
ခံတြင္းက ေရာဂါပိုးႏွင့္အဆိပ္ေတြကို ဖယ္ထုတ္ရွင္းလင္းဖို႔အေကာင္းဆုံးျဖစ္တဲ့ဆီနဲ႔ပလုတ္က်င္းေပးျခင္း၏က်န္းမာေရးေကာင္းက်ိဳး
ေန႔စဥ္လုပ္ေတာ့မယ္
ခံတြင္းက ေရာဂါပိုးႏွင့္ အဆိပ္ေတြကို ဖယ္ထုတ္ ရွင္းလင္းဖို႔ အေကာင္းဆုံးျဖစ္တဲ့ ဆီနဲ႔ပလုတ္က်င္းေပးျခင္း၏ က်န္းမာေရးေကာင္းက်ိဳးမ်ား
တန္ဖိုးထား ရပါေသာ မိတ္ေဆြမ်ား အားမိမိတို ႔၏ ခံတြင္းကို အုန္းဆီႏွမ္းဆီ သံလြင္ဆီ တစ္မ်ိဳးမ်ိဳးျဖင့္တစ္ပတ္ လွ်င္ႏွစ္ႀကိမ္သုံးႀကိမ္ခန႔္ ပလုတ္က်င္းေပးျခင္းျဖင့္ ျပန္လည္ ရရွိမည့္ က်န္းမာေရး အက်ိဳးေက်းဇူး မ်ားႏွင့္
ခံတြင္းက အာပုတ္ရည္မ်ား အစာအိမ္သို႔ မေရာက္ ရွိေတာ့ဘဲ အစာအိမ္ေရာဂါႏွင့္ ကင္ဆာေရာဂါ ကိုပါကာကြယ္ၿပီးသားျဖစ္ ပါေၾကာင္းေျပာျပေဆြးေႏြး လိုပါတယ္ ခင္ဗ်ာ
ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက ျမန္မာျပည္မွာ ျမန္မာဆရာဝန္မ်ားႏွင့္ အတူ အိႏၵိယႏိုင္ငံက ပန္ခ်ာဘီဆရာဝန္ေတြ ပါေဆး႐ုံ
ေဆးေပးခန္းေတြမွာ အမ်ားအျပားေတြ႕ ရွိရတတ္ တာကိုေကာင္းစြာ မွတ္မိေန ပါေသးတယ္
ကြၽန္ေတာ္ငယ္ငယ္ ကေန႔ယေန႔တိုင္းေကာင္းေကာင္း မွတ္မိေနေသးတာက
ကြၽန္ေတာ့္အေမဒူး အရမ္းနာေန၍ပခုကၠဴၿမိဳ႕ထင္းတန္းရပ္မွာေဆးခန္းဖြင့္ထားတဲ့ပန္ခ်ာဘီဆရာဝန္ႀကီးေဒါက္တာမာေဒးထံ သို႔သြားေရာက္ျပသ ခဲ့တာ ဘဲျဖစ္ ပါတယ္
အေမ၏ဒူးတစ္ဘက္ ကေရာင္ကိုင္းေနၿပီး လမ္းေတာင္ မေလွ်ာက္ႏိုင္လို႔ေဆးခန္ းသြားမယ္ ဆိုရင္လည္းအေမကို ဦးေလးေတြက ခ်ီမၿပီးေခၚသြားေလ့ ရွိပါတယ္
ဆရာဝန္ႀကီးေဒါက္တာ မာေဒးမွအေမကိုေ သေသခ်ာခ်ာ စစ္ေဆးၿပီးေနာက္ သြားေတြေကာင္းရဲ႕လားလို႔ေမးေတာ့
အေမမ်က္နာ အမူအရာကဒူးနာတာနဲ႔ သြားေကာင္းတာ မေကာင္းတာ ဆိုင္လို႔လားဟု ထင္ေနဟန္ တူပါတယ္
ဆရာဝန္ႀကီးက ပါးစပ္ဟ စမ္းဆိုေတာ့ အံသြားေပါက္ေတြ ကိုေတြ႕သြား ပါတယ္
အံသြားေတြကျပည္ပုပ္ေတြဟာဒူးကိုေရာက္သြားၿပီးဒူးနာတဲ့ျပႆနာကိုျဖစ္ေစတာပါပဲ
ထိုသြားေတြကိုဖာေထးျပဳျပင္ လိုက္ေတာ့အေမ ဒူးနာလည္းေကာင္း သြားတာကို လက္ေတြ႕ျမင္ေတြ႕ခဲ့ ရဘူးပါတယ္
ဆက္လက္၍ေဒါက္တာ မာေဒးမွ အေမအားေန႔စဥ္ ႏွမ္းဆီ ဟင္းစားဇြန္းတစ္ဇြန္းျဖင့္ပလုတ္က်င္းခိုင္းရာအေမဒူးနာျပန္မျဖစ္ေတာ့ တာကိုလည္း သတိထားမိ ပါတယ္
ေနာက္တစ္ေယာက္ ကေတာ့ သိုင္း႐ြိဳက္ေရာဂါျဖစ္တဲ့ ကြၽန္ေတာ့္ မိတ္ေဆြ တစ္ေယာက္ပါပဲ
သူ႔ရဲ႕သိုင္း႐ြိဳက္ဂလင္းကေန ဟိုမုန္းအထြက္နဲေတာ့ လူကေလးလံ ထိုင္းမႈိင္းၿပီးကိုယ္အေလးခ်ိန္ လည္းတက္လာတယ္ ႐ုပ္ပါေျပာင္းသြားလို ႔သူ႔ကို မမွတ္မိ ႏိုင္ပါဘူး
ခံတြင္းက ဗက္တီးရီးယားနဲ႔ အဆိပ္ေတြက သိုင္း႐ြိဳက္ဂလင္းရဲ႕Pumpေတြကို blockလုပ္ ထားလို႔ ဟိုမုန္းေကာင္းေကာင္း မထြက္တဲ့ အတြက္
သြားဆရာဝန္ ဆီမွာေသခ် ာကုသလိုက္တဲ့ေနာက္မွာေတာ့ျပန္ေကာင္း သြားတာကိုေတြ႕ရွိ ရပါတယ္
သူလည္းသံလြင္ဆီကို ေန႔စဥ္ဟင္းစားဇြန္းတစ္ဇြန္းစာျဖင့္ ဆယ္မိနစ္ခန႔္ပလုတ္က်င္းရာ ျပန္ၿပီးေရာဂါမျဖစ္ေတာ့တာကို ေလ့လာေတြ႕ရွိရပါတယ္
ထပ္မွန္၍ ေက်ာက္ကပ္ေရာင္ေနတဲ့ သူတစ္ေယာက္ အေၾကာင္းကိုေျပာျပေဆြးေႏြး လိုပါေသးတယ္
သူ႔မွာေက်ာက္ကပ္ ကေကာင္းေကာင္း အလုပ္မလုပ္ေတာ့ လူကေဖာသြပ္သြပ္ျဖစ္ လာၿပီးမ်က္ခြံပါမို႔ၿပီး႐ုပ္ပါေျပာင္းသြား ပါတယ္
ေျခေထာက္ေတြက လည္းေဖာၿပီးေရာင္ကိုင္းေန ပါေတာ့တယ္
ေက်ာက္ကပ္ေဆးေတြေသာက္ လည္းလူက သိပ္မသက္သာ ရွာပါဘူး တစ္ေန႔ သူသြားအရမ္းနာေနလို႔
သြားဆရာဝန္ကို သြားေရာက္ျပသတဲ့ အခါၾကေတာ့မွ သြားဆရာဝန္ေတြ ကသူ႔ပါးစပ္ထဲ မွာပ်က္စီးေနတဲ့သြားနဲ႔သြားဖုံးေတြ ကိုျပန္ေကာင္းေအာင္ ကုေပးလိုက္ေတာ့မွ ေက်ာက္ကပ္ လည္းျပန္ေကာင္ းသြားတာကိုေတြ႕ရွိ ရပါတယ္
သူလည္းအုန္းဆီ ဟင္းစားဇြန္းတစ္ဇြန္းစာေန႔စဥ္ ပလုတ္က်င္းတယ္ ဟုသတိရ ပါတယ္
ကြၽန္ေတာ္နဲ႔အရမ္းခင္မင္တဲ့ ငယ္သူငယ္ခ်င္း တစ္ေယာက္လည္းငယ္ငယ္ ကတည္းက ပါးစပ္ေတာ္ေတာ္နံတဲ့သူ တစ္ေယာက္ပါပဲ
ဘယ္ေလာက္ေတာင္းနံ သလည္းဆိုရင္ မ်က္ႏွာခ်င္းဆိုင္ စကားေျပာလို႔ေတာင္ အဆင္သိပ္မေျပခ်င္ပါဘူး
ခံတြင္းအနံ႔ကဆိုးဝါးတာလည္း မေျပာနဲ႔.သြားတိုက္လည္း အေတာ္ေလးပ်င္သူျဖစ္တဲ့အတြက္
ႏွစ္ေတြၾကာလာေတာ့ ခံတြင္းေရာဂါ ခံစားလာ ရတာျဖစ္ပါတယ္
ခံတြင္းေရာဂါေတြနဲ ႔သူငယ္ခ်င္းဟာ ငယ္ငယ္ကတည္ ကလည္းသိ ပ္မက်န္းမာရွာတဲ့အတြက္ အသက္(၄၅)ႏွစ္ေလာက္မွာဘဲ ဆုံးသြားတာ ကိုေတြ႕ခဲ့ ရဘူးပါတယ္
ယခုအခ်ိန္အခါမွာလည္း ရာသီဥတုအစားအေသာက္ အျပဳအမူအေနအထိုင္ေတြေၾကာင့္
လူေတာ္ေတာ္မ်ားမ်ားျဖစ္ေနတဲ့ေရာဂါေဝဒနာေတြ ကေတာ့ အသည္းေရာဂါ အဆုတ္ေရာဂါ အစာအိမ္ ေက်ာက္ကပ္ ႏွလုံးအူလမ္းေၾကာင္း၊ဆီးခ်ိဳႏွလုံးေသြးေၾကာ
ဦးေႏွာက္၊အသက္ရႉလမ္းေၾကာင္း၊ဆီးလမ္းေၾကာင္းနဲ႔ ကင္ဆာေရာဂါမ်ိဳးစုံ အ႐ိုးအဆစ္ နာက်င္ကိုက္ခဲျခင္းတို႔ဟာခံတြင္းမွာ ရွိေနတဲ့ ဗက္တီးရီးယားေရာဂါပိုးမႊားေတြကေန ထုတ္ေပးလိုက္တဲ့ အဆိပ္ေတြေၾကာင့္အမ်ားဆုံးျဖစ္ေနၾက တာကို အားလုံး သတိထား မိေစခ်င္ ပါတယ္
ခံတြင္းမသန႔္ေလေရာဂါထူေလ ဘဲျဖစ္ၿပီးပါးစပ္နံေလေရာဂါမ်ားေလ အသက္တိုေလ ပဲျဖစ္ပါတယ္
သြားဖုံးအရင္းမွာအစိမ္းေရာင္အဝါေရာင္ရွိတဲ့ျပည္ေတြထဲမွာအလြန္အဆိပ္ျပင္းတဲ့ေရာဂါပိုးေတြရွိပါတယ္
ဒါေၾကာင့္ခံတြင္းထဲဗက္တီးရီးယားေတြကိုအၿမဲတန္းရွင္းလင္းေပးဖို႔လိုအပ္ပါတယ္
ခံတြင္းကေရာဂါပိုးနဲ႔အဆိပ္ေတြကိုဖယ္ထုတ္ရွင္းလင္းဖို႔အေကာင္းဆုံးနည္းကေတာ့အုန္းဆီ ႏွမ္းဆီ သံလြင္ဆီတို႔ျဖင္ပလုတ္က်င္းေပးျခင္းျဖစ္ပါတယ္
ဘာေၾကာင့္လည္းဆိုေတာ့ဆီကအဆိပ္စုပ္အားေကာင္းၿပီးသြားေတြအၾကားနဲ႔သြားဖုံးရင္းေတြမွာအိမ္ဖြဲ႕ေနၾကတဲ့အဏုဇီဝေရာဂါပိုးေတြကိုဆီကဆြဲထုတ္ေပးႏိုင္လိုဘဲျဖစ္ပါတယ္
နံနက္ေစာေစာအိပ္ယာထတာနဲ႔ ဆီတစ္ငုံစာကို ၁၀မိနစ္ေလာက္ ငုံထားၿပီးပလုတ္က်င္းေပးပါကေရာဂါပိုးေတြထြက္သြားလိမ့္ ပါမယ္
ထိုကဲ့သို႔ဆီျဖင့္ပလုပ္က်င္းၿပီးမွ သြားတိုက္တာ သည္အေကာင္းဆုံးပါပဲ
ပလုပ္က်င္းၿပီးရင္ေတာ့ေရေႏြးေႏြးေလးျဖင့္ ပါစပ္ကို ျပန္လည္ေဆးေၾကာေပးရင္ ျဖင့္အေကာင္းဆုံးပါပဲခင္ဗ်ာ
ပလုတ္က်င္းဖို႔အေကာင္းဆုံး ဆီကေတာ့ျမန္မာႏိုင္ငံမွာ အလြယ္တကူ ဝယ္လို႔ရတဲ့ အုန္းဆီဘဲျဖစ္ပါတယ္
အုန္းဆီအျပင္သံလြင္ဆီ၊ႏွမ္းဆီေတြနဲ႔လည္း ပလုတ္က်င္းလို ႔လည္းရ ပါတယ္
ပဲဆီ ေနၾကာဆီ စားအုန္ဆီေတြနဲ႔ေတာ့ ပလုတ္မက်င္းေစခ်င္ ပါဘူးခင္ဗ်ာ
ကြၽန္ေတာ့္၏မိတ္ေဆြမ်ား အေနျဖင့္ ဆီျဖင့္ ပလုပ္က်င္းတာကိုေန႔စဥ္ မလုပ္ႏိုင္ရင္ေတာင္မွ တစ္ပတ္ကို(၂)ခါ(၃)ခါေလာက္လုပ္ေပးသင့္တယ္ ဟုအႀကံေပးလို ပါတယ္
ယခုအခါဆီနဲ႔ပလုပ္က်င္းၿပီး ခံတြင္းသန႔္ရွင္းေအာင္ျပဳလုပ္ကာ က်န္းမာေနထိုင္ နည္းကိုႏိုင္ငံေတာ္ေတာ္မ်ားမ်ားအထူးသျဖင့္ ထိုင္ႏိုင္ငံ မွာလက္ခံ က်င့္သုံးေနတာကို သိရွိ ရပါတယ္ ခင္ဗ်ာ
ကြၽန္ေတာ့္၏ မိတ္ေဆြမ်ား အေနျဖင့္ ခံတြင္း မသန႔္ေလက်န္းမာေရး ထူေလဆိုတာ ကိုသတိျပဳၿပီးခႏၶာကိုယ္တစ္ခုလုံး၏ က်န္းမာေရး အတြက္ ခံတြင္းကို သန႔္ရွင္ေအာင္ ထားၿပီး
က်န္ရွိေနေသာ အခ်ိန္ခဏေလးကို က်န္းမာစြာျဖင့္ ရွင္းသန္းေနထိုင္ၾက ရေအာင္ ပါခင္ဗ်ာ
ေဒါက္တာလွဝင္းေအာင္(ခ)ဘစိုးဥ
ဒီ Post ေလးကေတာ့ ေဒါက္တာ လွဝင္းေအာင္(ခ)ဘစိုးဥ တင္ထား တာေလးကို သမီးေလးတို႔ ဗဟုသုတျဖစ္ေစဖို႔ ျပန္လည္မွ်ေဝေပး လိုက္ပါတယ္ . . .
ခုလိုမွ်ေဝေပးတဲ့ ဆရာ့ကိုလည္း ေက်းဇူး အထူးတင္ ရွိပါတယ္ ဆရာ ။
Unicode ျဖင့္ဖတ္ပါ
ခံတွင်းက ရောဂါပိုးနှင့်အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးဖြစ်တဲ့ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏ကျန်းမာရေးကောင်းကျိုး
နေ့စဉ်လုပ်တော့မယ်
ခံတွင်းက ရောဂါပိုးနှင့် အဆိပ်တွေကို ဖယ်ထုတ် ရှင်းလင်းဖို့ အကောင်းဆုံးဖြစ်တဲ့ ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ
တန်ဖိုးထား ရပါသော မိတ်ဆွေများ အားမိမိတို့၏ ခံတွင်းကို အုန်းဆီနှမ်းဆီ သံလွင်ဆီ တစ်မျိုးမျိုးဖြင့်တစ်ပတ် လျှင်နှစ်ကြိမ်သုံးကြိမ်ခန့် ပလုတ်ကျင်းပေးခြင်းဖြင့် ပြန်လည် ရရှိမည့် ကျန်းမာရေး အကျိုးကျေးဇူး များနှင့်
ခံတွင်းက အာပုတ်ရည်များ အစာအိမ်သို့ မရောက် ရှိတော့ဘဲ အစာအိမ်ရောဂါနှင့် ကင်ဆာရောဂါ ကိုပါကာကွယ်ပြီးသားဖြစ် ပါကြောင်းပြောပြဆွေးနွေး လိုပါတယ် ခင်ဗျာ
ကျွန်တော်တို့ ငယ်ငယ်တုန်းက မြန်မာပြည်မှာ မြန်မာဆရာဝန်များနှင့် အတူ အိန္ဒိယနိုင်ငံက ပန်ချာဘီဆရာဝန်တွေ ပါဆေးရုံ
ဆေးပေးခန်းတွေမှာ အများအပြားတွေ့ ရှိရတတ် တာကိုကောင်းစွာ မှတ်မိနေ ပါသေးတယ်
ကျွန်တော်ငယ်ငယ် ကနေ့ယနေ့တိုင်းကောင်းကောင်း မှတ်မိနေသေးတာက
ကျွန်တော့်အမေဒူး အရမ်းနာနေ၍ပခုက္ကူမြို့ထင်းတန်းရပ်မှာဆေးခန်းဖွင့်ထားတဲ့ပန်ချာဘီဆရာဝန်ကြီးဒေါက်တာမာဒေးထံ သို့သွားရောက်ပြသ ခဲ့တာ ဘဲဖြစ် ပါတယ်
အမေ၏ဒူးတစ်ဘက် ကရောင်ကိုင်းနေပြီး လမ်းတောင် မလျှောက်နိုင်လို့ဆေးခန် းသွားမယ် ဆိုရင်လည်းအမေကို ဦးလေးတွေက ချီမပြီးခေါ်သွားလေ့ ရှိပါတယ်
ဆရာဝန်ကြီးဒေါက်တာ မာဒေးမှအမေကိုေ သသေချာချာ စစ်ဆေးပြီးနောက် သွားတွေကောင်းရဲ့လားလို့မေးတော့
အမေမျက်နာ အမူအရာကဒူးနာတာနဲ့ သွားကောင်းတာ မကောင်းတာ ဆိုင်လို့လားဟု ထင်နေဟန် တူပါတယ်
ဆရာဝန်ကြီးက ပါးစပ်ဟ စမ်းဆိုတော့ အံသွားပေါက်တွေ ကိုတွေ့သွား ပါတယ်
အံသွားတွေကပြည်ပုပ်တွေဟာဒူးကိုရောက်သွားပြီးဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါပဲ
ထိုသွားတွေကိုဖာထေးပြုပြင် လိုက်တော့အမေ ဒူးနာလည်းကောင်း သွားတာကို လက်တွေ့မြင်တွေ့ခဲ့ ရဘူးပါတယ်
ဆက်လက်၍ဒေါက်တာ မာဒေးမှ အမေအားနေ့စဉ် နှမ်းဆီ ဟင်းစားဇွန်းတစ်ဇွန်းဖြင့်ပလုတ်ကျင်းခိုင်းရာအမေဒူးနာပြန်မဖြစ်တော့ တာကိုလည်း သတိထားမိ ပါတယ်
နောက်တစ်ယောက် ကတော့ သိုင်းရွိုက်ရောဂါဖြစ်တဲ့ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ပါပဲ
သူ့ရဲ့သိုင်းရွိုက်ဂလင်းကနေ ဟိုမုန်းအထွက်နဲတော့ လူကလေးလံ ထိုင်းမှိုင်းပြီးကိုယ်အလေးချိန် လည်းတက်လာတယ် ရုပ်ပါပြောင်းသွားလို့သူ့ကို မမှတ်မိ နိုင်ပါဘူး
ခံတွင်းက ဗက်တီးရီးယားနဲ့ အဆိပ်တွေက သိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို blockလုပ် ထားလို့ ဟိုမုန်းကောင်းကောင်း မထွက်တဲ့ အတွက်
သွားဆရာဝန် ဆီမှာသေချ ာကုသလိုက်တဲ့နောက်မှာတော့ပြန်ကောင်း သွားတာကိုတွေ့ရှိ ရပါတယ်
သူလည်းသံလွင်ဆီကို နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့် ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာ ပြန်ပြီးရောဂါမဖြစ်တော့တာကို လေ့လာတွေ့ရှိရပါတယ်
ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့ သူတစ်ယောက် အကြောင်းကိုပြောပြဆွေးနွေး လိုပါသေးတယ်
သူ့မှာကျောက်ကပ် ကကောင်းကောင်း အလုပ်မလုပ်တော့ လူကဖောသွပ်သွပ်ဖြစ် လာပြီးမျက်ခွံပါမို့ပြီးရုပ်ပါပြောင်းသွား ပါတယ်
ခြေထောက်တွေက လည်းဖောပြီးရောင်ကိုင်းနေ ပါတော့တယ်
ကျောက်ကပ်ဆေးတွေသောက် လည်းလူက သိပ်မသက်သာ ရှာပါဘူး တစ်နေ့ သူသွားအရမ်းနာနေလို့
သွားဆရာဝန်ကို သွားရောက်ပြသတဲ့ အခါကြတော့မှ သွားဆရာဝန်တွေ ကသူ့ပါးစပ်ထဲ မှာပျက်စီးနေတဲ့သွားနဲ့သွားဖုံးတွေ ကိုပြန်ကောင်းအောင် ကုပေးလိုက်တော့မှ ကျောက်ကပ် လည်းပြန်ကောင် းသွားတာကိုတွေ့ရှိ ရပါတယ်
သူလည်းအုန်းဆီ ဟင်းစားဇွန်းတစ်ဇွန်းစာနေ့စဉ် ပလုတ်ကျင်းတယ် ဟုသတိရ ပါတယ်
ကျွန်တော်နဲ့အရမ်းခင်မင်တဲ့ ငယ်သူငယ်ချင်း တစ်ယောက်လည်းငယ်ငယ် ကတည်းက ပါးစပ်တော်တော်နံတဲ့သူ တစ်ယောက်ပါပဲ
ဘယ်လောက်တောင်းနံ သလည်းဆိုရင် မျက်နှာချင်းဆိုင် စကားပြောလို့တောင် အဆင်သိပ်မပြေချင်ပါဘူး
ခံတွင်းအနံ့ကဆိုးဝါးတာလည်း မပြောနဲ့.သွားတိုက်လည်း အတော်လေးပျင်သူဖြစ်တဲ့အတွက်
နှစ်တွေကြာလာတော့ ခံတွင်းရောဂါ ခံစားလာ ရတာဖြစ်ပါတယ်
ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာ ငယ်ငယ်ကတည် ကလည်းသိ ပ်မကျန်းမာရှာတဲ့အတွက် အသက်(၄၅)နှစ်လောက်မှာဘဲ ဆုံးသွားတာ ကိုတွေ့ခဲ့ ရဘူးပါတယ်
ယခုအချိန်အခါမှာလည်း ရာသီဥတုအစားအသောက် အပြုအမူအနေအထိုင်တွေကြောင့်
လူတော်တော်များများဖြစ်နေတဲ့ရောဂါဝေဒနာတွေ ကတော့ အသည်းရောဂါ အဆုတ်ရောဂါ အစာအိမ် ကျောက်ကပ် နှလုံးအူလမ်းကြောင်း၊ဆီးချိုနှလုံးသွေးကြော
ဦးနှောက်၊အသက်ရှူလမ်းကြောင်း၊ဆီးလမ်းကြောင်းနဲ့ ကင်ဆာရောဂါမျိုးစုံ အရိုးအဆစ် နာကျင်ကိုက်ခဲခြင်းတို့ဟာခံတွင်းမှာ ရှိနေတဲ့ ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေ ထုတ်ပေးလိုက်တဲ့ အဆိပ်တွေကြောင့်အများဆုံးဖြစ်နေကြ တာကို အားလုံး သတိထား မိစေချင် ပါတယ်
ခံတွင်းမသန့်လေရောဂါထူလေ ဘဲဖြစ်ပြီးပါးစပ်နံလေရောဂါများလေ အသက်တိုလေ ပဲဖြစ်ပါတယ်
သွားဖုံးအရင်းမှာအစိမ်းရောင်အဝါရောင်ရှိတဲ့ပြည်တွေထဲမှာအလွန်အဆိပ်ပြင်းတဲ့ရောဂါပိုးတွေရှိပါတယ်
ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကိုအမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်
ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကိုဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးနည်းကတော့အုန်းဆီ နှမ်းဆီ သံလွင်ဆီတို့ဖြင်ပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ်
ဘာကြောင့်လည်းဆိုတော့ဆီကအဆိပ်စုပ်အားကောင်းပြီးသွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာအိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကိုဆီကဆွဲထုတ်ပေးနိုင်လိုဘဲဖြစ်ပါတယ်
နံနက်စောစောအိပ်ယာထတာနဲ့ ဆီတစ်ငုံစာကို ၁၀မိနစ်လောက် ငုံထားပြီးပလုတ်ကျင်းပေးပါကရောဂါပိုးတွေထွက်သွားလိမ့် ပါမယ်
ထိုကဲ့သို့ဆီဖြင့်ပလုပ်ကျင်းပြီးမှ သွားတိုက်တာ သည်အကောင်းဆုံးပါပဲ
ပလုပ်ကျင်းပြီးရင်တော့ရေနွေးနွေးလေးဖြင့် ပါစပ်ကို ပြန်လည်ဆေးကြောပေးရင် ဖြင့်အကောင်းဆုံးပါပဲခင်ဗျာ
ပလုတ်ကျင်းဖို့အကောင်းဆုံး ဆီကတော့မြန်မာနိုင်ငံမှာ အလွယ်တကူ ဝယ်လို့ရတဲ့ အုန်းဆီဘဲဖြစ်ပါတယ်
အုန်းဆီအပြင်သံလွင်ဆီ၊နှမ်းဆီတွေနဲ့လည်း ပလုတ်ကျင်းလို့လည်းရ ပါတယ်
ပဲဆီ နေကြာဆီ စားအုန်ဆီတွေနဲ့တော့ ပလုတ်မကျင်းစေချင် ပါဘူးခင်ဗျာ
ကျွန်တော့်၏မိတ်ဆွေများ အနေဖြင့် ဆီဖြင့် ပလုပ်ကျင်းတာကိုနေ့စဉ် မလုပ်နိုင်ရင်တောင်မှ တစ်ပတ်ကို(၂)ခါ(၃)ခါလောက်လုပ်ပေးသင့်တယ် ဟုအကြံပေးလို ပါတယ်
ယခုအခါဆီနဲ့ပလုပ်ကျင်းပြီး ခံတွင်းသန့်ရှင်းအောင်ပြုလုပ်ကာ ကျန်းမာနေထိုင် နည်းကိုနိုင်ငံတော်တော်များများအထူးသဖြင့် ထိုင်နိုင်ငံ မှာလက်ခံ ကျင့်သုံးနေတာကို သိရှိ ရပါတယ် ခင်ဗျာ
ကျွန်တော့်၏ မိတ်ဆွေများ အနေဖြင့် ခံတွင်း မသန့်လေကျန်းမာရေး ထူလေဆိုတာ ကိုသတိပြုပြီးခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေး အတွက် ခံတွင်းကို သန့်ရှင်အောင် ထားပြီး
ကျန်ရှိနေသော အချိန်ခဏလေးကို ကျန်းမာစွာဖြင့် ရှင်းသန်းနေထိုင်ကြ ရအောင် ပါခင်ဗျာ
ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ
ဒီ Post လေးကတော့ ဒေါက်တာ လှဝင်းအောင်(ခ)ဘစိုးဥ တင်ထား တာလေးကို သမီးလေးတို့ ဗဟုသုတဖြစ်စေဖို့ ပြန်လည်မျှဝေပေး လိုက်ပါတယ် . . .
ခုလိုမျှဝေပေးတဲ့ ဆရာ့ကိုလည်း ကျေးဇူး အထူးတင် ရှိပါတယ် ဆရာ ။
No Comments