က်န္းမာေစေၾကာင္းနည္းေကာင္းရွစ္သြယ္ - Amawpyay

က်န္းမာေစေၾကာင္းနည္းေကာင္းရွစ္သြယ္

က်န္းမာေစေၾကာင္းနည္းေကာင္းရွစ္သြယ္
Knowledge

က်န္းမာေစေၾကာင္းနည္းေကာင္းရွစ္သြယ္

ျမန္မာႏိုင္ငံမွာ ပဲၾကည့္ၾကည့္ ကမာၻမွာပဲ ၾကည့္ၾကည့္ ဒီေန႔ေခတ္ရဲ႕ က်န္းမာေရး ျပႆနာေတြထဲမွာ ေရွ႕တန္းကို ေရာက္လာတာ ကေတာ့ Non-communicable diseases (NCD) လို႔ ေခၚတဲ့ ကူးစက္မဟုတ္ေသာ ေရာဂါမ်ားပဲ ျဖစ္ပါ တယ္။

မကူးစက္ တတ္ေသာ လို႔ ဘာသာျပန္ လိုက္ရင္ ဒီေရာဂါေတြရဲ႕ အေရးပါမႈ ေပါ့သြားမွာ စိုးတဲ့အတြက္ ကူးစက္ မဟုတ္ေသာ လို႔ ဘာသာျပန္ ပါရေစ။ ငွက္ဖ်ားေရာဂါ၊ HIV/ AIDS၊ တီဘီေရာဂါတို ႔လို ကူးစက္တတ္တဲ့ ေရာဂါမ်ိဳးေတြ ကလည္း လက္ရွိ အခ်ိန္ထိ ႏွိပ္စက္ေနဆဲ

အေနအထားမွာ ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေရာဂါ၊ ကင္ဆာ စတဲ့ ကူးစက္မဟုတ္ေသာ ေရာဂါမ်ားကပါ လူေတြရဲ႕ အသက္နဲ႔ဘဝေတြကို ဖ်က္ဆီးလ်က္ ရွိေန ပါတယ္။ မွတ္တမ္းမ်ား အရေတာ့ ကမာၻေပၚမွာ ႏွစ္စဥ္ လူသန္းေပါင္း ၃၀ေက်ာ္ဟာ ဒီလို ကူးစက္ မဟုတ္ေသာ ေရာဂါမ်ားနဲ႔ ေသဆုံးလ်က္ ရွိေနပါတယ္၊

ကြၽန္ေတာ္တို ႔ျမန္မာႏိုင္ငံမွာ ဆိုလည္း ေတာ္ေတာ္ေလး အေတြ႕ရ မ်ားလာၿပီး လာမဲ့ ဆယ္စုႏွစ္အတြင္း ကမာၻမွာ ဒီထက္ ၃ဆ ပိုမိုမ်ားျပားလာ ဖို႔ ရွိတယ္လို႔ ပညာရွင္ေတြက မွန္းဆ ထားၾက ပါတယ္။

အရင္ကေတာ့ ဒီလိုေသြးတိုး ဆီးခ်ိဳ ဆိုတာေတြဟာ သူေဌးေရာဂါ၊ သူေဌးေတြမွာမွ ျဖစ္တတ္တာ လို႔ ထင္ခဲ့ၾကေပမဲ့ ခုဆို ဆင္းရဲတဲ့ သူေတြ မွာလည္း ျဖစ္ေနၾက တာကို ေတြ႕ရ ပါတယ္။ ဆင္းရဲတယ္ ဆိုတာ ပိုက္ဆံခ်ည္း တစ္ခုတည္း ကြက္ ဆင္းရဲတာ မဟုတ္ ပါဘူး၊ အသိပညာလည္း ဆင္းရဲ ပါတယ္။

ဒီေရာဂါေတြ ဘာေၾကာင့္ ျဖစ္မွန္းမသိဘူး၊ ေဆးကုသမႈ ခံယူဖို႔ အေရးႀကီးတယ္ဆိုတာလည္း မသိဘူး၊ ဒါေတြမျဖစ္ေအာင္ ဘယ္လိုေနထိုင္ စားေသာက္ျပဳမူ ရမယ္ ဆိုတာ ကိုလည္း မသိဘူး။ အဲဒီလို မသိျခင္း ေတြရဲ႕အလယ္မွာ ေနေနၾက ရတဲ့ အတြက္ ခ်မ္းသာတဲ့ သူေတြမွာ ျဖစ္တာ ထက္ေတာင္ အေျခအေနက ပိုဆိုးဆိုး႐ြား႐ြား ေတြ႕ရေလ့ ရွိပါ တယ္။

ေနာက္တစ္ခါ၊ ဒီေရာဂါေတြ ဟာ လူႀကီးေတြမွာပဲ ျဖစ္တယ္၊ အသက္ႀကီးမွ ရင္ဆိုင္ရမဲ့ျပသနာေတြလို႔လည္း ထင္ခဲ့ၾက ဖူးတယ္။ တကယ္ေတာ့ ခုေနာက္ပိုင္းမွာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသြးတိုး ရွိသူ၊ ဆီးခ်ိဳျဖစ္တာကို မသိလို႔ ေျခေထာက္ေသြးေၾကာေတြ ပိတ္ၿပီး ျဖတ္ပစ္ လိုက္ရသူ၊

ကင္ဆာျဖစ္ၿပီး အသက္ငယ္ငယ္နဲ႔ ေသဆုံး သြားသူ၊ ဒါေတြကို မၾကာခဏ ေတြ႕ဖူးၾကမွာပါ။ လူေတြရဲ႕ ေနထိုင္စားေသာက္ပုံေတြ ေျပာင္းလာတာ နဲ႔အမွ် လူေတြရဲ႕ သက္တမ္ းဟာလည္း တျဖည္းျဖည္းပိုတိုလာတာကို ေတြ႕ရ ပါတယ္။

