
လူတစ္ေယာက္ တိတ္ဆိတ္သြားရျခင္း ေနာက္ကြယ္က အေၾကာင္းတရားမ်ား
လူတစ္ေယာက္ဟာ သာမာန္္ထက္ ပိုတိတ္ဆိတ္ သြားတဲ့ အခါ အဲဒီ႔လူမွာ ေျပာစရာစကားေတြ၊ ေျဖ႐ွင္းခ်က္ေတြ၊ ခံစားခ်က္ေတြ ကုန္ဆံုး သြားတာေၾကာင့္ မဟုတ္ပဲ သူ႔ရဲ႕ ရင္ထဲမွာ ႀကီးမားတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြ ျဖစ္ေပၚ သြားလုိ ႔ပဲ ျဖစ္ပါတယ္။
ဒီနက္႐ိႈင္းလြန္း တဲ့ ဒဏ္ရာဒဏ္ ခ်က္ေတြေၾကာင့္ ခံစားခ်က္ေတြ ေသဆံုး သြားတဲ့ အခါ လူတစ္ေယာက္ဟာ သာမာန္ ထက္ပိုၿပီး တိ္တ္ဆိတ္ သြားတတ္ ပါတယ္။ လူတစ္ေယာက္ တိတ္ဆိတ္ သြားရျခင္းေနာက္ကြယ္မွာ ဒီလုိ အေၾကာင္းအရင္းေတြ ႐ွိလုိ႔ေန တတ္ ပါတယ္။
ခံစားခ်က္ေတြ ေခ်ာင္ထုိးခံလုိက္ရတဲ့အခါ
ကိိုယ့္ရဲ႕ခံစားခ်က္ေတြကုိ ဘယ္သူကမွ အေရးတယူ မ႐ွိတဲ့ အခါ၊ ကိုယ္ခံစား ခ်က္္ေတြကို တစ္စံုတစ္ေယာက္က လ်စ္လ်ဴ႐ႈ တာေတြမ်ားလာတဲ့ အခါမွာ အဲဒီ႔လူရဲ႕ ခံစားေနရတဲ့ စိတ္ဟာ တျဖည္းျဖည္းနဲ႔ ေသဆံုးသြား တတ္တာ ပါပဲ။
ဘယ္သူမွ အေရးမစိုက္တဲ့ သူ႔တုိ႔ရဲ႕ ခံစားခ်က္ေတြကို တစ္ေယာက္တည္း ႀကိတ္မွိတ္သိမ္းဆည္းရင္း တိတ္ဆိတ္စြာ ေနတတ္ လာပါ တယ္။ ခံစားခ်က္ေတြ ေခ်ာင္ထုိး ခံရတဲ့ ခံစားခ်က္ဟာ ဘယ္ေလာက္ေတာင္ နာက်င္ေစလဲဆုိတာကို ခံစားဖူးသူ တုိင္းေတာ့ နားလည္မွာပါ။
ေမွ်ာ္လင့္ခ်က္ေတြ အေရာင္ေမွးမွိန္သြားတဲ့အခါ
လူတုိင္းက ေမွ်ာ္လင့္ခ်က္ ဆုိတဲ့ အရာနဲ႔ အသက္ဆက္ ႐ွင္ေန ရတာပါ။ ေမွ်ာ္လင့္ခ်က္ မ႐ွိတဲ့ လူတစ္ေယာက္ဟာ ဘဝမွာ ႐ွင္လ်က္နဲ႔ ေသဆံုးေနတဲ့ သူလုိ႔ ဆုိစမွတ္ျပဳ ၾကပါ တယ္။
ဒီလုိ ကိုယ့္ရဲ႕ ေမွ်ာ္လင့္ခ်က္ေလးေတြြ ဖ်က္ဆီးခံလုိက္ရတဲ့အခါ၊ ကိုယ့္ေမွ်ာ္လင့္ခ်က္ေတြ အေရာင္ေမွးမွိန္သြားတဲ့အခါ လူတစ္ေယာက္ဟာ သာမာန္ထက္ပို တိတ္ဆိတ္ မႈကို ေ႐ြးခ်ယ္ သြားတတ္ၿပီး ထင္သလုိျဖစ္မလာတတ္တဲ့ ဘဝကို ျဖစ္သလုိ ေနထိုင္ဖုိ႔ ဆံုးျဖတ္ လုိက္တတ္ ပါတယ္။
ဦးစားေပးမႈဆိုတာ ကို္ယ့္အတြက္ ႐ွိမလာတဲ့အခါ
ဘဝမွာ အရာရာတုိင္းက ကိုယ့္အတြက္ ေနာက္က်ျခင္းေတြပဲ ျဖစ္ေနတဲ့ အခါမ်ိဳး၊ ကိုယ္ဟာ ဘယ္တုန္းကမွ ဦးစားေပးစာရင္း ထဲမွာ ႐ွိမေနတဲ့ ခံစားခ်က္မ်ိဳးက လူတစ္ေယာက္ကို အေတာ္ေလး ထိခုိက္ခံစားရေစပါတယ္။
