ေမတၱာျဖင့္လမ္းခြဲႏိူင္ေအာင္ ႀကိဳးစားၾကည့္ပါ - Amawpyay

ေမတၱာျဖင့္လမ္းခြဲႏိူင္ေအာင္ ႀကိဳးစားၾကည့္ပါ

ေမတၱာျဖင့္လမ္းခြဲႏိူင္ေအာင္ ႀကိဳးစားၾကည့္ပါ
Knowledge

ေမတၱာျဖင့္လမ္းခြဲႏိူင္ေအာင္ ႀကိဳးစားၾကည့္ပါ

လမ္းခြဲတယ္ ဆိုတာ ႏွစ္မ်ိဳး ရွိပါတယ္။ ေကာင္းေသာ လမ္းခြဲျခင္းနဲ႔ မေကာင္းေသာ လမ္းခြဲျခင္းတို႔ ပင္ ျဖစ္ပါသည္။ ေကာင္းေသာ လမ္းခြဲျခင္းနဲ႔(ေမတၱာ) လမ္းခြဲရင္ ဝမ္းနည္းစရာ မလိုပါဘူး။

မေကာင္းေသာ လမ္းခြဲျခင္းနဲ႔ (တဏွာ)လမ္းခြဲရင္ေတာ့ ဝမ္းနည္း ရပါ လိမ့္မယ္။ တဏွာဆိုတာ တစ္ဖက္အာ႐ုံေပၚမွာ ၿငိကပ္ေနတဲ့ သေဘာ ရွိပါတယ္။

တစ္ဖက္အာ႐ုံကို အာ႐ုံျပဳၿပီးေတာ့ မိမိရဲ႕ကိုယ္စိတ္ ႏွစ္ပါး ခ်မ္းသာမႈကို ရယူ လိုတဲ့ သေဘာရွိတယ္။

ဒီေတာ့ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ေခတၱခဏ ဆုံေတြ႕ၿပီးလို႔ လမ္းခြဲ ရတဲ့ အခါ ကိုယ္ခြဲ ရလိုက္တဲ့ ပုဂၢိဳလ္အေပၚမွာ တဏွာၿငိ ကပ္တြယ္တာေနမယ္ သံေယာဇဥ္နဲ ႔ေႏွာင္ဖြဲ႕ ရစ္ပတ္စြဲလမ္းေန မယ္ဆိုရင္

မိမိရဲ႕စိတ္အစဥ္မွာ မိမိနဲ႔ လမ္းခြဲ လိုက္ရတဲ့ ပုဂၢိဳလ္ကိုပဲ အၿမဲတမ္းတျမင္ေယာင္ေနတဲ့ အတြက္ မိမိရဲ႕စိတ္အစဥ္ကို မိမိကို ခြဲထြက္ သြားတဲ့ ပုဂၢိဳလ္ကပဲ အႏိုင္ယူ လြမ္းမိုးထားတဲ့ အတြက္ မိမိမွာဝမ္းနည္းရပါတယ္

ေမတၱာနဲ႔လမ္းခြဲၿပီ ဆိုရင္ေတာ့ တစ္ဖက္ပုဂၢိဳလ္က မိမိရဲ႕ စိတ္အစဥ္မွာ မလြမ္းမိုးေတာ့ ပါဘူး။ ေမတၱာရဲ႕သေဘာက တစ္ဖက္ အာ႐ုံေပၚမွာၿငိကပ္, တြယ္တာ, ေႏွာင္ဖြဲ႕ေနတဲ့ သေဘာ မရွိပါဘူး။

တစ္ဖက္သားကို ေကာင္းစားေစ ခ်င္တယ္။ ခ်မ္းသာေစ ခ်င္တယ္။ အစစစအရာရာ အဆင္ေျပေစခ်င္တယ္။ တစ္ဖက္သားေကာင္းက်ိဳး ရတယ္ ဆိုရင္ ေက်နပ္ေနတဲ့ သေဘာ ရွိပါတယ္။

လူခ်င္းထိပ္တိုက္ေတြ႕အခါမွာလည္းပဲ တစ္ဖက္သားေကာင္းက်ိဳးျဖစ္ေစမည့္ စကား, စိတ္, အႀကံကိုပဲ ေျပာဆိုေတြးတက္ ပါတယ္။

အေၾကာင္းအားေလ်ာ္စြာ လမ္းခြဲလိုက္ ရတဲ့ အခါမွာလည္း တစ္ဖက္ အာ႐ုံမွာၿငိကပ္ၿပီးေတာ့ ဝမ္းနည္းေနတယ္ပူေဆြးေနတယ္ သတိရ တမ္းတေနတယ္ လြမ္းဆြတ္ေနတယ္ ဆိုတာ မရွိပါဘူး။

ဒီေတာ့ အသက္ရွင္စဥ္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ လမ္းခြဲၾက တဲ့အခါ တဏွာနဲ ႔လမ္းခြဲၿပီဆိုရင္ တစ္ဖက္အာ႐ုံအေပၚမွာ ၿငိကပ္စြဲ လမ္းၿပီးေတာ့ေနတဲ့ အတြက္ တစ္ဖက္အာ႐ုံက မိမိရဲ႕စိတ္ အစဥ္ကိုႀကိဳးနဲ႔တုပ္သလို ခ်ဳပ္ကိုင္ေႏွာင္တြယ္ ၿပီးထားတဲ့ အတြက္ေၾကာင့္ မိမိမွာ ဝမ္းနည္း ရပါတယ္။

တဏွာနဲ႔ လမ္းခြဲရင္ ဝမ္းနည္း ရတာပါပဲ။ သူဘယ္လိုေနမလဲ သူဘယ္လို မ်ားျဖစ္ေနမလဲ သူငါ့ကိုမွသတိရပါ့မလား၊ ငါကေတာ့ သူကို သတိရ လိုက္ရတာ၊ ငါသတိရ သေလာက္မွ သူသတိ ရပါ့မလား။

အဲ့ဒီလိုတဏွာနဲ႔ လမ္းခြဲသူရဲ႕သႏၲာန္မွာ ဝမ္းနည္းစိတ္ေတြျဖစ္ေန ရပါတယ္ ေမတၱာနဲ႔လမ္းခြဲသူကေတာ့ တစ္ဖက္အာ႐ုံမွ ာၿငိကပ္စြဲလမ္းေန တာမ်ိဳး မရွိတဲ့ အတြက္ လမ္းခြဲ ရေပမယ့္ ဝမ္းမနည္း ပါဘူး။

ေမတၱာရဲ႕သေဘာက တစ္ေယာက္နဲ ႔တစ္ေယာက္ ဆုံေတြ႕ရဖို႔ အဓိက မဟုတ္ဘူး တစ္ဖက္သားမွာ ေကာင္းက်ိဳးေတြျဖစ္ေနေစ ခ်င္တဲ့ စိတ္ကေလး ရွိေနဖို႔ အဓိက ပါပဲ။

တစ္ေယာက္နဲ႔ တစ္ေယာက္ မဆုံေတြ႕ရရင္ေန ပါေစ။ တစ္ဖက္သား မွာေကာင္းက်ိဳ းခ်မ္းသာေတြျဖစ္ေနမယ္ဆိုရင္ ေက်နပ္ေန တာပါပဲ။ ကိုယ္ေမတၱ ာထားရသူနဲ႔ မဆုံေတြ႕ရလည္း ဝမ္းနည္းျခင္း, ပူေဆြးျခင္း, တမ္းတျခင္း လြမ္းဆြတ္ျခင္း မရွိ ပါဘူး။

ဝမ္းမနည္းလို ႔ေမတၱာမ ရရွိဘူး မထင္ပါနဲ႔။ ေမတၱာ ရွိတာနဲ႔ ဝမ္းနည္းတာနဲ ႔မဆိုင္ ပါဘူး။ ေမတၱာရွိတာကအေဒါသ,ဝမ္းနည္းတာက ေဒါသ,တစ္ခုနဲ႔တစ္ခုဆန႔္က်င္ေန တာပါ။

ေမတၱာေၾကာင့္ဝမ္းနည္း ရတယ္ ဆိုတာ ဘယ္ေတာ့မွ မရွိပါဘူး။ တဏွာေၾကာင့္သာ ဝမ္းနည္းၾကရတာပါ။

“ေရွ႕ေရစက္ႀကီးလြန္းလို႔ ေတြ႕ခြင့္ဆုံခြင့္ ခ်စ္ခင္ခြင့္ရခဲ့ၾကတာမဟုတ္လား။

ဘာလို႔မ်ား တစ္ေယာက္ေပၚ တစ္ေယာက္ ခြင့္မလြတ္ ႏိူင္ေလာက္ေအာင္ စိတ္ဆိုးၿငိဳးေတးေန ရတာလဲ။

