
မခ်စ္သင့္ေတာ့တဲ့ တစ္စံုတစ္ေယာက္ကို ရူးမတတ္လြမ္းမိတဲ့အခါ ဘာလုပ္သင့္လဲ
လူတုိင္းရဲ႕ဘဝမွာ မခ်စ္သင့္တဲ့ လူတစ္ေယာက္ကို ခ်စ္မိခဲ့တဲဲ့ အခိုက္အတန္္႔ေတြ ႐ွိဖူးၾက ပါတယ္။ ဒီလုိ မခ်စ္သင့္တဲ့ လူကို ခ်စ္မိတဲဲ့ အတြက္ ေနာင္တေတြ လည္္း ရဖူးၾက မွာပါ။
ဒါေပမယ့္ အခ်စ္က ကိုယ္လုိသလုိ ပံုသြင္းယူလုိ ႔မရတတ္ ပါဘူး။ ဒီေတာ့ မခ်စ္သင့္မွန္း သိရင္ေတာင္ တစ္စံုတစ္ေယာက္္ကို ဆိုးဆိုးဝါးဝါး လြမ္းမိတဲ့ အခ်ိန္ဆိုတာ ႐ွိတတ္ ပါတယ္။ ဒီလုိ တစ္စံုတစ္ေယာက္ကို ရူးမတတ္ လြမ္းမိတဲ့ အခါ ဘာလုပ္သင့္လဲ ဆိုတာကို ေဖာ္ျပေပးလုိက္ ပါတယ္ေနာ္။
လြမ္းမိတာ အျပစ္မဟုတ္လုိ႔ ဖံုးကြယ္ ထားစရာ မလုိပါဘူး
ခံစားတတ္တဲ့ လူတုိင္းဆီမွာ အခ်စ္၊ အမုန္း၊ အလြမ္းေတြဆိုတာ ႐ွိတတ္ပါတယ္။ ဒါဟာ ဘယ္သူမွ လြန္ဆန္လုိ႔မရတဲ့ အရာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လုိ႔ မခ်စ္သင့္တဲဲ့ လူကို လြမ္းေနမိတဲ့ ကိုယ့္ကိုယ္ကို အျပစ္မတင္ပါနဲ႔။ အလြမ္းကို အလြမ္းအတုိင္း လက္ခံ လုိက္ပါ။ ဘယ္သူကိုမွ မထိခိုက္ပဲ တစ္စံုတစ္ေယာက္ကို လြမ္းပိုင္ခြင့္ သင့္မွာအျပည့္အဝ ႐ွိလို႔ေန ပါတယ္။
ေမ့ႏုိင္ဖို႔ကို ျဖည္းျဖည္းခ်င္းႀကိဳးစားပါ
အခ်စ္ပဲ ျဖစ္ျဖစ္ အလြမ္းပဲ ျဖစ္ျဖစ္ အခ်ိန္္က အဓိက ပါပဲ။ အခ်ိန္္ဆိုတာ လူတစ္ေယာက္ကို ေျပာင္းလဲပစ္ႏိုင္္စြမ္း႐ွိတဲ့ ေမွာ္ေဆးတစ္ခြက္ ဆိုလည္း မမွားပါဘူး။ ဒါေၾကာင့္ အခ်ိန္္ကို ေစာင့္လိုက္ပါ လူတစ္ေယာက္ကို ေမ့ႏုိင္္ဖုိ႔ဆိုတာ အခ်ိန္္ တစ္ခုေတာ့ လုိပါတယ္။
အတင္းေမ့ႏိုင္ေအာင္ ႀကိဳးစားၿပီး ကိုယ့္ကိုယ္ကို ဒုကၡမေပးပါနဲ႔ ဒါက သင့္ေဝဒနာကို ပိုဆိုးဝါးေစႏုိင္ပါတယ္။ ခ်င္ခ်င္းႀကီးေမ့ပစ္္ တာထက္ ျဖည္းျဖည္းခ်င္း ေမ့ႏုိင္ေအာင္ ပဲ ႀကိဳးစားပါ။
အေတြးဆိုးေတြ မဝင္လာေစဖုိ႔ ကိုယ္ႏွစ္သက္ရာေလးေတြ လုပ္ၾကည့္ပါ”
လူေတြဟာ တစ္ေယာက္တည္း ႐ွိေနတဲ့အခ်ိန္မ်ိဳးမွာဆို အေတြးေတြပိုမ်ားၿပီး အေတြးဆိုးေတြလည္း ဝင္လာတတ္ပါတယ္။ တစ္ေယာက္ေယာက္ကို သတိရတဲ့ အခါ ကိုယ့္စိတ္လိုလက္ရ သူ႔ဆီဆက္သြယ္မိလိုက္တာ၊ မက္ေဆခ်္႕ပို႔မိတာ စသျဖင့္ မလုပ္သင့္ တာေတြလည္း ေလွ်ာက္လုပ္မိ တတ္ၿပီး ေနာက္မွာ ျပန္ေနာင္္တရ တတ္္ပါတယ္။
ဒီလုိမ်ိဳးေတြ မျဖစ္္လာေစဖုိ႔ အေတြးဆိုးေတြ မဝင္ေအာင္ ကိုယ္ႏွစ္သက္ရာေလးေတြ လုပ္ၾကည့္ပါ။ ဥပမာ- ကိုယ္က gym ေဆာ့မယ္လုိ႔ စဥ္းစားထားရင္ သြားေဆာ့လိုက္ပါ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ ေတြ႔တာ၊ ေလွ်ာက္္လည္တာ၊ ဝါသနာပါရာ တစ္ခုခုလုပ္တာ စသျဖင့္္ေပါ့ လုပ္စရာေတြမွ အမ်ားႀကီးပဲေလ။
အားလပ္ခ်ိန္မ႐ွိေအာင္ အလုပ္ေတြႀကိဳးစားလုပ္ပါ”
လူတစ္ေယာက္ အသည္းကြဲတဲ့ အခ်ိန္ဆို စိတ္ညစ္ညစ္နဲ႔ ဘာမွမလုပ္ တာထက္ အလုပ္ေတြပိုႀကိဳးစားေစခ်င္ပါတယ္။ ဘာေၾကာင့္္လဲ ဆိုေတာ့ တစ္ေန႔လံုး အလုပ္ေတြနဲ႔ ႐ႈပ္ေနတဲ့ အခ်ိန္မွာ သူ႔ကို သတိရ ခ်ိန္ေတာင္ ရမွာ မဟုတ္ပါဘူး။
ေနာက္ၿပီး ကိုယ့္အတြက္ လည္း ပိုတုိးတက္မႈကို ရ႐ွိေစ ပါတယ္။ ဒါေၾကာင့္ တစ္စံုတစ္ေယာက္ကို ဆိုးဆိုးဝါးဝါး လြမ္းမိတဲ့ အခ်ိန္မွာ အလုပ္ေတြ ဖိလုပ္ပါ။
႐ံုးမွာ ႐ွိသမွ် အလုပ္ေၾကြးေတြကို အျပတ္ျဖတ္တာ၊ တစ္အိမ္လံုးကို သန္႔႐ွင္းေရး လုပ္တာ စသျဖင့္္ လုပ္တာက သင့္ကို ခံစားရ သက္သာေစမွာ ျဖစ္ပါတယ္္။
ဒီနည္းလမ္းေလးေတြက သင့္ရဲ႕ မခ်စ္သင့္ေတာ့တဲ့ လူတစ္ေယာက္ကို ဆိုးဆိုးဝါးဝါး လြမ္းမိတဲ့ အခါ အကူအညီျဖစ္ေစမယ့္ နည္းလမ္းေလးေတြပဲ ျဖစ္ပါတယ္ေနာ္။
Credit
Unicode
မချစ်သင့်တော့တဲ့ တစ်စုံတစ်ယောက်ကို ရူးမတတ်လွမ်းမိတဲ့အခါ ဘာလုပ်သင့်လဲ
လူတိုင်းရဲ့ဘဝမှာ မချစ်သင့်တဲ့ လူတစ်ယောက်ကို ချစ်မိခဲ့တဲ့ အခိုက်အတန့််တွေ ရှိဖူးကြ ပါတယ်။ ဒီလို မချစ်သင့်တဲ့ လူကို ချစ်မိတဲ့ အတွက် နောင်တတွေ လည်း ရဖူးကြ မှာပါ။
ဒါပေမယ့် အချစ်က ကိုယ်လိုသလို ပုံသွင်းယူလို့မရတတ် ပါဘူး။ ဒီတော့ မချစ်သင့်မှန်း သိရင်တောင် တစ်စုံတစ်ယောက်ကို ဆိုးဆိုးဝါးဝါး လွမ်းမိတဲ့ အချိန်ဆိုတာ ရှိတတ် ပါတယ်။ ဒီလို တစ်စုံတစ်ယောက်ကို ရူးမတတ် လွမ်းမိတဲ့ အခါ ဘာလုပ်သင့်လဲ ဆိုတာကို ဖော်ပြပေးလိုက် ပါတယ်နော်။
လွမ်းမိတာ အပြစ်မဟုတ်လို့ ဖုံးကွယ် ထားစရာ မလိုပါဘူး
ခံစားတတ်တဲ့ လူတိုင်းဆီမှာ အချစ်၊ အမုန်း၊ အလွမ်းတွေဆိုတာ ရှိတတ်ပါတယ်။ ဒါဟာ ဘယ်သူမှ လွန်ဆန်လို့မရတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မချစ်သင့်တဲ့ လူကို လွမ်းနေမိတဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အလွမ်းကို အလွမ်းအတိုင်း လက်ခံ လိုက်ပါ။ ဘယ်သူကိုမှ မထိခိုက်ပဲ တစ်စုံတစ်ယောက်ကို လွမ်းပိုင်ခွင့် သင့်မှာအပြည့်အဝ ရှိလို့နေ ပါတယ်။
မေ့နိုင်ဖို့ကို ဖြည်းဖြည်းချင်းကြိုးစားပါ
အချစ်ပဲ ဖြစ်ဖြစ် အလွမ်းပဲ ဖြစ်ဖြစ် အချိန်က အဓိက ပါပဲ။ အချိန်ဆိုတာ လူတစ်ယောက်ကို ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ မှော်ဆေးတစ်ခွက် ဆိုလည်း မမှားပါဘူး။ ဒါကြောင့် အချိန်ကို စောင့်လိုက်ပါ လူတစ်ယောက်ကို မေ့နိုင်ဖို့ဆိုတာ အချိန် တစ်ခုတော့ လိုပါတယ်။
အတင်းမေ့နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့ ဒါက သင့်ဝေဒနာကို ပိုဆိုးဝါးစေနိုင်ပါတယ်။ ချင်ချင်းကြီးမေ့ပစ် တာထက် ဖြည်းဖြည်းချင်း မေ့နိုင်အောင် ပဲ ကြိုးစားပါ။
အတွေးဆိုးတွေ မဝင်လာစေဖို့ ကိုယ်နှစ်သက်ရာလေးတွေ လုပ်ကြည့်ပါ”
လူတွေဟာ တစ်ယောက်တည်း ရှိနေတဲ့အချိန်မျိုးမှာဆို အတွေးတွေပိုများပြီး အတွေးဆိုးတွေလည်း ဝင်လာတတ်ပါတယ်။ တစ်ယောက်ယောက်ကို သတိရတဲ့ အခါ ကိုယ့်စိတ်လိုလက်ရ သူ့ဆီဆက်သွယ်မိလိုက်တာ၊ မက်ဆေချ့်ပို့မိတာ စသဖြင့် မလုပ်သင့် တာတွေလည်း လျှောက်လုပ်မိ တတ်ပြီး နောက်မှာ ပြန်နောင်တရ တတ်ပါတယ်။
ဒီလိုမျိုးတွေ မဖြစ်လာစေဖို့ အတွေးဆိုးတွေ မဝင်အောင် ကိုယ်နှစ်သက်ရာလေးတွေ လုပ်ကြည့်ပါ။ ဥပမာ- ကိုယ်က gym ဆော့မယ်လို့ စဉ်းစားထားရင် သွားဆော့လိုက်ပါ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့တာ၊ လျှောက်လည်တာ၊ ဝါသနာပါရာ တစ်ခုခုလုပ်တာ စသဖြင့််ပေါ့ လုပ်စရာတွေမှ အများကြီးပဲလေ။
အားလပ်ချိန်မရှိအောင် အလုပ်တွေကြိုးစားလုပ်ပါ”
လူတစ်ယောက် အသည်းကွဲတဲ့ အချိန်ဆို စိတ်ညစ်ညစ်နဲ့ ဘာမှမလုပ် တာထက် အလုပ်တွေပိုကြိုးစားစေချင်ပါတယ်။ ဘာကြောင့််လဲ ဆိုတော့ တစ်နေ့လုံး အလုပ်တွေနဲ့ ရှုပ်နေတဲ့ အချိန်မှာ သူ့ကို သတိရ ချိန်တောင် ရမှာ မဟုတ်ပါဘူး။
နောက်ပြီး ကိုယ့်အတွက် လည်း ပိုတိုးတက်မှုကို ရရှိစေ ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ကို ဆိုးဆိုးဝါးဝါး လွမ်းမိတဲ့ အချိန်မှာ အလုပ်တွေ ဖိလုပ်ပါ။
ရုံးမှာ ရှိသမျှ အလုပ်ကြွေးတွေကို အပြတ်ဖြတ်တာ၊ တစ်အိမ်လုံးကို သန့်ရှင်းရေး လုပ်တာ စသဖြင့်် လုပ်တာက သင့်ကို ခံစားရ သက်သာစေမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းလေးတွေက သင့်ရဲ့ မချစ်သင့်တော့တဲ့ လူတစ်ယောက်ကို ဆိုးဆိုးဝါးဝါး လွမ်းမိတဲ့ အခါ အကူအညီဖြစ်စေမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်နော်။
No Comments