ယုံၾကည္ရတဲ့သူ ျဖစ္ေအာင္လုပ္ပါ - Amawpyay

ယုံၾကည္ရတဲ့သူ ျဖစ္ေအာင္လုပ္ပါ

ယုံၾကည္ရတဲ့သူ ျဖစ္ေအာင္လုပ္ပါ
Knowledge

ယုံၾကည္ရတဲ့သူ ျဖစ္ေအာင္လုပ္ပါ

ေလးစားရတဲ့ ဆရာ တစ္ေယာက္က ေျပာဖူး ပါတယ္။ ဘယ္အဖြဲ႕အစည္းက ဘယ္ရာထူးမွာ လုပ္ေနပါေစ၊ သူဟာ ယုံၾကည္ရတယ္၊ Reliable ျဖစ္တယ္ ဆိုၿပီး နာမည္ရသြားရင္၊ လူႀကီးေတြက သိသြား၊ လက္ခံသြားရင္ အဲဒါ အျမင့္ကို ဆက္တက္ဖို႔ ေလွကား တစ္စင္ းရၿပီ လို႔ပဲ မွတ္ပါတဲ့။

ေခါင္းေဆာင္တစ္ေယာက္ရယ္လို႔ ျဖစ္လာရင္ သူလုပ္ရမယ့္ အေရးႀကီးတာဝန္တစ္ရပ္က သူ႔လိုေခါင္းေဆာင္ေတြ ေမြးထုတ္ ႏိုင္ဖို႔ ပါပဲ။ ဒါေၾကာင့္ ေခါင္းေဆာင္ေတြဟာ Potential (အလားအလာ) ရွိတဲ့သူေတြကို အၿမဲေစာင့္ၾကည့္ေန တတ္တယ္။

ဒီလိုပဲ၊ စီမံခန႔္ခြဲရတဲ့ သူေတြမွာလည္း Delegation ဆိုတဲ့ တာဝန္ ခြဲေပးျခင္းကို မျဖစ္မေန လုပ္ေဆာင္ၾကရတယ္၊ သူတစ္ေယာက္တည္း အကုန္လိုက္ လုပ္ေနလို႔ မရႏိုင္ ဘူး။

ဒီအခါမွာ အဲဒီမန္ေနဂ်ာဟာ သူေပးလိုက္တဲ့ တာဝန္ကို အေကာင္းဆုံ းလုပ္ႏိုင္ တဲ့သူ၊ ၿပီးၿပီလားလို႔ တြန္းေနစရာ မလိုတဲ့သူ၊ သပ္သပ္ရပ္ရပ္ လုပ္တတ္တဲ့သူကို လိုခ်င္မွာအမွန္ပဲ။

အဲဒီလို စိတ္ခ်ရတဲ့ လူေတြဟာလည္း ဒီေခတ္မွာ ရွားပါးလွတာမို႔ တစ္ေယာက္တစ္ေလ ေတြ႕လိုက္ ရင္ကို လစာေတြ အမ်ားႀကီးေပးၿပီး ကိုယ့္ဆီက ထြက္ မသြားေအာင္ ဆြဲေခၚ ထားတတ္ၾက တယ္။ ဒါေၾကာင့္ ကိုယ့္ဘက္ကသာ အသင့္ျပင္ထားမယ္ဆိုရင္ အခြင့္အလမ္းက ကိုယ္နဲ႔လက္တစ္ကမ္းမွာပဲ ရွိလိမ့္မယ္။

ဒါျဖင့္ ယုံၾကည္ ရတဲ့သူ (Reliable person) တစ္ေယာက္မွာ ဘယ္လို စ႐ိုက္လကၡဏာေတြ ရွိေနတတ္သလဲ။ လူငယ္ဘဝမွာ ကိုယ့္နာမည္ကို ၾကားလိုက္တာနဲ႔ သူကေတာ့ သိပ္စိတ္ခ် ရတယ္၊ သိပ္အားကိုးရတယ္ ဆိုတာမ်ိဳး လူႀကီးေတြက တြဲျမင္ေနေအာင္ ဘာေတြျပင္ဆင္ ထားဖို႔ လိုမလဲ။

၁။ ႐ိုးသားမႈ (Honesty)

ေငြေရးေၾကးေရး အရ ႐ိုးသားဖို႔ လိုပါတယ္။ က်န္တာ မွားသြားလို႔ ကိစၥမ ရွိေပမယ့္ အဲဒီ ႐ိုးသားမႈအပိုင္းမွာ အမည္းစက္ထင္ သြားရင္ေတာ့ ဘယ္ေလာက္ေတာ္တဲ့ သူ ျဖစ္ပါေစ၊ ေရွ႕ဆက္ဖို႔ ခက္ခဲသြားတတ္ပါတယ္။

႐ိုးသားမႈ ဆိုတဲ့ေနရာမွာ ေငြေၾကးအျပင္ အလုပ္နဲ႔ပတ္သက္ရင္လည္း ႐ိုးသားဖို႔ လိုပါတယ္။ မသိရင္ မသိေၾကာင္း၊ မတတ္ရင္ မတတ္ေၾကာင္း ေျပာပါ။

မလုပ္တတ္ တာကို လုပ္ႏိုင္ သလိုလိုနဲ႔ တာဝန္ယူလာၿပီးမွ အခ်ိန္မီ မၿပီးတာမ်ိဳး၊ လုပ္ရင္းကိုင္ရင္း မွားသြားတဲ့ အခါ ပြင့္ပြင့္လင္းလင္း မေျပာဘဲ အေၾကာင္းေလွ်ာက္ျပ တာမ်ိဳးေတြ ဟာလည္း ႐ိုးသားမႈ မရွိတာကို ျပပါတယ္။

၂။ လုပ္ေဆာင္ႏိုင္စြမ္း (Capacity)

အလုပ္တာဝန္ ျဖစ္လို႔ ႐ိုးသားမႈ တစ္ခုတည္း မလုံေလာက္ ပါဘူး၊ လုပ္ေဆာင္ႏိုင္စြမ္းလည္း အေရးႀကီးပါေသးတယ္။

ပြဲတစ္ခုကို စီစဥ္ေပးေစ ခ်င္တယ္၊ အေၾကာင္းအရာ တစ္ခုကို စုံစမ္းခိုင္းခ်င္တယ္၊ အစည္းအေဝးတစ္ခုကို ဦးေဆာင္ေစ ခ်င္တယ္၊ ဒီလို တာဝန္ေတြ ေပးလိုက္တဲ့ အခါမွာ အေကာင္းဆုံး ေဆာင္႐ြက္ ႏိုင္ဖို႔ လိုပါ တယ္။ ကိုယ့္အလုပ္က ဘယ္လို ကြၽမ္းက်င္မႈ မ်ိဳး ရွိထားဖို႔ ေတာင္းဆို သလဲ၊ အဲဒါကို ရွိေနေအာင္ လုပ္ပါ။

၃။ အေသးစိတ္မ်ားကို ဂ႐ုစိုက္ႏိုင္ျခင္း (Detail oriented)

အဖြဲ႕အစည္းတစ္ခုမွာ အဆုံးအျဖတ္ေပး ရတဲ့ အဆင့္မ်ိဳးေရာက္ လာရင္ အေသးစိတ္ေတြ အကုန္လိုက္ၾကည့္ဖို႔ ခက္လာ ပါတယ္။ ဒီအတြက္ ကိုယ္အေသးစိတ္ စစ္ေဆးထားၿပီး အခ်က္အလက္ အမွားအယြင္းကင္းတဲ့ အစီရင္ ခံစာမ်ိဳးကို တင္ေပးႏိုင္ မယ္ဆို သူတို႔ေတြ သိပ္သေဘာက်ပါလိမ့္မယ္။

လူငယ္ဘဝမွာပဲ အဲဒီလို အေသးစိတ္ေတြ အာ႐ုံစိုက္ႏိုင္တာပါ။ အဲဒီမွာ ေအာက္သက္ေၾကခဲ့မွ အဆင့္ျမင့္ျမင့္ေနရာမ်ိဳး ေရာက္တဲ့ အခါ အဆင္ေျပ ပါလိမ့္မယ္။ ခု လူငယ္ ဘဝမွာကို အေသးစိတ္ေတြ သတိမထားတတ္ရင္၊ အမွားအယြင္း မ်ားေနရင္ ယုံၾကည္ခံ ရဖို႔ ခက္ပါတယ္။

Devil is in the detail ပါ။ ကိုယ့္ကို ဒုကၡေပး သြားႏိုင္တဲ့၊ ကိုယ့္အလုပ္ကို ထိခိုက္ သြားေစႏိုင္တဲ့ အရာေတြဟာ အဲဒီ အေသးအဖြဲေလးေတြမွာ ရွိေနတတ္ တယ္။ ဒါေတြကို မစစ္ေဆးမိလိုက္ဘဲ လြတ္ထြက္မသြားဖို႔ ဂ႐ုစိုက္ၾက ရပါမယ္။

၄။ မိမိအသိစိတ္ျဖင့္ ေဆာင္႐ြက္ျခင္း (Initiative)

ခိုင္းမွလုပ္တတ္တဲ့ အက်င့္မ်ိဳး ေဖ်ာက္ဖို႔ လိုပါတယ္။ ကိုယ့္အသိစိတ္နဲ ႔ကိုယ္ စတင္လုပ္ေဆာင္တတ္တဲ့ Self-starter ျဖစ္ရ ပါမယ္။ တစ္ခါျပၿပီးရင္ ေနာက္တစ္ခါ ထပ္ျပစရာ မလိုေတာ့ဘူး၊ ဒီအလုပ္တစ္ခုတည္းတင္ မဟုတ္ဘဲ သူနဲ ႔သက္ဆိုင္ရာ၊ တျခားလိုအပ္မယ္ ထင္တာေလးေတြ ကိုပါ ႀကိဳတင္လုပ္ထားတတ္မယ္ဆိုရင္ လူႀကီးေတြ သိပ္သေဘာက် မွာပါ။

၅။ အခ်ိန္မီ ၿပီးစီးျခင္း (Timeliness)

အလုပ္တစ္ခု တာဝန္ေပးခံရၿပီဆိုပါေတာ့။ ဘယ္အခ်ိန္ၿပီးရမယ္ ဆိုတဲ့ Deadline လည္း တစ္ပါတည္း ေျပာလိုက္ပါလိမ့္မယ္။ အဲဒါကို ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ စဥ္းစားပါ။ ၃ရက္စာ လုပ္ရမယ့္အလုပ္ကို ညေနအၿပီး လုပ္ခိုင္းတယ္ဆိုရင္ မျဖစ္ႏိုင္ေၾကာင္း၊

အခ်ိန္ေပးဖို႔လိုေၾကာင္း ရွင္းရွင္းလင္းလင္းေျပာပါ။ အဲဒီလို တာဝန္တစ္ခုကို လက္ခံၿပီးၿပီဆိုရင္ေတာ့ အခ်ိန္မီၿပီးစီးေအာင္ ႀကိဳးစားဖို႔ လိုပါတယ္။ Deadline ျပည့္တဲ့ေန႔ေရာက္မွ မလုပ္ရေသးဘူး၊ ေမ့ေနလို႔ ဆိုတာမ်ိဳးေတြက ကိုယ့္အေပၚ ယုံၾကည္မႈကို ေလ်ာ့ေစပါတယ္။

၆။ မဆိုင္းမတြ တုံ႔ျပန္ေဆာင္႐ြက္ျခင္း (Responsiveness)

တာဝန္တစ္ခု ေပးလိုက္တဲ့ အခါ ဘယ္ေလာက္ျမန္ျမန္ စလုပ္တတ္သလဲ၊ ဘယ္ေလာက္အခ်ိန္တိုအတြင္း ၿပီးစီးသလဲ ဆိုတာကလည္း လူငယ္ေတြအတြက္ အေရးႀကီးပါတယ္။ တခ်ိဳ႕ဆို တာဝန္ေပးလိုက္ရင္ ေတာ္ေတာ္နဲ႔ စမလုပ္ဘူး။

လုပ္တတ္ပါရက္နဲ႔ အခ်ိန္ဆြဲေနတယ္။ အဓိကက စိတ္ဓါတ္တက္ႂကြမႈ မရွိတာနဲ႔လည္း ဆိုင္ပါတယ္။ စိတ္ဓါတ္တက္ႂကြမႈဆိုတာကလည္း အလုပ္အေပၚ သူ ဘယ္လိုသေဘာထားသလဲဆိုတာကေန ေပၚလာတာမ်ိဳးပါ။

ဒီလိုပဲ ခိုင္းရင္လုပ္လိုက္တာေပါ့ ဆိုတာထက္ ငါ ဒီမွာဘယ္လိုအေရးႀကီးတဲ့ အခန္းက႑ကေန အလုပ္လုပ္ေနတယ္ဆိုတာမ်ိဳး ေတြးထားရင္ လူဟာ စိတ္ဓါတ္တက္ႂကြတယ္၊ အလုပ္လုပ္ခ်င္စိတ္ အျပည့္ျဖစ္ေနတယ္။ ဒီေတာ့ တာဝန္တစ္ခုေပၚလာရင္ မဆိုင္းမတြ ခ်က္ခ်င္းစလုပ္တတ္တယ္။

၇။ ဆက္သြယ္ေျပာဆိုျခင္း (Communication skill)

အလုပ္တာဝန္နဲ႔ ပတ္သက္တဲ့ ဆက္သြယ္ေျပာဆိုျခင္းဆိုတာဟာ အဓိကအားျဖင့္ အစီရင္ခံစာ ေရးတာ၊ အခ်ိန္နဲ႔တေျပးညီ အေျခအေနကိုတင္ျပတာမ်ိဳးေတြကို ဆိုလိုတာ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ေတြဟာ ပင္ပင္ပန္းပန္း အလုပ္လုပ္ ဆို လုပ္လိုက္မယ္၊ အစီရင္ခံစာေလး တစ္မ်က္ႏွာေလာက္ ေရးဖို႔ကိုေတာ့ အင္မတန္တြန႔္ဆုတ္ၾကတယ္။ အဂၤလိပ္လို ေရးရမယ္ဆို ပိုလို႔ေတာင္ ဆိုးေသးတာေပါ့။

တာဝန္တစ္ခု ေပးလိုက္ၿပီဆို အဲဒါ အဆင္ေျပမေျပ၊ ၿပီးမၿပီး လူတိုင္း ျပန္သိခ်င္ပါတယ္။ စိတ္ခ်ခ်င္တာလည္း ပါသလို၊ လိုအပ္တဲ့ အကူအညီေပးဖို႔ရွိတယ္ဆိုလည္း ေပးႏိုင္ေအာင္ သိခ်င္ၾကတာပါ။ ဒါေၾကာင့္ ဘာတာဝန္မ်ိဳးကို ယူခဲ့ပါေစ၊ အၿမဲတမ္း Report back လုပ္ပါ။

အဲဒီ အေလ့အက်င့္ဟာ လူႀကီးနဲ႔ကိုယ္နဲ႔ၾကား ဆက္ဆံေရးေကာင္း တစ္ခု တည္ေဆာက္ၿပီးသား ျဖစ္သြားႏိုင္သလို ကိုယ့္ရဲ႕ စြမ္းေဆာင္ရည္ ကိုလည္း သတိထားမိ သြားေစႏိုင္ ပါတယ္။

၈။ လႊမ္းမိုးႏိုင္စြမ္း ရွိျခင္း (Influence)

ရာထူးငယ္ငယ္မွာ Technical skill ရွိ႐ုံနဲ႔ လုံေလာက္ ပါတယ္။ ဒါေပမယ့္ စီမံခန႔္ခြဲရတဲ့ Managerial role တစ္ခု ရဖို႔ဆိုရင္ေတာ့ လူေတြကို စည္း႐ုံးလႈံ႕ေဆာ္ႏိုင္တဲ့၊ လႊမ္းမိုးႏိုင္တဲ့ အရည္အေသြးမ်ိဳး ရွိဖို႔ လိုအပ္လာပါတယ္။

လူငယ္ေတြကို ၾကည့္လိုက္ရင္ တစ္ခ်ိဳ႕ဟာ သူတို႔သက္ဆိုင္ရာနယ္ပယ္မွာ ကြၽမ္းက်င္မႈရွိေပမယ့္ လူေတြကို Motivation Inspiration ေပးရတဲ့အပိုင္းေတြမွာ မလုပ္ခ်င္ၾကတာ၊ မလုပ္ႏိုင္ၾကတာကို ေတြ႕ရပါတယ္။ အဲဒီအခါ ေခါင္းေဆာင္ေနရာ၊ စီမံခန႔္ခြဲရတဲ့ေနရာ မ်ိဳးကို လႊဲေပးဖို႔ အင္မတန္ခက္ ပါတယ္။ ။

Youth is an opportunity to do something and to become somebody in life.

လူငယ္ဆိုတာ ဘဝမွာ တစ္စုံတစ္ေယာက္ ျဖစ္လာဖို႔ အတြက္ တစ္ခုခုလုပ္ေနရမယ့္ အခ်ိန္ေကာင္းပါပဲ တဲ့။ ခပ္ရွင္းရွင္းေျပာရရင္ လူငယ္ဘဝ ဆိုတာ လူႀကီးျဖစ္လ ာတဲ့အခါ ေအာင္ျမင္မႈေတြရဖို႔ ျပင္ဆင္ရတဲ့ အခ်ိန္ကာလတစ္ခုပါ။

ေအာင္ျမင္သူတစ္ေယာက္ကို ေတြ႕တဲ့အခါ လူေတြဟာ ပင္လယ္ျပင္မွာ ေမ်ာေနတဲ့ ေရခဲတုံးႀကီးကို ျမင္ရသလိုမ်ိဳး ေျပာတတ္ၾကတယ္။ တကယ္ဆို အေပၚယံျမင္သာတာေလးက နည္းၿပီး ေရေအာက္မွာ ျမဳပ္ေနတဲ့ အစိုင္အခဲႀကီးက အႀကီးႀကီးပါ။

ခုလည္း ဒီသေဘာပါပဲ၊ အသက္အ႐ြယ္ခ်င္းအတူတူ၊ လုပ္သက္ခ်င္းအတူတူ၊ အလုပ္လုပ္တာခ်င္းလည္း အတူတူမွာ တစ္ေယာက္က ရာထူးေတြတစ္ဆင့္ၿပီးတစ္ဆင့္ တက္သြားတဲ့အခါ ထင္တတ္ၾကတယ္၊ သူက လူႀကီးနဲ႔ပိုင္ေအာင္ေပါင္းလို႔ ေနမွာေပါ့။

အျပစ္တင္မိတတ္တယ္၊ အတူတူခ်င္းကို သူ႔က် ရာထူးတိုးေပးတယ္၊ မတရားဘူး၊ မျဖစ္သင့္ဘူးေပါ့။ ဒါေပမယ့္ သူတို႔မျမင္လိုက္တာက အေပၚယံၾကည့္လိုက္ရင္ေတာ့ ဟုတ္တယ္၊ လုပ္သက္တူတယ္၊ အလုပ္လုပ္ရတာခ်င္းတူတယ္၊ ဒါေပမယ့္ ေစတနာခ်င္းကြာတယ္၊ ႐ိုးသားမႈခ်င္းကြာတယ္၊

မဆိုင္းမတြ လုပ္တတ္တာ၊ သတင္းျပန္ပို႔တတ္တာ၊ အခ်ိန္မီၿပီးစီးတာ၊ ျမန္ျမန္လုပ္ဖို႔ တြန္းမေနရတာ၊ ဒါေတြကြာတယ္။ ဒီအခါမွာ ရလာတဲ့အခြင့္အလမ္း ခ်င္းလည္း ကြ ာသြားတယ္။ ဒီေတာ့ အဆင့္ေတြကြာတယ္၊ ရာထူးေတြကြာ လာတယ္၊ ေနာက္ဆုံး ေအာင္ျမင္မႈေတြ ကြာသြားေတာ့ တာပဲ။

တကယ္ေတာ့ နိစၥဓူဝ လုပ္ငန္းခြင္ထဲမွာ ေတြ႕ေနရတဲ့ ကိုယ့္ရဲ႕အရည္အေသြး၊ ခံယူခ်က္၊ တာဝန္ယူမႈ၊ ေစတနာ၊ ေပါင္းသင္းဆက္ဆံေရး၊ က်င့္ဝတ္ကို အေလးထားမႈ စတာေတြဟာ ကိုယ္ဘယ္လို လူလဲဆိုတာကို ျပသေနတာပဲ ျဖစ္တယ္၊ တစ္နည္းအားျဖင့္ ကိုယ့္ကိုယ္ပိုင္ Brand Image တစ္ခုကို တည္ေဆာက္ေနတာလည္းပဲ ျဖစ္ပါတယ္၊၊

ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးၾကည့္ပါ။ ကိုယ့္နာမည္ကို လူေတြၾကားလိုက္ရတဲ့အခ်ိန္မွာ သူတို႔စိတ္ထဲ ဘယ္လိုေပၚလာေစခ်င္သလဲ။

စြမ္းေဆာင္ရည္ျမင့္တဲ့သူလား၊ ယုံၾကည္စိတ္ခ်ရသူလား၊ ႏွစ္လိုဖြယ္ေကာင္းတဲ့သူလား၊ ပေရာ္ဖက္ရွင္နယ္ပီသသူလား၊ ဒါမွမဟုတ္ အဲဒါေတြရဲ႕ ဆန႔္က်င္ဘက္အေနအထားနဲ႔လား။

ကိုယ့္ကို ပုံေဖာ္ေပးေနတဲ့ အဲဒီ Image ကပဲ မာရသြန္ေျပးပြဲလို ရွည္လ်ားလွတဲ့ ဘဝၿပိဳင္ပြဲမွာ ေအာင္ျမင္မွာလား ရႈံးနိမ့္မွာလား ဆိုတာကို အဓိက အဆုံးအျဖတ္ေပးသြားမွာ ျဖစ္ပါတယ္။

လူငယ္ဘဝမွာ ယုံၾကည္ရတဲ့သူ (Reliable person) တစ္ေယာက္အျဖစ္ ကိုယ့္ Image ကို တည္ေဆာက္သြားႏိုင္ရင္ေတာ့၊ ကြၽန္ေတာ့္ဆရာေျပာသလိုေျပာပါမယ္၊ အဲဒါ ေလွကားတစ္စင္း ရလိုက္တာပါပဲ။

ေလးစားစြာျဖင့္ေဒါက္တာ ၿဖိဳးသီဟ

ယူနီကုတ္

ယုံကြည်ရတဲ့သူ ဖြစ်အောင်လုပ်ပါ

လေးစားရတဲ့ ဆရာ တစ်ယောက်က ပြောဖူး ပါတယ်။ ဘယ်အဖွဲ့အစည်းက ဘယ်ရာထူးမှာ လုပ်နေပါစေ၊ သူဟာ ယုံကြည်ရတယ်၊ Reliable ဖြစ်တယ် ဆိုပြီး နာမည်ရသွားရင်၊ လူကြီးတွေက သိသွား၊ လက်ခံသွားရင် အဲဒါ အမြင့်ကို ဆက်တက်ဖို့ လှေကား တစ်စင် းရပြီ လို့ပဲ မှတ်ပါတဲ့။

ခေါင်းဆောင်တစ်ယောက်ရယ်လို့ ဖြစ်လာရင် သူလုပ်ရမယ့် အရေးကြီးတာဝန်တစ်ရပ်က သူ့လိုခေါင်းဆောင်တွေ မွေးထုတ် နိုင်ဖို့ ပါပဲ။ ဒါကြောင့် ခေါင်းဆောင်တွေဟာ Potential (အလားအလာ) ရှိတဲ့သူတွေကို အမြဲစောင့်ကြည့်နေ တတ်တယ်။

ဒီလိုပဲ၊ စီမံခန့်ခွဲရတဲ့ သူတွေမှာလည်း Delegation ဆိုတဲ့ တာဝန် ခွဲပေးခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရတယ်၊ သူတစ်ယောက်တည်း အကုန်လိုက် လုပ်နေလို့ မရနိုင် ဘူး။

ဒီအခါမှာ အဲဒီမန်နေဂျာဟာ သူပေးလိုက်တဲ့ တာဝန်ကို အကောင်းဆုံ းလုပ်နိုင် တဲ့သူ၊ ပြီးပြီလားလို့ တွန်းနေစရာ မလိုတဲ့သူ၊ သပ်သပ်ရပ်ရပ် လုပ်တတ်တဲ့သူကို လိုချင်မှာအမှန်ပဲ။

အဲဒီလို စိတ်ချရတဲ့ လူတွေဟာလည်း ဒီခေတ်မှာ ရှားပါးလှတာမို့ တစ်ယောက်တစ်လေ တွေ့လိုက် ရင်ကို လစာတွေ အများကြီးပေးပြီး ကိုယ့်ဆီက ထွက် မသွားအောင် ဆွဲခေါ် ထားတတ်ကြ တယ်။ ဒါကြောင့် ကိုယ့်ဘက်ကသာ အသင့်ပြင်ထားမယ်ဆိုရင် အခွင့်အလမ်းက ကိုယ်နဲ့လက်တစ်ကမ်းမှာပဲ ရှိလိမ့်မယ်။

ဒါဖြင့် ယုံကြည် ရတဲ့သူ (Reliable person) တစ်ယောက်မှာ ဘယ်လို စရိုက်လက္ခဏာတွေ ရှိနေတတ်သလဲ။ လူငယ်ဘဝမှာ ကိုယ့်နာမည်ကို ကြားလိုက်တာနဲ့ သူကတော့ သိပ်စိတ်ချ ရတယ်၊ သိပ်အားကိုးရတယ် ဆိုတာမျိုး လူကြီးတွေက တွဲမြင်နေအောင် ဘာတွေပြင်ဆင် ထားဖို့ လိုမလဲ။

၁။ ရိုးသားမှု (Honesty)

ငွေရေးကြေးရေး အရ ရိုးသားဖို့ လိုပါတယ်။ ကျန်တာ မှားသွားလို့ ကိစ္စမ ရှိပေမယ့် အဲဒီ ရိုးသားမှုအပိုင်းမှာ အမည်းစက်ထင် သွားရင်တော့ ဘယ်လောက်တော်တဲ့ သူ ဖြစ်ပါစေ၊ ရှေ့ဆက်ဖို့ ခက်ခဲသွားတတ်ပါတယ်။

ရိုးသားမှု ဆိုတဲ့နေရာမှာ ငွေကြေးအပြင် အလုပ်နဲ့ပတ်သက်ရင်လည်း ရိုးသားဖို့ လိုပါတယ်။ မသိရင် မသိကြောင်း၊ မတတ်ရင် မတတ်ကြောင်း ပြောပါ။

မလုပ်တတ် တာကို လုပ်နိုင် သလိုလိုနဲ့ တာဝန်ယူလာပြီးမှ အချိန်မီ မပြီးတာမျိုး၊ လုပ်ရင်းကိုင်ရင်း မှားသွားတဲ့ အခါ ပွင့်ပွင့်လင်းလင်း မပြောဘဲ အကြောင်းလျှောက်ပြ တာမျိုးတွေ ဟာလည်း ရိုးသားမှု မရှိတာကို ပြပါတယ်။

၂။ လုပ်ဆောင်နိုင်စွမ်း (Capacity)

အလုပ်တာဝန် ဖြစ်လို့ ရိုးသားမှု တစ်ခုတည်း မလုံလောက် ပါဘူး၊ လုပ်ဆောင်နိုင်စွမ်းလည်း အရေးကြီးပါသေးတယ်။

ပွဲတစ်ခုကို စီစဉ်ပေးစေ ချင်တယ်၊ အကြောင်းအရာ တစ်ခုကို စုံစမ်းခိုင်းချင်တယ်၊ အစည်းအဝေးတစ်ခုကို ဦးဆောင်စေ ချင်တယ်၊ ဒီလို တာဝန်တွေ ပေးလိုက်တဲ့ အခါမှာ အကောင်းဆုံး ဆောင်ရွက် နိုင်ဖို့ လိုပါ တယ်။ ကိုယ့်အလုပ်က ဘယ်လို ကျွမ်းကျင်မှု မျိုး ရှိထားဖို့ တောင်းဆို သလဲ၊ အဲဒါကို ရှိနေအောင် လုပ်ပါ။

၃။ အသေးစိတ်များကို ဂရုစိုက်နိုင်ခြင်း (Detail oriented)

အဖွဲ့အစည်းတစ်ခုမှာ အဆုံးအဖြတ်ပေး ရတဲ့ အဆင့်မျိုးရောက် လာရင် အသေးစိတ်တွေ အကုန်လိုက်ကြည့်ဖို့ ခက်လာ ပါတယ်။ ဒီအတွက် ကိုယ်အသေးစိတ် စစ်ဆေးထားပြီး အချက်အလက် အမှားအယွင်းကင်းတဲ့ အစီရင် ခံစာမျိုးကို တင်ပေးနိုင် မယ်ဆို သူတို့တွေ သိပ်သဘောကျပါလိမ့်မယ်။

လူငယ်ဘဝမှာပဲ အဲဒီလို အသေးစိတ်တွေ အာရုံစိုက်နိုင်တာပါ။ အဲဒီမှာ အောက်သက်ကြေခဲ့မှ အဆင့်မြင့်မြင့်နေရာမျိုး ရောက်တဲ့ အခါ အဆင်ပြေ ပါလိမ့်မယ်။ ခု လူငယ် ဘဝမှာကို အသေးစိတ်တွေ သတိမထားတတ်ရင်၊ အမှားအယွင်း များနေရင် ယုံကြည်ခံ ရဖို့ ခက်ပါတယ်။

Devil is in the detail ပါ။ ကိုယ့်ကို ဒုက္ခပေး သွားနိုင်တဲ့၊ ကိုယ့်အလုပ်ကို ထိခိုက် သွားစေနိုင်တဲ့ အရာတွေဟာ အဲဒီ အသေးအဖွဲလေးတွေမှာ ရှိနေတတ် တယ်။ ဒါတွေကို မစစ်ဆေးမိလိုက်ဘဲ လွတ်ထွက်မသွားဖို့ ဂရုစိုက်ကြ ရပါမယ်။

၄။ မိမိအသိစိတ်ဖြင့် ဆောင်ရွက်ခြင်း (Initiative)

ခိုင်းမှလုပ်တတ်တဲ့ အကျင့်မျိုး ဖျောက်ဖို့ လိုပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် စတင်လုပ်ဆောင်တတ်တဲ့ Self-starter ဖြစ်ရ ပါမယ်။ တစ်ခါပြပြီးရင် နောက်တစ်ခါ ထပ်ပြစရာ မလိုတော့ဘူး၊ ဒီအလုပ်တစ်ခုတည်းတင် မဟုတ်ဘဲ သူနဲ့သက်ဆိုင်ရာ၊ တခြားလိုအပ်မယ် ထင်တာလေးတွေ ကိုပါ ကြိုတင်လုပ်ထားတတ်မယ်ဆိုရင် လူကြီးတွေ သိပ်သဘောကျ မှာပါ။

၅။ အချိန်မီ ပြီးစီးခြင်း (Timeliness)

အလုပ်တစ်ခု တာဝန်ပေးခံရပြီဆိုပါတော့။ ဘယ်အချိန်ပြီးရမယ် ဆိုတဲ့ Deadline လည်း တစ်ပါတည်း ပြောလိုက်ပါလိမ့်မယ်။ အဲဒါကို ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားပါ။ ၃ရက်စာ လုပ်ရမယ့်အလုပ်ကို ညနေအပြီး လုပ်ခိုင်းတယ်ဆိုရင် မဖြစ်နိုင်ကြောင်း၊

အချိန်ပေးဖို့လိုကြောင်း ရှင်းရှင်းလင်းလင်းပြောပါ။ အဲဒီလို တာဝန်တစ်ခုကို လက်ခံပြီးပြီဆိုရင်တော့ အချိန်မီပြီးစီးအောင် ကြိုးစားဖို့ လိုပါတယ်။ Deadline ပြည့်တဲ့နေ့ရောက်မှ မလုပ်ရသေးဘူး၊ မေ့နေလို့ ဆိုတာမျိုးတွေက ကိုယ့်အပေါ် ယုံကြည်မှုကို လျော့စေပါတယ်။

၆။ မဆိုင်းမတွ တုံ့ပြန်ဆောင်ရွက်ခြင်း (Responsiveness)

တာဝန်တစ်ခု ပေးလိုက်တဲ့ အခါ ဘယ်လောက်မြန်မြန် စလုပ်တတ်သလဲ၊ ဘယ်လောက်အချိန်တိုအတွင်း ပြီးစီးသလဲ ဆိုတာကလည်း လူငယ်တွေအတွက် အရေးကြီးပါတယ်။ တချို့ဆို တာဝန်ပေးလိုက်ရင် တော်တော်နဲ့ စမလုပ်ဘူး။

လုပ်တတ်ပါရက်နဲ့ အချိန်ဆွဲနေတယ်။ အဓိကက စိတ်ဓါတ်တက်ကြွမှု မရှိတာနဲ့လည်း ဆိုင်ပါတယ်။ စိတ်ဓါတ်တက်ကြွမှုဆိုတာကလည်း အလုပ်အပေါ် သူ ဘယ်လိုသဘောထားသလဲဆိုတာကနေ ပေါ်လာတာမျိုးပါ။

ဒီလိုပဲ ခိုင်းရင်လုပ်လိုက်တာပေါ့ ဆိုတာထက် ငါ ဒီမှာဘယ်လိုအရေးကြီးတဲ့ အခန်းကဏ္ဍကနေ အလုပ်လုပ်နေတယ်ဆိုတာမျိုး တွေးထားရင် လူဟာ စိတ်ဓါတ်တက်ကြွတယ်၊ အလုပ်လုပ်ချင်စိတ် အပြည့်ဖြစ်နေတယ်။ ဒီတော့ တာဝန်တစ်ခုပေါ်လာရင် မဆိုင်းမတွ ချက်ချင်းစလုပ်တတ်တယ်။

၇။ ဆက်သွယ်ပြောဆိုခြင်း (Communication skill)

အလုပ်တာဝန်နဲ့ ပတ်သက်တဲ့ ဆက်သွယ်ပြောဆိုခြင်းဆိုတာဟာ အဓိကအားဖြင့် အစီရင်ခံစာ ရေးတာ၊ အချိန်နဲ့တပြေးညီ အခြေအနေကိုတင်ပြတာမျိုးတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

ကျွန်တော်တို့တွေဟာ ပင်ပင်ပန်းပန်း အလုပ်လုပ် ဆို လုပ်လိုက်မယ်၊ အစီရင်ခံစာလေး တစ်မျက်နှာလောက် ရေးဖို့ကိုတော့ အင်မတန်တွန့်ဆုတ်ကြတယ်။ အင်္ဂလိပ်လို ရေးရမယ်ဆို ပိုလို့တောင် ဆိုးသေးတာပေါ့။

တာဝန်တစ်ခု ပေးလိုက်ပြီဆို အဲဒါ အဆင်ပြေမပြေ၊ ပြီးမပြီး လူတိုင်း ပြန်သိချင်ပါတယ်။ စိတ်ချချင်တာလည်း ပါသလို၊ လိုအပ်တဲ့ အကူအညီပေးဖို့ရှိတယ်ဆိုလည်း ပေးနိုင်အောင် သိချင်ကြတာပါ။ ဒါကြောင့် ဘာတာဝန်မျိုးကို ယူခဲ့ပါစေ၊ အမြဲတမ်း Report back လုပ်ပါ။

အဲဒီ အလေ့အကျင့်ဟာ လူကြီးနဲ့ကိုယ်နဲ့ကြား ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ပြီးသား ဖြစ်သွားနိုင်သလို ကိုယ့်ရဲ့ စွမ်းဆောင်ရည် ကိုလည်း သတိထားမိ သွားစေနိုင် ပါတယ်။

၈။ လွှမ်းမိုးနိုင်စွမ်း ရှိခြင်း (Influence)

ရာထူးငယ်ငယ်မှာ Technical skill ရှိရုံနဲ့ လုံလောက် ပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲရတဲ့ Managerial role တစ်ခု ရဖို့ဆိုရင်တော့ လူတွေကို စည်းရုံးလှုံ့ဆော်နိုင်တဲ့၊ လွှမ်းမိုးနိုင်တဲ့ အရည်အသွေးမျိုး ရှိဖို့ လိုအပ်လာပါတယ်။

လူငယ်တွေကို ကြည့်လိုက်ရင် တစ်ချို့ဟာ သူတို့သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်မှုရှိပေမယ့် လူတွေကို Motivation Inspiration ပေးရတဲ့အပိုင်းတွေမှာ မလုပ်ချင်ကြတာ၊ မလုပ်နိုင်ကြတာကို တွေ့ရပါတယ်။ အဲဒီအခါ ခေါင်းဆောင်နေရာ၊ စီမံခန့်ခွဲရတဲ့နေရာ မျိုးကို လွှဲပေးဖို့ အင်မတန်ခက် ပါတယ်။ ။

Youth is an opportunity to do something and to become somebody in life.

လူငယ်ဆိုတာ ဘဝမှာ တစ်စုံတစ်ယောက် ဖြစ်လာဖို့ အတွက် တစ်ခုခုလုပ်နေရမယ့် အချိန်ကောင်းပါပဲ တဲ့။ ခပ်ရှင်းရှင်းပြောရရင် လူငယ်ဘဝ ဆိုတာ လူကြီးဖြစ်လ ာတဲ့အခါ အောင်မြင်မှုတွေရဖို့ ပြင်ဆင်ရတဲ့ အချိန်ကာလတစ်ခုပါ။

အောင်မြင်သူတစ်ယောက်ကို တွေ့တဲ့အခါ လူတွေဟာ ပင်လယ်ပြင်မှာ မျောနေတဲ့ ရေခဲတုံးကြီးကို မြင်ရသလိုမျိုး ပြောတတ်ကြတယ်။ တကယ်ဆို အပေါ်ယံမြင်သာတာလေးက နည်းပြီး ရေအောက်မှာ မြုပ်နေတဲ့ အစိုင်အခဲကြီးက အကြီးကြီးပါ။

ခုလည်း ဒီသဘောပါပဲ၊ အသက်အရွယ်ချင်းအတူတူ၊ လုပ်သက်ချင်းအတူတူ၊ အလုပ်လုပ်တာချင်းလည်း အတူတူမှာ တစ်ယောက်က ရာထူးတွေတစ်ဆင့်ပြီးတစ်ဆင့် တက်သွားတဲ့အခါ ထင်တတ်ကြတယ်၊ သူက လူကြီးနဲ့ပိုင်အောင်ပေါင်းလို့ နေမှာပေါ့။

အပြစ်တင်မိတတ်တယ်၊ အတူတူချင်းကို သူ့ကျ ရာထူးတိုးပေးတယ်၊ မတရားဘူး၊ မဖြစ်သင့်ဘူးပေါ့။ ဒါပေမယ့် သူတို့မမြင်လိုက်တာက အပေါ်ယံကြည့်လိုက်ရင်တော့ ဟုတ်တယ်၊ လုပ်သက်တူတယ်၊ အလုပ်လုပ်ရတာချင်းတူတယ်၊ ဒါပေမယ့် စေတနာချင်းကွာတယ်၊ ရိုးသားမှုချင်းကွာတယ်၊

မဆိုင်းမတွ လုပ်တတ်တာ၊ သတင်းပြန်ပို့တတ်တာ၊ အချိန်မီပြီးစီးတာ၊ မြန်မြန်လုပ်ဖို့ တွန်းမနေရတာ၊ ဒါတွေကွာတယ်။ ဒီအခါမှာ ရလာတဲ့အခွင့်အလမ်း ချင်းလည်း ကွ ာသွားတယ်။ ဒီတော့ အဆင့်တွေကွာတယ်၊ ရာထူးတွေကွာ လာတယ်၊ နောက်ဆုံး အောင်မြင်မှုတွေ ကွာသွားတော့ တာပဲ။

တကယ်တော့ နိစ္စဓူဝ လုပ်ငန်းခွင်ထဲမှာ တွေ့နေရတဲ့ ကိုယ့်ရဲ့အရည်အသွေး၊ ခံယူချက်၊ တာဝန်ယူမှု၊ စေတနာ၊ ပေါင်းသင်းဆက်ဆံရေး၊ ကျင့်ဝတ်ကို အလေးထားမှု စတာတွေဟာ ကိုယ်ဘယ်လို လူလဲဆိုတာကို ပြသနေတာပဲ ဖြစ်တယ်၊ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ပိုင် Brand Image တစ်ခုကို တည်ဆောက်နေတာလည်းပဲ ဖြစ်ပါတယ်၊၊

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ကိုယ့်နာမည်ကို လူတွေကြားလိုက်ရတဲ့အချိန်မှာ သူတို့စိတ်ထဲ ဘယ်လိုပေါ်လာစေချင်သလဲ။

စွမ်းဆောင်ရည်မြင့်တဲ့သူလား၊ ယုံကြည်စိတ်ချရသူလား၊ နှစ်လိုဖွယ်ကောင်းတဲ့သူလား၊ ပရော်ဖက်ရှင်နယ်ပီသသူလား၊ ဒါမှမဟုတ် အဲဒါတွေရဲ့ ဆန့်ကျင်ဘက်အနေအထားနဲ့လား။

ကိုယ့်ကို ပုံဖော်ပေးနေတဲ့ အဲဒီ Image ကပဲ မာရသွန်ပြေးပွဲလို ရှည်လျားလှတဲ့ ဘဝပြိုင်ပွဲမှာ အောင်မြင်မှာလား ရှုံးနိမ့်မှာလား ဆိုတာကို အဓိက အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

လူငယ်ဘဝမှာ ယုံကြည်ရတဲ့သူ (Reliable person) တစ်ယောက်အဖြစ် ကိုယ့် Image ကို တည်ဆောက်သွားနိုင်ရင်တော့၊ ကျွန်တော့်ဆရာပြောသလိုပြောပါမယ်၊ အဲဒါ လှေကားတစ်စင်း ရလိုက်တာပါပဲ။

ဒေါက်တာ ဖြိုးသီဟ

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …