ကေလးေတြကို ဆံုးမတဲ႔အခါ ဖခင္တုိင္္း ေဖ်ာက္ရမယ့္္ အက်င့္ (၇)ခု - Amawpyay

ကေလးေတြကို ဆံုးမတဲ႔အခါ ဖခင္တုိင္္း ေဖ်ာက္ရမယ့္္ အက်င့္ (၇)ခု

ကေလးေတြကို ဆံုးမတဲ႔အခါ ဖခင္တုိင္္း ေဖ်ာက္ရမယ့္္ အက်င့္ (၇)ခု
Knowledge

ကေလးေတြကို ဆံုးမတဲ႔အခါ ဖခင္တုိင္္း ေဖ်ာက္ရမယ့္္ အက်င့္ (၇)ခု

၁ – တအားေအာ္ျခင္္း

စိိတ္ဆိုးေဒါသထြက္ တဲ့ အခါမ်ိဳး၊ ေျပာခ်င္တဲ့ အဓိက အခ်က္ကို အာ႐ုံစိုက္ေစ ခ်င္လြန္း တာမ်ိဳး ရွိတဲ့အခါ အေဖေတြက သားသမီးေတြကို ေအာ္တတ္ ပါတယ္။

ဒါေပမဲ့ ေအာ္ဟစ္ျခင္းဟာ စိတ္ဆိုးေဒါသ ထြက္တာကို မေျပေပ်ာက္ေစ ပါဘူး။ ကိုယ္ေျပာမယ့္ အဓိကအခ်က္ကို ကေလးက ပို အာ႐ုံစိုက္ သြားမယ္လို့ ထင္ျမင္တာ ကလည္း မွားပါတယ္။

သင္ေအာ္ဟစ္ေန တဲ့ အခ်ိန္မွာ ကေလးရဲ့စိတ္ထဲ ေၾကာက္စိတ္ တစ္ခုပဲ ရွိပါတယ္။ ဘာအေတြးမွ သူ႔ေခါင္းထဲမွာ အလုပ္မလုပ္ နိုင္ပါဘူး။

သားသမီးေတြကိုမွ မဟုတ္ဘဲ မိသားစုဝင္ေတြနဲ႔ ပတ္သက္တဲ့ အခါ ေအာ္ဟစ္ျခင္းဟာ ျပႆနာကို ဘယ္လိုမွ မေျဖရွင္းနိုင္ တဲ့နည္း ျဖစ္ပါတယ္။ အေျခအေနကို ပိုေတာင္ ဆိုးသြားေစ ပါတယ္။

၂ – အေျခခံ လိုအပ္ခ်က္ မျဖည့္ဆည္းနိုင္ျခင္း

သားသမီးေတြရဲ့ အေျခခံ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပး နိုင္ဖို့ လို ပါတယ္။ ပြင့္ပြင့္လင္းလင္းေျပာ ရရင္ေတာ့ အေျခခံ လိုအပ္ ခ်က္ေတြ ကို ျဖည့္ဆည္းဖို့ ေငြေၾကး လို ပါတယ္။

ျပည့္ျပည့္ဝဝ မျဖည့္ဆည္းေပး နိုင္တဲ့ အခါ မိသားစုတြင္း သင့္ရဲ့တာဝန္ဟာ မေက်ပြန္သလို ျဖစ္ေနပါတယ္။ သင့္ေပၚ အေၾကာက္တရား သာ ရွိေနၿပီး ေလးစားမွုေလ်ာ့က် နိုင္ပါ တယ္။

၃ – ကတိမတည္ျခင္း

အေဖဟာ သူတို့ အားကိုးထိုက္တဲ့ လူလို့ ကေလးရဲ့စိတ္မွာ မေျပာဘဲ သိျမင္ေန ရမွာ ျဖစ္ပါတယ္။ ဒီ့အတြက္ သင္ဟာ ကတိတည္ ရပါမယ္။ သူတို့နဲ႔ ပတ္သက္ရင္ ခုတစ္မ်ိဳး၊ ေတာ္ၾကာတစ္မ်ိဳး ေျပာလို့ မရပါဘူး။

သူတို့အတြက္ သင္ဟာ မွန္းဆမ ရတဲ့သူ၊ တသတ္မတ္ တည္း မရွိတဲ့ လူမ်ိဳး အျဖစ္ ထင္ျမင္ေနမွာမ်ိဳးဟာ လုံးဝမျဖစ္သင့္ ပါဘူး။

