
Credit Aunty May
UNICODE
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မိန်းကလေးတိုင်း ဦးစားပေးသင့်တဲ့ အချက်(၇)ချက်
မိန်းကလေး တစ်ယောက်ရဲ့ဘဝမှာ ပျော်ရွှင်မှုကို ခံစားနိုင်ဖို့၊ ဘဝမှာ အမှီအခို ကင်းကင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ ဘဝခရီးကို လျှောက်လှမ်း နိုင်ဖို့ အရေးကြီး ပါတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်ဖို့ ကိုလည်း သင်ယူသင့်ပြီး ပိုလှတဲ့ ဘဝကြီးကို ပိုင်ဆိုင် နိုင်ဖို့ ဦးစားပေးလုပ်ဆောင်သင့်တဲ့ အချက်တွေကို ဖော်ပြပေး လိုက် ပါတယ်နော်။
ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့
မိန်းကလေး တစ်ယောက်ဟာ တစ်ခြားသူတွေကို ချစ်တတ် ဖို့ကို မပြင်ဆင်ခင်မှာ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် သင်ယူဖို့ လိုအပ် ပါတယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ချစ်ခင် တတ်မှ တစ်ခြားလူတွေ အပေါ်လည်း ထပ်တူ တန်ဖိုးထား ချစ်ခင် လာနိုင် မှာပါ။ ကိုယ့်ကိုယ်ကို ချစ်တတ် တဲ့ မိန်းကလေးတစ်ယောက်ဟာ တစ်ခြားသူတွေ အပေါ်လည်း နွေးထွေး ချစ်ခင်မှုကို ပေးစွမ် းနိုင်ပါ တယ်နော်။
ကိုယ့်ရဲ့ နာကျင်မှုတွေကို အရင်ဆုံး ကုသပါ
ကိုယ့်ဆီမှာ ရခဲ့ဖူးတဲ့ ဒဏ်ရာ ဒဏ်ချက်တွေ၊ နာကျင်ခဲ့ဖူးတဲ့ အရာတွေကို အရင်ဆုံး ကုသ နိုင်အောင် ကြိုးစားပါ။ ကိုယ့်ဆီမှာ ဒဏ်ရာဗလပွနဲ့ သူများရဲ့ နာကျင်မှုကို ဖြေဖျောက်ပေးဖို့ သင်မစွမ်းဆောင်နိုင်ပါဘူး။
ဒါကြောင့်တစ်ခြားသူတွေရဲ့ နာကျင်မှုတွေကို လျော့ပါး နိုင်အောင် ကုသပေးချင် ရင်တော့ ကိုယ့်ရဲ့ဒဏ်ရာကို အရင်ဆုံး ကုသ ရပါ မယ်။
ကိုယ်ဟာ ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်
တစ်ခါတစ်လေမှာ မွမ်းကျပ် မှုတွေနဲ့ စိတ်ဖိစီးရတဲ့ အချိန်တွေ ဆိုတာ ရှိတတ်သလို ပျော်ရွှင်မှုတွေ ရောက်လာတတ်တဲ့ အချိန် ဆိုတာ လည်း ရှိပါတယ်။
ဒီလို ပျော်ရွှင်မှုတွေ ရောက်လာတဲ့ အချိန်မျိုးမှာ စိတ်ရှိလက်ရှိ ပျော်ပစ် လိုက်ပါ။ ကိုယ်ဟာ ပျော်ရွှင်မှုနဲ့ ထိုက်တန် တဲ့သူဖြစ် တာကြောင့် လွတ်လပ်စွာ ပျော်ရွှင်မှုတွေ ဖန်တီး ပိုင်ခွင့် ရှိပါ တယ်။
အကြောင်းပြချက်တွေ ရပ်လိုက်ပါ
ကိုယ်လုပ်ချင်တဲ့ အရာတွေကို အချိန်မပေး နိုင်ဘူး ဆိုပြီး အမြဲတမ်း ဆင်ခြေပေးနေတဲ့ အကြောင်းပြချက်တွေ ရပ် လိုက်ပါ။ စာအုပ် ဖတ်ချင်လို့ ပဲဖြစ်ဖြစ်၊ ခရီးထွက် ချင်လို့ပဲဖြစ်ဖြစ်၊ gym ဆော့ချင်လို့ပဲဖြစ်ဖြစ် အချိန် မအားဘူး လို့ ဆင်ခြေပေးနေ တာကို ရပ်ပြီး စလုပ် သင့်ပါ တယ်နော်။ ဘဝကြီးက တိုတောင်းလွန်း တာမို့ ကိုယ်လုပ်ချင် တာတွေကို အခုပဲ လုပ်လိုက် သင့် ပါပြီ။
ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ထိန်းချုပ်တတ်ပါစေ
ဆုံးဖြတ်ချက်တွေကို လက်လွတ်စပယ် မချလိုက်သင့်ပဲ သေချာ စဉ်းစား ဖြတ်နိုင်တဲ့ အသိတွေ ကိုယ့်မှာ ပိုင်ဆိုင် ထားပါ တယ်။ ဖြစ်ချင်တာနဲ့ ဖြစ်သင့် တာတွေကို ယှဉ်တွဲပြီး ဘယ်လို အချိန်မှာ ဘာကိုဆုံးဖြတ်ရမယ် ဆိုတာကို ထိန်းချုပ် တတ်အောင် ကြိုးစား ပါ။
ကိုယ်လျှောက်ချင်တဲ့ လမ်းကို လျှောက်ပါ
ကိုယ်တကယ်ဖြစ် ချင်တဲ့ အိပ်မက်တွေ၊ ဝါသနာပါရာ အလုပ်တွေကို ရွေးချယ် နိုင်အောင် ကြိုးစားပါ။ လက်ရှိမှာ ဖြစ်မလာသေး ရင်တောင် တစ်ချိန်ချိန်မှာ ဖြစ်လာ နိုင်မယ် ဆိုတာ ယုံကြည် ထားပါ။ ကိုယ်လျှောက်ချင်တဲ့ လမ်းကို ရဲရဲဝံ့ဝံ့လျှောက် နိုင်အောင် ကြိုးစားပါ။
ရုပ်အလှကိုရော စိတ်အလှကိုပါ ဂရုစိုက်ပါ
ကိုယ့်ရဲ့ ခန္ဓာကိုယ် ကိုလည်း ဂရုစိုက်သင့်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အလေ့ကျင့်တွေ၊ အစားအသောက်တွေနဲ့ ကျန်းမာနေအောင် ဂရုစိုက်ပါ။
ရုပ်အလှ တစ်ခုတည်း ကိုပဲ ဂရုစိုက်မနေပဲ စိတ်အလှ အတွက် စာအုပ်စာပေတွေ ဖတ်သင့် ပါတယ်။ စာများများဖတ်ခြင်း က သင့်စိတ်ကို အဟာရပြည့်ဝပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ကို ချမှတ်ဖို့ ကူညီပေးမှာ ဖြစ်ပါ တယ်။
No Comments