ကိုယ့္ဘက္ကေတာ့ တစ္စံုတစ္ေယာက္ အေပၚ အျမဲတမ္း ဦးစားေပးျဖစ္ေပမယ့္ သူ႔ဆီကျပန္လာတဲ ့ဦးစားေပးမႈေတြက ကိုယ့္အတြက္ ျဖစ္မေန ခဲ့ပါဘူး။ ဒီလုိ ဦးစားေပးမႈ ဆုိတာ ကိုယ့္အတြက္ ဘယ္ေတာ့မွ ႐ွိမလာတဲ့အခါ ခံစားခ်က္္ေတြ ထုပ္ပိုးရင္း တိတ္ဆိတ္ လာတတ္ ပါတယ္။
ယံုၾကည္မႈေတြ ႐ိုက္ခ်ိဳးခံလုိက္ရတဲ့အခါ
ကိုယ့္ရဲ႕ ယံုၾကည္မႈေတြကို အလြဲသံုးစား လုပ္ပစ္တာ၊ ကိုယ့္ကိုယ္ ဘယ္သူကမွ မယံုၾကည္ေပးတာေတြက တကယ့္ကို နာက်င္ ခံစားေစ ရပါတယ္။ အထူးသျဖင့္ ယံုၾကည္မႈေတြြ ႐ို္က္ခ်ိဳးခံ လုိက္ရတဲ့ အခါ
အဲဒီ႔လူဟာ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ေတာ့တဲ့ပံုစံမ်ိဳး ေနထိုင္တတ္လာၿပီး သူတုိ႔ရဲ႕ ခံစားခ်က္ေတြကို ဘယ္သူ႔ကိုမွ ထုတ္မျပ တတ္ေတာ့တာ ပါပဲ။ တစ္ေယာက္တည္း တိတ္္ဆိတ္ေနရျခင္းက သူတုိ႔အတြက္ ပိုစိတ္သက္သာရၿပီး စိတ္ပ်က္ မႈေတြကို ကုစားဖို႔ အေကာင္းဆံုးနည္း ျဖစ္လာခဲ့ ပါတယ္။
Khin
ခရက္ဒစ္
ယူနီကုတ္
လူတစ်ယောက် တိတ်ဆိတ်သွားရခြင်း နောက်ကွယ်က အကြောင်းတရားများ
လူတစ်ယောက်ဟာ သာမာန်ထက် ပိုတိတ်ဆိတ် သွားတဲ့ အခါ အဲဒီ့လူမှာ ပြောစရာစကားတွေ၊ ဖြေရှင်းချက်တွေ၊ ခံစားချက်တွေ ကုန်ဆုံး သွားတာကြောင့် မဟုတ်ပဲ သူ့ရဲ့ ရင်ထဲမှာ ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်ပေါ် သွားလို့ပဲ ဖြစ်ပါတယ်။
ဒီနက်ရှိုင်းလွန်း တဲ့ ဒဏ်ရာဒဏ် ချက်တွေကြောင့် ခံစားချက်တွေ သေဆုံး သွားတဲ့ အခါ လူတစ်ယောက်ဟာ သာမာန် ထက်ပိုပြီး တိတ်ဆိတ် သွားတတ် ပါတယ်။ လူတစ်ယောက် တိတ်ဆိတ် သွားရခြင်းနောက်ကွယ်မှာ ဒီလို အကြောင်းအရင်းတွေ ရှိလို့နေ တတ် ပါတယ်။
ခံစားချက်တွေ ချောင်ထိုးခံလိုက်ရတဲ့အခါ
ကိုယ့်ရဲ့ခံစားချက်တွေကို ဘယ်သူကမှ အရေးတယူ မရှိတဲ့ အခါ၊ ကိုယ်ခံစား ချက်တွေကို တစ်စုံတစ်ယောက်က လျစ်လျူရှု တာတွေများလာတဲ့ အခါမှာ အဲဒီ့လူရဲ့ ခံစားနေရတဲ့ စိတ်ဟာ တဖြည်းဖြည်းနဲ့ သေဆုံးသွား တတ်တာ ပါပဲ။
ဘယ်သူမှ အရေးမစိုက်တဲ့ သူ့တို့ရဲ့ ခံစားချက်တွေကို တစ်ယောက်တည်း ကြိတ်မှိတ်သိမ်းဆည်းရင်း တိတ်ဆိတ်စွာ နေတတ် လာပါ တယ်။ ခံစားချက်တွေ ချောင်ထိုး ခံရတဲ့ ခံစားချက်ဟာ ဘယ်လောက်တောင် နာကျင်စေလဲဆိုတာကို ခံစားဖူးသူ တိုင်းတော့ နားလည်မှာပါ။
မျှော်လင့်ချက်တွေ အရောင်မှေးမှိန်သွားတဲ့အခါ
လူတိုင်းက မျှော်လင့်ချက် ဆိုတဲ့ အရာနဲ့ အသက်ဆက် ရှင်နေ ရတာပါ။ မျှော်လင့်ချက် မရှိတဲ့ လူတစ်ယောက်ဟာ ဘဝမှာ ရှင်လျက်နဲ့ သေဆုံးနေတဲ့ သူလို့ ဆိုစမှတ်ပြု ကြပါ တယ်။
ဒီလို ကိုယ့်ရဲ့ မျှော်လင့်ချက်လေးတွေ ဖျက်ဆီးခံလိုက်ရတဲ့အခါ၊ ကိုယ့်မျှော်လင့်ချက်တွေ အရောင်မှေးမှိန်သွားတဲ့အခါ လူတစ်ယောက်ဟာ သာမာန်ထက်ပို တိတ်ဆိတ် မှုကို ရွေးချယ် သွားတတ်ပြီး ထင်သလိုဖြစ်မလာတတ်တဲ့ ဘဝကို ဖြစ်သလို နေထိုင်ဖို့ ဆုံးဖြတ် လိုက်တတ် ပါတယ်။
ဦးစားပေးမှုဆိုတာ ကိုယ့်အတွက် ရှိမလာတဲ့အခါ
ဘဝမှာ အရာရာတိုင်းက ကိုယ့်အတွက် နောက်ကျခြင်းတွေပဲ ဖြစ်နေတဲ့ အခါမျိုး၊ ကိုယ်ဟာ ဘယ်တုန်းကမှ ဦးစားပေးစာရင်း ထဲမှာ ရှိမနေတဲ့ ခံစားချက်မျိုးက လူတစ်ယောက်ကို အတော်လေး ထိခိုက်ခံစားရစေပါတယ်။
ကိုယ့်ဘက်ကတော့ တစ်စုံတစ်ယောက် အပေါ် အမြဲတမ်း ဦးစားပေးဖြစ်ပေမယ့် သူ့ဆီကပြန်လာတဲ့ဦးစားပေးမှုတွေက ကိုယ့်အတွက် ဖြစ်မနေ ခဲ့ပါဘူး။ ဒီလို ဦးစားပေးမှု ဆိုတာ ကိုယ့်အတွက် ဘယ်တော့မှ ရှိမလာတဲ့အခါ ခံစားချက်တွေ ထုပ်ပိုးရင်း တိတ်ဆိတ် လာတတ် ပါတယ်။
ယုံကြည်မှုတွေ ရိုက်ချိုးခံလိုက်ရတဲ့အခါ
ကိုယ့်ရဲ့ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်ပစ်တာ၊ ကိုယ့်ကိုယ် ဘယ်သူကမှ မယုံကြည်ပေးတာတွေက တကယ့်ကို နာကျင် ခံစားစေ ရပါတယ်။ အထူးသဖြင့် ယုံကြည်မှုတွေ ရိုက်ချိုးခံ လိုက်ရတဲ့ အခါ
အဲဒီ့လူဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့တဲ့ပုံစံမျိုး နေထိုင်တတ်လာပြီး သူတို့ရဲ့ ခံစားချက်တွေကို ဘယ်သူ့ကိုမှ ထုတ်မပြ တတ်တော့တာ ပါပဲ။ တစ်ယောက်တည်း တိတ်ဆိတ်နေရခြင်းက သူတို့အတွက် ပိုစိတ်သက်သာရပြီး စိတ်ပျက် မှုတွေကို ကုစားဖို့ အကောင်းဆုံးနည်း ဖြစ်လာခဲ့ ပါတယ်။
Khin
No Comments