
ခြင့္လႊတ္နားလည္ေပးျခင္းသည္သာ အထိေရာက္ဆံုး လက္စားေခ်ျခင္းပါ
“ကိုယ့္အေပၚ မေကာင္းတဲ့ သူေတြကို ဘယ္လို ခြင့္လႊတ္ေပး မလဲ”။ တစ္စံုတစ္ေယာက္က ဒီအေျဖကို ေျဖဖူး ပါတယ္။
“တကယ္ေတာ့ ခြင့္လႊတ္ေပး ႏုိင္တယ္ ဆိုတာ ကိုယ့္ရဲ႕ စိတ္ေၾကာင့္ ပါပဲ။ ကိုယ့္ႏွလံုးသားေလးကို ျဖဴစင္ၿမဲျဖဴစင္ေနေအာင္ ထားပါ။ စိတ္တံခါးေတြကို ဖြင့္လွစ္ ထားလိုက္ပါ” တဲ့။
စိတ္ႏွလံုးကို အၿမဲတမ္း သန္႔စင္ၾကည္လင္ေအာင္ ထားျခင္းက ခြင့္လႊတ္ေပး တတ္ဖို႔ ေလ့က်င့္မႈတစ္ခုပါပဲ။ ကၽြန္မတို႔ရဲ႕ စိတ္ႏွလံုး အတြင္းက ၿငိမ္းခ်မ္းမႈေတြကို ေႏွာင့္ယွက္ဖ်က္ဆီးတဲ့ အရာေတြကို ဖယ္ထုတ္စြန္႔လႊတ္ႏုိင္ဖို႔ ေလ့က်င့္ခန္း တစ္ခုလည္း ျဖစ္ပါ တယ္။
ေဒါသထြက္ၿပီး စိတ္ အလုိမက်ျဖစ္ေန ခ်ိန္မွာ ကၽြန္မတို႔ ႏွလံုးခုန္ႏႈန္းေတြ ျမန္လာ တတ္တယ္။ စိတ္ေတြလႈပ္ရွားလာ တတ္တယ္။ မွားေန တာေတြကို အမွန္ျပင္သင့္ တယ္လို႔ ခံစား လာရတယ္။ တရားမွ်တမႈကို လိုလားလာၾက တယ္။
တကယ္ေတာ့ အဲဒီ လုိျဖစ္ေနတဲ့ အခ်ိန္မွာ ကၽြန္မတို ႔အတြင္း စိတ္မွာ တိုက္ခိုက္ေန ရတဲ့ တကယ့္ရန္သူက ကၽြန္မတို႔ရဲ႕ အတၱစိတ္ပဲျဖစ္ ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ တစ္ေယာက္ေယာက္က “ခင္ဗ်ားမွန္တယ္၊ ခင္ဗ်ားေျပာတာကို ေထာက္ခံ တယ္” ဆိုေတာ့မွ ကၽြန္မတို႔ေတြ စိတ္ေလွ်ာ့တတ္ၾကတယ္ မဟုတ္လား။
စိတ္ေလွ်ာ့ၿပီး ခြင့္လႊတ္ေပးဖို႔ ဆိုတာ ခက္ခဲပါတယ္။ ဘာလို႔လဲ ဆိုေတာ့ တစ္စံုတစ္ေယာက္ကို နာက်င္ခံစားရေအာင္လုပ္ထားတဲ့ သူေတြကို ခြင့္လႊတ္ေပး လုိက္ရင္ သူတို ႔လုပ္ရပ္ေတြကို ကၽြန္မတို႔က ေထာက္ခံေပးလိုက္သလိုျဖစ္ သြားမယ္လို႔ ထင္ေန တတ္ၾက လုိ႔ပါ။
ကၽြန္မတို႔ဟာ လူေတြရဲ႕ အျပစ္တိုင္း ကို ေျပျငိမ္း မေပးႏုိင္ၾက ပါဘူး။ အျပစ္ရွိ တဲ့လူ တစ္ေယာက္ကို ကၽြန္မတို႔က ခြင့္လႊတ္ေပး လိုက္တာနဲ႔ အဲဒီ လူက်ဴးလြန္ ခဲ့တဲ့ မေကာင္း မႈေတြက
ေက်ေအးမသြားပါဘူး။ ကံတရားက အျပစ္ေတြ အတြက္ ဒဏ္ခတ္ဦး မွာပါ။ ဒီေတာ့ ခြင့္လႊတ္ေပးျခင္းဟာ သူ႔အတြက္မဟုတ္ပါဘူး ကၽြန္မတို႔ ကိုယ္တုိင္ အတြက္ပါ။
ကိုယ့္အေပၚ အျပစ္က်ဴးလြန္ ထားတဲ့ သူကို ျပန္လက္စားေခ်ဖို႔ ႀကံစည္ေတြးေတာေန တယ္ ဆိုတာ သူ႔ကို အႏိုင္ယူခြင့္ ေပးလိုက္ ပါသလို ပါပဲ။ ကိုယ့္ကို ဒုကၡေပး လိုက္တဲ့ သူကို ျပန္ဒုကၡေရာက္ေအာင္ လုပ္တယ္ဆိုတာ သူတို႔ စိတ္ထား မေကာင္းသလို ကိုယ့္ကိုပါ စိတ္ထား မေကာင္းေအာင္၊
အမုန္းတရားေတြနဲ႔ ျပည့္ႏွက္ေနေအာင္ လုပ္ခြင့္ေပး လိုက္တာပဲ မဟုတ္လား။ ဒါေၾကာင့္ ခြင့္လႊတ္ေပးၿပီး ၿငိမ္းခ်မ္းစြာေန ထိုင္ျခင္းက အေကာင္းဆံုးေသာ လက္စားေခ်ျခင္းျဖစ္ ပါတယ္။
ကိုယ့္အေပၚက်ဴးလြန္ ခဲ့တဲ့ အတိုင္း ျပန္ၿပီး လက္စားေခ် လိုက္ရလို႔ တဒဂၤ စိတ္ေက်နပ္မႈ ရခ်င္ရလိမ့္မယ္။ ဒါေပမဲ့ ဒါဟာစစ္ မွန္တည္ၿမဲတဲ့ ေပ်ာ္ရႊင္မႈကို ေဆာင္ၾကဥ္း မေပးႏုိင္ ပါဘူး။
ကိုယ္လက္စာ းေခ်ရမယ့္ သူဟာ ေသသြားတဲ့ အခါ၊ ကိုယ့္ဘဝထဲက ထြက္သြားတဲ့အခါမ်ိဳးမွာလည္း စိတ္ထဲမွာ အခဲမေက် ႏုိင္ဘဲ တႏံု႔ႏံု႔နဲ႔ မေပ်ာ္မရႊင္ ခံစားေန ရတတ္ ပါတယ္။
ဒီလိုခံစားေနရတာေတြကို သက္သာၿပီး ျပန္လည္ေပ်ာ္ရႊင္ေစ ဖို႔ကလည္း “ခြင့္လႊတ္ျခင္း” အျပင္ တျခားေဆးနည္း မရွိပါဘူး။
ခြင့္လႊတ္ၿပီး ေမ့ျပစ္ႏုိင္ဖုိ႔ ကလည္း နည္းလမ္းေကာင္းေတြ၊ ျဖတ္လမ္းနည္းေတြ မရွိ ပါဘူး။ စိတ္ႏွလံုးကို ေလ့က်င့္ေပးႏိုင္မွသာ ခြင့္လႊတ္ျခင္း ပညာရပ္မွာ ကၽြမ္းက်င္ မွာပါ။
စိတ္ႏွလံုးထဲမွာ ဆိုးညစ္တဲ့ အမုန္းေတြ၊ အာဃာတေတြ အဝင္မခံဘဲ ျဖဴစင္ သန္႔ရွင္းေနေအာင္ ထားပါ။ အညစ္အေၾကးေတြ စုလာၿပီ ဆိုရင္လည္း ခ်က္ခ်င္း ရွင္းထုတ္ လိုက္ပါ။
ခြင့္လႊတ္နားလည္ေ
ခွင့်လွှတ်နားလည်ပေးခြင်းသည်သာ အထိရောက်ဆုံး လက်စားချေခြင်းပါ
“ကိုယ့်အပေါ် မကောင်းတဲ့ သူတွေကို ဘယ်လို ခွင့်လွှတ်ပေး မလဲ”။ တစ်စုံတစ်ယောက်က ဒီအဖြေကို ဖြေဖူး ပါတယ်။
“တကယ်တော့ ခွင့်လွှတ်ပေး နိုင်တယ် ဆိုတာ ကိုယ့်ရဲ့ စိတ်ကြောင့် ပါပဲ။ ကိုယ့်နှလုံးသားလေးကို ဖြူစင်မြဲဖြူစင်နေအောင် ထားပါ။ စိတ်တံခါးတွေကို ဖွင့်လှစ် ထားလိုက်ပါ” တဲ့။
စိတ်နှလုံးကို အမြဲတမ်း သန့်စင်ကြည်လင်အောင် ထားခြင်းက ခွင့်လွှတ်ပေး တတ်ဖို့ လေ့ကျင့်မှုတစ်ခုပါပဲ။ ကျွန်မတို့ရဲ့ စိတ်နှလုံး အတွင်းက ငြိမ်းချမ်းမှုတွေကို နှောင့်ယှက်ဖျက်ဆီးတဲ့ အရာတွေကို ဖယ်ထုတ်စွန့်လွှတ်နိုင်ဖို့ လေ့ကျင့်ခန်း တစ်ခုလည်း ဖြစ်ပါ တယ်။
ဒေါသထွက်ပြီး စိတ် အလိုမကျဖြစ်နေ ချိန်မှာ ကျွန်မတို့ နှလုံးခုန်နှုန်းတွေ မြန်လာ တတ်တယ်။ စိတ်တွေလှုပ်ရှားလာ တတ်တယ်။ မှားနေ တာတွေကို အမှန်ပြင်သင့် တယ်လို့ ခံစား လာရတယ်။ တရားမျှတမှုကို လိုလားလာကြ တယ်။
တကယ်တော့ အဲဒီ လိုဖြစ်နေတဲ့ အချိန်မှာ ကျွန်မတို့အတွင်း စိတ်မှာ တိုက်ခိုက်နေ ရတဲ့ တကယ့်ရန်သူက ကျွန်မတို့ရဲ့ အတ္တစိတ်ပဲဖြစ် ပါတယ်။ ဘာလို့လဲ ဆိုတော့ တစ်ယောက်ယောက်က “ခင်ဗျားမှန်တယ်၊ ခင်ဗျားပြောတာကို ထောက်ခံ တယ်” ဆိုတော့မှ ကျွန်မတို့တွေ စိတ်လျှော့တတ်ကြတယ် မဟုတ်လား။
စိတ်လျှော့ပြီး ခွင့်လွှတ်ပေးဖို့ ဆိုတာ ခက်ခဲပါတယ်။ ဘာလို့လဲ ဆိုတော့ တစ်စုံတစ်ယောက်ကို နာကျင်ခံစားရအောင်လုပ်ထားတဲ့ သူတွေကို ခွင့်လွှတ်ပေး လိုက်ရင် သူတို့လုပ်ရပ်တွေကို ကျွန်မတို့က ထောက်ခံပေးလိုက်သလိုဖြစ် သွားမယ်လို့ ထင်နေ တတ်ကြ လို့ပါ။
ကျွန်မတို့ဟာ လူတွေရဲ့ အပြစ်တိုင်း ကို ပြေငြိမ်း မပေးနိုင်ကြ ပါဘူး။ အပြစ်ရှိ တဲ့လူ တစ်ယောက်ကို ကျွန်မတို့က ခွင့်လွှတ်ပေး လိုက်တာနဲ့ အဲဒီ လူကျူးလွန် ခဲ့တဲ့ မကောင်း မှုတွေက
ကျေအေးမသွားပါဘူး။ ကံတရားက အပြစ်တွေ အတွက် ဒဏ်ခတ်ဦး မှာပါ။ ဒီတော့ ခွင့်လွှတ်ပေးခြင်းဟာ သူ့အတွက်မဟုတ်ပါဘူး ကျွန်မတို့ ကိုယ်တိုင် အတွက်ပါ။
ကိုယ့်အပေါ် အပြစ်ကျူးလွန် ထားတဲ့ သူကို ပြန်လက်စားချေဖို့ ကြံစည်တွေးတောနေ တယ် ဆိုတာ သူ့ကို အနိုင်ယူခွင့် ပေးလိုက် ပါသလို ပါပဲ။ ကိုယ့်ကို ဒုက္ခပေး လိုက်တဲ့ သူကို ပြန်ဒုက္ခရောက်အောင် လုပ်တယ်ဆိုတာ သူတို့ စိတ်ထား မကောင်းသလို ကိုယ့်ကိုပါ စိတ်ထား မကောင်းအောင်၊
အမုန်းတရားတွေနဲ့ ပြည့်နှက်နေအောင် လုပ်ခွင့်ပေး လိုက်တာပဲ မဟုတ်လား။ ဒါကြောင့် ခွင့်လွှတ်ပေးပြီး ငြိမ်းချမ်းစွာနေ ထိုင်ခြင်းက အကောင်းဆုံးသော လက်စားချေခြင်းဖြစ် ပါတယ်။
ကိုယ့်အပေါ်ကျူးလွန် ခဲ့တဲ့ အတိုင်း ပြန်ပြီး လက်စားချေ လိုက်ရလို့ တဒင်္ဂ စိတ်ကျေနပ်မှု ရချင်ရလိမ့်မယ်။ ဒါပေမဲ့ ဒါဟာစစ် မှန်တည်မြဲတဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်း မပေးနိုင် ပါဘူး။
ကိုယ်လက်စာ းချေရမယ့် သူဟာ သေသွားတဲ့ အခါ၊ ကိုယ့်ဘဝထဲက ထွက်သွားတဲ့အခါမျိုးမှာလည်း စိတ်ထဲမှာ အခဲမကျေ နိုင်ဘဲ တနုံ့နုံ့နဲ့ မပျော်မရွှင် ခံစားနေ ရတတ် ပါတယ်။
ဒီလိုခံစားနေရတာတွေကို သက်သာပြီး ပြန်လည်ပျော်ရွှင်စေ ဖို့ကလည်း “ခွင့်လွှတ်ခြင်း” အပြင် တခြားဆေးနည်း မရှိပါဘူး။
ခွင့်လွှတ်ပြီး မေ့ပြစ်နိုင်ဖို့ ကလည်း နည်းလမ်းကောင်းတွေ၊ ဖြတ်လမ်းနည်းတွေ မရှိ ပါဘူး။ စိတ်နှလုံးကို လေ့ကျင့်ပေးနိုင်မှသာ ခွင့်လွှတ်ခြင်း ပညာရပ်မှာ ကျွမ်းကျင် မှာပါ။
စိတ်နှလုံးထဲမှာ ဆိုးညစ်တဲ့ အမုန်းတွေ၊ အာဃာတတွေ အဝင်မခံဘဲ ဖြူစင် သန့်ရှင်းနေအောင် ထားပါ။ အညစ်အကြေးတွေ စုလာပြီ ဆိုရင်လည်း ချက်ချင်း ရှင်းထုတ် လိုက်ပါ။
ခွင့်လွှတ်နားလည်ပေးခြင်းဟာ အပြစ်အကြီးကြီးတွေရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အပြစ်လေးတွေကို တစ်ခုချင်းခွင့်လွှတ်ပေးရင်း ဖြစ်တည် လာတာပါ။ စိတ်နှလုံးကို အမြဲတမ်းရှင်းလင်းနေအောင် ထားမယ်ဆိုရင် အချိန်တိုင်း ငြိမ်းချမ်းနေတဲ့ စိတ်နဲ့ ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင် နိုင်မှာပါ။
ခရက်ဒစ် ဂန္ထဝင်မဂ္ဂဇင်း
ပးျခင္းဟာ အျပစ္အႀကီးႀကီးေတြရဲ႕ အစိတ္အပိုင္းျဖစ္တဲ့ အျပစ္ေလးေတြကို တစ္ခုခ်င္းခြင့္လႊတ္ေပးရင္း ျဖစ္တည္ လာတာပါ။ စိတ္ႏွလံုးကို အၿမဲတမ္းရွင္းလင္းေနေအာင္ ထားမယ္ဆိုရင္ အခ်ိန္တိုင္း ၿငိမ္းခ်မ္းေနတဲ့ စိတ္နဲ႔ ေပ်ာ္ရႊင္စရာ ဘဝေလးကို ပိုင္ဆိုင္ ႏိုင္မွာပါ။
ခရက္ဒစ္ ဂႏၳဝင္မဂၢဇင္း
Unicode
No Comments