နာက်ည္းမႈကုေဋကုဋာနဲ႔ ဝမ္းနည္းစြာ လမ္းခြဲ ခဲ့ၾကမွေတာ့ သံသရာ တစ္ေကြ႕ျပန္လာေတြ႕တဲ့ အခါ ဘယ္လိုအၿပဳံး, ဘယ္လို မ်က္လုံးေတြနဲ႔ ႏႈတ္ဆက္ ဖက္ေပြ႕ၾကမလဲကြယ္”

တစ္ေယာက္နဲ႔တစ္ေယာက္ ေမတၱာျဖင့္သာလမ္းခြဲ ႏိူင္ပါေစလို႔ ေရး သားတင္ျပရင္း

ရွင္ဆႏၵာဓိက(ေ႐ႊပါရမီေတာရ)၏

“လမ္းခြဲတာဝမ္းနည္းစရာလား””

ယူနီကုတ္

မေတ္တာဖြင့်လမ်းခွဲနိူင်အောင် ကြိုးစားကြည့်ပါ

လမ်းခွဲတယ် ဆိုတာ နှစ်မျိုး ရှိပါတယ်။ ကောင်းသော လမ်းခွဲခြင်းနဲ့ မကောင်းသော လမ်းခွဲခြင်းတို့ ပင် ဖြစ်ပါသည်။ ကောင်းသော လမ်းခွဲခြင်းနဲ့(မေတ္တာ) လမ်းခွဲရင် ဝမ်းနည်းစရာ မလိုပါဘူး။

မကောင်းသော လမ်းခွဲခြင်းနဲ့ (တဏှာ)လမ်းခွဲရင်တော့ ဝမ်းနည်း ရပါ လိမ့်မယ်။ တဏှာဆိုတာ တစ်ဖက်အာရုံပေါ်မှာ ငြိကပ်နေတဲ့ သဘော ရှိပါတယ်။

တစ်ဖက်အာရုံကို အာရုံပြုပြီးတော့ မိမိရဲ့ကိုယ်စိတ် နှစ်ပါး ချမ်းသာမှုကို ရယူ လိုတဲ့ သဘောရှိတယ်။

ဒီတော့ လူတစ်ယောက်နဲ့ တစ်ယောက် ခေတ္တခဏ ဆုံတွေ့ပြီးလို့ လမ်းခွဲ ရတဲ့ အခါ ကိုယ်ခွဲ ရလိုက်တဲ့ ပုဂ္ဂိုလ်အပေါ်မှာ တဏှာငြိ ကပ်တွယ်တာနေမယ် သံယောဇဉ်နဲ့နှောင်ဖွဲ့ ရစ်ပတ်စွဲလမ်းနေ မယ်ဆိုရင်

မိမိရဲ့စိတ်အစဉ်မှာ မိမိနဲ့ လမ်းခွဲ လိုက်ရတဲ့ ပုဂ္ဂိုလ်ကိုပဲ အမြဲတမ်းတမြင်ယောင်နေတဲ့ အတွက် မိမိရဲ့စိတ်အစဉ်ကို မိမိကို ခွဲထွက် သွားတဲ့ ပုဂ္ဂိုလ်ကပဲ အနိုင်ယူ လွမ်းမိုးထားတဲ့ အတွက် မိမိမှာဝမ်းနည်းရပါတယ်

မေတ္တာနဲ့လမ်းခွဲပြီ ဆိုရင်တော့ တစ်ဖက်ပုဂ္ဂိုလ်က မိမိရဲ့ စိတ်အစဉ်မှာ မလွမ်းမိုးတော့ ပါဘူး။ မေတ္တာရဲ့သဘောက တစ်ဖက် အာရုံပေါ်မှာငြိကပ်, တွယ်တာ, နှောင်ဖွဲ့နေတဲ့ သဘော မရှိပါဘူး။

တစ်ဖက်သားကို ကောင်းစားစေ ချင်တယ်။ ချမ်းသာစေ ချင်တယ်။ အစစစအရာရာ အဆင်ပြေစေချင်တယ်။ တစ်ဖက်သားကောင်းကျိုး ရတယ် ဆိုရင် ကျေနပ်နေတဲ့ သဘော ရှိပါတယ်။

လူချင်းထိပ်တိုက်တွေ့အခါမှာလည်းပဲ တစ်ဖက်သားကောင်းကျိုးဖြစ်စေမည့် စကား, စိတ်, အကြံကိုပဲ ပြောဆိုတွေးတက် ပါတယ်။

အကြောင်းအားလျော်စွာ လမ်းခွဲလိုက် ရတဲ့ အခါမှာလည်း တစ်ဖက် အာရုံမှာငြိကပ်ပြီးတော့ ဝမ်းနည်းနေတယ်ပူဆွေးနေတယ် သတိရ တမ်းတနေတယ် လွမ်းဆွတ်နေတယ် ဆိုတာ မရှိပါဘူး။

ဒီတော့ အသက်ရှင်စဉ်မှာ တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲကြ တဲ့အခါ တဏှာနဲ့လမ်းခွဲပြီဆိုရင် တစ်ဖက်အာရုံအပေါ်မှာ ငြိကပ်စွဲ လမ်းပြီးတော့နေတဲ့ အတွက် တစ်ဖက်အာရုံက မိမိရဲ့စိတ် အစဉ်ကိုကြိုးနဲ့တုပ်သလို ချုပ်ကိုင်နှောင်တွယ် ပြီးထားတဲ့ အတွက်ကြောင့် မိမိမှာ ဝမ်းနည်း ရပါတယ်။

တဏှာနဲ့ လမ်းခွဲရင် ဝမ်းနည်း ရတာပါပဲ။ သူဘယ်လိုနေမလဲ သူဘယ်လို များဖြစ်နေမလဲ သူငါ့ကိုမှသတိရပါ့မလား၊ ငါကတော့ သူကို သတိရ လိုက်ရတာ၊ ငါသတိရ သလောက်မှ သူသတိ ရပါ့မလား။

အဲ့ဒီလိုတဏှာနဲ့ လမ်းခွဲသူရဲ့သန္တာန်မှာ ဝမ်းနည်းစိတ်တွေဖြစ်နေ ရပါတယ် မေတ္တာနဲ့လမ်းခွဲသူကတော့ တစ်ဖက်အာရုံမှ ာငြိကပ်စွဲလမ်းနေ တာမျိုး မရှိတဲ့ အတွက် လမ်းခွဲ ရပေမယ့် ဝမ်းမနည်း ပါဘူး။

မေတ္တာရဲ့သဘောက တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ရဖို့ အဓိက မဟုတ်ဘူး တစ်ဖက်သားမှာ ကောင်းကျိုးတွေဖြစ်နေစေ ချင်တဲ့ စိတ်ကလေး ရှိနေဖို့ အဓိက ပါပဲ။

တစ်ယောက်နဲ့ တစ်ယောက် မဆုံတွေ့ရရင်နေ ပါစေ။ တစ်ဖက်သား မှာကောင်းကျို းချမ်းသာတွေဖြစ်နေမယ်ဆိုရင် ကျေနပ်နေ တာပါပဲ။ ကိုယ်မေတ္တ ာထားရသူနဲ့ မဆုံတွေ့ရလည်း ဝမ်းနည်းခြင်း, ပူဆွေးခြင်း, တမ်းတခြင်း လွမ်းဆွတ်ခြင်း မရှိ ပါဘူး။

ဝမ်းမနည်းလို့မေတ္တာမ ရရှိဘူး မထင်ပါနဲ့။ မေတ္တာ ရှိတာနဲ့ ဝမ်းနည်းတာနဲ့မဆိုင် ပါဘူး။ မေတ္တာရှိတာကအဒေါသ,ဝမ်းနည်းတာက ဒေါသ,တစ်ခုနဲ့တစ်ခုဆန့်ကျင်နေ တာပါ။

မေတ္တာကြောင့်ဝမ်းနည်း ရတယ် ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ တဏှာကြောင့်သာ ဝမ်းနည်းကြရတာပါ။

“ရှေ့ရေစက်ကြီးလွန်းလို့ တွေ့ခွင့်ဆုံခွင့် ချစ်ခင်ခွင့်ရခဲ့ကြတာမဟုတ်လား။

ဘာလို့များ တစ်ယောက်ပေါ် တစ်ယောက် ခွင့်မလွတ် နိူင်လောက်အောင် စိတ်ဆိုးငြိုးတေးနေ ရတာလဲ။

နာကျည်းမှုကုဋေကုဋာနဲ့ ဝမ်းနည်းစွာ လမ်းခွဲ ခဲ့ကြမှတော့ သံသရာ တစ်ကွေ့ပြန်လာတွေ့တဲ့ အခါ ဘယ်လိုအပြုံး, ဘယ်လို မျက်လုံးတွေနဲ့ နှုတ်ဆက် ဖက်ပွေ့ကြမလဲကွယ်”

တစ်ယောက်နဲ့တစ်ယောက် မေတ္တာဖြင့်သာလမ်းခွဲ နိူင်ပါစေလို့ ရေး သားတင်ပြရင်း

ရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏

“လမ်းခွဲတာဝမ်းနည်းစရာလား””

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …