ကိုယ္မလုိခ်င္တဲ့ တစ္စံုတစ္ေယာက္ဆီက အခ်စ္ကုိ ပညာသားပါပါနဲ႔ ဘယ္လုိ ျငင္းမလဲ - Amawpyay

ကိုယ္မလုိခ်င္တဲ့ တစ္စံုတစ္ေယာက္ဆီက အခ်စ္ကုိ ပညာသားပါပါနဲ႔ ဘယ္လုိ ျငင္းမလဲ

ကိုယ္မလုိခ်င္တဲ့ တစ္စံုတစ္ေယာက္ဆီက အခ်စ္ကုိ ပညာသားပါပါနဲ႔ ဘယ္လုိ ျငင္းမလဲ
အခ်စ္ေရး

ကိုယ္မလုိခ်င္တဲ့ တစ္စံုတစ္ေယာက္ဆီက အခ်စ္ကုိ ပညာသားပါပါနဲ႔ ဘယ္လုိ ျငင္းမလဲ

ကိုယ္မခ်စ္၊ မႏွစ္သက္တဲ့ သူရဲ႕အခ်စ္ကို ျငင္းဆိုတဲ့ အခါ တစ္ဘက္လူကို မထိခုိက္ေစပဲ ပညာသားပါပါနဲ႔ ျငင္းဆုိတတ္ဖုိ႔ အေရးႀကီး ပါတယ္။ တစ္္ခါတစ္ေလ အရမ္းတြယ္ကပ္္ေနတတ္ သူေတြကို ေဒါသတႀကီးတံု႔ျပန္လုိက္တာ မ်ိဳးထက္ နားလည္ သေဘာေပါက္ လြယ္ေအာင္ တည္တည္ၿငိမ္ၿငိမ္နဲ႔ ျငင္းဆိုလုိက္တာမ်ိိဳးက ပိုအဆင္ေျပေစပါတယ္။

ကိုယ့္ကဘယ္ေလာက္ပဲ မခ်စ္ဘူးဆုိေပမယ့္ ကိုယ့္ကိုယ္ခ်စ္ေပးတဲ့သူကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ယဥ္ယဥ္ေက်းေက်း ျငင္းဆုိႏုိင္မယ့္ နည္းလမ္းေကာင္းေလးေတြ ႐ွိပါတယ္ေနာ္။

ကၽြန္မ အဆင္သင့္ မျဖစ္ေသးဘူး

ကိုယ္မခ်စ္ႏုိင္တဲ့ တစ္စံုတစ္ေယာက္ ဆီက အခ်စ္ကို ယဥ္ယဥ္ေက်းေက်းျငင္းဆုိ ဖုိ ႔ဆုိရင္ေတာ့ ဒီစကားလံုးက အေကာင္းဆံုးလုိ႔ ထင္ပါ တယ္။ ခ်စ္ရမွာ အဆင္္သင့္မျဖစ္ေသးတဲ့ အေၾကာင္းကို ေျပာၿပီး ပညာသားပါပါ ျငင္းဆုိ ႏုိင္ပါ တယ္ေနာ္။

ဒီလုိ ျငင္းဆုိလုိက္မႈက တစ္ဘက္လူ အတြက္လည္း မထိခိုက္ေစသလို ကိုယ့္အတြက္လည္း အဆင္ေျပေစတဲ့ နည္းလမ္းေလးျဖစ္လုိ႔ ကိုယ္မခ်စ္တဲ့ သူ တစ္ေယာက္ေယာက္က ကိုယ့္ကိုယ္ ခ်စ္ခြင့္ပန္လာတဲ့အခါ ကၽြန္မ ခ်စ္ရမွာ အဆင္သင့္မျဖစ္ေသးဘူးလို႔ ျငင္းဆုိလုိ ႔ရပါ တယ္။

အိပ္မက္ပန္းတုိင္ကိုပဲ အာ႐ံုစိုက္ခ်င္္ေသးလုိ႔

တကယ္လုိ႔ တစ္စံုတစ္ေယာက္က ကိုယ့္ရဲ႕အခ်စ္ကုိ ရဖုိ႔ႀကိဳးစား လာတဲ့ အခါမွာ အခ်စ္အတြက္ အခ်ိန္မေပးႏုိင္ေသးေၾကာင္းနဲ႔ ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္ပန္းတုိင္ေတြ အတြက္ပဲ အာ႐ံုစိုက္ ခ်င္ေသးလုိ႔ ဆုိၿပီး ျငင္းဆုိ ႏိုင္ပါတယ္။

ပိုေကာင္းမြန္တဲ့ ဘဝတစ္ခုကို ပိုင္ဆုိင္ဖုိ႔ အခ်စ္ ဆုိတာကို ခဏေမ့ထားၿပီး လက္႐ွိမွာ ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္ေနာက္ကို လုိက္ခ်င္္ေသးတယ္ လုိ႔ေျပာၿပီး တစ္ဘက္လူရဲ႕ အခ်စ္ကို ယဥ္ယဥ္္ေက်းေက်းျငင္းဆုိလုိ႔ ရပါတယ္။

ကၽြန္မက ႐ွင့္အတြက္ မွန္ကန္တဲ့ မိန္းကေလးမဟုတ္ဘူး

ဒီစကားမ်ိဳးက တစ္ဘက္လူရဲ႕စိတ္ကို ႏွစ္သိမ္႔ရာလည္းေရာက္ သလို ကိုယ္မလုိခ်င္္တဲ့ အခ်စ္ကို ျငင္းဆုိၿပီးသားလည္း ျဖစ္္ေစ မွာပါ။ သူ႔အတြက္ ကိုယ့္ဟာ မွန္ကန္တဲ့ လက္တြဲေဖာ္ မိန္းကေလး တစ္ေယာက္ မဟုတ္ဘူး ဆိုတာ ေျပာျပၿပီး သူနဲ႔ ထိုက္တန္တဲ့ မိန္္းကေလးမ်ိဳးကို ႐ွာေဖြဖုိ႔ ေျပာသင့္ ပါတယ္။

ဒါက တစ္္ဘက္လူရဲ႕စိတ္ကို နားလည္လက္ခံႏုိင္္လာေအာင္ ျပဳလုပ္ေပးမယ့္ စကားျဖစ္ၿပီးေတာ့ ႏွစ္ဘက္လံုးအတြက္ အဆင္ေျပမယ့္ ျငင္းဆိုမႈမ်ိဳးပဲ ျဖစ္ပါတယ္ေနာ္။

ကၽြန္မတုိ႔ ႏွစ္ေယာက္က မလုိက္ဖက္ဘူး

ဒီလုိ ပံုစံမ်ိဳးျငင္း ဆုိတာက မေျပာတတ္္ရင္ေတာ့ တစ္ဘက္လူက နားလည္မႈလြဲ သြားႏုိင္ ပါတယ္။ တကယ္လုိ႔ ဒီလို စကားမ်ိဳးကို ေ႐ြးခ်ယ္မယ္ ဆုိရင္ ကိုယ္နဲ႔သူဟာ လိုက္္ဖက္တဲ့ သူေတြ မဟုတ္ သလို သူ႔အတြက္ ကိုယ့္ထက္ ပိုေကာင္းမြန္တဲ့ သူမ်ိဳးကို ေတြ႔ႏုိင္တယ္ ဆုိတဲ့ စကားမ်ိိဳး ကို ေျပာေပးသင့္ပါတယ္။

ကိုယ္နဲ႔သူဟာ အက်င့္စ႐ိုက္ေတြနဲ႔ တစ္ျခားေသာ အရာေတြ မကိုက္ညီႏုိင္တဲ့ အတြက္ လိုက္ဖက္တဲ့စံုတြဲမျဖစ္ႏုိ္္င္ဘူးဆိုၿပီး ပညာသားပါပါနဲ႔ ျငင္းဆုိလုိ ႔ပါတယ္။

Khin

Credit

Unicode

ကိုယ်မလိုချင်တဲ့ တစ်စုံတစ်ယောက်ဆီက အချစ်ကို ပညာသားပါပါနဲ့ ဘယ်လို ငြင်းမလဲ

ကိုယ်မချစ်၊ မနှစ်သက်တဲ့ သူရဲ့အချစ်ကို ငြင်းဆိုတဲ့ အခါ တစ်ဘက်လူကို မထိခိုက်စေပဲ ပညာသားပါပါနဲ့ ငြင်းဆိုတတ်ဖို့ အရေးကြီး ပါတယ်။ တစ်ခါတစ်လေ အရမ်းတွယ်ကပ်နေတတ် သူတွေကို ဒေါသတကြီးတုံ့ပြန်လိုက်တာ မျိုးထက် နားလည် သဘောပေါက် လွယ်အောင် တည်တည်ငြိမ်ငြိမ်နဲ့ ငြင်းဆိုလိုက်တာမျိုးက ပိုအဆင်ပြေစေပါတယ်။

ကိုယ့်ကဘယ်လောက်ပဲ မချစ်ဘူးဆိုပေမယ့် ကိုယ့်ကိုယ်ချစ်ပေးတဲ့သူကို အသိအမှတ်ပြုတဲ့အနေနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်နော်။

ကျွန်မ အဆင်သင့် မဖြစ်သေးဘူး

ကိုယ်မချစ်နိုင်တဲ့ တစ်စုံတစ်ယောက် ဆီက အချစ်ကို ယဉ်ယဉ်ကျေးကျေးငြင်းဆို ဖို့ဆိုရင်တော့ ဒီစကားလုံးက အကောင်းဆုံးလို့ ထင်ပါ တယ်။ ချစ်ရမှာ အဆင်သင့်မဖြစ်သေးတဲ့ အကြောင်းကို ပြောပြီး ပညာသားပါပါ ငြင်းဆို နိုင်ပါ တယ်နော်။

ဒီလို ငြင်းဆိုလိုက်မှုက တစ်ဘက်လူ အတွက်လည်း မထိခိုက်စေသလို ကိုယ့်အတွက်လည်း အဆင်ပြေစေတဲ့ နည်းလမ်းလေးဖြစ်လို့ ကိုယ်မချစ်တဲ့ သူ တစ်ယောက်ယောက်က ကိုယ့်ကိုယ် ချစ်ခွင့်ပန်လာတဲ့အခါ ကျွန်မ ချစ်ရမှာ အဆင်သင့်မဖြစ်သေးဘူးလို့ ငြင်းဆိုလို့ရပါ တယ်။

အိပ်မက်ပန်းတိုင်ကိုပဲ အာရုံစိုက်ချင်သေးလို့

တကယ်လို့ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့အချစ်ကို ရဖို့ကြိုးစား လာတဲ့ အခါမှာ အချစ်အတွက် အချိန်မပေးနိုင်သေးကြောင်းနဲ့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ပန်းတိုင်တွေ အတွက်ပဲ အာရုံစိုက် ချင်သေးလို့ ဆိုပြီး ငြင်းဆို နိုင်ပါတယ်။

ပိုကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ အချစ် ဆိုတာကို ခဏမေ့ထားပြီး လက်ရှိမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်နောက်ကို လိုက်ချင်သေးတယ် လို့ပြောပြီး တစ်ဘက်လူရဲ့ အချစ်ကို ယဉ်ယဉ်ကျေးကျေးငြင်းဆိုလို့ ရပါတယ်။

ကျွန်မက ရှင့်အတွက် မှန်ကန်တဲ့ မိန်းကလေးမဟုတ်ဘူး

ဒီစကားမျိုးက တစ်ဘက်လူရဲ့စိတ်ကို နှစ်သိမ့်ရာလည်းရောက် သလို ကိုယ်မလိုချင်တဲ့ အချစ်ကို ငြင်းဆိုပြီးသားလည်း ဖြစ်စေ မှာပါ။ သူ့အတွက် ကိုယ့်ဟာ မှန်ကန်တဲ့ လက်တွဲဖော် မိန်းကလေး တစ်ယောက် မဟုတ်ဘူး ဆိုတာ ပြောပြပြီး သူနဲ့ ထိုက်တန်တဲ့ မိန်းကလေးမျိုးကို ရှာဖွေဖို့ ပြောသင့် ပါတယ်။

ဒါက တစ်ဘက်လူရဲ့စိတ်ကို နားလည်လက်ခံနိုင်လာအောင် ပြုလုပ်ပေးမယ့် စကားဖြစ်ပြီးတော့ နှစ်ဘက်လုံးအတွက် အဆင်ပြေမယ့် ငြင်းဆိုမှုမျိုးပဲ ဖြစ်ပါတယ်နော်။

ကျွန်မတို့ နှစ်ယောက်က မလိုက်ဖက်ဘူး

ဒီလို ပုံစံမျိုးငြင်း ဆိုတာက မပြောတတ်ရင်တော့ တစ်ဘက်လူက နားလည်မှုလွဲ သွားနိုင် ပါတယ်။ တကယ်လို့ ဒီလို စကားမျိုးကို ရွေးချယ်မယ် ဆိုရင် ကိုယ်နဲ့သူဟာ လိုက်ဖက်တဲ့ သူတွေ မဟုတ် သလို သူ့အတွက် ကိုယ့်ထက် ပိုကောင်းမွန်တဲ့ သူမျိုးကို တွေ့နိုင်တယ် ဆိုတဲ့ စကားမျိုး ကို ပြောပေးသင့်ပါတယ်။

ကိုယ်နဲ့သူဟာ အကျင့်စရိုက်တွေနဲ့ တစ်ခြားသော အရာတွေ မကိုက်ညီနိုင်တဲ့ အတွက် လိုက်ဖက်တဲ့စုံတွဲမဖြစ်နို်င်ဘူးဆိုပြီး ပညာသားပါပါနဲ့ ငြင်းဆိုလို့ပါတယ်။

Khin

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …