
နစ္နာေစတဲ့ အခ်စ္မ်ိဳးျဖစ္ေအာင္ မခ်စ္ၾကဖို႔ သတိေပးလိုက္တဲ့ ပုညခင္
လြန္ခဲ့တဲ့ ႏွစ္ေတြ ကတည္းက ရင္သပ္ရႈ႕ေမာဖြယ္ ဇာတ္အခ်ိဳးအေကြ႕အဖြဲ႕အႏြဲ႕အသုံးအႏႈန္းေတြနဲ႔ ဝတၳဳစာအုပ္ေပါင္း မ်ားစြာထုတ္ၿပီး ပရိသတ္ေတြ ရင္ထဲကို ဝင္ေရာက္ လာခဲ့တဲ့ ပုညခင္ဆိုတဲ့ စာေရးဆရာမကို လူတိုင္းနီးပါး သိၾက မွာပါ။
ပုညခင္ဟာ စာေရးဆရာမ သက္သက္တင္ မဟုတ္၊ ဇာတ္ၫႊန္းေတြႀကဳံရင္ ေရးသားသူလည္းျဖစ္တဲ့အျပင္ စာအုပ္ေတြထဲမွာ လူငယ္ေတြ အတြက္ ခ်စ္မႈေရးရာ အႀကံေပးစကားေတြလည္း အားရွိစရာ ထည့္သြင္းေရးသားတတ္တဲ့ အားကိုးခ်င္စရာ အခ်စ္ေရး အႀကံေပး တစ္ဦးလည္း ျဖစ္ပါေသးတယ္။
ပုညခင္က မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ အခ်စ္အေပၚ ခံယူခ်က္ေတြနဲ႔ လူငယ္ေတြအတြက္ အႀကံေပးစကားအခ်ိဳ႕ကို ေျဖၾကား ထားေပး ပါတယ္ ။
ပုညခင္က သူမရဲ႕ခ်စ္ျခင္းေမတၱာ အေပၚ ရႈ႕ျမင္ပုံကို “အခ်စ္ဆိုတာကေတာ့ အနည္းဆုံးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ လူဆိုတာ အတၱမကင္းဘူး ဆိုေပမယ့္ လည္း အတၱကို ေလွ်ာ့ၿပီးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ညႇိဳႏႈိင္း ရမယ့္ အရာမ်ိဳးလို႔ အစ္မကေတာ့ ထင္ပါတယ္”လို႔ ဆရာမက ေျပာျပထားပါတယ္ …။
ပုညခင္က သူမရဲ႕အိမ္ေထာင္ေရး အေၾကာင္ းကိုလည္း “အစ္မက အသက္သုံးဆယ္ေက်ာ္မွ အိမ္ေထာင္က်တာ။ အိမ္ေထာင္က်ေတာ့ (၃၇) ႏွစ္ ရွိပါၿပီ။ အစ္မထက္ ငယ္တဲ့လူနဲ႔ အိမ္ေထာင္က် တာပါ။
အစ္မထက္ ငယ္တယ္ ဆိုေပမယ့္ အစ္မထက္ ရွစ္ႏွစ္ေလာက္ ငယ္တာေပါ့ေနာ္။ ငယ္ေပမယ့္ အခု အိမ္ေထာင္သက္က ကိုးႏွစ္ေလာက္ ရွိပါၿပီ …”လို႔ ေျပာျပထားပါတယ္
ပုညခင္က အခ်စ္ေရး ပင္လယ္ ထဲမွာ ျမႇပ္ခ်ီ ေပၚခ်ီ ကူးခတ္ ေနၾက ဆဲျဖစ္တဲ့ သူမရဲ႕ စာဖတ္ပရိသတ္မႏူးမနပ္ လူငယ္ေလးေတြ အတြက္လည္း ေစတနာဗရပြနဲ႔ အႀကံေပး စကားေတြကို “လူငယ္ေတြကို ေျပာခ်င္တာကေတာ့ အခ်စ္ဆိုတဲ့ဟာ အေပၚမွာ အရမ္းႀကီး ႐ူးသြပ္ေန တာမ်ိဳး မဟုတ္ပဲနဲ႔ေလ တစ္ေယာက္နဲ႔ တစ္ေယာက္ နစ္နာေစတဲ့ အခ်စ္မ်ိဳး မျဖစ္ေအာင္ေပါ့ေနာ္ …။
ကိုယ္ကလည္း ကိုယ္ခ်စ္တဲ့ သူကို နစ္နာမသြားေအာင္ ကိုယ့္ေၾကာင့္ ဆုတ္ယုတ္ မသြားေအာင္၊ ကိုယ္ခ်စ္တဲ့သူကလည္း ကိုယ့္ကို နစ္နာေအာင္ လုပ္ရင္ လည္း ဒီအေပၚမွာ ကိုယ့္ဘဝ ပ်က္စီး မသြားပဲ နဲ႔ ကိုယ့္ဘဝကိုယ္ ထိန္းကြပ္ ႏိုင္ေအာင္ အမ်ားႀကီး ႀကိဳးစားသင့္ တယ္လို႔ အစ္မကေတာ့ ထင္ပါတယ္”လို႔ ေသခ်ာေလး ေျပာ ျပ ထား ပါ တယ္ ။
ပရိသတ္ႀကီးထဲမွာေရာ.. ပုညခင္စာအုပ္ေတြကို စြဲစြဲလန္းလန္း ဖတ္ရႈ႕သူေတြ ရွိၾကလား။ ပုညခင္ရဲ႕ ေနာက္ထြက္လာမယ့္ စာအုပ္ေတြ ကိုေရာ.. အားေပးဖို႔ အသင့္ပဲလား ?
Credit to original
Unicode
နစ်နာစေတဲ့ အချစ်မျိုးဖြစ်အောင် မချစ်ကြဖို့ သတိပေးလိုက်တဲ့ ပုညခင်
လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ရင်သပ်ရှု့မောဖွယ် ဇာတ်အချိုးအကွေ့အဖွဲ့အနွဲ့အသုံးအနှုန်းတွေနဲ့ ဝတ္ထုစာအုပ်ပေါင်း များစွာထုတ်ပြီး ပရိသတ်တွေ ရင်ထဲကို ဝင်ရောက် လာခဲ့တဲ့ ပုညခင်ဆိုတဲ့ စာရေးဆရာမကို လူတိုင်းနီးပါး သိကြ မှာပါ။
ပုညခင်ဟာ စာရေးဆရာမ သက်သက်တင် မဟုတ်၊ ဇာတ်ညွှန်းတွေကြုံရင် ရေးသားသူလည်းဖြစ်တဲ့အပြင် စာအုပ်တွေထဲမှာ လူငယ်တွေ အတွက် ချစ်မှုရေးရာ အကြံပေးစကားတွေလည်း အားရှိစရာ ထည့်သွင်းရေးသားတတ်တဲ့ အားကိုးချင်စရာ အချစ်ရေး အကြံပေး တစ်ဦးလည်း ဖြစ်ပါသေးတယ်။
ပုညခင်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ အချစ်အပေါ် ခံယူချက်တွေနဲ့ လူငယ်တွေအတွက် အကြံပေးစကားအချို့ကို ဖြေကြား ထားပေး ပါတယ် ။
ပုညခင်က သူမရဲ့ချစ်ခြင်းမေတ္တာ အပေါ် ရှု့မြင်ပုံကို “အချစ်ဆိုတာကတော့ အနည်းဆုံးတော့ တစ်ယောက်နဲ့ တစ်ယောက် လူဆိုတာ အတ္တမကင်းဘူး ဆိုပေမယ့် လည်း
အတ္တကို လျှော့ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်း ရမယ့် အရာမျိုးလို့ အစ်မကတော့ ထင်ပါတယ်”လို့ ဆရာမက ပြောပြထားပါတယ် ။
ပုညခင်က သူမရဲ့အိမ်ထောင်ရေး အကြောင် းကိုလည်း “အစ်မက အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ကျတာ။ အိမ်ထောင်ကျတော့ (၃၇) နှစ် ရှိပါပြီ။ အစ်မထက် ငယ်တဲ့လူနဲ့ အိမ်ထောင်ကျ တာပါ။
အစ်မထက် ငယ်တယ် ဆိုပေမယ့် အစ်မထက် ရှစ်နှစ်လောက် ငယ်တာပေါ့နော်။ ငယ်ပေမယ့် အခု အိမ်ထောင်သက်က ကိုးနှစ်လောက် ရှိပါပြီ …”လို့ ပြောပြထားပါတယ်
ပုညခင်က အချစ်ရေး ပင်လယ် ထဲမှာ မြှပ်ချီ ပေါ်ချီ ကူးခတ် နေကြ ဆဲဖြစ်တဲ့ သူမရဲ့ စာဖတ်ပရိသတ်မနူးမနပ် လူငယ်လေးတွေ အတွက်လည်း စေတနာဗရပွနဲ့ အကြံပေး
စကားတွေကို “လူငယ်တွေကို ပြောချင်တာကတော့ အချစ်ဆိုတဲ့ဟာ အပေါ်မှာ အရမ်းကြီး ရူးသွပ်နေ တာမျိုး မဟုတ်ပဲနဲ့လေ တစ်ယောက်နဲ့ တစ်ယောက် နစ်နာစေတဲ့ အချစ်မျိုး မဖြစ်အောင်ပေါ့နော် …။
ကိုယ်ကလည်း ကိုယ်ချစ်တဲ့ သူကို နစ်နာမသွားအောင် ကိုယ့်ကြောင့် ဆုတ်ယုတ် မသွားအောင်၊ ကိုယ်ချစ်တဲ့သူကလည်း ကိုယ့်ကို နစ်နာအောင် လုပ်ရင် လည်း ဒီအပေါ်မှာ ကိုယ့်ဘဝ ပျက်စီး မသွားပဲ နဲ့ ကိုယ့်ဘဝကိုယ် ထိန်းကွပ် နိုင်အောင် အများကြီး ကြိုးစားသင့် တယ်လို့ အစ်မကတော့ ထင်ပါတယ်”လို့ သေချာလေး ပြော ပြ ထား ပါ တယ် ။
ပရိသတ်ကြီးထဲမှာရော.. ပုညခင်စာအုပ်တွေကို စွဲစွဲလန်းလန်း ဖတ်ရှု့သူတွေ ရှိကြလား။ ပုညခင်ရဲ့ နောက်ထွက်လာမယ့် စာအုပ်တွေ ကိုရော.. အားပေးဖို့ အသင့်ပဲလား ?
Credit to original
No Comments