
Relationship တစ္ခုမွာ မလုံၿခဳံမႈ ခံစားရေလ့ရွိတဲ့ အေၾကာင္းရင္းမ်ားနဲ႔ လကၡဏာမ်ား
သင့္လက္တြဲေဖာ္နဲ႔ ပတ္သတ္ၿပီး သင့္ႏွလုံးသားထဲမွာ မတည္မၿငိမ္ ေၾကာက္႐ြံ႕မႈေတြ ရွိပါသလား? သင့္အခ်စ္ေရးနဲ႔ ပတ္သတ္ၿပီး စိတ္ခ်လုံၿခဳံမႈ ရွိတယ္လို႔ မခံစား ရဘူးလား? သင့္ခ်စ္သူႏွင့္ ပတ္သတ္ၿပီး သင့္ကို အၿမဲသံသယ ျဖစ္ေစႏိုင္တဲ့ ေျပာမျပ တတ္ေလာက္ေသာ အရာတစ္ခုခု ရွိပါ သလား?
Relationship တစ္ခုမွာ ပူပန္မႈ တစ္ခ်ိဳ႕ရွိတာက ပုံမွန္ျဖစ္ ပါတယ္။ သို႔ေသာ္ ထိုပူပန္မႈေတြ ဟာ သင့္အခ်စ္ေရးကို မလုံၿခဳံမႈ ျဖစ္ေစၿပီး ၊ မေသခ်ာ မေရရာမႈေတြ ဖန္တီးျခင္းက ပိုအားေကာင္း လာလွ်င္ သင္ဟာ အခ်စ္ေရးကို မထိခိုက္ ခင္မွာ ရင္ဆိုင္ ရပါ မယ္။
ဒါ့ေၾကာင့္ လူေတြဟာ relationship တစ္ခုမွာ မလုံၿခဳံမႈကို ဘာ့ေၾကာင့္ ခံစား ရေလ့ ရွိတာလဲ? မလုံၿခဳံမႈလကၡဏာေတြကို ဘယ္လို ခြဲျခား သတ္မွတ္မလဲ? ဆိုတာကို ဒီေဆာင္းပါးေလး ကေန ေျပာျပေပး ခ်င္ပါတယ္။
မလုံၿခဳံမႈက အခ်စ္ေရးကို ထိခိုက္ေစ ႏိုင္သလား?
မလုံၿခဳံမႈေတြကို မကိုင္တြယ္တဲ့ အခါမွာ စိတ္ရႈပ္ေထြးမႈ၊ မနာလိုမႈ၊ ပူပန္မႈ၊ ပိုင္ဆိုင္ လိုမႈႏွင့္ တကယ္မျဖစ္ႏိုင္တဲ့ ျပႆနာေတြေပၚမွာ အေျခခံၿပီး မေကာင္းတဲ့ စိတ္ခံစားမႈေတြကို ဦးတည္ေစ ႏိုင္ပါ တယ္။
ထိုသို႔ေသာ အပ်က္သေဘာေတြက relationship တစ္ခုမွာ ခ်စ္ျခင္း၊ ဂ႐ုစိုက္ျခင္းႏွင့္ ေလးစားျခင္းစတဲ့ အျပဳသေဘာေဆာင္တဲ့ ခံစားခ်က္္ေတြကို ဖုံးလႊမ္း သြားေစၿပီး ေနာက္ဆုံးမွာ အခ်စ္ေရးကို ပ်က္စီးသြားေစႏိုင္ ပါတယ္။
မေကာင္းတဲ့ စိတ္ခံစား မႈေတြကို မထိန္းခ်ဳပ္ ႏိုင္ပါက သင့္တို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈ လြဲမွားျခင္း၊ အျငင္းပြားျခင္းႏွင့္ ရန္ပြဲေတြ ျဖစ္လာ ႏိုင္ပါ တယ္။
လက္တြဲေဖာ္ တစ္ဦး အေနျဖင့္ သူတို႔ရဲ႕ ကတိကဝတ္၊ ခ်စ္ျခင္းေမတၱာႏွင့္ ပတ္သတ္ၿပီး မလုံၿခဳံမႈကို ေနာက္တစ္ႀကိမ္ ထပ္ၿပီး စိတ္ခ်ဖို႔ ခက္ခဲပါ လိမ့္မယ္။ အခ်ိန္ၾကာလာ တာႏွင့္ အမွ် ၎ဟာ အခ်စ္ေရးကို ပိုအေႏွာက္အယွက္ ျဖစ္ေစႏိုင္ၿပီး မညီမွ်မႈေတြ ျဖစ္ေစႏိုင္ ပါတယ္။
Relationship တစ္ခုမွာ မလုံၿခဳံမႈကို ျဖစ္ေစႏိုင္ေသာ လကၡဏာမ်ား
က်န္းမာေသာ အခ်စ္ေရးမွာ သင့္အား လုံၿခဳံမႈႏွင့္ ေလးစားမႈေတြကို ခံစားရေစ သင့္ပါ တယ္။ မလုံၿခဳံမႈေတြက အခ်စ္ေရးရဲ႕ အစိတ္အပိုင္း တစ္ခုျဖစ္လာတဲ့ အခါ အခ်စ္ေရးကို ထိခိုက္ ႏိုင္ေသာ မႏွစ္ၿမိဳ႕ဖြယ္ စိတ္ခံစားမႈေတြကို ႀကဳံေတြ႕ရႏိုင္ ပါတယ္။
၁။ သင့္မွာ ယုံၾကည္မႈ ျပႆနာေတြ ရွိလာပါတယ္
သင့္လက္တြဲေဖာ္က အျခားသူ တစ္ေယာက္ေယာက္နဲ႔ ေတြ႕ဆုံေနတာ မဟုတ္ဘဲ အစည္းအေဝးမွာ ရွိေနတယ္လို႔ ေျပာတဲ့အခါမွာ သင္ယုံ ရခက္ ပါတယ္။ သင့္လက္တြဲေဖာ္ လက္ေဆာင္ တစ္ခု ရလာတဲ့ အခါ ေနာက္ကြယ္မွာ လွ်ိဳ႕ဝွက္ ထားတာ တစ္ခုခု ရွိမယ္လို႔ သင္ထင္ ပါတယ္။
သူတို႔က အရာရာတိုင္းကို လိမ္ေနတယ္လို႔ သင္ထင္ေန ပါတယ္။ ဒီအရာေတြနဲ႔ ဆက္စပ္ပါက သင့္အေနျဖင့္ အခ်စ္ေရးမွာ မလုံၿခဳံမႈ ခံစားရတာ ျဖစ္ႏိုင္ပါတယ္။ ယုံၾကည္မႈက အခ်စ္ခရီးလမ္းရဲ႕ အေျခခံအုတ္ျမစ္ျဖစ္ ပါတယ္။ ယုံၾကည္မႈ ကင္းမဲ့ျခင္းက relationship အတြက္ အႏၲရာယ္ ျဖစ္ေစပါတယ္။
၂။ အလြယ္တကူ စိုးရိမ္ပူပန္လာပါတယ္
ပဋိပကၡျဖစ္တဲ့ အခါ သင့္လက္တြဲေဖာ္က သင့္အား နားလည္မႈ လြဲနိင္ေၾကာင္း၊ သင့္ကို ထားခဲ့ႏိုင္ေၾကာင္း စိုးရိမ္စြာ စဥ္းစားမိ ႏိုင္ပါ တယ္။
ပဋိပကၡက သင္တို႔ႏွစ္ေယာက္ၾကားမွာ ေသးငယ္တဲ့ miscommunication ျဖစ္ႏိုင္ေပမယ့္ သင့္လက္တြဲေဖာ္က သင့္ကို ျငင္းပယ္ လိမ့္မယ္လို႔ ေတြးၿပီး သင့္အယူအဆႏွင့္ ပတ္သတ္ၿပီး ႐ိုး႐ိုးသားသား ေျပာရမွာ ၊ အမွန္ေျပာရမွာကို ေၾကာက္လာ ႏိုင္ပါတယ္။
သင့္လက္တြဲေဖာ္ကို ဆုံးရႈံး ရမွာေၾကာက္ျခင္းက ဆက္တိုက္ျဖစ္ေနတယ္ ဆိုရင္ ဒါက က်န္းမာေသာ အခ်စ္ေရးရဲ႕ လကၡဏာ မဟုတ္ပါဘူး။ ေကာင္းမြန္တဲ့ အခ်စ္ေရးက သင့္အား အပ်က္သေဘာအေတြးေတြမွ ကင္းေဝးေစၿပီး စိုးရိမ္စရာ မလိုဘဲ ရွင္းလင္းေသာ ေျပာဆို ဆက္ဆံမႈကို တည္ေဆာက္ဖို႔ သင့္အားယုံၾကည္ စိတ္ခ်ေစ ပါတယ္။
၃။ သင့္လက္တြဲေဖာ္ကို ေနရာမေပးပါဘူး
မလုံၿခဳံဘူးလို႔ ခံစားရသူ တစ္ေယာက္ဟာ သူတို ႔အေဖာ္ကို အၿမဲအဆက္အသြယ္ လုပ္ခ်င္ေနၿပီး မ်က္ေစ့ေအာက္က အေပ်ာက္ မခံခ်င္ၾက ပါဘူး။
သင္ဟာ အဆက္မျပတ္ ေျပာဆိုဆက္ဆံမႈကို ရွာေဖြတတ္ၿပီး သင့္လက္တြဲေဖာ္က မတုံ႔ျပန္ ပါက တစ္ပါးသူအေပၚ ယုံမွား သံသယလြန္ကဲ တာေတြ ျဖစ္လာႏိုင္ ပါတယ္။
ဒီအျပဳအမႈက သင္တို ႔ႏွစ္ေယာက္ၾကားက ေႏွာင္ႀကိဳးကို အားနည္းေစႏိုင္ၿပီး အၿမဲတမ္း ေမးခြန္းေတြ ေမးျခင္းႏွင့္အတူ ႏွစ္ေယာက္စလုံးကို ပင္ပန္းႏြမ္းနယ္ေစႏိုင္ ပါတယ္။
၄။ သင္ဟာ သင့္လက္တြဲေဖာ္ဆီကေန ေထာက္ခံမႈ ဆက္တိုက္ရလိုပါတယ္
သင္ခ်စ္ျမတ္ႏိုးရသူ ဆီကေန တစ္ႀကိမ္တစ္ခါ ႏွစ္သိမ့္မႈ ရွာတာက အဆင္ေျပ ပါတယ္။ သို႔ေသာ္ သင္ဘာပဲလုပ္လုပ္ သင့္လက္တြဲေဖာ္ကို အၿမဲတမ္း အတည္ျပဳေစ ၊ ေထာက္ခံေစ လိုရင္ သင့္စိတ္မလုံၿခဳံမႈေၾကာင့္ လုပ္ေဆာင္ေနတာ ျဖစ္ႏိုင္ ပါတယ္။
ဒီအေျခအေနမ်ိဳးမွာ သင့္လက္တြဲေဖာ္က သင့္ကို ၿငီးေငြ႕ေစၿပီး သင့္ကိုပိုမလုံၿခဳံေအာင္ လုပ္ႏိုင္ပါတယ္။ တကယ္လို႔ ဒီလိုျဖစ္ပ်က္ လာရင္ သင္တို ႔အခ်စ္ေရးဟာ တျဖည္းျဖည္းခ်င္း ၿပိဳကြဲ သြားႏိုင္ ပါတယ္။
၅။ သင့္အခ်စ္ေရးႏွင့္ပတ္သတ္ၿပီး အေတြးလြန္ျခင္း
သင္ဟာ သင့္လက္တြဲေဖာ္ရဲ႕ စိတ္ကို ဖတ္ဖို႔ (သို႔) သူတို႔မစဥ္းစား ထားတဲ့ အရာတစ္ခုခုကို ယူဆဖို႔ ႀကိဳးစားႏိုင္ပါတယ္။ သူတို႔ အမွားလုပ္ေနတယ္လို ႔ သင္ထင္ ပါတယ္။
ၿပီးေတာ့ လွပတဲ့ ခ်စ္ျခင္းေမတၱာကို ခံစားေနမယ့္အစား သင့္စိတ္ထဲမွာ မေကာင္းေသာ ဇာတ္လမ္းေတြပဲ ဖန္တီးေန ပါတယ္။ ဒါက သင့္တို႔အခ်စ္ေရးမွာ ေကာင္းေသာ အရာေတြကို ဖုံးကြယ္ ႏိုင္တဲ့ စိတ္လုံၿခဳံမႈ ကင္းမဲ့တဲ့ လကၡဏာျဖစ္ပါ တယ္။ အေတြးလြန္ျခင္းက ယခင္က မရွိခဲ့ဘူးတဲ့ ျပႆနာေတြကို ယူေဆာင္လာႏိုင္ပါတယ္။
၆။ သင့္လက္တြဲေဖာ္ရဲ႕ လႈပ္ရွားမႈေတြကို အနီးကပ္ေစာင့္ၾကည့္တတ္ပါတယ္
လုံၿခဳံမႈမရွိျခင္းရဲ႕ လကၡဏာတစ္ခုက သင့္လက္တြဲေဖာ္ရဲ႕ အေကာင့္ေတြ၊ ဖုန္းေတြထဲကို ဝင္ေရာက္ခ်င္တဲ့ အခ်ိန္ျဖစ္ ပါတယ္။ သင့္ခ်စ္သူဟာ တစ္ေယာက္ေယာက္နဲ႔ စကားေျပာေနလား? လွ်ိဳ႕ဝွက္စြာ ခ်က္တင္လုပ္ေနလား? ဆိုတာ သိခ်င္ လာပါ တယ္။
ဆိုရွယ္မီဒီယာေပၚမွာ သူတို႔ လႈပ္ရွားမႈေတြကို ပုံမွန္ေစာင့္ၾကည့္ၿပီး သင့္ခ်စ္သူရဲ႕ history ကိုစစ္ေဆးခ်င္လာပါတယ္။
ဒီမလုံၿခဳံမႈ လုပ္ရပ္က အျငင္းပြားမႈေတြနဲ႔ သေဘာထား ကြဲလြဲမႈေတြ ျဖစ္ေပၚေစႏို င္ပါတယ္။ အခ်ိန္မွီ မထိန္းခ်ဳပ္ ပါက မေသခ်ာမေရရ ာမႈေတြ ပိုျပင္းထန္လာ ႏိုင္ၿပီး သင္တို႔အခ်စ္ေရးကို ပိုထိခိုက္ေစႏိုင္ပါတယ္။
၇။ အေသးအဖြဲ ကိစၥေလးေတြနဲ႔ မၾကာခဏ ရန္ျဖစ္ျခင္း
အေသးအဖြဲ႕ကိစၥေလးကအစ ရန္ျဖစ္ျခင္းဟာ မလုံၿခဳံမႈရဲ႕ လကၡဏာတစ္ခုပါပဲ။ ဥပမာ- သင့္လက္တြဲေဖာ္က ေဖ့ဘြတ္ခ္ေပၚရွိ လူတစ္ေယာက္ရဲ႕ပုံကို like ေပးတာတို႔ ၊ မွတ္ခ်က္ေပးတာတို႔ ျပဳလုပ္တာက သင့္ကို အေႏွာက္အယွက္ျဖစ္ေစ လာႏိုင္တာ
ဒါမွမဟုတ္ သင့္လက္တြဲေဖာ္ဟာ မားကတ္မွာ အခ်ိန္ျဖဳန္းျခင္းႏွင့္ပတ္သတ္ၿပီး သင္ဟာ ရန္ပြဲတစ္ခုကို ေ႐ြးခ်ယ္လာႏိုင္ပါတယ္။ ဒီေသးငယ္တဲ့ ရန္ပြဲေတြက ဂ႐ုစိုက္ခံရဖို႔ (သို႔) သင့္ေတာင္းဆိုမႈေတြ ျဖည့္ဆည္းေပးခံရဖို႔ ျဖစ္ႏိုင္ ပါတယ္။
၈။ ႐ုပ္ပိုင္းဆိုင္ရာ ရင္းႏွီးမႈႏွင့္အတူ သင့္မွာ ျပႆနာေတြ ရွိလာျခင္း
သင့္လက္တြဲေဖာ္ ျငင္းပယ္မွာကို ေၾကာက္႐ြံ႕ေနတယ္ ဆိုရင္ သူတို႔နဲ႔ လိင္ပိုင္းဆိုင္ရာ ရင္းႏွီးမႈရဖို႔ မျဖစ္ႏိုင္ပါဘူး။ သင္ရင္းႏွီးမႈရဖို႔ ႀကိဳးစားေကာင္း ႀကိဳးစားပါ လိမ့္မယ္။ ဒါက သင့္လက္တြဲေဖာ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္ဆည္း မေပးႏိုင္မွာ ေၾကာက္တဲ့စိတ္ (သို႔) အတိတ္ဆိုး တစ္ခု ျဖစ္ႏိုင္ ပါတယ္။
အေၾကာင္းရင္း ဘယ္လိုပဲရွိပါေစ ရင္းႏွီးမႈနဲ႔ ႐ုန္းကန္ေန ရျခင္းကို အခ်စ္ေရးလုံၿခဳံမႈ ကင္းမဲ့တဲ့ လကၡဏာတစ္ခု ဟုလည္း သတ္မွတ္ ပါတယ္။ သင့္လက္တြဲေဖာ္ႏွင့္ ပတ္သတ္ၿပီး လုံၿခဳံမႈ မရွိျခင္း (သို႔) အခ်စ္ေရးကို မယုံၾကည္မႈတို႔က ညတြင္းခ်င္း ျဖစ္လာတဲ့ အေတြ႕အႀကဳံ မဟုတ္ပါဘူး။
ဒီမလုံၿခဳံမႈကို ျဖစ္ေစတဲ့ အခ်က္ကို ေဖာ္ထုတ္ျခင္းက သင့္ရဲ႕ ေၾကာက္႐ြံ႕မႈကို ေက်ာ္လြားဖို႔ ကူညီပါလိမ့္မယ္။
Credit Lifestyle Myanmar
UNICODE
Relationship တစ်ခုမှာ မလုံခြုံမှု ခံစားရလေ့ရှိတဲ့ အကြောင်းရင်းများနဲ့ လက္ခဏာများ
သင့်လက်တွဲဖော်နဲ့ ပတ်သတ်ပြီး သင့်နှလုံးသားထဲမှာ မတည်မငြိမ် ကြောက်ရွံ့မှုတွေ ရှိပါသလား? သင့်အချစ်ရေးနဲ့ ပတ်သတ်ပြီး စိတ်ချလုံခြုံမှု ရှိတယ်လို့ မခံစား ရဘူးလား? သင့်ချစ်သူနှင့် ပတ်သတ်ပြီး သင့်ကို အမြဲသံသယ ဖြစ်စေနိုင်တဲ့ ပြောမပြ တတ်လောက်သော အရာတစ်ခုခု ရှိပါ သလား?
Relationship တစ်ခုမှာ ပူပန်မှု တစ်ချို့ရှိတာက ပုံမှန်ဖြစ် ပါတယ်။ သို့သော် ထိုပူပန်မှုတွေ ဟာ သင့်အချစ်ရေးကို မလုံခြုံမှု ဖြစ်စေပြီး ၊ မသေချာ မရေရာမှုတွေ ဖန်တီးခြင်းက ပိုအားကောင်း လာလျှင် သင်ဟာ အချစ်ရေးကို မထိခိုက် ခင်မှာ ရင်ဆိုင် ရပါ မယ်။
ဒါ့ကြောင့် လူတွေဟာ relationship တစ်ခုမှာ မလုံခြုံမှုကို ဘာ့ကြောင့် ခံစား ရလေ့ ရှိတာလဲ? မလုံခြုံမှုလက္ခဏာတွေကို ဘယ်လို ခွဲခြား သတ်မှတ်မလဲ? ဆိုတာကို ဒီဆောင်းပါးလေး ကနေ ပြောပြပေး ချင်ပါတယ်။
မလုံခြုံမှုက အချစ်ရေးကို ထိခိုက်စေ နိုင်သလား?
မလုံခြုံမှုတွေကို မကိုင်တွယ်တဲ့ အခါမှာ စိတ်ရှုပ်ထွေးမှု၊ မနာလိုမှု၊ ပူပန်မှု၊ ပိုင်ဆိုင် လိုမှုနှင့် တကယ်မဖြစ်နိုင်တဲ့ ပြဿနာတွေပေါ်မှာ အခြေခံပြီး မကောင်းတဲ့ စိတ်ခံစားမှုတွေကို ဦးတည်စေ နိုင်ပါ တယ်။
ထိုသို့သော အပျက်သဘောတွေက relationship တစ်ခုမှာ ချစ်ခြင်း၊ ဂရုစိုက်ခြင်းနှင့် လေးစားခြင်းစတဲ့ အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို ဖုံးလွှမ်း သွားစေပြီး နောက်ဆုံးမှာ အချစ်ရေးကို ပျက်စီးသွားစေနိုင် ပါတယ်။
မကောင်းတဲ့ စိတ်ခံစား မှုတွေကို မထိန်းချုပ် နိုင်ပါက သင့်တို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု လွဲမှားခြင်း၊ အငြင်းပွားခြင်းနှင့် ရန်ပွဲတွေ ဖြစ်လာ နိုင်ပါ တယ်။
လက်တွဲဖော် တစ်ဦး အနေဖြင့် သူတို့ရဲ့ ကတိကဝတ်၊ ချစ်ခြင်းမေတ္တာနှင့် ပတ်သတ်ပြီး မလုံခြုံမှုကို နောက်တစ်ကြိမ် ထပ်ပြီး စိတ်ချဖို့ ခက်ခဲပါ လိမ့်မယ်။ အချိန်ကြာလာ တာနှင့် အမျှ ၎င်းဟာ အချစ်ရေးကို ပိုအနှောက်အယှက် ဖြစ်စေနိုင်ပြီး မညီမျှမှုတွေ ဖြစ်စေနိုင် ပါတယ်။
Relationship တစ်ခုမှာ မလုံခြုံမှုကို ဖြစ်စေနိုင်သော လက္ခဏာများ
ကျန်းမာသော အချစ်ရေးမှာ သင့်အား လုံခြုံမှုနှင့် လေးစားမှုတွေကို ခံစားရစေ သင့်ပါ တယ်။ မလုံခြုံမှုတွေက အချစ်ရေးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာတဲ့ အခါ အချစ်ရေးကို ထိခိုက် နိုင်သော မနှစ်မြို့ဖွယ် စိတ်ခံစားမှုတွေကို ကြုံတွေ့ရနိုင် ပါတယ်။
၁။ သင့်မှာ ယုံကြည်မှု ပြဿနာတွေ ရှိလာပါတယ်
သင့်လက်တွဲဖော်က အခြားသူ တစ်ယောက်ယောက်နဲ့ တွေ့ဆုံနေတာ မဟုတ်ဘဲ အစည်းအဝေးမှာ ရှိနေတယ်လို့ ပြောတဲ့အခါမှာ သင်ယုံ ရခက် ပါတယ်။ သင့်လက်တွဲဖော် လက်ဆောင် တစ်ခု ရလာတဲ့ အခါ နောက်ကွယ်မှာ လျှို့ဝှက် ထားတာ တစ်ခုခု ရှိမယ်လို့ သင်ထင် ပါတယ်။
သူတို့က အရာရာတိုင်းကို လိမ်နေတယ်လို့ သင်ထင်နေ ပါတယ်။ ဒီအရာတွေနဲ့ ဆက်စပ်ပါက သင့်အနေဖြင့် အချစ်ရေးမှာ မလုံခြုံမှု ခံစားရတာ ဖြစ်နိုင်ပါတယ်။ ယုံကြည်မှုက အချစ်ခရီးလမ်းရဲ့ အခြေခံအုတ်မြစ်ဖြစ် ပါတယ်။ ယုံကြည်မှု ကင်းမဲ့ခြင်းက relationship အတွက် အန္တရာယ် ဖြစ်စေပါတယ်။
၂။ အလွယ်တကူ စိုးရိမ်ပူပန်လာပါတယ်
ပဋိပက္ခဖြစ်တဲ့ အခါ သင့်လက်တွဲဖော်က သင့်အား နားလည်မှု လွဲနိင်ကြောင်း၊ သင့်ကို ထားခဲ့နိုင်ကြောင်း စိုးရိမ်စွာ စဉ်းစားမိ နိုင်ပါ တယ်။
ပဋိပက္ခက သင်တို့နှစ်ယောက်ကြားမှာ သေးငယ်တဲ့ miscommunication ဖြစ်နိုင်ပေမယ့် သင့်လက်တွဲဖော်က သင့်ကို ငြင်းပယ် လိမ့်မယ်လို့ တွေးပြီး သင့်အယူအဆနှင့် ပတ်သတ်ပြီး ရိုးရိုးသားသား ပြောရမှာ ၊ အမှန်ပြောရမှာကို ကြောက်လာ နိုင်ပါတယ်။
သင့်လက်တွဲဖော်ကို ဆုံးရှုံး ရမှာကြောက်ခြင်းက ဆက်တိုက်ဖြစ်နေတယ် ဆိုရင် ဒါက ကျန်းမာသော အချစ်ရေးရဲ့ လက္ခဏာ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ အချစ်ရေးက သင့်အား အပျက်သဘောအတွေးတွေမှ ကင်းဝေးစေပြီး စိုးရိမ်စရာ မလိုဘဲ ရှင်းလင်းသော ပြောဆို ဆက်ဆံမှုကို တည်ဆောက်ဖို့ သင့်အားယုံကြည် စိတ်ချစေ ပါတယ်။
၃။ သင့်လက်တွဲဖော်ကို နေရာမပေးပါဘူး
မလုံခြုံဘူးလို့ ခံစားရသူ တစ်ယောက်ဟာ သူတို့အဖော်ကို အမြဲအဆက်အသွယ် လုပ်ချင်နေပြီး မျက်စေ့အောက်က အပျောက် မခံချင်ကြ ပါဘူး။
သင်ဟာ အဆက်မပြတ် ပြောဆိုဆက်ဆံမှုကို ရှာဖွေတတ်ပြီး သင့်လက်တွဲဖော်က မတုံ့ပြန် ပါက တစ်ပါးသူအပေါ် ယုံမှား သံသယလွန်ကဲ တာတွေ ဖြစ်လာနိုင် ပါတယ်။
ဒီအပြုအမှုက သင်တို့နှစ်ယောက်ကြားက နှောင်ကြိုးကို အားနည်းစေနိုင်ပြီး အမြဲတမ်း မေးခွန်းတွေ မေးခြင်းနှင့်အတူ နှစ်ယောက်စလုံးကို ပင်ပန်းနွမ်းနယ်စေနိုင် ပါတယ်။
၄။ သင်ဟာ သင့်လက်တွဲဖော်ဆီကနေ ထောက်ခံမှု ဆက်တိုက်ရလိုပါတယ်
သင်ချစ်မြတ်နိုးရသူ ဆီကနေ တစ်ကြိမ်တစ်ခါ နှစ်သိမ့်မှု ရှာတာက အဆင်ပြေ ပါတယ်။ သို့သော် သင်ဘာပဲလုပ်လုပ် သင့်လက်တွဲဖော်ကို အမြဲတမ်း အတည်ပြုစေ ၊ ထောက်ခံစေ လိုရင် သင့်စိတ်မလုံခြုံမှုကြောင့် လုပ်ဆောင်နေတာ ဖြစ်နိုင် ပါတယ်။
ဒီအခြေအနေမျိုးမှာ သင့်လက်တွဲဖော်က သင့်ကို ငြီးငွေ့စေပြီး သင့်ကိုပိုမလုံခြုံအောင် လုပ်နိုင်ပါတယ်။ တကယ်လို့ ဒီလိုဖြစ်ပျက် လာရင် သင်တို့အချစ်ရေးဟာ တဖြည်းဖြည်းချင်း ပြိုကွဲ သွားနိုင် ပါတယ်။
၅။ သင့်အချစ်ရေးနှင့်ပတ်သတ်ပြီး အတွေးလွန်ခြင်း
သင်ဟာ သင့်လက်တွဲဖော်ရဲ့ စိတ်ကို ဖတ်ဖို့ (သို့) သူတို့မစဉ်းစား ထားတဲ့ အရာတစ်ခုခုကို ယူဆဖို့ ကြိုးစားနိုင်ပါတယ်။ သူတို့ အမှားလုပ်နေတယ်လို့ သင်ထင် ပါတယ်။
ပြီးတော့ လှပတဲ့ ချစ်ခြင်းမေတ္တာကို ခံစားနေမယ့်အစား သင့်စိတ်ထဲမှာ မကောင်းသော ဇာတ်လမ်းတွေပဲ ဖန်တီးနေ ပါတယ်။ ဒါက သင့်တို့အချစ်ရေးမှာ ကောင်းသော အရာတွေကို ဖုံးကွယ် နိုင်တဲ့ စိတ်လုံခြုံမှု ကင်းမဲ့တဲ့ လက္ခဏာဖြစ်ပါ တယ်။ အတွေးလွန်ခြင်းက ယခင်က မရှိခဲ့ဘူးတဲ့ ပြဿနာတွေကို ယူဆောင်လာနိုင်ပါတယ်။
၆။ သင့်လက်တွဲဖော်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်တတ်ပါတယ်
လုံခြုံမှုမရှိခြင်းရဲ့ လက္ခဏာတစ်ခုက သင့်လက်တွဲဖော်ရဲ့ အကောင့်တွေ၊ ဖုန်းတွေထဲကို ဝင်ရောက်ချင်တဲ့ အချိန်ဖြစ် ပါတယ်။ သင့်ချစ်သူဟာ တစ်ယောက်ယောက်နဲ့ စကားပြောနေလား? လျှို့ဝှက်စွာ ချက်တင်လုပ်နေလား? ဆိုတာ သိချင် လာပါ တယ်။
ဆိုရှယ်မီဒီယာပေါ်မှာ သူတို့ လှုပ်ရှားမှုတွေကို ပုံမှန်စောင့်ကြည့်ပြီး သင့်ချစ်သူရဲ့ history ကိုစစ်ဆေးချင်လာပါတယ်။
ဒီမလုံခြုံမှု လုပ်ရပ်က အငြင်းပွားမှုတွေနဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်စေနို င်ပါတယ်။ အချိန်မှီ မထိန်းချုပ် ပါက မသေချာမရေရ ာမှုတွေ ပိုပြင်းထန်လာ နိုင်ပြီး သင်တို့အချစ်ရေးကို ပိုထိခိုက်စေနိုင်ပါတယ်။
၇။ အသေးအဖွဲ ကိစ္စလေးတွေနဲ့ မကြာခဏ ရန်ဖြစ်ခြင်း
အသေးအဖွဲ့ကိစ္စလေးကအစ ရန်ဖြစ်ခြင်းဟာ မလုံခြုံမှုရဲ့ လက္ခဏာတစ်ခုပါပဲ။ ဥပမာ- သင့်လက်တွဲဖော်က ဖေ့ဘွတ်ခ်ပေါ်ရှိ လူတစ်ယောက်ရဲ့ပုံကို like ပေးတာတို့ ၊ မှတ်ချက်ပေးတာတို့ ပြုလုပ်တာက သင့်ကို အနှောက်အယှက်ဖြစ်စေ လာနိုင်တာ
ဒါမှမဟုတ် သင့်လက်တွဲဖော်ဟာ မားကတ်မှာ အချိန်ဖြုန်းခြင်းနှင့်ပတ်သတ်ပြီး သင်ဟာ ရန်ပွဲတစ်ခုကို ရွေးချယ်လာနိုင်ပါတယ်။ ဒီသေးငယ်တဲ့ ရန်ပွဲတွေက ဂရုစိုက်ခံရဖို့ (သို့) သင့်တောင်းဆိုမှုတွေ ဖြည့်ဆည်းပေးခံရဖို့ ဖြစ်နိုင် ပါတယ်။
၈။ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုနှင့်အတူ သင့်မှာ ပြဿနာတွေ ရှိလာခြင်း
သင့်လက်တွဲဖော် ငြင်းပယ်မှာကို ကြောက်ရွံ့နေတယ် ဆိုရင် သူတို့နဲ့ လိင်ပိုင်းဆိုင်ရာ ရင်းနှီးမှုရဖို့ မဖြစ်နိုင်ပါဘူး။ သင်ရင်းနှီးမှုရဖို့ ကြိုးစားကောင်း ကြိုးစားပါ လိမ့်မယ်။ ဒါက သင့်လက်တွဲဖော်ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်း မပေးနိုင်မှာ ကြောက်တဲ့စိတ် (သို့) အတိတ်ဆိုး တစ်ခု ဖြစ်နိုင် ပါတယ်။
အကြောင်းရင်း ဘယ်လိုပဲရှိပါစေ ရင်းနှီးမှုနဲ့ ရုန်းကန်နေ ရခြင်းကို အချစ်ရေးလုံခြုံမှု ကင်းမဲ့တဲ့ လက္ခဏာတစ်ခု ဟုလည်း သတ်မှတ် ပါတယ်။ သင့်လက်တွဲဖော်နှင့် ပတ်သတ်ပြီး လုံခြုံမှု မရှိခြင်း (သို့) အချစ်ရေးကို မယုံကြည်မှုတို့က ညတွင်းချင်း ဖြစ်လာတဲ့ အတွေ့အကြုံ မဟုတ်ပါဘူး။
ဒီမလုံခြုံမှုကို ဖြစ်စေတဲ့ အချက်ကို ဖော်ထုတ်ခြင်းက သင့်ရဲ့ ကြောက်ရွံ့မှုကို ကျော်လွားဖို့ ကူညီပါလိမ့်မယ်။
Credit Lifestyle Myanmar
No Comments