
လက္ထပ္ျခင္းနဲ႔ ပတ္သတ္ၿပီး လူငယ္အမ်ားစု စိုးရိမ္ ထိတ္လန႔္တဲ့ အခ်က္(၇)ခ်က္…
အ႐ြယ္ေရာက္လာတဲ့ လူတိုင္းကေတာ့ အခ်ိန္တန္ လာတာနဲ႔ လက္ထပ္ဖို႔ အတြက္ စိတ္ကူးယဥ္ လာတတ္ပါတယ္။ လက္ထပ္ျခင္းကို မေရွာင္လြဲ ႏိုင္ၾက သလိုပဲ လက္ထပ္ျခင္းရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ျပႆနာေတြ ကိုလည္း
ျဖစ္လာရင္ ေရွာင္မရ တတ္တာ ေလာကသဘာဝ တစ္ခု ပါပဲ။ ျမင္ေတြ႕ေနရတဲ့ ပတ္ဝန္းက်င္ အေျခအေနေၾကာင့္ အ႐ြယ္ေရာက္ လာတဲ့ လူငယ္အမ်ား စုကေတာ့ လက္မထပ္ခင္မွာ အခုလို အခ်က္ေတြကို ေတြးၿပီး စိုးရိမ္ေနၾက ပါတယ္။
(၁) အိမ္ေထာင္ေရး သာယာႏိုင္ပါ့မလား
လူတိုင္း ေတြးအပူဆုံး အခ်က္တစ္ခု ျဖစ္ပါ တယ္။ အိမ္ေထာင္ျပဳၿပီး တဲ့ေနာက္မွာ သာယာတဲ့ အိမ္ေထာင္တစ္ခု ျဖစ္လာႏိုင္မလား ဆိုတာကို ယတိျပတ္ မသိႏိုင္တာေၾကာင့္ ထိတ္လန႔္ေန တတ္ၾက ပါတယ္။
သာယာေအာင္ ဖန္တီးဖို႔ ကိုယ့္ေပၚပဲ မူတည္တယ္ ဆိုေပမယ့္လည္း ကိုယ့္ကိုယ္ ကိုေရာ လက္တြဲေဖာ္ကိုေရာ မေသခ်ာတဲ့ ကံတရားကို အတပ္မေျပာ ႏိုင္လို႔ စိုးရိမ္ၾကျခင္း ျဖစ္ပါတယ္။
(၂) ေဖာက္ျပန္ခဲ့ရင္ေရာ
ခ်စ္သူ ရည္းစား ဘဝေတြ မွာလည္း ေဖာက္ျပန္မႈေတြ၊ ပတ္ဝန္းက်င္မွာ ရွိတဲ့ ေဖာက္ျပန္မႈ ဇာတ္လမ္းေတြက စိုးရိမ္ စိတ္ေတြ ျဖစ္ပါတယ္။ လက္တြဲေဖာ္ ကို မယုံတာ မ်ိဳး မဟုတ္ေပမယ့္ ျဖစ္လာ ခဲ့ရင္ ဆိုတဲ့ စိတ္ကေတာ့ ျဖစ္ေနတတ္ ပါတယ္။
(၃) မခ်စ္ၾကေတာ့ရင္
အခ်စ္ေတြက ဘယ္ေလာက္ ၾကာႏိုင္ လဲလို႔ ေတြးတတ္ၾက ပါတယ္။ အခ်စ္ေတြ မရွိေတာ့ ရင္ အတူ ဘယ္လို ေရွ႕ဆက္မလဲနဲ႔ အိမ္ေထာင္ျပဳၿပီးမွ တကယ္ ခ်စ္မိတဲ့ သူကို ထပ္ေတြ႕သြားၾက ရင္ဆိုတဲ့ စိတ္ကို ပိုၿပီး စိုးရိမ္တတ္ ၾကပါေသး တယ္။
(၄) ေငြေၾကးအခက္အခဲ
တစ္ေယာက္တည္း ဝင္ေငြနဲ႔ မရပ္တည္ ႏိုင္တဲ့ ေခတ္မွာ သားသမီးေတြ ရွိလာ ခဲ့ရင္ ေငြေၾကးအတြက္
ေျပလည္ေအာင္ ေျဖရွင္းႏိုင္ပ ါ့မလား ေတြးပူ တတ္ၾက ပါတယ္။
(၅) ယုံၾကည္ရပါ့မလား
ခ်စ္စခင္စ ၾကင္နာစ မွာေတာ့ မိုးမျမင္ ေလမျမင္ ယုံၾကည္ ရေပမယ့္ အခ်ိန္ေတြ ၾကာ သြားရင္ေရာ တစ္ေယာက္ကို တစ္ေယာက္ တူတူ ႐ုန္းကန္ရာမွာ ဘာ အတြက္ျဖစ္ျဖစ္ ယုံၾကည္ ရႏိုင္ မလားကို ဇေဝဇဝါ ျဖစ္ေနတတ္ ၾကပါ တယ္။
(၆) ေပ်ာ္႐ႊင္မႈ ေပ်ာက္သြားရင္ေရာ
လက္ထပ္တယ္ ဆိုတာ ေလာက သဘာဝမို႔ ဆိုေပမယ့္ လက္ထပ္ၿပီး ႀကဳံရတဲ့ အခက္အခဲေတြကလည္း ေလာကသဘာဝေတြပါပဲ။ ဒီလို မိသားစုအတြက္ မျဖစ္မေန ႀကိဳးစားရတဲ့ အခါမ်ိဳးမွာ အားတင္းႏိုင္ပါ့မလား ဆိုတာနဲ႔ ေပ်ာ္႐ႊင္ဖို႔ အခ်ိန္ေတြေရာ ရွိပါ့မလား ေတြးရင္း စိတ္ေမာေန တတ္ၾကပါေသးတယ္။
(၇) ကံတရား
ကံတရားဆိုတာ ႀကိဳမျမင္ႏိုင္ေပမယ့္ လည္း ႀကိဳေတြးၿပီးလည္း ပူပန္တတ္ ၾကပါေသးတယ္။ လက္ထပ္ခဲ့ၿပီးမွ ခက္ခဲတဲ့ ကံတရားေတြ ေရာက္လာခဲ့ရင္ ဘယ္လို ရင္ဆိုင္ ရမ လဲဆိုတဲ့ စိတ္နဲ႔ ထိတ္လန႔္တတ္ၾကပါေသးတယ္။
Kham
ခရက္ဒစ္
ယူနီကုတ္
လက်ထပ်ခြင်းနဲ့ ပတ်သတ်ပြီး လူငယ်အများစု စိုးရိမ် ထိတ်လန့်တဲ့ အချက်(၇)ချက်…
အရွယ်ရောက်လာတဲ့ လူတိုင်းကတော့ အချိန်တန် လာတာနဲ့ လက်ထပ်ဖို့ အတွက် စိတ်ကူးယဉ် လာတတ်ပါတယ်။ လက်ထပ်ခြင်းကို မရှောင်လွဲ နိုင်ကြ သလိုပဲ လက်ထပ်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပြဿနာတွေ ကိုလည်း
ဖြစ်လာရင် ရှောင်မရ တတ်တာ လောကသဘာဝ တစ်ခု ပါပဲ။ မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင် အခြေအနေကြောင့် အရွယ်ရောက် လာတဲ့ လူငယ်အများ စုကတော့ လက်မထပ်ခင်မှာ အခုလို အချက်တွေကို တွေးပြီး စိုးရိမ်နေကြ ပါတယ်။
(၁) အိမ်ထောင်ရေး သာယာနိုင်ပါ့မလား
လူတိုင်း တွေးအပူဆုံး အချက်တစ်ခု ဖြစ်ပါ တယ်။ အိမ်ထောင်ပြုပြီး တဲ့နောက်မှာ သာယာတဲ့ အိမ်ထောင်တစ်ခု ဖြစ်လာနိုင်မလား ဆိုတာကို ယတိပြတ် မသိနိုင်တာကြောင့် ထိတ်လန့်နေ တတ်ကြ ပါတယ်။
သာယာအောင် ဖန်တီးဖို့ ကိုယ့်ပေါ်ပဲ မူတည်တယ် ဆိုပေမယ့်လည်း ကိုယ့်ကိုယ် ကိုရော လက်တွဲဖော်ကိုရော မသေချာတဲ့ ကံတရားကို အတပ်မပြော နိုင်လို့ စိုးရိမ်ကြခြင်း ဖြစ်ပါတယ်။
(၂) ဖောက်ပြန်ခဲ့ရင်ရော
ချစ်သူ ရည်းစား ဘဝတွေ မှာလည်း ဖောက်ပြန်မှုတွေ၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဖောက်ပြန်မှု ဇာတ်လမ်းတွေက စိုးရိမ် စိတ်တွေ ဖြစ်ပါတယ်။ လက်တွဲဖော် ကို မယုံတာ မျိုး မဟုတ်ပေမယ့် ဖြစ်လာ ခဲ့ရင် ဆိုတဲ့ စိတ်ကတော့ ဖြစ်နေတတ် ပါတယ်။
(၃) မချစ်ကြတော့ရင်
အချစ်တွေက ဘယ်လောက် ကြာနိုင် လဲလို့ တွေးတတ်ကြ ပါတယ်။ အချစ်တွေ မရှိတော့ ရင် အတူ ဘယ်လို ရှေ့ဆက်မလဲနဲ့ အိမ်ထောင်ပြုပြီးမှ တကယ် ချစ်မိတဲ့ သူကို ထပ်တွေ့သွားကြ ရင်ဆိုတဲ့ စိတ်ကို ပိုပြီး စိုးရိမ်တတ် ကြပါသေး တယ်။
(၄) ငွေကြေးအခက်အခဲ
တစ်ယောက်တည်း ဝင်ငွေနဲ့ မရပ်တည် နိုင်တဲ့ ခေတ်မှာ သားသမီးတွေ ရှိလာ ခဲ့ရင် ငွေကြေးအတွက်
ပြေလည်အောင် ဖြေရှင်းနိုင်ပ ါ့မလား တွေးပူ တတ်ကြ ပါတယ်။
(၅) ယုံကြည်ရပါ့မလား
ချစ်စခင်စ ကြင်နာစ မှာတော့ မိုးမမြင် လေမမြင် ယုံကြည် ရပေမယ့် အချိန်တွေ ကြာ သွားရင်ရော တစ်ယောက်ကို တစ်ယောက် တူတူ ရုန်းကန်ရာမှာ ဘာ အတွက်ဖြစ်ဖြစ် ယုံကြည် ရနိုင် မလားကို ဇဝေဇဝါ ဖြစ်နေတတ် ကြပါ တယ်။
(၆) ပျော်ရွှင်မှု ပျောက်သွားရင်ရော
လက်ထပ်တယ် ဆိုတာ လောက သဘာဝမို့ ဆိုပေမယ့် လက်ထပ်ပြီး ကြုံရတဲ့ အခက်အခဲတွေကလည်း လောကသဘာဝတွေပါပဲ။ ဒီလို မိသားစုအတွက် မဖြစ်မနေ ကြိုးစားရတဲ့ အခါမျိုးမှာ အားတင်းနိုင်ပါ့မလား ဆိုတာနဲ့ ပျော်ရွှင်ဖို့ အချိန်တွေရော ရှိပါ့မလား တွေးရင်း စိတ်မောနေ တတ်ကြပါသေးတယ်။
(၇) ကံတရား
ကံတရားဆိုတာ ကြိုမမြင်နိုင်ပေမယ့် လည်း ကြိုတွေးပြီးလည်း ပူပန်တတ် ကြပါသေးတယ်။ လက်ထပ်ခဲ့ပြီးမှ ခက်ခဲတဲ့ ကံတရားတွေ ရောက်လာခဲ့ရင် ဘယ်လို ရင်ဆိုင် ရမ လဲဆိုတဲ့ စိတ်နဲ့ ထိတ်လန့်တတ်ကြပါသေးတယ်။
Kham
No Comments