ဒီေရာဂါေတြကို ထိန္းခ်ဳပ္ တဲ့ေနရာမွာလည္း လူေတြ အစားအေသာက္ မဆင္ျခင္လို႔ ျဖစ္တာ၊ ေဆးလိပ္ေတြ အရက္ေတြေသာက္လို႔ ျဖစ္ရတာ ဆို႐ုံနဲ႔တင္ မရပါဘူး။ အစိုးရ ဘက္က ထိန္းခ်ဳပ္မႈေတြ အမ်ားႀကီးပဲ လုပ္ေပးဖို႔ လိုအပ္ ပါတယ္။

ဒီႏိုင္ငံထဲကို တင္သြင္းလာမဲ့ စားေသာက္ကုန္ေတြရဲ႕ အာဟာရျပည့္၀မႈ၊ ဓါတုပစၥည္း ကင္းစင္မႈ၊ သန္႔ရွင္းမႈ စတာေတြကို အနီးကပ္ ထိန္းခ်ဳပ္ဖို႔ လို ပါတယ္။ ေနာက္ၿပီး ေဆးလိပ္နဲ႔ အရက္ကို အခြန္အခေတြ တိုးေကာက္ဖို႔ ကန္႔သတ္ဖို႔ စတဲ့ ခိုင္မာတိက်ၿပီး ျပည္သူေတြ အတြက္ အကာအကြယ္ေပး ႏိုင္တဲ့ ေပၚလစီေတြ ခ်မွတ္ေပးဖို႔ အေရးႀကီး ပါတယ္။

ေနာက္ဆုံး လူေတြ လြဲမွားေနတဲ့ အယူအဆ တစ္ခု ကေတာ့ ဒီေရာဂါေတြကို ထိန္းခ်ဳပ္ဖို႔ ေငြကုန္ေၾကးက် အရမ္းမ်ားမယ္ ဆိုတာ ပါပဲ။ ျဖစ္ၿပီးမွ ကုရင္သာ ေငြကုန္ေၾကးက် မ်ားႏိုင္ေပမဲ့ မျဖစ္ခင္မွာ ႀကိဳတင္ကာကြယ္ခ်င္တယ္ ဆိုရင္ေတာ့ ပိုက္ဆံေတြ အမ်ားႀကီး မကုန္ဘဲ အသိပညာရွိ႐ုံ၊ ကိုယ့္ရဲ႕အမူအက်င့္ေလး ေျပာင္း႐ုံနဲ႔တင္ ကာကြယ္ လို႔ ရပါတယ္။

ဒီလို ကူးစက္မဟုတ္ေသာ ေရာဂါေတြ မျဖစ္ဖို႔အတြက္ လုပ္ေဆာင္ရမဲ့ အရာေတြကေတာ့..

(၁) ေဆးလိပ္နဲ႔ ေဝးေအာင္ေနပါ

ေဆးလိပ္ မေသာက္ပါနဲ႔ ဆိုတာနဲ႔တင္ မလုံေလာက္ေတာ့ ပါဘူး။ ေဆးလိပ္ အေငြ႕နဲ႔ပါ ေဝးေဝးေနဖို႔ လိုအပ္လာ ပါတယ္။ အရင္က အဆုတ္ကင္ဆာ ဆို အမ်ိဳးသားေတြမွာပဲ ျဖစ္တတ္ တယ္လို႔ သိထားၾကတယ္။

ဒါေပမဲ့ ဒီဘက္ေခတ္မွာ အဆုတ္ ကင္ဆာလူနာေတြထဲ အမ်ိဳးသမီးေတြပါ ပါ၀င္ လာၾကတာကို ေတြ႕ရပါတယ္။ အမ်ားစုက ကိုယ္တိုင္ေသာက္လို႔ မဟုတ္ဘဲ သူမ်ားဆီက တဆင့္ ကိုယ့္ေယာက်ာ္းဆီကေနတဆင့္ ရႉရႈိက္ ရလို႔ ျဖစ္ၾက ရတာပါ။

မီးညႇိထားတဲ့ ေဆးလိပ္က ထြက္တဲ့အေငြ႕၊ သူမ်ားရႉသြင္းၿပီးလို႔ ျပန္ထုတ္ လိုက္တဲ့ အေငြ႕ေတြဟာ ေဆးလိပ္မေသာက္ တတ္သူ တစ္ေယာက္အတြက္ အဆုတ္ ကင္ဆာျဖစ္ႏိုင္ေခ် ၂၀-၃၀ ရာခိုင္ႏႈန္း ပိုမိုျမင့္တက္ေစ ပါတယ္။

နမဒါေၾကာင့္ အစိုးရဘက္ကလည္း ေဆးလိပ္ေသာက္သုံးမႈကို ထိန္းခ်ဴပ္ေပးဖို႔ လိုအပ္သလို၊ ေဆးလိပ္ေသာက္တတ္သူမ်ားအေနနဲ႔လည္း လူအမ်ားစုေဝးbတဲ့ေနရာ၊ အိမ္အလုံပိတ္အခန္း၊

ကေလးေတြ အမ်ိဳးသမီးေတြအနား၊ ဒီလို ေနရာမ်ိဳးေတြမွာ ေဆးလိပ္ မေသာက္ဘဲ တာ၀န္ ယူတတ္တဲ့၊ ႏိုင္ငံႀကီးသားပီသတဲ့ အျပဳအမူမ်ိဳး ျပသၾကဖို႔ လိုပါ တယ္။

(၂) အရက္ေလွ်ာ့ေသာက္ဖို႔

ဒီေနရာမွာ လည္း လူေတြရဲ႕ အမူအက်င့္ေျပာင္းဖို႕ အျပင္ အစိုးရဘက္ ကလည္း ပူးေပါင္းပါ၀င္ဖို႔ အေရးႀကီးပါတယ္၊ ဘယ္ေလာက္ပဲ အရက္အစား ႏြားႏို႔ေသာက္ဖို႔ ေျပာေျပာ၊ အရက္က ႏြားႏို႔ထက္ ၀ယ္ရလြယ္ေနရင္၊ ေစ်းသက္သာေနရင္ အရက္ေသာက္ ျမဲေသာက္ေနၾက ဦးမွာပါပဲ။

ဒီလို အေနအထားေတြကို ထိန္းခ်ဳပ္ေပးဖို႔ လိုအပ္ ပါတယ္။ ျပည္သူေတြ အေနနဲ႔လည္း အရက္ကို လုံး၀မေရွာင္ ႏိုင္ေသးေတာင္ အႏၲရာယ္ျဖစ္ေလာက္ တဲ့အထိ၊ လူကို ဒုကၡျပန္ေပးေလာက္တဲ့ အထိေတာ့ မေသာက္ၾကဖို႔ လိုပါတယ္။

တကယ္ေတာ့ ေသြးတိုးျဖစ္လို႔ ကင္ဆာျဖစ္လို႔ ပိုက္ဆံ ကုန္တယ္ ဆိုေပမဲ့ တစ္သက္လုံး ေသာက္လာခဲ့တဲ့ အရက္ဖိုး ေဆးလိပ္ ဖိုးေတြ ေပါင္းလိုက္ရင္ ဒီထက္ေတာင္ ပိုမ်ားခ်င္ မ်ားေနဦး မွာပါ။

ဒါေၾကာင့္ ဒီေရာဂါေတြ ျဖစ္ရင္ ပိုက္ဆံကုန္တယ္ ဆိုေပမဲ့ ဒါေတြမျဖစ္ေအာင္ အေစာကတည္းက ကာကြယ္ခဲ့မယ္ ကိုယ့္အျပဳအမူေတြကို ဆင္ျခင္ ခဲ့မယ္ ဆိုရင္ ေငြကုန္ေၾကးက် မရွိတဲ့အျပင္ ေငြပိုေငြလွ်ံေတြေတာင္ ထြက္လာႏိုင္ ပါေသးတယ္။

အရက္နဲ႔တစ္ဆက္ တည္း ေျပာလိုတာ ကေတာ့ ကြၽန္ေတာ္တို ႔ႏိုင္ငံမွာ အမ်ိဳးသားေရာ အမ်ိဳးသမီးေတြပါ အေတာ္စားေလ့ ရွိတဲ့ ကြမ္း ပါ။ ဒါေၾကာင့္ ခုေနာက္ပိုင္းမွာ ပါးေစာင္ကင္ဆာ ျဖစ္ႏႈန္းက သိသိသာသာ တက္လာေန ပါတယ္။ ဒါကိုလည္း ကြၽန္ေတာ္တို႔တတ္ႏိုင္သမွ် ေရွာင္ဖို႔ လိုပါတယ္။

(၃) ကိုယ္လက္ေလ့က်င့္ခန္း မွန္မွန္လုပ္ဖို႔

ဒါကေတာ့ ကြၽန္ေတာ္ တို႔ေတြ ေတာ္ေတာ္မလုပ္ျဖစ္ေနတဲ့ ကိစၥတစ္ခုပါ။ တစ္ေန႔နည္းနည္းပဲျဖစ္ေစ လုပ္ျဖစ္ေအာင္ႀကိဳးစားၾကဖို႔ လိုပါတယ္။ ကိုယ္လက္ လႈပ္ရွားလုပ္ျခင္းေၾကာင့္ ေသြးလည္ပတ္မႈ ေကာင္းတယ္၊ စိတ္႐ႊင္လန္းတယ္၊ စား၀င္အိပ္ေပ်ာ္တယ္၊

ကိုယ္အေလးခ်ိန္ကို ထိန္းထားႏိုင္တယ္၊ စသျဖင့္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရွိပါတယ္၊ အရမ္းပင္ပန္းခက္ခဲ တာလည္း မဟုတ္လို႔ တစ္ေန႔ အခ်ိန္နည္းနည္းေလာက္ ႀကိဳးစား ယူၿပီး ေလ့က်င့္ခန္းကို မွန္မွန္လုပ္ဖို႔ လိုပါတယ္။

(၄) အစားအေသာက္ပုံစံ ေျပာင္းဖို႔

ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးဟာ ဆီစားမ်ားပါတယ္၊ လက္ဖက္ ဆိုလည္း ဆီေတြနစ္လို႔၊ အသားဆိုလည္း ဆီျပန္ဟင္းမွ စားလို ႔ၿမိန္တယ္။ ေနာက္ၿပီး အခ်ိဳမႈန္႔ေတြ ကလည္း အခုခ်ိန္ထိ စားေနၾက တုန္း။ ငါးပိရည္ဆိုတာက ထမင္းဝုိင္း တိုင္းမွာ ပါတယ္။

ေသြးတိုးသမားကလည္း ငါးပိေတြ ငံျပာရည္ေတြ ငါးေျခာက္ေတြ စားေနတာပဲ။ ဆီးခ်ိဳသမားကလည္း အသက္သာအေသ ခံမယ္၊ ထမင္းေတာ့ေလွ်ာ့ မစားဘူး ဆိုတာမ်ိဳး။ ဒါေတြ ျပင္ဖို႔ လိုပါတယ္။ လုံး၀မေရွာင္ႏိုင္ေတာင္ တတ္ႏိုင္ သမွ် ေလွ်ာ့စားၾက ဖို႔ေတာ့ လိုပါတယ္။

(၅) ကိုယ္အေလးခ်ိန္ကို ထိန္းထားဖို႔

အ၀လြန္ျခင္းဟာ ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေရာဂါေတြအတြက္ အရမ္းအႏၲရာယ္ႀကီးတဲ့ အေနအထားတစ္ခုပါ၊ ဆီစားမ်ားၿပီး ကိုယ္လက္လႈပ္ရွားနည္းတဲ့ သူေတြမွာ အေတြ႕ရမ်ားပါတယ္။ ဒီလို အ၀လြန္ျခင္းကို ေရွာင္ရွားဖို႔၊ သင့္ေတာ္တဲ့ ကိုယ္အေလးခ်ိန္မွာ ထိန္းထားဖို႔ အတြက္ နည္းလမ္းက ႏွစ္ခုတည္းပါ။

ကိုယ္လက္ လႈပ္ရွား လုပ္ဖို႔နဲ႔ အစားအေသာက္ပုံစံ ေျပာင္းဖို႔ပါ။ ပိန္ခ်င္တဲ့ သူေတြက ပိန္ေဆးေသာက္ၾကတယ္၊ ဒါဟာလည္း က်န္းမာေရး အတြက္ မသင့္ေတာ္ ပါဘူး။ အဲ့လိုပဲ ဘာအစားမွ မစားေတာ့ဘဲ ေနျခင္းကလည္း အစာအိမ္ထိ တတ္တာေၾကာင့္ မလုပ္သင့္ပါဘူး။

တကယ္ေတာ့ ဝိတ္လည္းက်၊ က်န္းမာေရးလည္း မထိခိုက္ေအာင္ စားေသာက္ရမဲ့ ပုံစံကေတာ့ တစ္ခါတည္း အမ်ားႀကီး စားတာထက္ နည္းနည္း နည္းနည္းနဲ႔ ခဏခဏ စားေပး ရမယ္၊ အဆီအဆိမ့္ေတြ အခ်ိဳေတြ ေရွာင္ရမယ္၊ ထမင္းနည္းနည္းနဲ႔ ဟင္းသီးဟင္း႐ြက္မ်ားမ်ား စားေပးရမယ္၊

မနက္စာ နဲ႔ ေန႔လည္စာကို ၀၀လင္လင္ စားၿပီး ညစာကိုေတာ့ ေတာ္ေတာ္ေလးေလွ်ာ့ၿပီး စားရပါမယ္။ ဒါဆိုရင္ ကိုယ္အေလးခ်ိန္ ကိုလည္း ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္တဲ့အျပင္ က်န္းမာေရး ကိုလည္း မထိခိုက္ေစပါဘူး။

(၆) စိတ္ဖိစီးမႈကို ေလွ်ာ့ဖို႔

ဒါကေတာ့ အရာရာမွာ တင္းတိမ္ေရာင့္ရဲၿပီး အေကာင္းျမင္ တတ္တဲ့ ကြၽန္ေတာ္တို႔ျမန္မာလူမ်ိဳးေတြမွာေတာ့ အေတာ္အဆင္ေျပ ပါတယ္။ လူမွန္ရင္ ဒုက ၡဆိုတာ ရွိစၿမဲမို႔ ဒါေတြကို ျငင္းဆန္လို႔ ေ႐ြးခ်ယ္လို႔ေတာ့ မရပါဘူး။

ေ႐ြးခ်ယ္လို ႔ရတာက ဒါေတြကို ကြၽန္ေတာ္တို႔ ဘယ္လိုခံယူၿပီး ဘယ္လိုတုံ႔ျပန္မလဲ ဆိုတာပါပဲ။ အခက္အခဲတစ္ခု ကိုယ့္ဆီေရာက္ လာရင္ ဒုကၡလို႔မျမင္ဘဲ ကိုယ့္ကို တိုးတက္ေအာင္ ေအာင္ျမင္ေအာင္ ျပဳလုပ္ေပးမဲ့ အရာပါလားလို႔ ခံယူပီး အေကာင္းဆုံးႀကိဳးစားမယ္၊ ျဖစ္လာသမွ်ရလဒ္ေတြ အေပၚမွာလည္း အေကာင္းျမင္စိတ္နဲ႔ ၾကည့္တတ္ ခံယူတတ္ မယ္ ဆိုရင္ ေလာကႀကီးမွာ ေနေပ်ာ္ပါ လိမ့္မယ္။

(၇) လိုအပ္တဲ့ စမ္းသပ္စစ္ေဆးမႈကို မွန္မွန္လုပ္သြားဖို႔္

႐ြာေတြမွာ ေဆးသြားကုလို႔ ေသြးတိုးရွိလား ေမးၾကည့္ရင္ မရွိဘူး လို႔ ေျဖတတ္ၾကတယ္။ တကယ္မရွိတာလား ဆိုေတာ့ မဟုတ္ဘူး၊ တသက္နဲ႔တစ္ကိုယ္ တစ္ခါမွကို ေသြးေပါင္ မတိုင္းဖူးတာ။ ျဖစ္ၿပီဆိုမွ၊ ေရာဂါေဝဒနာ ခံစားရၿပီ ဆိုမွ ဆရာ၀န္ ဆရာမဆီ ေျပးတတ္ ၾကတယ္။

အဲဒီ အခါမွာလည္း ေဝဒနာ သက္သာ႐ုံပဲ၊ သက္သာရင္ ၿပီးေရာ၊ ေဆးစြဲေသာက္ဖို႔လည္း စိတ္မကူးဘူး၊ ထပ္မျဖစ္ေအာင္ ဘယ္လို ကာကြယ္၇မလဲ၊ ဘယ္လိုေနထိုင္ ရမလဲ စိတ္မ၀င္စားၾက ဘူး။ ေျပာလည္း လိုက္မလုပ္ဘူး။

ေရာဂါဆိုတာ ျဖစ္မွကု တာထက္ ကာကြယ္ဖို႔က ပိုအေရးႀကီးတယ္ ဆိုတဲ့အျမင္ အားလုံးမွာ ရွိထားဖို႔ လိုပါတယ္။ ကာကြယ္ဖို႔နည္းလမ္းေတြထဲမွာ ကိုယ့္အမူအက်င့္ေတြ ေျပာင္းလဲဖို႔ လိုသလို၊ လိုအပ္တဲ့စစ္ေဆးမႈေတြကို မွန္မွန္လုပ္ သြားဖို႔လည္း အေရးႀကီး ပါတယ္။

ေငြကုန္ေၾကးက်မ်ားတာေတြ မဟုတ္ေတာင္ ေသြးေပါင္ပုံမွန္တိုင္းတာ၊ ဆီးခ်ိဳရွိမရွိ စစ္ေဆးတာ စတာမ်ိဳးေတြကိုေတာ့ မွန္မွန္ေလး လုပ္သြားဖို႔လိုအပ္ပါတယ္။

(၈) မိသားစုထဲမွာ ဒီေရာဂါေတြ ျဖစ္ဖူးသူ၊ ဒီေရာဂါေတြနဲ႔ ေသဆုံးသူ ရွိမရွိ စုံစမ္းဖို႔

