
လမ်းမှန်ကို အမြဲ ပြသပေးလို့
ခရက်ဒစ်
ယူနီကုတ်
ကမ္ဘာပေါ်က အမေတိုင်းမှာရှိတဲ့ တူညီတဲ့အချက်များ
အမေဆိုတာ လူတိုင်းအတွက်တော့ hero တစ်ယောက်ပါပဲနော်။ ကိုယ့်အပေါ် စစ်မှန်တဲ့ မေတ္တာတွေနဲ့ အချစ်နိုင်ဆုံး၊ အနွံတာခံနိုင်ဆုံး၊ အပြစ်မမြင် တတ်ဆုံး၊ ဂရုအစိုက်ဆုံး လူသားက အမေပဲ ရှိပါတယ်။
အမေတိုင်းက သားသမီးတွေ အပေါ် သူတို့ တစ်ဘဝလုံးနဲ့ရင်းပြီး ပြုစုပျိုးထောင် လာခဲ့ကြ ပြီးတော့ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်ဆုံးပစ် တတ်ကြ ပါတယ်။ ကိုယ့်အတွက်တော့ အမေ ဆိုတာ ဒီအချက်တွေနဲ့ ပြည့်စုံနေတဲ့ အတွက် ကိုယ့်ဘဝ အတွက် hero တစ်ယောက် ဖြစ်လာ ခဲ့စေတာ ပါပဲ။
ဘယ်တော့မှ မဝေဖန်တတ်ဘူး
အမေဆိုတာ သားသမီးတွေ ဘယ်လောက်ပဲ ဆိုးဝါးနေ ပါစေ ကိုယ့်သားသမီး ဘက်ကပဲ ရပ်တည်ပြီး ကာကွယ်ပေးမယ့် သူမျိုးပါ။ ဘယ်လို အခက်အခဲတွေ၊ ဘယ်လိုပြသာနာတွေပဲ ယူဆောင် လာခဲ့
ပါစေ ဝေဖန်မှုတွေ မပါပဲ အကောင်းဆုံး အားပေးနှစ်သိမ့် တတ်သူပဲ မဟုတ် လား။ ကို်ယ့်ရဲ့ခံစားချက်တိုင်းကို နားထောင်ပေးပြီး ကိုယ်အားရ ပါးရ ငိုကြွေးလို့ရတဲ့ ရင်ခွင် တစ်ခုလည်း ဖြစ်ပါတယ်။
တစ်ကိုယ်ကောင်း မဆန်ဆုံး လူသား
ဒီလောကကြီးထဲမှာ တစ်ကိုယ်ကောင်း မဆန်ဆုံး လူသားကို ပြပါ ဆိုရင် ဒါဟာ အမေပဲ ဖြစ်မှာပါ။ မိသားစု အတွက်ပဲ အချိန်တွေ ကုန်ရင်း၊ သားသမီးတွေ အတွက်ပဲ ဦးစားပေးရင်း ကိုယ့်အတွက် ကို မေ့လျော့နေ တတ်ကြသူတွေ ပါနော်။
တစ်ကိုယ်ကောင်းဆန်မှု ဆိုတာ ဘာမှန်းမသိတဲ့ အမေတွေဟာ အနစ်နာခံခြင်း ဆိုတာကိုတော့ ကောင်းကောင်းနားလည် တတ်ကြ သူတွေပါ။ ဒီလို တစ်ကိုယ်ကောင်း မဆန် တတ်ဆုံး လူသားဖြစ်တဲ့ အမေကတော့ ကိုယ့်ဘဝရဲ့ hero တစ်ယောက် ပါပဲ။
ကြင်နာပြီး နွေးထွေးစစ်မှန်တဲ့ မေတ္တာတွေအတွက်
အမေရဲ့ မေတ္တာဆိုတာ အနားမှာ မရှိရင်တောင် ခံစားနိုင်စွမ်း ရှိတဲ့ အားကောင်းတဲ့ မေတ္တာဓာတ်တွေပဲ ဖြစ်ပါတယ်။ ဟိုးအဝေးမှာ ရောက်နေရင်တောင် ထမင်းမှန်မှန်စား၊ ညနက်တဲ့ အထိ မနေနဲ့၊ အိမ်ပြန်ရောက်ပြီလား ဆိုတဲ့ စကားလုံးတွေ ထဲမှာ ခံစားမိ နိုင်ပါတယ်။
နေမကောင်းဘူး ဆိုတာနဲ့ အမေ့ကို တမ်းတတတ် တာဟာလည်း ကိုယ့်အပေါ် အနွေးထွေးနိုင်ဆုံးနဲ့ ဂရုအစိုက်နိုင်ဆုံး သူကို ရှာမိတာ ပဲ မဟုတ်လား။ ဒီလို စစ်မှန်နွေးထွေးစွာ ကြင်နာတတ် တဲ့ အမေက ကိုယ့်ဘဝရဲ့ သူရဲကောင်း တစ်ယောက်ပါ။
လမ်းမှန်ကို အမြဲ ပြသပေးလု့ိ
ရှုပ်ထွေးလှတဲ့ လောကကြီးထဲမှာ ကောင်းမွန်စွာ ရှင်သန်နေထိုင် နိုင်ဖို့ နည်းပေးလမ်းပြပေး ခဲ့တာကအမေ ပါ။ ဘယ်လို လုပ်ရပ်တွေက ဆိုးဝါးတယ်၊ ဘာတွေက မှန်ကန်တယ် ဆိုတာကို ငယ်ငယ် ကတည်းက
သင်ပြပေးပြီး ထက်ထက်မြက်မြက်ကြီးပြင်းစေ ခဲ့တဲ့အမေက ဘဝရဲ့ လက်ဦ းဆရာ ပါပဲ။ ဒါတွေကပဲ ကိုယ့်ဘဝမှာ အထောက်အကူတွေ အများကြီး ရပြီး လူဝင်ဆန့်နိုင်ခဲ့တာ ဖြစ် ပါတယ်။
လုပ်ရပ်တိုင်းက အတုယူသင့်နေလို့
အမေရဲ့ နေထိုင်ပုံတွေ၊ စိတ်ထားတွေ၊ အိမ်မှုကိစ ္စနိုင်နင်း ပုံတွေ၊ သူတစ်ပါးအပေါ် ကြင်နာတတ်မှုတွေ၊ မိသားစုအပေါ် ချစ်ခင် တတ်မှုတွေ အားလုံးက အတုယူစရာ ကောင်းနေ ပါတယ်။
နောက်ပြီး အမျိုးသမီး တစ်ယောက် အနေနဲ့ ဘဝကို အကောင်းဆုံး ရင်တိုင်တတ်တဲ့ စိတ်ထားတွေ၊ အခက်အခဲတိုင်းကို ဖြေရှင်းပုံ နည်းလမ်းတွေက တကယ့်ကို အတုယူ သင့်ပါ တယ်။
ဒါတွေကို သင်ယူရင်း ကြီးပြင်းဖို့ကတော့ ကိုယ့်တာဝန်ဖြစ် ပြီးတော့ ကိုယ့်ဘဝရဲ့ အလင်းရောင်ကို ဆောင်ကြည် းလာတဲ့ အမေကတော့ ကိုယ့်အတွက် hero တစ်ယောက် ပါပဲ။
No Comments