၄ – ဇနီးကိုဆန႔္က်င္ျခင္း

အေပ်ာ္သေဘာမ်ိဳး ဆိုရင္ ကိစၥမရွိ ပါဘူး။ ဒါေပမဲ့ ကေလးေတြရဲ့ ေရွ႕မွာ ကိုယ့္ဇနီးကို၊ ရိုက္တာ၊ ေအာ္တာအျပင္ ထင္ထင္ရွားရွား ဆန႔္က်င့္တာ မ်ိဳးေတာင္ မလုပ္သင့္ ပါဘူး။

ကေလးေတြရဲ့ စိတ္ပိုင္းဆိုင္ရာ မွီခိုမွုဟာ မိခင္ေတြေပၚမွာ ရွိပါ တယ္။ သူတို့ မွီခို ရသူ တစ္ေယာက္ ေစာ္ကားခံရတာဟာ ကေလးေတြကို စိတ္ဒဏ္ရာ အႀကီးအက်ယ္ျဖစ္ေစ ပါတယ္။

၅ – အလိုလိုက္ျခင္း

လိုခ်င္တယ္လို့ တစ္ခ်က္ေျပာ လိုက္ တာနဲ႔ ခ်က္ခ်င္း ျဖည့္ဆည္းေပး တာမ်ိဳး ျဖစ္ပါတယ္။ အသစ္အဆန္းေတြကို ႏွစ္သက္တဲ့ ကေလးဟာ အသစ္အဆန္းျမင္တိုင္း လိုခ်င္ေန ပါတယ္။ ပူဆာပါတယ္။

ဒါေပမဲ့ သူတကယ္ လိုခ်င္တာလား၊ တကယ္ႏွစ္သက္ တာလား ဆိုတာကို သင့္ဘက္က သိဖို့ လိုပါ တယ္။ ဝယ္ေပးသင့္တဲ့အခ်ိန္မွာ ဝယ္ေပးသင့္တဲ့ အရာကိုပဲ ျဖည့္ဆည္းေပး သင့္တာပါ။

၆ – ႏွိမ့္ခ်ျခင္း

ကေလးရဲ့ စိတ္ဟာ ေပ်ာ့ေျပာင္း ပါတယ္။ သူတို့ကို ႏွိမ့္ခ်တာ၊ သူတို့ကို မေကာင္းေျပာ တာမ်ိဳး မလုပ္သင့္ပါဘူး။ ကေလးတစ္ေယာက္ အတြက္ ကိုယ့္ကိုယ္ကိုယ္ ေလးစားမွု ေလ်ာ့က် သြားပါတယ္။

ငါဟာ သူတို့ေျပာသလိုိလူပဲ ဆိုတဲ့ စိတ္မ်ိဳး ျဖစ္သြားတတ္ ပါတယ္။ ဘာကို ပဲေတြးေတြး ငါက ဒီလိုလူဆိုတဲ့ အယူအဆေပၚ အေျခခံၿပီးေတြးေတာ ပါေတာ့ တယ္။

၇ – ကိုယ့္ကိုယ္ကိုိယ္ ဂ႐ုမစိုက္

သားသမီးေတြကိုိ ဂ႐ုစိုက္ ဖို့ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ဖို့ လည္း လိုပါတယ္။ ကိုယ္က်န္းမာမွ မိသားစုကို ေရရွည္ ေစာင့္ေရွာက္ နိုင္မွာ ျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကိုိယ္ တိုးတက္ဖို့၊ ယုံၾကည္မွု ရွိေနဖို့ကလည္း အျမဲႀကိဳးစားေန ရမွာ ျဖစ္ပါတယ္။ သားသမီးေတြကို ေအာ္ဟစ္ ရိုက္ႏွက္ ဆုံးမ တာထက္ သူတို့ ေလးစားေအာင္ စံျပေနျပ တာက ပိုထိေရာက္တဲ့ အုပ္ခ်ဳပ္ပုံျဖစ္ ပါတယ္။

