
“လူတစ္ေယာက္ရဲ႕ စိတ္ထားဟာ ကံတရားပါ”
တစ္ခါက သူေဌးတစ္ဦးဟာ ၿခံတစ္ၿခံ ဝယ္လိုက္ တယ္။ ျခံထဲက အိမ္ကိုျပင္ လိုက္တယ္။ ျခံေနာက္မွာ ႏွစ္ခ်ဳိ႕သစ္သီးပင္ေတြ ႐ွိတယ္။ ဒီအိမ္ကို ဝယ္ရတဲ့ အေၾကာင္းရင္းက အဲဒီ သစ္သီး ပင္ေတြေၾကာင့္ ပါပဲ။
အဲဒီ အသီးေတြကို သူေဌးကေတာ္ ၾကိဳက္ႏွစ္သက္ လို႔ပါ။ အိမ္ျပင္ေနခ်ိန္ အတြင္းမွာ မိတ္ေဆြ တခ်ဳိ႕က ေဗဒင္ဆရာေခၚၿပီး ကံၾကမၼာ ကိုၾကည့္ဖို႔ သူေဌးကို အႀကံေပး တယ္။ သူေဌးက ဒါေတြကို အယံုအၾကည္ ႐ွိ သူေတာ့ မဟုတ္ ပါဘူး။
ဒါေပမယ့္ မိတ္ေဆြေတြ က အႀကံေပးေတာ့ ေဗဒင္ ဆရာေခၚဖို႔ စဥ္းစား လိုက္တယ္။
ေဗဒင္ဆရာက နာမည္ႀကီး တစ္ဦးပါ။ ဆရာကို အေဝးႀကီး ကေန ပင့္ဖိတ္ၿပီး ဘူတာမွာ သူေဌးကိုယ္တိုင္ သြားႀကိဳ ခဲ့ပါ တယ္။ ဆရာ့ကို ေခၚၿပီး အိမ္ကိုျပန္ရာ လမ္းမွာ သူေဌးဟာ သူ႔ကားကို ေက်ာ္ဖို႔ႀကိဳးစားတဲ့ ကားတိုင္းကို လမ္းဖယ္ေပး ခဲ့ ပါတယ္။
ဒါကို ေဗဒင္ဆရာကတြ႔ေတာ့ “ခင္ဗ်ားကား ေမာင္းတာ ေတာ္ေတာ္ တည္ၿငိမ္တာပဲ” လို႔ဆိုတယ္။ သူေဌးက “ကားေက်ာ္ဖို႔ႀကိဳးစား သူတိုင္းဟာ အေရးႀကီးတဲ့ ကိစၥ တစ္ခုခု ႐ွိလို႔ေ နမွာပါ။ သူတို႔ သြားလို ရာလမ္းမွာ အခ်ိန္ေႏွာင့္ေႏွးလို႔ မျဖစ္ဘူး” လို႔ ရယ္ၿပီး ေျပာပါတယ္။
အိမ္နားေရာက္ခါနီး လမ္းက်ဥ္း တစ္ခုမွာ သူေဌးက ကားအ႐ွိန္ ကိုေလ်ာ့လိုက္ ပါတယ္။ ကေလးငယ္ တစ္ေယာက္ လမ္းၾကားကေန ၿပံဳးၿပံဳး႐ႊင္႐ႊင္ ထြက္ေျပး လာပါ တယ္။ သူေဌးက ကားဘရိတ္ အုပ္ၿပီး လမ္းေဘး ခ်ထား လိုက္တယ္။
ကေလးငယ္ ျဖတ္ေက်ာ္ သြားေပမယ့္ သူဟာ ကားဆက္ မေမာင္းဘဲ ဘရိတ္ကို နင္းၿပီး လမ္းၾကားဘက္ ၾကည့္ေန တုန္းပါ။ တစ္ခုခုကို ေစာင့္ေနသလို ပါပဲ ခဏေနေတာ့ ကေလးငယ္ေနာက္ တစ္ေယာက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ထြက္ေျပး လာျပန္ ပါတယ္။
ေ႐ွ႕ကေျပးသြားတဲ့ ကေလးေနာက္ လိုက္ေျပး သြားပါ တယ္။ ဒါကို ေဗဒင္ဆရာက “ေနာက္မွာ ကေလးတစ္ေယာက္ ႐ွိေသး တယ္ဆိုတာ ခင္ဗ်ား ဘယ္လို သိလဲ” လို႔ေမးပါတယ္။
သူေဌးက .. “ကေလးဆိုတာ တစ္ေယာက္ကို တစ္ေယာက္ ေျပးလိုက္ .. လိုက္လိုက္ ေဆာ့ကစား ၾကတယ္။ သူ႔တစ္ေယာက္ တည္းနဲ႔ေတာ့ အဲေလာက္ ၿပံဳးၿပံဳး႐ႊင္႐ႊင္ေျပး လႊားေနမွာ မဟုတ္လို႔ပါ..” လို႔ဆို တယ္။
အိမ္ကို ျပန္ေရာက္ေတာ့ သူေဌးက ကားေပၚက ဆင္းၿပီး ၿခံတံခါးဖြင့္ဖို႔ ေသာ့ထုတ္ေတာ့ အိမ္ေနာက္ၿခံထဲမွာ ငွက္တခ်ဳိ႕ ႐ုတ္တရက္ ထပ်ံ သြားတာကို ေတြ႔လိုက္ တယ္။ သူေဌးက ၿခံတံခါးမဖြင့္ေသးဘဲအားနာတဲ့ ပံုစံနဲ႔ “ဆရာ… ခဏေလာက္ ေစာင့္ပါေနာ္” လို႔ဆိုတယ္။
ဘာေၾကာင့္လဲ လို႔ ဆရာကေမးေတာ့ သူေဌးက “အိမ္ေနာက္ၿခံထဲမွာ ကေလးေတြ သစ္သီးဝင္ခိုး ေနတယ္ ထင္တယ္။ ကၽြန္ေတာ္တို႔ အခုခ်ိန္ဝင္ သြားရင္ ကေလးေတြ လန္႔ၿပီး သစ္ပင္ေပၚက ျပဳတ္က်ရင္ ေျခလက္ေတြ က်ဳိးမွာ စိုး တယ္။
သူတို႔ကို ေပးခူးလိုက္မယ္… ကၽြန္ေတာ္တို ႔ ၿခံျပင္ဘက္ကို အရင္ပတ္ ၾကည့္ၾက တာေပါ့” လို႔ဆိုတယ္။
သူေဌးရဲ႕ေျပာစကားကို ၾကားေတာ့ ဆရာက တစ္ခ်က္ စဥ္းစား လိုက္ၿပီး “ကၽြန္ေတာ့္ကို ဘူတာ ပဲျပန္ပို႔လိုက္ပါ။ ဒီအိမ္သားေတြရဲ႕ကံၾကမၼာကို ကၽြန္ေတာ္ မၾကည့္ေတာ့ ပါဘူး” လို႔ေျပာတယ္။
သူေဌးက တအံ့တၾသနဲ႔ ဘာျဖစ္ လို႔လဲ ေမးေတာ့ ဆရာက “ဟုတ္ပါတယ္… ခင္ဗ်ားသာ႐ွိရင္ ခင္ဗ်ား႐ွိတဲ့အရပ္က တကယ္ေကာင္းတဲ့ ေနရာမို႔ပါ” လို႔႐ွင္းျပ တယ္။
လူရဲ႕အျပဳအမူက ကံတရား ျဖစ္ပါတယ္။ အျပဳအမူ လုပ္ရပ္ ေကာင္းတယ္၊ ၾကင္နာတတ္တယ္၊ ကိုယ္ခ်င္းစာတရား လက္ကိုင္ ထားရင္ သူဘယ္ေရာက္ေရာက္ သူေရာက္တဲ့ အရပ္ဟာ ကံေကာင္းတဲ့ အရပ္ျဖစ္ တယ္။၏
ဆန္႔က်င္ဘက္ အေနနဲ႔ အက်င့္စ႐ုိက္ မေကာင္းသူ၊ ကိုယ္ခ်င္ းစာတရား ကင္းမဲ့သူေတြဟာ ဘယ္လိုပဲ ႀကိဳးစား ႐ုန္းကန္လည္း အက်ဳိး မျဖစ္ထြန္းပ ါဘူး။ ကိုယ္ကိုယ္တိုင္ဟာ အရာအားလံုးရဲ႕ ရင္းျမစ္ျဖစ္ ပါတယ္။
ေလးစားစြာျဖင့္ Credit……
Unicode
“လူတစ်ယောက်ရဲ့ စိတ်ထားဟာ ကံတရားပါ”
တစ်ခါက သူဌေးတစ်ဦးဟာ ခြံတစ်ခြံ ဝယ်လိုက် တယ်။ ခြံထဲက အိမ်ကိုပြင် လိုက်တယ်။ ခြံနောက်မှာ နှစ်ချို့သစ်သီးပင်တွေ ရှိတယ်။ ဒီအိမ်ကို ဝယ်ရတဲ့ အကြောင်းရင်းက အဲဒီ သစ်သီး ပင်တွေကြောင့် ပါပဲ။
အဲဒီ အသီးတွေကို သူဌေးကတော် ကြိုက်နှစ်သက် လို့ပါ။ အိမ်ပြင်နေချိန် အတွင်းမှာ မိတ်ဆွေ တချို့က ဗေဒင်ဆရာခေါ်ပြီး ကံကြမ္မာ ကိုကြည့်ဖို့ သူဌေးကို အကြံပေး တယ်။ သူဌေးက ဒါတွေကို အယုံအကြည် ရှိ သူတော့ မဟုတ် ပါဘူး။
ဒါပေမယ့် မိတ်ဆွေတွေ က အကြံပေးတော့ ဗေဒင် ဆရာခေါ်ဖို့ စဉ်းစား လိုက်တယ်။
ဗေဒင်ဆရာက နာမည်ကြီး တစ်ဦးပါ။ ဆရာကို အဝေးကြီး ကနေ ပင့်ဖိတ်ပြီး ဘူတာမှာ သူဌေးကိုယ်တိုင် သွားကြို ခဲ့ပါ တယ်။ ဆရာ့ကို ခေါ်ပြီး အိမ်ကိုပြန်ရာ လမ်းမှာ သူဌေးဟာ သူ့ကားကို ကျော်ဖို့ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေး ခဲ့ ပါတယ်။
ဒါကို ဗေဒင်ဆရာကတွ့တော့ “ခင်ဗျားကား မောင်းတာ တော်တော် တည်ငြိမ်တာပဲ” လို့ဆိုတယ်။ သူဌေးက “ကားကျော်ဖို့ကြိုးစား သူတိုင်းဟာ အရေးကြီးတဲ့ ကိစ္စ တစ်ခုခု ရှိလို့ေ နမှာပါ။ သူတို့ သွားလို ရာလမ်းမှာ အချိန်နှောင့်နှေးလို့ မဖြစ်ဘူး” လို့ ရယ်ပြီး ပြောပါတယ်။
အိမ်နားရောက်ခါနီး လမ်းကျဉ်း တစ်ခုမှာ သူဌေးက ကားအရှိန် ကိုလျော့လိုက် ပါတယ်။ ကလေးငယ် တစ်ယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေး လာပါ တယ်။ သူဌေးက ကားဘရိတ် အုပ်ပြီး လမ်းဘေး ချထား လိုက်တယ်။
ကလေးငယ် ဖြတ်ကျော် သွားပေမယ့် သူဟာ ကားဆက် မမောင်းဘဲ ဘရိတ်ကို နင်းပြီး လမ်းကြားဘက် ကြည့်နေ တုန်းပါ။ တစ်ခုခုကို စောင့်နေသလို ပါပဲ ခဏနေတော့ ကလေးငယ်နောက် တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေး လာပြန် ပါတယ်။
ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေး သွားပါ တယ်။ ဒါကို ဗေဒင်ဆရာက “နောက်မှာ ကလေးတစ်ယောက် ရှိသေး တယ်ဆိုတာ ခင်ဗျား ဘယ်လို သိလဲ” လို့မေးပါတယ်။
သူဌေးက .. “ကလေးဆိုတာ တစ်ယောက်ကို တစ်ယောက် ပြေးလိုက် .. လိုက်လိုက် ဆော့ကစား ကြတယ်။ သူ့တစ်ယောက် တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင်ပြေး လွှားနေမှာ မဟုတ်လို့ပါ..” လို့ဆို တယ်။
အိမ်ကို ပြန်ရောက်တော့ သူဌေးက ကားပေါ်က ဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပျံ သွားတာကို တွေ့လိုက် တယ်။ သူဌေးက ခြံတံခါးမဖွင့်သေးဘဲအားနာတဲ့ ပုံစံနဲ့ “ဆရာ… ခဏလောက် စောင့်ပါနော်” လို့ဆိုတယ်။
ဘာကြောင့်လဲ လို့ ဆရာကမေးတော့ သူဌေးက “အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုး နေတယ် ထင်တယ်။ ကျွန်တော်တို့ အခုချိန်ဝင် သွားရင် ကလေးတွေ လန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင် ခြေလက်တွေ ကျိုးမှာ စိုး တယ်။
သူတို့ကို ပေးခူးလိုက်မယ်… ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင်ပတ် ကြည့်ကြ တာပေါ့” လို့ဆိုတယ်။
သူဌေးရဲ့ပြောစကားကို ကြားတော့ ဆရာက တစ်ချက် စဉ်းစား လိုက်ပြီး “ကျွန်တော့်ကို ဘူတာ ပဲပြန်ပို့လိုက်ပါ။ ဒီအိမ်သားတွေရဲ့ကံကြမ္မာကို ကျွန်တော် မကြည့်တော့ ပါဘူး” လို့ပြောတယ်။
သူဌေးက တအံ့တသြနဲ့ ဘာဖြစ် လို့လဲ မေးတော့ ဆရာက “ဟုတ်ပါတယ်… ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ်ကောင်းတဲ့ နေရာမို့ပါ” လို့ရှင်းပြ တယ်။
လူရဲ့အပြုအမူက ကံတရား ဖြစ်ပါတယ်။ အပြုအမူ လုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရား လက်ကိုင် ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့ အရပ်ဟာ ကံကောင်းတဲ့ အရပ်ဖြစ် တယ်။၏
ဆန့်ကျင်ဘက် အနေနဲ့ အကျင့်စရိုက် မကောင်းသူ၊ ကိုယ်ချင် းစာတရား ကင်းမဲ့သူတွေဟာ ဘယ်လိုပဲ ကြိုးစား ရုန်းကန်လည်း အကျိုး မဖြစ်ထွန်းပ ါဘူး။ ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ် ပါတယ်။
No Comments