ရင္သားကင္ဆာ၊ သားအိမ္ ကင္ဆာတို႔လို ေရာဂါေတြဟာ မ်ိဳး႐ိုး လိုက္တတ္ ပါတယ္။ ဒါေၾကာင့္ ကိုယ့္အမ်ိဳးေတြထဲမွာ ဒါေတြနဲ႔ ေသဆုံးသြား သူေတြ ရွိလား၊ ျဖစ္ဖူး သူေတြ ရွိလား ေမးျမန္းၾကည့္ဖို႔ လိုပါတယ္။ သူတို႔ျဖစ္တိုင္း ကိုယ္လိုက္ျဖစ္ ရမယ္ မဟုတ္ေပမဲ့ ရွိခဲ့ ရင္ေတာ့ ပိုၿပီး ဂ႐ုစိုက္ ရပါ မယ္။

အျပဳအမူေတြလည္း ေျပာင္းရမယ္၊ လိုအပ္တဲ့ စမ္းသပ္စစ္ေဆးမႈေတြ လည္း မွန္မွန္ လုပ္ရမယ္။

အေရးႀကီးဆုံးနဲ႔ အလိုအပ္ ဆုံးလို႔ ေျပာလို႔ ရတာ ကေတာ့ က်န္းမာေရးေဟာေျပာ ပြဲေတြ နားေထာင္ရမယ္၊ စာေစာင္ေတြ ဖတ္ရမယ္၊ တတ္ကြၽမ္းနားလည္ သူေတြနဲ႔ ေမးျမန္း တိုင္ပင္ ရပါမယ္။

ဒါမွသာ ဒီေရာဂါေတြနဲ႔ ပတ္သက္ၿပီး ဘယ္လို ကာကြယ္ ရမယ္၊ ဘယ္လိုေနထိုင္ ရမယ္၊ ဘယ္လိုေတြ ခံစားရ ရင္ေတာ့ ေဆး႐ုံေဆးခန္း ျပၾကည့္ရမယ္ စသျဖင့္ အသိပညာ ဗဟုသုတေတြ ရရွိလာၿပီး ဒီလိုေရာဂါေတြကို ကာကြယ္ႏိုင္ ၾကမွာပဲ ျဖစ္ပါ တယ္။

​ေဒါက္တာ( ၿဖိဳးသီဟ)

ယူနီကုတ္

ကျန်းမာစေကြောင်းနည်းကောင်းရှစ်သွယ်

မြန်မာနိုင်ငံမှာ ပဲကြည့်ကြည့် ကမ္ဘာမှာပဲ ကြည့်ကြည့် ဒီနေ့ခေတ်ရဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ ရှေ့တန်းကို ရောက်လာတာ ကတော့ Non-communicable diseases (NCD) လို့ ခေါ်တဲ့ ကူးစက်မဟုတ်သော ရောဂါများပဲ ဖြစ်ပါ တယ်။

မကူးစက် တတ်သော လို့ ဘာသာပြန် လိုက်ရင် ဒီရောဂါတွေရဲ့ အရေးပါမှု ပေါ့သွားမှာ စိုးတဲ့အတွက် ကူးစက် မဟုတ်သော လို့ ဘာသာပြန် ပါရစေ။ ငှက်ဖျားရောဂါ၊ HIV/ AIDS၊ တီဘီရောဂါတို့လို ကူးစက်တတ်တဲ့ ရောဂါမျိုးတွေ ကလည်း လက်ရှိ အချိန်ထိ နှိပ်စက်နေဆဲ

အနေအထားမှာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတဲ့ ကူးစက်မဟုတ်သော ရောဂါများကပါ လူတွေရဲ့ အသက်နဲ့ဘဝတွေကို ဖျက်ဆီးလျက် ရှိနေ ပါတယ်။ မှတ်တမ်းများ အရတော့ ကမ္ဘာပေါ်မှာ နှစ်စဉ် လူသန်းပေါင်း ၃၀ကျော်ဟာ ဒီလို ကူးစက် မဟုတ်သော ရောဂါများနဲ့ သေဆုံးလျက် ရှိနေပါတယ်၊

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆိုလည်း တော်တော်လေး အတွေ့ရ များလာပြီး လာမဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာမှာ ဒီထက် ၃ဆ ပိုမိုများပြားလာ ဖို့ ရှိတယ်လို့ ပညာရှင်တွေက မှန်းဆ ထားကြ ပါတယ်။

အရင်ကတော့ ဒီလိုသွေးတိုး ဆီးချို ဆိုတာတွေဟာ သူဌေးရောဂါ၊ သူဌေးတွေမှာမှ ဖြစ်တတ်တာ လို့ ထင်ခဲ့ကြပေမဲ့ ခုဆို ဆင်းရဲတဲ့ သူတွေ မှာလည်း ဖြစ်နေကြ တာကို တွေ့ရ ပါတယ်။ ဆင်းရဲတယ် ဆိုတာ ပိုက်ဆံချည်း တစ်ခုတည်း ကွက် ဆင်းရဲတာ မဟုတ် ပါဘူး၊ အသိပညာလည်း ဆင်းရဲ ပါတယ်။

ဒီရောဂါတွေ ဘာကြောင့် ဖြစ်မှန်းမသိဘူး၊ ဆေးကုသမှု ခံယူဖို့ အရေးကြီးတယ်ဆိုတာလည်း မသိဘူး၊ ဒါတွေမဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်ပြုမူ ရမယ် ဆိုတာ ကိုလည်း မသိဘူး။ အဲဒီလို မသိခြင်း တွေရဲ့အလယ်မှာ နေနေကြ ရတဲ့ အတွက် ချမ်းသာတဲ့ သူတွေမှာ ဖြစ်တာ ထက်တောင် အခြေအနေက ပိုဆိုးဆိုးရွားရွား တွေ့ရလေ့ ရှိပါ တယ်။

နောက်တစ်ခါ၊ ဒီရောဂါတွေ ဟာ လူကြီးတွေမှာပဲ ဖြစ်တယ်၊ အသက်ကြီးမှ ရင်ဆိုင်ရမဲ့ပြသနာတွေလို့လည်း ထင်ခဲ့ကြ ဖူးတယ်။ တကယ်တော့ ခုနောက်ပိုင်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုး ရှိသူ၊ ဆီးချိုဖြစ်တာကို မသိလို့ ခြေထောက်သွေးကြောတွေ ပိတ်ပြီး ဖြတ်ပစ် လိုက်ရသူ၊

ကင်ဆာဖြစ်ပြီး အသက်ငယ်ငယ်နဲ့ သေဆုံး သွားသူ၊ ဒါတွေကို မကြာခဏ တွေ့ဖူးကြမှာပါ။ လူတွေရဲ့ နေထိုင်စားသောက်ပုံတွေ ပြောင်းလာတာ နဲ့အမျှ လူတွေရဲ့ သက်တမ် းဟာလည်း တဖြည်းဖြည်းပိုတိုလာတာကို တွေ့ရ ပါတယ်။

ဒီရောဂါတွေကို ထိန်းချုပ် တဲ့နေရာမှာလည်း လူတွေ အစားအသောက် မဆင်ခြင်လို့ ဖြစ်တာ၊ ဆေးလိပ်တွေ အရက်တွေသောက်လို့ ဖြစ်ရတာ ဆိုရုံနဲ့တင် မရပါဘူး။ အစိုးရ ဘက်က ထိန်းချုပ်မှုတွေ အများကြီးပဲ လုပ်ပေးဖို့ လိုအပ် ပါတယ်။

ဒီနိုင်ငံထဲကို တင်သွင်းလာမဲ့ စားသောက်ကုန်တွေရဲ့ အာဟာရပြည့်ဝမှု၊ ဓါတုပစ္စည်း ကင်းစင်မှု၊ သန့်ရှင်းမှု စတာတွေကို အနီးကပ် ထိန်းချုပ်ဖို့ လို ပါတယ်။ နောက်ပြီး ဆေးလိပ်နဲ့ အရက်ကို အခွန်အခတွေ တိုးကောက်ဖို့ ကန့်သတ်ဖို့ စတဲ့ ခိုင်မာတိကျပြီး ပြည်သူတွေ အတွက် အကာအကွယ်ပေး နိုင်တဲ့ ပေါ်လစီတွေ ချမှတ်ပေးဖို့ အရေးကြီး ပါတယ်။

နောက်ဆုံး လူတွေ လွဲမှားနေတဲ့ အယူအဆ တစ်ခု ကတော့ ဒီရောဂါတွေကို ထိန်းချုပ်ဖို့ ငွေကုန်ကြေးကျ အရမ်းများမယ် ဆိုတာ ပါပဲ။ ဖြစ်ပြီးမှ ကုရင်သာ ငွေကုန်ကြေးကျ များနိုင်ပေမဲ့ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ချင်တယ် ဆိုရင်တော့ ပိုက်ဆံတွေ အများကြီး မကုန်ဘဲ အသိပညာရှိရုံ၊ ကိုယ့်ရဲ့အမူအကျင့်လေး ပြောင်းရုံနဲ့တင် ကာကွယ် လို့ ရပါတယ်။

ဒီလို ကူးစက်မဟုတ်သော ရောဂါတွေ မဖြစ်ဖို့အတွက် လုပ်ဆောင်ရမဲ့ အရာတွေကတော့..

(၁) ဆေးလိပ်နဲ့ ဝေးအောင်နေပါ

ဆေးလိပ် မသောက်ပါနဲ့ ဆိုတာနဲ့တင် မလုံလောက်တော့ ပါဘူး။ ဆေးလိပ် အငွေ့နဲ့ပါ ဝေးဝေးနေဖို့ လိုအပ်လာ ပါတယ်။ အရင်က အဆုတ်ကင်ဆာ ဆို အမျိုးသားတွေမှာပဲ ဖြစ်တတ် တယ်လို့ သိထားကြတယ်။

ဒါပေမဲ့ ဒီဘက်ခေတ်မှာ အဆုတ် ကင်ဆာလူနာတွေထဲ အမျိုးသမီးတွေပါ ပါဝင် လာကြတာကို တွေ့ရပါတယ်။ အများစုက ကိုယ်တိုင်သောက်လို့ မဟုတ်ဘဲ သူများဆီက တဆင့် ကိုယ့်ယောကျာ်းဆီကနေတဆင့် ရှူရှိုက် ရလို့ ဖြစ်ကြ ရတာပါ။

မီးညှိထားတဲ့ ဆေးလိပ်က ထွက်တဲ့အငွေ့၊ သူများရှူသွင်းပြီးလို့ ပြန်ထုတ် လိုက်တဲ့ အငွေ့တွေဟာ ဆေးလိပ်မသောက် တတ်သူ တစ်ယောက်အတွက် အဆုတ် ကင်ဆာဖြစ်နိုင်ချေ ၂၀-၃၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်စေ ပါတယ်။

နမဒါကြောင့် အစိုးရဘက်ကလည်း ဆေးလိပ်သောက်သုံးမှုကို ထိန်းချူပ်ပေးဖို့ လိုအပ်သလို၊ ဆေးလိပ်သောက်တတ်သူများအနေနဲ့လည်း လူအများစုဝေးbတဲ့နေရာ၊ အိမ်အလုံပိတ်အခန်း၊

ကလေးတွေ အမျိုးသမီးတွေအနား၊ ဒီလို နေရာမျိုးတွေမှာ ဆေးလိပ် မသောက်ဘဲ တာဝန် ယူတတ်တဲ့၊ နိုင်ငံကြီးသားပီသတဲ့ အပြုအမူမျိုး ပြသကြဖို့ လိုပါ တယ်။

(၂) အရက်လျှော့သောက်ဖို့

ဒီနေရာမှာ လည်း လူတွေရဲ့ အမူအကျင့်ပြောင်းဖို့ အပြင် အစိုးရဘက် ကလည်း ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်၊ ဘယ်လောက်ပဲ အရက်အစား နွားနို့သောက်ဖို့ ပြောပြော၊ အရက်က နွားနို့ထက် ဝယ်ရလွယ်နေရင်၊ ဈေးသက်သာနေရင် အရက်သောက် မြဲသောက်နေကြ ဦးမှာပါပဲ။

ဒီလို အနေအထားတွေကို ထိန်းချုပ်ပေးဖို့ လိုအပ် ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း အရက်ကို လုံးဝမရှောင် နိုင်သေးတောင် အန္တရာယ်ဖြစ်လောက် တဲ့အထိ၊ လူကို ဒုက္ခပြန်ပေးလောက်တဲ့ အထိတော့ မသောက်ကြဖို့ လိုပါတယ်။

တကယ်တော့ သွေးတိုးဖြစ်လို့ ကင်ဆာဖြစ်လို့ ပိုက်ဆံ ကုန်တယ် ဆိုပေမဲ့ တစ်သက်လုံး သောက်လာခဲ့တဲ့ အရက်ဖိုး ဆေးလိပ် ဖိုးတွေ ပေါင်းလိုက်ရင် ဒီထက်တောင် ပိုများချင် များနေဦး မှာပါ။

ဒါကြောင့် ဒီရောဂါတွေ ဖြစ်ရင် ပိုက်ဆံကုန်တယ် ဆိုပေမဲ့ ဒါတွေမဖြစ်အောင် အစောကတည်းက ကာကွယ်ခဲ့မယ် ကိုယ့်အပြုအမူတွေကို ဆင်ခြင် ခဲ့မယ် ဆိုရင် ငွေကုန်ကြေးကျ မရှိတဲ့အပြင် ငွေပိုငွေလျှံတွေတောင် ထွက်လာနိုင် ပါသေးတယ်။

အရက်နဲ့တစ်ဆက် တည်း ပြောလိုတာ ကတော့ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားရော အမျိုးသမီးတွေပါ အတော်စားလေ့ ရှိတဲ့ ကွမ်း ပါ။ ဒါကြောင့် ခုနောက်ပိုင်းမှာ ပါးစောင်ကင်ဆာ ဖြစ်နှုန်းက သိသိသာသာ တက်လာနေ ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့တတ်နိုင်သမျှ ရှောင်ဖို့ လိုပါတယ်။

(၃) ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့

ဒါကတော့ ကျွန်တော် တို့တွေ တော်တော်မလုပ်ဖြစ်နေတဲ့ ကိစ္စတစ်ခုပါ။ တစ်နေ့နည်းနည်းပဲဖြစ်စေ လုပ်ဖြစ်အောင်ကြိုးစားကြဖို့ လိုပါတယ်။ ကိုယ်လက် လှုပ်ရှားလုပ်ခြင်းကြောင့် သွေးလည်ပတ်မှု ကောင်းတယ်၊ စိတ်ရွှင်လန်းတယ်၊ စားဝင်အိပ်ပျော်တယ်၊

ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်၊ စသဖြင့် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်၊ အရမ်းပင်ပန်းခက်ခဲ တာလည်း မဟုတ်လို့ တစ်နေ့ အချိန်နည်းနည်းလောက် ကြိုးစား ယူပြီး လေ့ကျင့်ခန်းကို မှန်မှန်လုပ်ဖို့ လိုပါတယ်။

(၄) အစားအသောက်ပုံစံ ပြောင်းဖို့

ကျွန်တော်တို့ မြန်မာလူမျိုးဟာ ဆီစားများပါတယ်၊ လက်ဖက် ဆိုလည်း ဆီတွေနစ်လို့၊ အသားဆိုလည်း ဆီပြန်ဟင်းမှ စားလို့မြိန်တယ်။ နောက်ပြီး အချိုမှုန့်တွေ ကလည်း အခုချိန်ထိ စားနေကြ တုန်း။ ငါးပိရည်ဆိုတာက ထမင်းဝိုင်း တိုင်းမှာ ပါတယ်။

သွေးတိုးသမားကလည်း ငါးပိတွေ ငံပြာရည်တွေ ငါးခြောက်တွေ စားနေတာပဲ။ ဆီးချိုသမားကလည်း အသက်သာအသေ ခံမယ်၊ ထမင်းတော့လျှော့ မစားဘူး ဆိုတာမျိုး။ ဒါတွေ ပြင်ဖို့ လိုပါတယ်။ လုံးဝမရှောင်နိုင်တောင် တတ်နိုင် သမျှ လျှော့စားကြ ဖို့တော့ လိုပါတယ်။

(၅) ကိုယ်အလေးချိန်ကို ထိန်းထားဖို့

အဝလွန်ခြင်းဟာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေအတွက် အရမ်းအန္တရာယ်ကြီးတဲ့ အနေအထားတစ်ခုပါ၊ ဆီစားများပြီး ကိုယ်လက်လှုပ်ရှားနည်းတဲ့ သူတွေမှာ အတွေ့ရများပါတယ်။ ဒီလို အဝလွန်ခြင်းကို ရှောင်ရှားဖို့၊ သင့်တော်တဲ့ ကိုယ်အလေးချိန်မှာ ထိန်းထားဖို့ အတွက် နည်းလမ်းက နှစ်ခုတည်းပါ။

ကိုယ်လက် လှုပ်ရှား လုပ်ဖို့နဲ့ အစားအသောက်ပုံစံ ပြောင်းဖို့ပါ။ ပိန်ချင်တဲ့ သူတွေက ပိန်ဆေးသောက်ကြတယ်၊ ဒါဟာလည်း ကျန်းမာရေး အတွက် မသင့်တော် ပါဘူး။ အဲ့လိုပဲ ဘာအစားမှ မစားတော့ဘဲ နေခြင်းကလည်း အစာအိမ်ထိ တတ်တာကြောင့် မလုပ်သင့်ပါဘူး။

တကယ်တော့ ဝိတ်လည်းကျ၊ ကျန်းမာရေးလည်း မထိခိုက်အောင် စားသောက်ရမဲ့ ပုံစံကတော့ တစ်ခါတည်း အများကြီး စားတာထက် နည်းနည်း နည်းနည်းနဲ့ ခဏခဏ စားပေး ရမယ်၊ အဆီအဆိမ့်တွေ အချိုတွေ ရှောင်ရမယ်၊ ထမင်းနည်းနည်းနဲ့ ဟင်းသီးဟင်းရွက်များများ စားပေးရမယ်၊

မနက်စာ နဲ့ နေ့လည်စာကို ၀၀လင်လင် စားပြီး ညစာကိုတော့ တော်တော်လေးလျှော့ပြီး စားရပါမယ်။ ဒါဆိုရင် ကိုယ်အလေးချိန် ကိုလည်း လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် ကျန်းမာရေး ကိုလည်း မထိခိုက်စေပါဘူး။

(၆) စိတ်ဖိစီးမှုကို လျှော့ဖို့

ဒါကတော့ အရာရာမှာ တင်းတိမ်ရောင့်ရဲပြီး အကောင်းမြင် တတ်တဲ့ ကျွန်တော်တို့မြန်မာလူမျိုးတွေမှာတော့ အတော်အဆင်ပြေ ပါတယ်။ လူမှန်ရင် ဒုက ္ခဆိုတာ ရှိစမြဲမို့ ဒါတွေကို ငြင်းဆန်လို့ ရွေးချယ်လို့တော့ မရပါဘူး။

ရွေးချယ်လို့ရတာက ဒါတွေကို ကျွန်တော်တို့ ဘယ်လိုခံယူပြီး ဘယ်လိုတုံ့ပြန်မလဲ ဆိုတာပါပဲ။ အခက်အခဲတစ်ခု ကိုယ့်ဆီရောက် လာရင် ဒုက္ခလို့မမြင်ဘဲ ကိုယ့်ကို တိုးတက်အောင် အောင်မြင်အောင် ပြုလုပ်ပေးမဲ့ အရာပါလားလို့ ခံယူပီး အကောင်းဆုံးကြိုးစားမယ်၊ ဖြစ်လာသမျှရလဒ်တွေ အပေါ်မှာလည်း အကောင်းမြင်စိတ်နဲ့ ကြည့်တတ် ခံယူတတ် မယ် ဆိုရင် လောကကြီးမှာ နေပျော်ပါ လိမ့်မယ်။

(၇) လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုကို မှန်မှန်လုပ်သွားဖို့်

ရွာတွေမှာ ဆေးသွားကုလို့ သွေးတိုးရှိလား မေးကြည့်ရင် မရှိဘူး လို့ ဖြေတတ်ကြတယ်။ တကယ်မရှိတာလား ဆိုတော့ မဟုတ်ဘူး၊ တသက်နဲ့တစ်ကိုယ် တစ်ခါမှကို သွေးပေါင် မတိုင်းဖူးတာ။ ဖြစ်ပြီဆိုမှ၊ ရောဂါဝေဒနာ ခံစားရပြီ ဆိုမှ ဆရာဝန် ဆရာမဆီ ပြေးတတ် ကြတယ်။

အဲဒီ အခါမှာလည်း ဝေဒနာ သက်သာရုံပဲ၊ သက်သာရင် ပြီးရော၊ ဆေးစွဲသောက်ဖို့လည်း စိတ်မကူးဘူး၊ ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်၇မလဲ၊ ဘယ်လိုနေထိုင် ရမလဲ စိတ်မဝင်စားကြ ဘူး။ ပြောလည်း လိုက်မလုပ်ဘူး။

ရောဂါဆိုတာ ဖြစ်မှကု တာထက် ကာကွယ်ဖို့က ပိုအရေးကြီးတယ် ဆိုတဲ့အမြင် အားလုံးမှာ ရှိထားဖို့ လိုပါတယ်။ ကာကွယ်ဖို့နည်းလမ်းတွေထဲမှာ ကိုယ့်အမူအကျင့်တွေ ပြောင်းလဲဖို့ လိုသလို၊ လိုအပ်တဲ့စစ်ဆေးမှုတွေကို မှန်မှန်လုပ် သွားဖို့လည်း အရေးကြီး ပါတယ်။

ငွေကုန်ကြေးကျများတာတွေ မဟုတ်တောင် သွေးပေါင်ပုံမှန်တိုင်းတာ၊ ဆီးချိုရှိမရှိ စစ်ဆေးတာ စတာမျိုးတွေကိုတော့ မှန်မှန်လေး လုပ်သွားဖို့လိုအပ်ပါတယ်။

(၈) မိသားစုထဲမှာ ဒီရောဂါတွေ ဖြစ်ဖူးသူ၊ ဒီရောဂါတွေနဲ့ သေဆုံးသူ ရှိမရှိ စုံစမ်းဖို့

ရင်သားကင်ဆာ၊ သားအိမ် ကင်ဆာတို့လို ရောဂါတွေဟာ မျိုးရိုး လိုက်တတ် ပါတယ်။ ဒါကြောင့် ကိုယ့်အမျိုးတွေထဲမှာ ဒါတွေနဲ့ သေဆုံးသွား သူတွေ ရှိလား၊ ဖြစ်ဖူး သူတွေ ရှိလား မေးမြန်းကြည့်ဖို့ လိုပါတယ်။ သူတို့ဖြစ်တိုင်း ကိုယ်လိုက်ဖြစ် ရမယ် မဟုတ်ပေမဲ့ ရှိခဲ့ ရင်တော့ ပိုပြီး ဂရုစိုက် ရပါ မယ်။

အပြုအမူတွေလည်း ပြောင်းရမယ်၊ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လည်း မှန်မှန် လုပ်ရမယ်။

အရေးကြီးဆုံးနဲ့ အလိုအပ် ဆုံးလို့ ပြောလို့ ရတာ ကတော့ ကျန်းမာရေးဟောပြော ပွဲတွေ နားထောင်ရမယ်၊ စာစောင်တွေ ဖတ်ရမယ်၊ တတ်ကျွမ်းနားလည် သူတွေနဲ့ မေးမြန်း တိုင်ပင် ရပါမယ်။

ဒါမှသာ ဒီရောဂါတွေနဲ့ ပတ်သက်ပြီး ဘယ်လို ကာကွယ် ရမယ်၊ ဘယ်လိုနေထိုင် ရမယ်၊ ဘယ်လိုတွေ ခံစားရ ရင်တော့ ဆေးရုံဆေးခန်း ပြကြည့်ရမယ် စသဖြင့် အသိပညာ ဗဟုသုတတွေ ရရှိလာပြီး ဒီလိုရောဂါတွေကို ကာကွယ်နိုင် ကြမှာပဲ ဖြစ်ပါ တယ်။

ဒေါက်တာ( ဖြိုးသီဟ)

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …