လိမ့္မယ္။ ေနရခက္ လိမ့္မယ္။ ဒါေပမဲ့ ေနာက္ဆို အသားက် သြားပါ လိမ့္မယ္။ ဒါေၾကာင့္ အဲဒါကိုလည္း အေလ့အထ တစ္ခု အေနနဲ႔ ပ်ိဳးေထာင္ၿပီး အလုပ္ဝင္ၾကပါ။
၃။ ခပ္ခြာခြာေနဖို႔ (Distancing)
ဒီဗိုင္းရပ္စ္က ခႏၶာကိုယ္ထဲ ဝင္ၿပီးတာနဲ႔ ေရာဂါလကၡဏာ တန္းျပတာ မဟုတ္ဘူး။ သေဘာက ခုခ်ိန္မွာ ေနေကာင္းတယ္ဆိုတိုင္း ပိုးမရွိ ပါဘူးလို႔ ယတိျပတ္ ေျပာလို႔ မရဘူး။ ဒါေၾကာင့္ လူတိုင္းကို သတိထားဖို႔ လိုမယ္။
ေခ်ာင္းဆိုးမွ၊ ႏွာေခ်မွ မဟုတ္ဘူး။ စကားက်ယ္က်ယ္ ေျပာရင္ကို အသက္ရႉလမ္းေၾကာင္ းကေန အမႈန္အမႊားေတြ အမ်ားႀကီး ထြက္လာ ႏိုင္တယ္။
ဒီအတြက္ တတ္ႏိုင္သမွ် ခပ္ခြာခြာေနပါလို႔ ဆိုရတာ ျဖစ္ပါတယ္။ လုပ္ငန္းခြင္ အေနအထားအရ ၆ ေပခြာဖို႔ဆိုတာ ခက္ေကာင္းခက္ ႏိုင္တယ္။
ဘယ္လိုပဲျဖစ္ျဖစ္ တတ္ႏိုင္ သေလာက္ ခြာပါ။ လက္ဆြဲ မႏႈတ္ဆက္နဲ႔။ ေအာ္ႀကီးဟစ္က်ယ္ စကားမေျပာနဲ႔။ မီတင္ေတြ တတ္ႏိုင္သေလာက္ အြန္လိုင္းကပဲ လုပ္ပါ။
ထမင္းစားတဲ့အခါ အခ်ိန္ခြဲစား။ ႐ုံးဆင္းခ်ိန္ တက္ခ်ိန္ လူေတြ မၿပဳံေစနဲ႔။ အနား ယူခ်ိန္ေတြမွာဆိုလည္း ဝိုင္းဖြဲ႕စကားေျပာ တာမ်ိဳး မလုပ္ပါနဲ႔။
တစ္ဖက္ကလည္း Cough etiquette လို႔ ေခၚတဲ့ ႏွာေခ်၊ ေခ်ာင္းဆိုးျဖစ္တဲ့အခါ လုပ္ေဆာင္သင့္တဲ့ လူမႈက်င့္ဝတ္ေတြကို လုပ္ေပးပါ။ တစ္ခါသုံးတစ္ရႉးနဲ႔ အုပ္ပါ။ ၿပီးရင္ စနစ္တက် စြန႔္ပစ္ပါ။ လက္ေဆးပါ။
ကယ္လို႔ တစ္ရႉးမ လြယ္ရင္လည္း တံေတာင္ဆစ္ကို ေကြးၿပီး အုပ္ပါ။ မေတာ္တဆ လက္ဖဝါးနဲ႔ အုပ္လိုက္မိရင္လည္း ခ်က္ခ်င္း လက္ေဆးပါ။ ဒါေတြက နဂိုက တည္းက လုပ္သင့္တဲ့ လူယဥ္ေက်း အျပဳအမူေတြ ျဖစ္သလို ဒီဗိုင္းရပ္စ္ ျပန႔္ပြားမႈ ကာကြယ္ဖို႔မွာလည္း အေရးႀကီးတဲ့ လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။
၄။ စစ္ေဆးျခင္း (Screening)
႐ုံးရဲ႕ အဝင္ဝမွာ ကိုယ္အပူခ်ိန္ မျဖစ္မေန တိုင္းပါ။ တိုင္းတဲ့ သူကို Mask အျပင္ မ်က္ႏွာကို ကြယ္ေပးမဲ့ Face shield ေတြလည္း တပ္ဆင္ေပး ထားပါ။ တတ္ႏိုင္သမွ် အျပင္ဧည့္သည္ အလာ မခံပါနဲ႔။ လာမယ္ဆိုလည္း အဖ်ားတိုင္းၿပီးမွ ေပးဝင္ပါ။ ကိုယ္တိုင္လည္း ဖ်ားေနရင္ ႐ုံး မလာပါနဲ႔။
တကယ္ေတာ့ မဖ်ားဘူး ဆိုတိုင္း ပိုးမရွိ ဘူးေတာ့ ယတိျပတ္ ေျပာလို႔ မရပါဘူး။ ေျပာခဲ့ၿပီးသလို ပိုးဝင္ၿပီး ရက္အတန္ၾကာမွ လကၡဏာက ျပတတ္ တာကိုး။
ဒါေပမဲ့ ကိုယ့္႐ုံးမွာေတာ့ ပိုးရွိမရွိ စစ္ဖို႔ကလည္း မျဖစ္ႏိုင္လို႔ အနည္းေလး COVID-19 လကၡဏာေတြ (ဥပမာ ဖ်ားတာ၊
ေခ်ာင္းေျခာက္ဆိုးတာ၊ အသက္ရႉ ရခက္တာ၊ ကိုယ္လက္ မအီမသာ ျဖစ္တာ) ရွိေနလား မရွိေနလားဆိုတာကို စစ္ေဆးေစခ်င္ ပါတယ္။ လကၡဏာတင္ မဟုတ္ဘဲ သူတို႔ေနထိုင္တဲ့ ၿမိဳ႕နယ္
၊ ရပ္ကြက္ထဲမွာ ဘာေတြျဖစ္ေနသလဲ၊ အတည္ျပဳ ပိုးေတြ႕လူနာေတြနဲ႔ ထိေတြ႕ထားလား စတာေတြကိုလည္း ေစာင့္ၾကည့္စစ္ေဆးေနဖို႔ လိုပါ လိမ့္မယ္။
၅။ စိတ္ေနစိတ္ထား (Mindset)
ဒီအခ်က္က အေရးႀကီးဆုံးပါ။ ဒီဗိုင္းရပ္စ္ ကူးစက္မခံရဘဲ အလုပ္ေတြလည္း ျပန္လုပ္ ႏိုင္ဖို႔ဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ Mindset ေတြ သိပ္အေရးႀကီး ပါတယ္။
အရင္ဆုံးအေနနဲ႔ ကိုယ့္တာဝန္ ကိုယ္ယူပါ။ လက္ေဆးတာ၊ Mask တပ္တာ၊ ခပ္ခြာခြာေနတာ၊ ေခ်ာင္းဆိုးရင္ တစ္ရႉးနဲ႔အုပ္ၿပီး ဆိုးတာ၊ ေနထိုင္ မေကာင္းျဖစ္ ရင္ ႐ုံးမလာတာ (အဲဒါကို အေၾကာင္းျပၿပီးလည္း အၿမဲ ႐ုံးပ်က္မေနတာ) စတဲ့ ကိုယ့္ကိုယ္ကိုယ္ တာဝန္ယူ မႈေတြ သိပ္လိုအပ္ ပါတယ္။
ကိုယ့္က်န္းမာေရး ကိုယ္ဂ႐ုမစိုက္ ရင္ တျခားေရာဂါဆို ကိုယ္ပဲ ခံရမွာပါ။ အခုက ကိုယ္တင္မဟုတ္ဘဲ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ေတြကိုပါ ကူးစက္
သြားႏိုင္ ပါတယ္။ ဒီေတာ့ ကိုယ္လိုက္နာ ရမွာေတြ တိတိက်က် လိုက္နာပါ။ မျဖစ္ေလာက္ ပါဘူးကြာ ဆိုတဲ့ အေတြးေတြကို ေဖ်ာက္ပါ။
ေနာက္ၿပီး အျပန္အလွန္ ဆက္စပ္ေနတယ္ဆိုတာ သတိျပဳပါ။ ဆိုလိုတာက ကိုယ့္လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ လက္မေဆးျခင္း သည္ သူနဲ႔ပဲ ဆိုင္တာ မဟုတ္ဘူး။ ကိုယ္နဲ႔လည္း ဆိုင္တယ္။ တစ္႐ုံးလုံး၊ တစ္ဖြဲ႕လုံးနဲ႔လည္း ဆိုင္တယ္။
ဒါေၾကာင့္ ဒီအတိုင္း ၾကည့္မေန ပါနဲ႔။ ေျပာျပပါ။ အသိပညာ ေဝမွ်ပါ။ စည္း႐ုံးပါ။ ဒီလို ကိုယ့္တာဝန္ကိုယ္ယူျခင္း (Individual responsibility) နဲ႔ တစ္ေယာက္ကို
တစ္ေယာက္ ဂ႐ုစိုက္ျခင္း (Caring each other) ကို အဖြဲ႕အစည္း ယဥ္ေက်းမႈ (Organization culture) အျဖစ္ ေမြးယူ သြားရေတာ့ မွာလည္း ျဖစ္ပါတယ္။
ေျပာခဲ့ၿပီး သလို ပါပဲ။ ခုအေျခအေနက ဒီဗိုင္းရပ္စ္ အၿပီးအပိုင္ ေပ်ာက္သြားဖို ႔ကို ေမွ်ာ္လင့္ေနသင့္တဲ့ အခ်ိန္ မဟုတ္ေတာ့ ပါဘူး။ သူနဲ႔အတူတူ အလုပ္ေတြ ဘယ္လိုဆက္ လုပ္မလဲ ဆိုတာကိုသာ စဥ္းစားရေတာ့မွာပါ။
နည္းနည္းေတာ့ ကသိကေအာင့္ ျဖစ္ရမယ္။ ပ်င္းစရာလည္း ေကာင္းမယ္။ စိတ္လည္း ရႈပ္ရမယ္။ ဒါေပမဲ့ မတတ္ႏိုင္ဘူး၊ ဒီလိုပဲ လုပ္ရ၊ ျဖတ္သန္း ရေတာ့ မွာပဲ။
ဒီအတြက္ လုပ္ငန္းခြင္ တိုင္း ျပင္ဆင္ထားသင့္တဲ့ အခ်က္ ၅ ခ်က္ကို ေဝမွ် လိုက္တာ ပါ။ တစ္စုံတစ္ရာ အက်ိဳး ရွိမယ္လို႔ ေမွ်ာ္လင့္ ပါတယ္။
ေဒါက္တာ ၿဖိဳးသီဟ
ခရက္ဒစ္
ယူနီကုတ္
လုပ်ငန်းခွင် ပြန်ဝင်တော့မယ်ဆိုရင်
အခုချိန်မှာ အားလုံးနဲ့ ရင်းနှီးနေ လောက်ပြီ ဖြစ်တဲ့ စကား။ New normal တဲ့။ ပုံမှန် အခြေအနေ အသစ်လို့ မြန်မာပြန်ရမယ် ထင်ပါ တယ်။ သဘောက အရင်လို ဘယ်လိုမှ ပြန်မဖြစ် နိုင်တော့ ဘူး။ ခု ကြုံရမဲ့ အခြေအနေသည် အသစ်ပဲ။
ဒီကပ်ကြီး ပြီးသွားရင် ဘာတွေ ပြန်လုပ်မယ်၊ ဘယ်တွေ သွားမယ် စသဖြင့် တချို့ပြောနေကြ သလို မျှော်လင့်လို့ မရတော့ ဘူး။ ဒါကြီးက လုံးဝ အမြစ်ပြတ် သွားဖို့ ဖြစ်ချင်မှ ဖြစ်နိုင်တော့ မယ်။ ဘယ်တော့ ပြီးသွားမယ် ဆိုတာလည်း ဘယ်သူမှ အတိအကျ မသိဘူး။
တစ်ဖက်မှာ လည်း အလုပ်တွေက အကြာကြီး ရပ်ထားလို့ မရပြန် ဘူး။ ခုကိုပဲ ပြန်စနေကြရပြီ။ စားဝတ်နေရေးကလည်း ရှိသေး တာကို။
ဆိုတော့ အလုပ်တွေလည်း ပြန်လုပ်။ ဒီဗိုင်းရပ်စ် ကိုယ့်ဆီ မကူးအောင် ဘယ်လို ကာကွယ် ရမလဲ ဆိုတာကို လည်း စဉ်းစား။
ဒီလို အနေအထားမျိုး ဖြစ်လာပြီ။ ဒါကြောင့် ကျွန်တော်တို့ ဆက်ပြီး ကြုံတွေ့ရမဲ့ အခြေအနေသည် အသစ်ဖြစ်ပါတယ်။ အပြစ်တင်နေလို့ မရဘဲ ဒါနဲ့ ဘယ်လို အံဝင်ခွင်ကျ ဖြစ်အောင် နေမလဲပဲ စဉ်းစားရတော့မှာ။
ဒီဆောင်းပါးမှာတော့ အဲ့လို လုပ်ငန်းခွင် ပြန်ဝင်နေ ရတဲ့ သူတွေ၊ ပြန်ဝင်ရတော့မဲ့ သူတွေ အတွက် ပြင်ဆင်ထားရမဲ့ အချက် ၅ ချက်ကို ဝေမျှချင် ပါတယ်။
၁။ သန့်ရှင်းရေး (Hygiene)
အားလုံးလည်း သိတဲ့ အတိုင်း ဒီဗိုင်းရပ်စ်က မသန့်ရှင်းတဲ့ လက်ကနေ အဓိက ကူးတာပါ။ ပိုးရှိ သူဆီကနေ ထွက်လာတဲ့ အမှုန်အမွှားတွေ က စားပွဲပေါ်၊ ဓါတ်လှေကား ခလုတ် ပေါ်၊ လှေကား လက်ရန် ပေါ် ကျသွားမယ်။
အဲဒါကို ကိုယ်က ကိုင်မိမယ်။ ပြီးရင် လက်မဆေးဘဲ နှာခေါင်း၊ မျက်စိ၊ ပါးစပ်တို့ကို ကိုင်မိလိုက်မယ်ဆို ပိုးက ကိုယ့်ဆီကို ကူးသွာ းနိုင်တယ်။ ဒါကြောင့် မကြာခဏ လက်ဆေးခြင်း ဆိုတဲ့ ကိစ္စကို ဝန်ထမ်းတိုင်း မဖြစ်မနေ လုပ် ရတော့မယ်။
သတိရတိုင်း ဆေး၊ အဆင်ပြေတိုင်း ဆေး။ Hand sanitizer သွားလေရာ ဆောင်ထား။ အချင်းချင်းလည်း လက်ဆေးဖို့ သတိပေး။
တာဝန် ရှိသူတွေ ကလည်း လက်ဆေးစရာနေရာတွေ၊ ဆပ်ပြာတွေ စီစဉ်ပေး။ လက်ဆေးဖို့ သတိပေး ပိုစတာတွေ လည်း ကပ်ထားပေး။
ကိုယ့်ရုံးက လက်ဗွေနှိပ်ပြီး Attendance လုပ်ရတာဆို နှိပ်ပြီးတာနဲ့ လက်ဆေးနိုင်အောင် လုပ်ထားပေး။ နောက်ပြီး လူတွေတင် သန့်ရှင်းနေဖို့ လိုတာ မဟုတ်ဘူး။ ရုံးက စားပွဲတွေ၊ ခုံတွေ၊ ကြမ်းပြင်တွေ ကိုလည်း ပိုးသတ်ဆေးရည်နဲ့ စနစ်တကျ သန့်ရှင်းရေး လုပ်ဖို့ လိုပါမယ်။
၂။ နှာခေါင်းစည်းတပ်ဖို့ (Mask)
ဒါကလည်း မဖြစ်မနေ လုပ်သွား ရမဲ့ အထဲမှာ ပါတယ်။ အရင်က ကျန်းမာရေး ဝန်ထမ်းတွေ၊ နေထိုင်မကောင်း ဖြစ်နေတဲ့သူတွေ၊ နေမကောင်း သူကို အနီးကပ် ပြုစုနေ ရသူတွေ သာ တပ်သင့်တယ်လို့ ဆိုခဲ့ပါတယ်။ ခုတော့ လူတိုင်း မဖြစ်မနေ တပ်ထား သင့်တယ်လို့ တိုက်တွန်း ထားပါတယ်။
Mask လို့ ပြောလိုက်ရင် ခွဲခန်းသုံး (Surgical mask) ရှိသလို အဝတ်နဲ့ ချုပ်ထားတဲ့ Cloth mask လည်း ရှိတယ်။ ခွဲခန်းသုံး အမျိုးအစားက တပ်ထားတဲ့
သူကို အတိုင်းအတာတစ်ခုထိ အကာအကွယ် ပေးနိုင်ပေမဲ့ အဝတ် Mask တွေကတော့ တပ်ထားသူကို ကာကွယ်ပေး တာထက် သူ့ဆီ ကနေ အမှုန်အမွှားတွေ ထွက်မလာဖို့ကို အဓိက လုပ်ပေး တာ။
ဒါဆို လူလူချင်း ကူးစက်မှုကို အထိုက်အလျောက် လျှော့ချ နိုင်သွားမယ်။ ဘာ Mask မှ မပါဘဲ အလုပ်လုပ်နေကြတာ ထက်စာရင်တော့ အဝတ် Mask လေးတွေ တပ် ထားတာ က ပိုအဆင်ပြေတယ်ပေါ့။ ခွဲခန်းသုံး Mask က ကျန်းမာရေး ဝန်ထမ်းတွေကို
ဦးစားပေး သုံးစေချင် တာရယ်၊ နောက် တချို့ဝန်ထမ်းတွေ အတွက်ကျ ဝယ်ဖို့ ငွေကြေး အခက်အခဲ ရှိနိုင်တာရယ်ကြောင့် ပြန်ပြန်လျှော်ပြီး သုံးလို့ရတဲ့ အဝတ် Mask ကို သုံးဖို့ တိုက်တွန်း လာကြတာ ဖြစ်ပါတယ်။
တပ်မယ် ဆိုရင်လည်း သေချာ စနစ်တကျ တပ်ကြပါ။ မေးစေ့အောက်ကို ဆွဲချထားတာမျိုး မလုပ်ပါနဲ့။ နားလည်ပါတယ်။ စစချင်းတော့ အသက်ရှူကြပ် လိမ့်မယ်။ နေရခက် လိမ့်မယ်။ ဒါပေမဲ့ နောက်ဆို အသားကျ သွားပါ လိမ့်မယ်။ ဒါကြောင့် အဲဒါကိုလည်း အလေ့အထ တစ်ခု အနေနဲ့ ပျိုးထောင်ပြီး အလုပ်ဝင်ကြပါ။
၃။ ခပ်ခွာခွာနေဖို့ (Distancing)
ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲ ဝင်ပြီးတာနဲ့ ရောဂါလက္ခဏာ တန်းပြတာ မဟုတ်ဘူး။ သဘောက ခုချိန်မှာ နေကောင်းတယ်ဆိုတိုင်း ပိုးမရှိ ပါဘူးလို့ ယတိပြတ် ပြောလို့ မရဘူး။ ဒါကြောင့် လူတိုင်းကို သတိထားဖို့ လိုမယ်။
ချောင်းဆိုးမှ၊ နှာချေမှ မဟုတ်ဘူး။ စကားကျယ်ကျယ် ပြောရင်ကို အသက်ရှူလမ်းကြောင် းကနေ အမှုန်အမွှားတွေ အများကြီး ထွက်လာ နိုင်တယ်။
ဒီအတွက် တတ်နိုင်သမျှ ခပ်ခွာခွာနေပါလို့ ဆိုရတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင် အနေအထားအရ ၆ ပေခွာဖို့ဆိုတာ ခက်ကောင်းခက် နိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် တတ်နိုင် သလောက် ခွာပါ။ လက်ဆွဲ မနှုတ်ဆက်နဲ့။ အော်ကြီးဟစ်ကျယ် စကားမပြောနဲ့။ မီတင်တွေ တတ်နိုင်သလောက် အွန်လိုင်းကပဲ လုပ်ပါ။
ထမင်းစားတဲ့အခါ အချိန်ခွဲစား။ ရုံးဆင်းချိန် တက်ချိန် လူတွေ မပြုံစေနဲ့။ အနား ယူချိန်တွေမှာဆိုလည်း ဝိုင်းဖွဲ့စကားပြော တာမျိုး မလုပ်ပါနဲ့။
တစ်ဖက်ကလည်း Cough etiquette လို့ ခေါ်တဲ့ နှာချေ၊ ချောင်းဆိုးဖြစ်တဲ့အခါ လုပ်ဆောင်သင့်တဲ့ လူမှုကျင့်ဝတ်တွေကို လုပ်ပေးပါ။ တစ်ခါသုံးတစ်ရှူးနဲ့ အုပ်ပါ။ ပြီးရင် စနစ်တကျ စွန့်ပစ်ပါ။ လက်ဆေးပါ။
ကယ်လို့ တစ်ရှူးမ လွယ်ရင်လည်း တံတောင်ဆစ်ကို ကွေးပြီး အုပ်ပါ။ မတော်တဆ လက်ဖဝါးနဲ့ အုပ်လိုက်မိရင်လည်း ချက်ချင်း လက်ဆေးပါ။ ဒါတွေက နဂိုက တည်းက လုပ်သင့်တဲ့ လူယဉ်ကျေး အပြုအမူတွေ ဖြစ်သလို ဒီဗိုင်းရပ်စ် ပြန့်ပွားမှု ကာကွယ်ဖို့မှာလည်း အရေးကြီးတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
၄။ စစ်ဆေးခြင်း (Screening)
ရုံးရဲ့ အဝင်ဝမှာ ကိုယ်အပူချိန် မဖြစ်မနေ တိုင်းပါ။ တိုင်းတဲ့ သူကို Mask အပြင် မျက်နှာကို ကွယ်ပေးမဲ့ Face shield တွေလည်း တပ်ဆင်ပေး ထားပါ။ တတ်နိုင်သမျှ အပြင်ဧည့်သည် အလာ မခံပါနဲ့။ လာမယ်ဆိုလည်း အဖျားတိုင်းပြီးမှ ပေးဝင်ပါ။ ကိုယ်တိုင်လည်း ဖျားနေရင် ရုံး မလာပါနဲ့။
တကယ်တော့ မဖျားဘူး ဆိုတိုင်း ပိုးမရှိ ဘူးတော့ ယတိပြတ် ပြောလို့ မရပါဘူး။ ပြောခဲ့ပြီးသလို ပိုးဝင်ပြီး ရက်အတန်ကြာမှ လက္ခဏာက ပြတတ် တာကိုး။
ဒါပေမဲ့ ကိုယ့်ရုံးမှာတော့ ပိုးရှိမရှိ စစ်ဖို့ကလည်း မဖြစ်နိုင်လို့ အနည်းလေး COVID-19 လက္ခဏာတွေ (ဥပမာ ဖျားတာ၊
ချောင်းခြောက်ဆိုးတာ၊ အသက်ရှူ ရခက်တာ၊ ကိုယ်လက် မအီမသာ ဖြစ်တာ) ရှိနေလား မရှိနေလားဆိုတာကို စစ်ဆေးစေချင် ပါတယ်။ လက္ခဏာတင် မဟုတ်ဘဲ သူတို့နေထိုင်တဲ့ မြို့နယ်
၊ ရပ်ကွက်ထဲမှာ ဘာတွေဖြစ်နေသလဲ၊ အတည်ပြု ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ထားလား စတာတွေကိုလည်း စောင့်ကြည့်စစ်ဆေးနေဖို့ လိုပါ လိမ့်မယ်။
၅။ စိတ်နေစိတ်ထား (Mindset)
ဒီအချက်က အရေးကြီးဆုံးပါ။ ဒီဗိုင်းရပ်စ် ကူးစက်မခံရဘဲ အလုပ်တွေလည်း ပြန်လုပ် နိုင်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ Mindset တွေ သိပ်အရေးကြီး ပါတယ်။
အရင်ဆုံးအနေနဲ့ ကိုယ့်တာဝန် ကိုယ်ယူပါ။ လက်ဆေးတာ၊ Mask တပ်တာ၊ ခပ်ခွာခွာနေတာ၊ ချောင်းဆိုးရင် တစ်ရှူးနဲ့အုပ်ပြီး ဆိုးတာ၊ နေထိုင် မကောင်းဖြစ် ရင် ရုံးမလာတာ (အဲဒါကို အကြောင်းပြပြီးလည်း အမြဲ ရုံးပျက်မနေတာ) စတဲ့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူ မှုတွေ သိပ်လိုအပ် ပါတယ်။
ကိုယ့်ကျန်းမာရေး ကိုယ်ဂရုမစိုက် ရင် တခြားရောဂါဆို ကိုယ်ပဲ ခံရမှာပါ။ အခုက ကိုယ်တင်မဟုတ်ဘဲ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကိုပါ ကူးစက်
သွားနိုင် ပါတယ်။ ဒီတော့ ကိုယ်လိုက်နာ ရမှာတွေ တိတိကျကျ လိုက်နာပါ။ မဖြစ်လောက် ပါဘူးကွာ ဆိုတဲ့ အတွေးတွေကို ဖျောက်ပါ။
နောက်ပြီး အပြန်အလှန် ဆက်စပ်နေတယ်ဆိုတာ သတိပြုပါ။ ဆိုလိုတာက ကိုယ့်လုပ်ဖော်ကိုင်ဖက်တစ်ယောက် လက်မဆေးခြင်း သည် သူနဲ့ပဲ ဆိုင်တာ မဟုတ်ဘူး။ ကိုယ်နဲ့လည်း ဆိုင်တယ်။ တစ်ရုံးလုံး၊ တစ်ဖွဲ့လုံးနဲ့လည်း ဆိုင်တယ်။
ဒါကြောင့် ဒီအတိုင်း ကြည့်မနေ ပါနဲ့။ ပြောပြပါ။ အသိပညာ ဝေမျှပါ။ စည်းရုံးပါ။ ဒီလို ကိုယ့်တာဝန်ကိုယ်ယူခြင်း (Individual responsibility) နဲ့ တစ်ယောက်ကို
တစ်ယောက် ဂရုစိုက်ခြင်း (Caring each other) ကို အဖွဲ့အစည်း ယဉ်ကျေးမှု (Organization culture) အဖြစ် မွေးယူ သွားရတော့ မှာလည်း ဖြစ်ပါတယ်။
ပြောခဲ့ပြီး သလို ပါပဲ။ ခုအခြေအနေက ဒီဗိုင်းရပ်စ် အပြီးအပိုင် ပျောက်သွားဖို့ကို မျှော်လင့်နေသင့်တဲ့ အချိန် မဟုတ်တော့ ပါဘူး။ သူနဲ့အတူတူ အလုပ်တွေ ဘယ်လိုဆက် လုပ်မလဲ ဆိုတာကိုသာ စဉ်းစားရတော့မှာပါ။
နည်းနည်းတော့ ကသိကအောင့် ဖြစ်ရမယ်။ ပျင်းစရာလည်း ကောင်းမယ်။ စိတ်လည်း ရှုပ်ရမယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး၊ ဒီလိုပဲ လုပ်ရ၊ ဖြတ်သန်း ရတော့ မှာပဲ။
ဒီအတွက် လုပ်ငန်းခွင် တိုင်း ပြင်ဆင်ထားသင့်တဲ့ အချက် ၅ ချက်ကို ဝေမျှ လိုက်တာ ပါ။ တစ်စုံတစ်ရာ အကျိုး ရှိမယ်လို့ မျှော်လင့် ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
No Comments