
အင္ဥ ခ်က္စားျခင္္း အက်ိဳးႏွင့္ တြဲမစား သင့္ေသာ အစားစာမ်ား
အင္ဥဟာ က်န္းမာေရးကို အေထာက္အကူျဖစ္ေစတဲ့ အာဟာရဓာတ္ေတြ မ်ားစြာ ပါဝင္ ပါတယ္။
ဗီီတာမင္ ဘီ၊ ဗီတာမင္ဒီ၊ေကာ့ပါး၊ ပိုတက္ဆီယမ္၊ Seleniun နဲ႔ Antioxidant တို႔ ႂကြယ္ဝစြာပါဝင္တဲ့အျပင္ အသားဓာတ္၊ အမၽွင္ဓာတ္နဲ႔ သံဓာတ္ေတြ လည္းပါဝင္ ပါတယ္။
ၿပီးေတာ့ ပရိုတိိန္းဓာတ္ေတြလည္း အမ်ားအျပား ပါဝင္တဲ့ အတြက္ လိုအပ္တဲ့ အမိုင္နိုအက္ဆစ္ေတြကို ျဖည့္ဆီးေပး ပါတယ္။ ပါဝင္တဲ့ အမၽွင္ဓာတ္ေတြေၾကာင့္ အူမႀကီးလွုပ္ရွားမွုကို ေကာင္းမြန္ေစၿပီး၊ ဝမ္းခ်ဳပ္ျခင္းကေန ကာကြယ္ေပး ပါတယ္။
အင္ဥမွာ အန္တီီေအာက္စီးဒန႔္ေတြ ပါဝင္တဲ့ အတြက္လည္း ဆဲလ္ေတြကို ဖ်က္ဆီးမယ့္ ဓာတ္ေတြကိုကာကြယ္ေပး ပါတယ္။
အန္တီေအာက္စီးဒန႔္ေတြဟာ ကင္ဆာေရာဂါ၊ ဆီးခ်ိဳေရာဂါေတြ ကေန ကာကြယ္ေပး ပါတယ္။
အင္ဥဟာ အခ်ိဳ႕ေသာ ဘက္တီးရီးယားေတြရဲ့ ႀကီးထြားမွုကို ေလ်ာ့က်ေစပါတယ္။ ပဋိဇီဝေဆးေတြကိုေတာင္ ခုခံအားျမင့္မားတဲ့ ဘက္တီးရီးယားေတြရဲ့ ႀကီးထြားဖြံ့ၿဖိဳးမွု ကိုေတာင္ရပ္တန႔္ေစ တယ္လို႔ဆို ပါတယ္။
ဒါ့အျပင္္ အင္ဥက ေရာင္ရမ္းမွုကို ေလ်ာ့က်ေစသလို အသည္း၊ အဆုတ္၊ ရင္သားအက်ိတ္ ဖြံ့ၿဖိဳးလာမွုကို တားဆီးေပးနိုင္တဲ့ အာနိသင္ ရွိပါ တယ္။
အင္ဥမွာ အာဟာရဓာတ္ေတြျဖစ္တဲ့ Antioxidant နဲ႔ Amino Acid တို႔ပါဝင္တဲ့အတြက္ ခႏၶာကိုယ္ရဲ့ခုခံအားစနစ္ကို ျမင့္တက္ေစၿပီး Copper ပါဝင္တာေၾကာင့္ သံဓာတ္စုပ္ယူမွုကို အားေကာင္းေစ ပါတယ္။
ၿပီးေတာ့ ကိုိယ္အေလးခ်ိန္ကို ျမင့္တက္ေစတဲ့ ကိုလက္စေထေရာနဲ႔ ကာဗိုဟိုက္ဒရိ တ္ပါဝင္မွု နည္းပါးၿပီးအမၽွင္ဓာတ္ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ႏွလုံးေရာဂါ၊ ႏွလုံးေရာဂါဆိုင္ရာ ျပႆနာနဲ႔ ေလျဖတ္ျခင္းကိုကာကြယ္ေပး ပါတယ္။
ေယာအတြင္းဝန္ ဦးဘိုးလွိုင္ရဲ့ ဥတုေဘာဇနသဂၤဟက်မ္းမွာ “ေျမဥ၊ အင္ဥ၊ မွိုဥ၊ မွိုမ်ိဳးတို႔ကို သံေသဒဇ ဟူ၍လည္းေကာင္း၊ ဘူမိဆႏၵဟူ၍ လည္းေကာင္း၊ သီလိႏၵက ဟူလည္းေကာင္းေခၚ၏။ ထိုမွိုမ်ိဳးတို႔သည္ က်ိခၽြဲကုန္၏။
ေအးကုန္၏။ ခ်ိဳဆိမ့္၏။ေၾကခဲ၏။ မစင္ၾကယ္လၽွင္ ဝမ္းသြန္၊ ဝမ္းပ်က္၊ သလိပ္နာတို႔ကိုျဖစ္ေစတတ္၏” ဆိုထားတာကိုေတြ႕ရပါတယ္။
သို႔ေသာ္လည္း မွိုဓာတ္မတည့္သူနဲ႔ အစာအဆိပ္သင့္ဖူးသူေတြအေနနဲ႔ေတာ့ အင္ဥကို ဆင္ျခင္စားသုံးသင့္ဖို႔လိုပါတယ္။
အင္ဥ အခ်ဥ္တည္ထားတဲ့ အစားအစာေတြနဲ႔ ၾကက္ဟင္းခါးသီ၊ပဲငပိ၊ ဒူးရင္းသီး၊ ေခ်ာကလက္တို႔နဲ႔ တြဲဖက္မစားသုံးသင့္ပါဘူး။
ဒီလိုရာသီ မိုးဦးက် အခ်ိန္မွာ အင္ပင္ေတြေအာက္ ေျမႀကီးကေလး ကြဲၿပီး အာေနရင္ အဲသည္ေနရာကို ဓားခၽြန္ေလး ဝါးစူးေလးနဲ႔ ယက္ျဖဲရွာၾကရပါတယ္္
အင္ဥဟာ မွိုိ အမ်ိဳးအစာ ျဖစ္တာေၾကာင့္ မွိုမွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြ ပါဝင္ပါတယ္ပရိုတင္း အမိုင္နိုအက္ဆစ္ဓာတ္ ကယ္လ္စီယမ္ မီးစုန္းဓာတ္ ေတြ ပါဝင္ပါတယ္္
က်န္းမာေရး အက်ိဳးျပဳ ရာသီစာ ျဖစ္ေသာ္လည္း အင္ဥ ႏွင့္ ဓာတ္မတည့္ သည့္ အစားအစာမ်ား မတည့္သူမ်ား ရွိနိုင္ေသာေၾကာင့္ သတိျပဳဆင္ျခင္ စားေသာက္ ရန္ လိုအပ္ပါတယ္
အင္ဥကို ဒညင္းသီး ပီေလာပီနံ၊ေမ်ာက္ငိုသီး ေၾကာင္လၽွာသီး ၾကက္ဟင္းခါး ၊ဂဏာန္း ဖားသား ဒူးရင္းသီး မၽွစ္ခ်ဥ္ ပုဇြန္ခ်ဥ္ ငါးခ်ဥ္ ဆူးပုပ္ ပဲငါးပိ တို႔နဲ႔ တြဲဖက္ မစားသင့္ပါ
မူးေဝ ေအာ့အန္ တတ္ပါတယ္
ေသြးတိုး ေရာဂါရွိသူေတြနဲ႔ ႏွလုံး သမားေတြ အတြက္လည္္း အင္ဥကို ေရွာင္သင့္ပါတယ္ အင္ဥဟာ ခါးကိုက္ ခါးနားတတ္ သူေတြ အစာ အဆိပ္သင့္တတ္သူေတြ အတြက္ ကေတာ့ သတိထားသင့္တဲအစား အစာပါ
အင္ဥမွာ ယူရစ္အက္ ဆစ္ဓာတ္ေတြ ေပါမ်ားစြာ ပါဝင္တာေၾကာင့္ ေလးဘက္နာ ေရာဂါသမားေတြနဲ႔ ေဂါက္ေရာဂါသမားေတြ သတိထား စားသင့္ ပါတယ္
အေထြေထြဗဟုသုတ
ယူနီကုတ္
အင်ဥ ချက်စားခြင်း အကျိုးနှင့် တွဲမစား သင့်သော အစားစာများ
အင်ဥဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင် ပါတယ်။
ဗီတာမင် ဘီ၊ ဗီတာမင်ဒီ၊ကော့ပါး၊ ပိုတက်ဆီယမ်၊ Seleniun နဲ့ Antioxidant တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် အသားဓာတ်၊ အမျှင်ဓာတ်နဲ့ သံဓာတ်တွေ လည်းပါဝင် ပါတယ်။
ပြီးတော့ ပရိုတိန်းဓာတ်တွေလည်း အများအပြား ပါဝင်တဲ့ အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေကို ဖြည့်ဆီးပေး ပါတယ်။ ပါဝင်တဲ့ အမျှင်ဓာတ်တွေကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး၊ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေး ပါတယ်။
အင်ဥမှာ အန်တီအောက်စီးဒန့်တွေ ပါဝင်တဲ့ အတွက်လည်း ဆဲလ်တွေကို ဖျက်ဆီးမယ့် ဓာတ်တွေကိုကာကွယ်ပေး ပါတယ်။
အန်တီအောက်စီးဒန့်တွေဟာ ကင်ဆာရောဂါ၊ ဆီးချိုရောဂါတွေ ကနေ ကာကွယ်ပေး ပါတယ်။
အင်ဥဟာ အချို့သော ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို လျော့ကျစေပါတယ်။ ပဋိဇီဝဆေးတွေကိုတောင် ခုခံအားမြင့်မားတဲ့ ဘက်တီးရီးယားတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကိုတောင်ရပ်တန့်စေ တယ်လို့ဆို ပါတယ်။
ဒါ့အပြင် အင်ဥက ရောင်ရမ်းမှုကို လျော့ကျစေသလို အသည်း၊ အဆုတ်၊ ရင်သားအကျိတ် ဖွံ့ဖြိုးလာမှုကို တားဆီးပေးနိုင်တဲ့ အာနိသင် ရှိပါ တယ်။
အင်ဥမှာ အာဟာရဓာတ်တွေဖြစ်တဲ့ Antioxidant နဲ့ Amino Acid တို့ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို မြင့်တက်စေပြီး Copper ပါဝင်တာကြောင့် သံဓာတ်စုပ်ယူမှုကို အားကောင်းစေ ပါတယ်။
ပြီးတော့ ကိုယ်အလေးချိန်ကို မြင့်တက်စေတဲ့ ကိုလက်စထေရောနဲ့ ကာဗိုဟိုက်ဒရိ တ်ပါဝင်မှု နည်းပါးပြီးအမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးရောဂါ၊ နှလုံးရောဂါဆိုင်ရာ ပြဿနာနဲ့ လေဖြတ်ခြင်းကိုကာကွယ်ပေး ပါတယ်။
ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ “မြေဥ၊ အင်ဥ၊ မှိုဥ၊ မှိုမျိုးတို့ကို သံသေဒဇ ဟူ၍လည်းကောင်း၊ ဘူမိဆန္ဒဟူ၍ လည်းကောင်း၊ သီလိန္ဒက ဟူလည်းကောင်းခေါ်၏။ ထိုမှိုမျိုးတို့သည် ကျိချွဲကုန်၏။
အေးကုန်၏။ ချိုဆိမ့်၏။ကြေခဲ၏။ မစင်ကြယ်လျှင် ဝမ်းသွန်၊ ဝမ်းပျက်၊ သလိပ်နာတို့ကိုဖြစ်စေတတ်၏” ဆိုထားတာကိုတွေ့ရပါတယ်။
သို့သော်လည်း မှိုဓာတ်မတည့်သူနဲ့ အစာအဆိပ်သင့်ဖူးသူတွေအနေနဲ့တော့ အင်ဥကို ဆင်ခြင်စားသုံးသင့်ဖို့လိုပါတယ်။
အင်ဥ အချဉ်တည်ထားတဲ့ အစားအစာတွေနဲ့ ကြက်ဟင်းခါးသီ၊ပဲငပိ၊ ဒူးရင်းသီး၊ ချောကလက်တို့နဲ့ တွဲဖက်မစားသုံးသင့်ပါဘူး။
ဒီလိုရာသီ မိုးဦးကျ အချိန်မှာ အင်ပင်တွေအောက် မြေကြီးကလေး ကွဲပြီး အာနေရင် အဲသည်နေရာကို ဓားချွန်လေး ဝါးစူးလေးနဲ့ ယက်ဖြဲရှာကြရပါတယ်
အင်ဥဟာ မှို အမျိုးအစာ ဖြစ်တာကြောင့် မှိုမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်ပရိုတင်း အမိုင်နိုအက်ဆစ်ဓာတ် ကယ်လ်စီယမ် မီးစုန်းဓာတ် တွေ ပါဝင်ပါတယ်
ကျန်းမာရေး အကျိုးပြု ရာသီစာ ဖြစ်သော်လည်း အင်ဥ နှင့် ဓာတ်မတည့် သည့် အစားအစာများ မတည့်သူများ ရှိနိုင်သောကြောင့် သတိပြုဆင်ခြင် စားသောက် ရန် လိုအပ်ပါတယ်
အင်ဥကို ဒညင်းသီး ပီလောပီနံ၊မျောက်ငိုသီး ကြောင်လျှာသီး ကြက်ဟင်းခါး ၊ဂဏာန်း ဖားသား ဒူးရင်းသီး မျှစ်ချဉ် ပုဇွန်ချဉ် ငါးချဉ် ဆူးပုပ် ပဲငါးပိ တို့နဲ့ တွဲဖက် မစားသင့်ပါ
မူးဝေ အော့အန် တတ်ပါတယ်
သွေးတိုး ရောဂါရှိသူတွေနဲ့ နှလုံး သမားတွေ အတွက်လည်း အင်ဥကို ရှောင်သင့်ပါတယ် အင်ဥဟာ ခါးကိုက် ခါးနားတတ် သူတွေ အစာ အဆိပ်သင့်တတ်သူတွေ အတွက် ကတော့ သတိထားသင့်တဲအစား အစာပါ
အင်ဥမှာ ယူရစ်အက် ဆစ်ဓာတ်တွေ ပေါများစွာ ပါဝင်တာကြောင့် လေးဘက်နာ ရောဂါသမားတွေနဲ့ ဂေါက်ရောဂါသမားတွေ သတိထား စားသင့် ပါတယ်
အထွေထွေဗဟုသုတ
No Comments