ဒါေလးဖတ္ၿပီးရင္ မိိမိတို့ရဲ့ရင္ေသြးငယ္ေလးေတြကို ဖခင္ တစ္ေယာက္ အေနနဲ႔လြဲ မွားစြာ ဆုံးမ အုပ္ခ်ဳပ္မိေနခဲ့လၽွင္ အခ်ိန္မီ ျပင္ဆင္ နိုင္ၾက ပါေစ။

ခရစ္ဒစ္္

Unicode

ကလေးတွေကို ဆုံးမတဲ့အခါ ဖခင်တိုင်း ဖျောက်ရမယ့် အကျင့် (၇)ခု

၁ – တအားအော်ခြင်း

စိတ်ဆိုးဒေါသထွက် တဲ့ အခါမျိုး၊ ပြောချင်တဲ့ အဓိက အချက်ကို အာရုံစိုက်စေ ချင်လွန်း တာမျိုး ရှိတဲ့အခါ အဖေတွေက သားသမီးတွေကို အော်တတ် ပါတယ်။

ဒါပေမဲ့ အော်ဟစ်ခြင်းဟာ စိတ်ဆိုးဒေါသ ထွက်တာကို မပြေပျောက်စေ ပါဘူး။ ကိုယ်ပြောမယ့် အဓိကအချက်ကို ကလေးက ပို အာရုံစိုက် သွားမယ်လို့ ထင်မြင်တာ ကလည်း မှားပါတယ်။

သင်အော်ဟစ်နေ တဲ့ အချိန်မှာ ကလေးရဲ့စိတ်ထဲ ကြောက်စိတ် တစ်ခုပဲ ရှိပါတယ်။ ဘာအတွေးမှ သူ့ခေါင်းထဲမှာ အလုပ်မလုပ် နိုင်ပါဘူး။

သားသမီးတွေကိုမှ မဟုတ်ဘဲ မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ အခါ အော်ဟစ်ခြင်းဟာ ပြဿနာကို ဘယ်လိုမှ မဖြေရှင်းနိုင် တဲ့နည်း ဖြစ်ပါတယ်။ အခြေအနေကို ပိုတောင် ဆိုးသွားစေ ပါတယ်။

၂ – အခြေခံ လိုအပ်ချက် မဖြည့်ဆည်းနိုင်ခြင်း

သားသမီးတွေရဲ့ အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ဖို့ လို ပါတယ်။ ပွင့်ပွင့်လင်းလင်းပြော ရရင်တော့ အခြေခံ လိုအပ် ချက်တွေ ကို ဖြည့်ဆည်းဖို့ ငွေကြေး လို ပါတယ်။

ပြည့်ပြည့်ဝဝ မဖြည့်ဆည်းပေး နိုင်တဲ့ အခါ မိသားစုတွင်း သင့်ရဲ့တာဝန်ဟာ မကျေပွန်သလို ဖြစ်နေပါတယ်။ သင့်ပေါ် အကြောက်တရား သာ ရှိနေပြီး လေးစားမှုလျော့ကျ နိုင်ပါ တယ်။

၃ – ကတိမတည်ခြင်း

အဖေဟာ သူတို့ အားကိုးထိုက်တဲ့ လူလို့ ကလေးရဲ့စိတ်မှာ မပြောဘဲ သိမြင်နေ ရမှာ ဖြစ်ပါတယ်။ ဒီ့အတွက် သင်ဟာ ကတိတည် ရပါမယ်။ သူတို့နဲ့ ပတ်သက်ရင် ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောလို့ မရပါဘူး။

သူတို့အတွက် သင်ဟာ မှန်းဆမ ရတဲ့သူ၊ တသတ်မတ် တည်း မရှိတဲ့ လူမျိုး အဖြစ် ထင်မြင်နေမှာမျိုးဟာ လုံးဝမဖြစ်သင့် ပါဘူး။

၄ – ဇနီးကိုဆန့်ကျင်ခြင်း

အပျော်သဘောမျိုး ဆိုရင် ကိစ္စမရှိ ပါဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ ရှေ့မှာ ကိုယ့်ဇနီးကို၊ ရိုက်တာ၊ အော်တာအပြင် ထင်ထင်ရှားရှား ဆန့်ကျင့်တာ မျိုးတောင် မလုပ်သင့် ပါဘူး။

ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုဟာ မိခင်တွေပေါ်မှာ ရှိပါ တယ်။ သူတို့ မှီခို ရသူ တစ်ယောက် စော်ကားခံရတာဟာ ကလေးတွေကို စိတ်ဒဏ်ရာ အကြီးအကျယ်ဖြစ်စေ ပါတယ်။

၅ – အလိုလိုက်ခြင်း

လိုချင်တယ်လို့ တစ်ချက်ပြော လိုက် တာနဲ့ ချက်ချင်း ဖြည့်ဆည်းပေး တာမျိုး ဖြစ်ပါတယ်။ အသစ်အဆန်းတွေကို နှစ်သက်တဲ့ ကလေးဟာ အသစ်အဆန်းမြင်တိုင်း လိုချင်နေ ပါတယ်။ ပူဆာပါတယ်။

ဒါပေမဲ့ သူတကယ် လိုချင်တာလား၊ တကယ်နှစ်သက် တာလား ဆိုတာကို သင့်ဘက်က သိဖို့ လိုပါ တယ်။ ဝယ်ပေးသင့်တဲ့အချိန်မှာ ဝယ်ပေးသင့်တဲ့ အရာကိုပဲ ဖြည့်ဆည်းပေး သင့်တာပါ။

၆ – နှိမ့်ချခြင်း

ကလေးရဲ့ စိတ်ဟာ ပျော့ပြောင်း ပါတယ်။ သူတို့ကို နှိမ့်ချတာ၊ သူတို့ကို မကောင်းပြော တာမျိုး မလုပ်သင့်ပါဘူး။ ကလေးတစ်ယောက် အတွက် ကိုယ့်ကိုယ်ကိုယ် လေးစားမှု လျော့ကျ သွားပါတယ်။

ငါဟာ သူတို့ပြောသလိုလူပဲ ဆိုတဲ့ စိတ်မျိုး ဖြစ်သွားတတ် ပါတယ်။ ဘာကို ပဲတွေးတွေး ငါက ဒီလိုလူဆိုတဲ့ အယူအဆပေါ် အခြေခံပြီးတွေးတော ပါတော့ တယ်။

၇ – ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်

သားသမီးတွေကို ဂရုစိုက် ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လည်း လိုပါတယ်။ ကိုယ်ကျန်းမာမှ မိသားစုကို ရေရှည် စောင့်ရှောက် နိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့၊ ယုံကြည်မှု ရှိနေဖို့ကလည်း အမြဲကြိုးစားနေ ရမှာ ဖြစ်ပါတယ်။ သားသမီးတွေကို အော်ဟစ် ရိုက်နှက် ဆုံးမ တာထက် သူတို့ လေးစားအောင် စံပြနေပြ တာက ပိုထိရောက်တဲ့ အုပ်ချုပ်ပုံဖြစ် ပါတယ်။

ဒါလေးဖတ်ပြီးရင် မိမိတို့ရဲ့ရင်သွေးငယ်လေးတွေကို ဖခင် တစ်ယောက် အနေနဲ့လွဲ မှားစွာ ဆုံးမ အုပ်ချုပ်မိနေခဲ့လျှင် အချိန်မီ ပြင်ဆင် နိုင်ကြ ပါစေ။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

သူေဌး ျဖစ္ခ်င္သူနွင့္ သာမန္ေနထိုင္သူတို႕အေႀကာင္း
Knowledge
သူေဌး ျဖစ္ခ်င္သူနွင့္ သာမန္ေနထိုင္သူတို႕အေႀကာင္း

သူေဌး ျဖစ္ခ်င္သူနွင့္ သာမန္ေနထိုင္သူတို႕အေႀကာင္း မရွိျခင္းကို အေႀကာင္းျပ ျငီးထြားေနတတ္သူ သည္ မခ်မ္းသာ နိုင္ေပ။ ရွိတာေလးကို မကြယ္မဝွတ္ သူေနရာနွင့္ သူ အသံုးခ်တတ္ သူသည္ တိုးတတ္ ႀကီးပြား ေပ သည္။ ( ၁ ) ခ်မ္းသာခ်င္သူ ကေတာ့ စိတ္ကုိ လြတ္လပ္စြာ ေနထိုင္ခိုင္းသည္ ရင္းနွီးသင့္ တာကို ရင္းနွီးသင့္ေစ၏ သာမန္သူ တစ္ေယာက္ ကေတာ့ေနာင္ေရးကို ေတြး၍ ပိုက္ဆံစုတတ္သည္။ ( ၂ )ခ်မ္းသာခ်င္သူ ကေတာ့ ေက်းဇူးတရား ကို လက္ကိုင္ ထားသည္ မေမ့မေလ်ာ့ မတြန္႕မတို နွေၿမာျခင္းကင္းေစ၏ သာမန္သူ တစ္ေယာက္ကေတာ့ ေက်းဇူးတရား ကို …

ဗိုက္ေခါက္ထြက္လို ႔စိတ္ပ်က္ေနလား၊ အဆီတက္ လို႔စိတ္ ဓာတ္က်ေနလား ဒီနည္းေလးစမ္းၾကည့္ပါ
Knowledge
ဗိုက္ေခါက္ထြက္လို ႔စိတ္ပ်က္ေနလား၊ အဆီတက္ လို႔စိတ္ ဓာတ္က်ေနလား ဒီနည္းေလးစမ္းၾကည့္ပါ

ဗိုက္ေခါက္ထြက္လို ႔စိတ္ပ်က္ေနလား၊ အဆီတက္ လို႔စိတ္ ဓာတ္က်ေနလား ဒီနည္းေလးစမ္းၾကည့္ပါ ဝတဲ့သူ ဗိုက္ပူတဲ့ သူေတြ အတြက္ ဗိုက္က်ေစမည့္ ရွားေစာင္း လက္ပတ္ယို လုပ္နည္း… ဝတဲ့သူေတြ ဒါမွမဟုတ္ ဗိုက္ပူတဲ့ သူေတြ အတြက္ အရမ္း အဆင္ေျပတယ္။ အိမ္ရွင္မ ေတာ္ေတာ္ မ်ားမ်ားရဲ႕ ဒုကၡက ဗိုက္ပူ တာပါပဲ။ ကဲနည္းလမ္းေလးကို ၾကည့္ရေအာင္ ရွားေစာင္း လက္ပတ္ ငါးတက္ေလာက္ ကိုေဘးက စူးသြားေတြကို ဓားနဲ႔ခြာပီး လက္တစ္ဆစ္ေလာက္ေလး ေတြကို လွီးပါ (အခြံမႏႊာေတာ့ ထုပ္ ထုပ္ထုပ္ နဲ႔ စားလို႔ေကာင္းသလို ပိုေဆးဖက္ ဝင္တာေပါ့) ထန္းလ်က္(အညိဳ) ငါးက်ပ္သားေလာက္ကို ဆီ ၅ က်ပ္သားေလာက္ …

မိန္းမလွေတြက ရတနာ တစ္ပါးဆိုမိန္းမေကာင္းကေတာ့ ရတနာသိုက္ပါပဲ…
Knowledge
မိန္းမလွေတြက ရတနာ တစ္ပါးဆို မိန္းမေကာင္းကေတာ့ ရတနာသိုက္ ပဲ

မိန္းမလွေတြက ရတနာ တစ္ပါးဆို မိန္းမေကာင္းကေတာ့ ရတနာသိုက္ ပဲ သိကၡာရွိတဲ့ မိန္းမဆိုတာ ဘယ္ေယာက်ာ္း ကိုမွ တစ္ဖက္သက္ လိုက္ မႀကိဳက္ဘူး ။ ျမင့္ျမတ္တဲ့ မိန္းမဆိုတာ ဘယ္ေယာက်ာ္း ကိုမွ တစ္ျခားမိန္းမနဲ႔ ယွဥ္မလႈဘူး ။ ထက္ျမတ္တဲ့ မိန္းမဆိုတာ ဘယ္ေယာက်ာ္းကိုမွ အီစီကလီ လုပ္မခ်စ္ တတ္ဘူး ။ ႐ိုးသားျဖဴစင္တဲ့ မိန္းမေကာင္း ဆိုတာ ဘယ္ေယာက်ာ္းကို မွမလွည့္စား ဘူး ။ ခ်စ္သူ ရည္းစားမ်ားတိုင္း အေပါစား မိန္းမ မဟုတ္ပါဘူး ။ ဒါေပမယ့္ မိန္းမေကာင္းပီသ သူတိုင္း ကေတာ့ ပန္းေကာင္းတစ္ကာ ပြင့္ပဲ ပန္တယ္။ မိန္းမေကာင္းရဲ႕တန္ဖိုးဆိုတာ သူ႔လက္ထဲ …