
ခုခ်ိန္ထိ ခ်စ္သူမ႐ွိေသးလုိ႔တဲ့ ပ်ိဳေမတို႔ လံုး၀ စိတ္မညစ္သင့္တဲ့ အေၾကာင္းျပခ်က္မ်ား
အသက္ေလးတစ္ခု ရလာတာနဲ႔ လူေတြအေမးမ်ားတဲ့ စကားက ခုခ်ိန္ထိ တစ္ေယာက္တည္းလား၊ ဘယ္ေတာ့စားရမွာလဲ၊ ေဂၚမစြံအပ်ိဳႀကီး ျဖစ္ေတာ့မယ္ စတဲ့ စကားေတြေပါ့။ ဒီလို စကားေတြေၾကာင့္နဲ႔ေတာ့ ေတြ႔ရာလူကို ခ်စ္သူေတာ္ပစ္ လုိက္ခ်င္တဲ့ စိတ္ေတြ မျဖစ္ဖုိ႔ေတာ့ လိုပါ တယ္ေနာ္။
တကယ္ေတာ့ ခုခ်ိန္ထိ တစ္ေယာက္တည္း ေနေန ရျခင္းမွာ မ်ားစြာေသာ ေကာင္းမြန္တဲ့ အခ်က္ေတြ ႐ွိလုိ႔ေနပါတယ္။ ဒါေတြကို ေကာင္းေကာင္း ခံစားၾကည့္ၿပီးမွ ခ်စ္သူ တစ္ေယာက္ေလာက္ ထားရင္လည္း ေနာက္မက်ႏို င္ေသးပါဘူးေနာ္။
လြတ္လပ္မႈကုိ ခံစားၾကည့္ပါ
ရည္းစားထားတယ္ ဆုိတာက လြတ္လပ္မႈေတြ ေပ်ာက္ဆံု းသြားတာ မဟုတ္ေပမယ့္ အနည္းအက်ဥ္းေလာက္ေသာ လြတ္လပ္မႈေတြ ဆံုး႐ံႈး သြားတယ္ ဆိုတာ ကိုေတာ့ ဝန္ခံသင့္ ပါတယ္။
ခ်စ္သူ ရည္းစားထားတဲဲ့ အခါ သူ႔အႀကိဳက္၊ ကိုယ့္အႀကိဳက္ လုိက္မႈေတြဆိုတာ ႐ွိၿပီး ညိွႏႈိႈင္းရတဲ့ အရာေတြနဲ႔ နားလည္ မႈယူရတဲ့ အပိုင္းေတြဆုိတာ ႐ွိလာတတ္ ပါတယ္။ ဒီေတာ့ ခ်စ္သူတစ္ေယာက္ေလာက္ မထားခင္မွာ ကိုယ့္ဘဝရဲ႕ ကိုယ္ပိုင္ လြတ္လပ္မႈကို အျပည့္အဝ ခံစားၾကည့္ပါအံုး။
တကယ္ေတာ့ တစ္ေယာက္တည္ းသမားေတြက ကိုယ့္သေဘာကို ယ့္ဆႏၵအတုိင္း ေနထိုင္ ႏုိင္တာမို႔ လြတ္လပ္မႈကို ပိုခံစားႏုိင္သူေတြပါေနာ္။
ျဖစ္ခ်င္တဲ့ အိပ္မက္ေတြကို ပိုအာ႐ံုစိုက္ပါ
ကိုယ္ငယ္ငယ္ ကတည္းက မက္ခဲ့တဲ့ ျဖစ္ခ်င္တဲ့ အိပ္မက္ေတြ ဒါမွမဟုတ္ လက္႐ွိမွာ ျဖစ္ေပၚေနတဲ့ အိပ္မက္ေတြကို အေကာင္အထည္္ေဖာ္ဖို႔ အေကာင္းဆံုး အခ်ိန္လည္း ျဖစ္ပါတယ္။
ဘဝမွာ အခ်စ္ေရးေတြနဲ႔ မ႐ႈပ္ေထြးေသးခင္ ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္ေတြကို အေကာင္းဆံုး ပိုအာ႐ံု စိုက္ၿပီး လုပ္ေဆာင္သင့္ပါတယ္။ ျဖစ္ခ်င္္တဲ့အိပ္မက္ေတြေနာက္ ကိုလုိက္ရင္း တစ္စံုတစ္ေယာက္ကို သင့္ဘဝထဲမွာ အလုိလုိ ဆံုေတြ႔ လာမွာလည္း ျဖစ္ပါ တယ္ေနာ္။
ကိုယ္ေနခ်င္တဲ့ ပံုစံအတုိင္း ေနၾကည့္ပါ
ရည္္းစားေလး တစ္ေယာက္ေတာ့ ႐ွိလာပါရဲ႕ ဟိုမသြားရ ဒီမသြားရ၊ ဟိုလုိမဝတ္နဲ႔ ဒီလုိမဝတ္နဲ႔၊ ဆံပင္အေရာင္မဆုိးနဲ႔၊ ဆံပင္မညွပ္နဲ႔၊ ညဘက္ေတြ အျပင္မသြားနဲ႔၊ ဘလာဘလာဘလာ စသျဖင့္ ခ်ဳပ္ခ်ယ္ခံေနရရင္ေတာ့ အခက္သားေနာ္။
ဒါေၾကာင့္ တစ္ေယာက္တည္း ရည္းစားမ႐ွိေသးခင္မွာ ကိုယ္ေနခ်င္တဲ့ ပံုစံအတုိင္း စိတ္ႀကိဳက္ေနၾကည့္ပါ။
ဆံပင္ကာလာေလး ခ်ိန္းမလား၊ အတုိအျပတ္ေလးနဲ႔ အျပင္သြားမလား၊ သူငယ္ခ်င္္းေတြနဲ႔ တစ္ေနကုန္ေလွ်ာက္္လည္ၿပီး မိုးခ်ဳပ္မွ အိမ္ျပန္္ လာမလား၊ night out ေတြထြက္ၿပီး မူး႐ူးကြဲျပဲမလား ကိုယ့္သေဘာကိုယ့္စိတ္ႀကိဳက္ ပါပဲ။
တစ္ခါတစ္ေလ စိတ္မပါရင္ အိမ္ေနရင္း ဝတ္စံုနဲ႔လည္း အျပင္ေတြ သြားႏုိင္သလုိ၊ အစြမ္းကုန္ ျခယ္သျပင္ဆင္ၿပီး ေကာင္ေလးေခ်ာေခ်ာေလးေတြကို ႀကိဳက္သေလာက္ အထားေပးႏုိင္္တဲဲ့ ကိုယ့္သေဘာကိုယ့္ဆႏၵတစ္ခုပဲ လုိပ ါတယ္ေနာ္။
ကိုယ့္ေဘးနားက ခ်စ္ခင္ရသူေတြြကို အခ်ိန္ေပးပါ
ဘဝမွာ ခ်စ္ရမယ့္ ခ်စ္သူရည္းစား မ႐ွိတိုင္း ကိုယ့္အခ်စ္ေတြ ေသဆံုး သြားတာ မဟုတ္သလုိ၊ ကိုယ့္ကိုယ္ ခ်စ္္ခင္ေပးမယ့္သူေတြ မ႐ွိေတာ့ တာလည္း မဟုတ္ ပါဘူး။
ကိုယ့္ရဲ႕ မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြ စတဲ့ ကိုယ္တန္ဖိုးထားရၿပီး ကိုယ့္ကိုယ္တန္ဖိုးထားတဲ့ သူေတြက အမ်ားႀကီး ႐ွိပါေသး တယ္။ ခ်စ္သူ႐ွိ မလာေသးခင္မွာ အဲဒီ႔ ကိုယ့္ေဘးနားက ခ်စ္ခင္ရသူေတြကို အခ်ိန္ေပး ခ်စ္ခင္ ပါအံုး။
ဒီလူေတြက သင့္ေဘးနားမွာ သင္ေကာင္းေကာင္းဆိုးဆိုး တစ္သက္လံုး ခ်စ္ခင္ေပးေနမယ့္ သူေတြပါေနာ္။ အခ်ိန္တစ္ခုေရာက္ ရင္ေတာ့ သင့္အတြက္ တန္ဖိုး႐ွိတဲ့ တစ္စံု တစ္ေယာက္က သင့္ဆီဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ လာမွာပါ။
Khin
ခရက္ဒစ္
ယူနီကုတ္
ခုချိန်ထိ ချစ်သူမရှိသေးလို့တဲ့ ပျိုမေတို့ လုံး၀ စိတ်မညစ်သင့်တဲ့ အကြောင်းပြချက်များ
အသက်လေးတစ်ခု ရလာတာနဲ့ လူတွေအမေးများတဲ့ စကားက ခုချိန်ထိ တစ်ယောက်တည်းလား၊ ဘယ်တော့စားရမှာလဲ၊ ဂေါ်မစွံအပျိုကြီး ဖြစ်တော့မယ် စတဲ့ စကားတွေပေါ့။ ဒီလို စကားတွေကြောင့်နဲ့တော့ တွေ့ရာလူကို ချစ်သူတော်ပစ် လိုက်ချင်တဲ့ စိတ်တွေ မဖြစ်ဖို့တော့ လိုပါ တယ်နော်။
တကယ်တော့ ခုချိန်ထိ တစ်ယောက်တည်း နေနေ ရခြင်းမှာ များစွာသော ကောင်းမွန်တဲ့ အချက်တွေ ရှိလို့နေပါတယ်။ ဒါတွေကို ကောင်းကောင်း ခံစားကြည့်ပြီးမှ ချစ်သူ တစ်ယောက်လောက် ထားရင်လည်း နောက်မကျနို င်သေးပါဘူးနော်။
လွတ်လပ်မှုကို ခံစားကြည့်ပါ
ရည်းစားထားတယ် ဆိုတာက လွတ်လပ်မှုတွေ ပျောက်ဆုံ းသွားတာ မဟုတ်ပေမယ့် အနည်းအကျဉ်းလောက်သော လွတ်လပ်မှုတွေ ဆုံးရှုံး သွားတယ် ဆိုတာ ကိုတော့ ဝန်ခံသင့် ပါတယ်။
ချစ်သူ ရည်းစားထားတဲ့ အခါ သူ့အကြိုက်၊ ကိုယ့်အကြိုက် လိုက်မှုတွေဆိုတာ ရှိပြီး ညှိနှိုှုင်းရတဲ့ အရာတွေနဲ့ နားလည် မှုယူရတဲ့ အပိုင်းတွေဆိုတာ ရှိလာတတ် ပါတယ်။ ဒီတော့ ချစ်သူတစ်ယောက်လောက် မထားခင်မှာ ကိုယ့်ဘဝရဲ့ ကိုယ်ပိုင် လွတ်လပ်မှုကို အပြည့်အဝ ခံစားကြည့်ပါအုံး။
တကယ်တော့ တစ်ယောက်တည် းသမားတွေက ကိုယ့်သဘောကို ယ့်ဆန္ဒအတိုင်း နေထိုင် နိုင်တာမို့ လွတ်လပ်မှုကို ပိုခံစားနိုင်သူတွေပါနော်။
ဖြစ်ချင်တဲ့ အိပ်မက်တွေကို ပိုအာရုံစိုက်ပါ
ကိုယ်ငယ်ငယ် ကတည်းက မက်ခဲ့တဲ့ ဖြစ်ချင်တဲ့ အိပ်မက်တွေ ဒါမှမဟုတ် လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။
ဘဝမှာ အချစ်ရေးတွေနဲ့ မရှုပ်ထွေးသေးခင် ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင်းဆုံး ပိုအာရုံ စိုက်ပြီး လုပ်ဆောင်သင့်ပါတယ်။ ဖြစ်ချင်တဲ့အိပ်မက်တွေနောက် ကိုလိုက်ရင်း တစ်စုံတစ်ယောက်ကို သင့်ဘဝထဲမှာ အလိုလို ဆုံတွေ့ လာမှာလည်း ဖြစ်ပါ တယ်နော်။
ကိုယ်နေချင်တဲ့ ပုံစံအတိုင်း နေကြည့်ပါ
ရည်းစားလေး တစ်ယောက်တော့ ရှိလာပါရဲ့ ဟိုမသွားရ ဒီမသွားရ၊ ဟိုလိုမဝတ်နဲ့ ဒီလိုမဝတ်နဲ့၊ ဆံပင်အရောင်မဆိုးနဲ့၊ ဆံပင်မညှပ်နဲ့၊ ညဘက်တွေ အပြင်မသွားနဲ့၊ ဘလာဘလာဘလာ စသဖြင့် ချုပ်ချယ်ခံနေရရင်တော့ အခက်သားနော်။
ဒါကြောင့် တစ်ယောက်တည်း ရည်းစားမရှိသေးခင်မှာ ကိုယ်နေချင်တဲ့ ပုံစံအတိုင်း စိတ်ကြိုက်နေကြည့်ပါ။
ဆံပင်ကာလာလေး ချိန်းမလား၊ အတိုအပြတ်လေးနဲ့ အပြင်သွားမလား၊ သူငယ်ချင်းတွေနဲ့ တစ်နေကုန်လျှောက်လည်ပြီး မိုးချုပ်မှ အိမ်ပြန် လာမလား၊ night out တွေထွက်ပြီး မူးရူးကွဲပြဲမလား ကိုယ့်သဘောကိုယ့်စိတ်ကြိုက် ပါပဲ။
တစ်ခါတစ်လေ စိတ်မပါရင် အိမ်နေရင်း ဝတ်စုံနဲ့လည်း အပြင်တွေ သွားနိုင်သလို၊ အစွမ်းကုန် ခြယ်သပြင်ဆင်ပြီး ကောင်လေးချောချောလေးတွေကို ကြိုက်သလောက် အထားပေးနိုင်တဲ့ ကိုယ့်သဘောကိုယ့်ဆန္ဒတစ်ခုပဲ လိုပ ါတယ်နော်။
ကိုယ့်ဘေးနားက ချစ်ခင်ရသူတွေကို အချိန်ပေးပါ
ဘဝမှာ ချစ်ရမယ့် ချစ်သူရည်းစား မရှိတိုင်း ကိုယ့်အချစ်တွေ သေဆုံး သွားတာ မဟုတ်သလို၊ ကိုယ့်ကိုယ် ချစ်ခင်ပေးမယ့်သူတွေ မရှိတော့ တာလည်း မဟုတ် ပါဘူး။
ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ စတဲ့ ကိုယ်တန်ဖိုးထားရပြီး ကိုယ့်ကိုယ်တန်ဖိုးထားတဲ့ သူတွေက အများကြီး ရှိပါသေး တယ်။ ချစ်သူရှိ မလာသေးခင်မှာ အဲဒီ့ ကိုယ့်ဘေးနားက ချစ်ခင်ရသူတွေကို အချိန်ပေး ချစ်ခင် ပါအုံး။
ဒီလူတွေက သင့်ဘေးနားမှာ သင်ကောင်းကောင်းဆိုးဆိုး တစ်သက်လုံး ချစ်ခင်ပေးနေမယ့် သူတွေပါနော်။ အချိန်တစ်ခုရောက် ရင်တော့ သင့်အတွက် တန်ဖိုးရှိတဲ့ တစ်စုံ တစ်ယောက်က သင့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက် လာမှာပါ။
Khin
No Comments