
စိတ္ဖိစီးတဲ့ လုပ္ငန္းခြင္ ျပႆနာေတြအတြက္ သင္ ျပဳလုပ္ႏိုင္တဲ့ အရာမ်ား
လုပ္ငန္းခြင္ ဆိုတာက ေန႔စဥ္ေရွာင္ မရတဲ့ အရာတစ္ခု ျဖစ္ပါတယ္။ အေၾကာင္း အမ်ိဳးမ်ိဳးနဲ႔ လုပ္ငန္းခြင္ေတြကေန သင့္ကို စိတ္ဖိစီးမႈေတြ ျဖစ္ေစႏုိင္ ပါတယ္။ အလုပ္က ရတဲ့ စိတ္ဖိစီ းမႈေတြကို သင့္ကို ပင္ပန္းသထက္ ပင္ပန္းေစလာၿပီ ဆိုရင္ေတာ့ ဒီလိုမ်ိဳး သက္သာေအာင္ ျပဳလုပ္လို႔ ရႏိုင္ ပါတယ္။
(၁) အဓိက ျပႆနာက ဘာလဲ သံုးသပ္ပါ
လုပ္ငန္းခြင္ေၾကာင့္ တစ္ေန႔ တစ္ေန႔ စိတ္ဖိစီးေန ရင္ေတာ့ အေျဖရွာၾကည့္ပါ။ သင့္ လုပ္ငန္းခြင္မွာ ရွိတဲ့ ဘယ္လို အေၾကာင္းအရာက သင့္ကို စိတ္ဖိစီးေစတယ္ ဆိုတာကို စဥ္းစားၾကည့္ ပါ။
မတိုးတက္ေစ တာေၾကာင့္ လား။ အလုပ္ကို အာရံုစိုက္ မရ လို႔လား။ အလုပ္အရမ္း လုပ္ရ လို႔လား။ လူေတြေၾကာင့္လား။ လုပ္ငန္းခြင္နဲ႔ မတူ တာေၾကာင့္လား စသျဖင့္ ေတြးၾကည့္ တာက သင့္ေျဖရွင္းဖို႔အတြက္ အေျဖ ေတြ႔ေစမွာပါ။
(၂) ေျဖရွင္းပါ
သင့္ကို စိတ္ဖိစီးတဲ့ အရာကို ေျဖရွင္းတာ ကလည္း သင့္ကို စိတ္သက္သာရာ ရေစႏိုင္ ပါတယ္။ လူေတြေၾကာင့္ဆိုရင္ သင့္အလုပ္ ကိုပဲ အာရံုစိုက္ၿပီး လူေတြနဲ႔ လည္း အလုပ္အရပဲ ေျပာဆို စရာ ရွိတာ ေျပာဆိုပါ။
အလုပ္အရမ္းမ်ား ရင္လည္း ကိုယ့္ကိုယ္ကို က်န္းမာ အားရွိေအာင္ ေနၿပီး အလုပ္နဲ႔ မွ်တဲ့ လုပ္ခလစာ ေတာင္းဖို႔ မေမ့ပါနဲ႔။ ကိုယ္ လုပ္ ရတာနဲ႔ ထိုက္တန္တဲ့ လခ ရျခင္းကလည္း သင့္ရဲ႕ ပင္ပန္းမ ႈေတြကို ေလ်ာ့နည္းေစ မွာပါ။
(၃) ကိုယ္ေရးကိုယ္တာ မဆန္ပါေစနဲ႔
အလုပ္မွာ ဆံုတဲ့ လူေတြ ဆိုတာ သင့္သူငယ္ခ်င္းေတြ မဟုတ္ ပါဘူး။ လုပ္ေဖာ္ကိုင္ဖက္ေတြ ဆိုတာ မေမ့လိုက္ပါနဲ႔။ လူမႈေရး အရမ္းဆန္ၿပီး လူေတြနဲ႔ ေပါင္းတဲ့ အခါ အလုပ္လုပ္တဲ့ အခါမွာ အဆင္မေျပတာေတြ ျဖစ္ေစ သလို သင့္အတြက္ စိတ္အေႏွာင့္အယွက္ လည္း ျဖစ္ေစႏိုင္ ပါေသးတယ္။
ဒါေၾကာင့္ အလုပ္ကို အလုပ္လို လုပ္ပါ။ အလုပ္က သူေတြကိုလည္း လုပ္ေဖာ္ကိုင္ဖက္ေတြ လိုပဲ ဆက္ဆံပါ။
(၄) အလုပ္ပဲ မွန္ေအာင္ လုပ္ပါ
အလုပ္ေၾကာင့္ မဟုတ္တဲ့ တစ္ျခား ဖိစီးမႈေတြ သာ အရမ္းမ်ားေန ရင္ေတာ့ သင္ လုပ္ရမယ့္ အလုပ္ကိုသာ အာရံုစိုက္ၿပီး အလုပ္ကိုသာ လုပ္ပါ။ အလုပ္လုပ္ျခင္းက အာရံုမျပန္႔ေစ သလို အလုပ္ကို ျမန္ျမန္ၿပီးေျမာက္ေစ တာေၾကာင့္ သင့္ကို စိတ္ခ်မ္းသာမႈ ရေစ ႏိုင္ပါ တယ္။
(၅) အလုပ္ေျပာင္းပါ
ဒီအလုပ္က သင့္ကို အခ်ိန္ျပည့္ ဖိစီးမႈေတြ ေပးေနၿပီး သင္ ဆက္လုပ္ေနရင္ သင့္အတြက္ စိတ္ဆင္းရဲစရာေတြသာ ျဖစ္ေနမယ္ ဆိုရင္ေတာ့ အလုပ္ထြက္ၿပီး ေနာက္ထပ္ အဆင္ေျပတဲ့ လုပ္ငန္းခြင္
အသစ္ကို ေျပာင္းဖို႔ ႀကိဳးစား တာက အေျဖ ျဖစ္ပါတယ္။ ဒီ လုပ္ငန္းခြင္မွာပဲ ဆက္ေနတာ မ်ိဳးက သင့္ကို ပိုဆိုးတဲ့ အေျခအေနေတြနဲ႔ စိတ္ရႈပ္မႈေတြပဲ ရေစ မွာပါ။
Kham
Credit
Unicode
စိတ်ဖိစီးတဲ့ လုပ်ငန်းခွင် ပြဿနာတွေအတွက် သင် ပြုလုပ်နိုင်တဲ့ အရာများ
လုပ်ငန်းခွင် ဆိုတာက နေ့စဉ်ရှောင် မရတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးနဲ့ လုပ်ငန်းခွင်တွေကနေ သင့်ကို စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင် ပါတယ်။ အလုပ်က ရတဲ့ စိတ်ဖိစီ းမှုတွေကို သင့်ကို ပင်ပန်းသထက် ပင်ပန်းစေလာပြီ ဆိုရင်တော့ ဒီလိုမျိုး သက်သာအောင် ပြုလုပ်လို့ ရနိုင် ပါတယ်။
(၁) အဓိက ပြဿနာက ဘာလဲ သုံးသပ်ပါ
လုပ်ငန်းခွင်ကြောင့် တစ်နေ့ တစ်နေ့ စိတ်ဖိစီးနေ ရင်တော့ အဖြေရှာကြည့်ပါ။ သင့် လုပ်ငန်းခွင်မှာ ရှိတဲ့ ဘယ်လို အကြောင်းအရာက သင့်ကို စိတ်ဖိစီးစေတယ် ဆိုတာကို စဉ်းစားကြည့် ပါ။
မတိုးတက်စေ တာကြောင့် လား။ အလုပ်ကို အာရုံစိုက် မရ လို့လား။ အလုပ်အရမ်း လုပ်ရ လို့လား။ လူတွေကြောင့်လား။ လုပ်ငန်းခွင်နဲ့ မတူ တာကြောင့်လား စသဖြင့် တွေးကြည့် တာက သင့်ဖြေရှင်းဖို့အတွက် အဖြေ တွေ့စေမှာပါ။
(၂) ဖြေရှင်းပါ
သင့်ကို စိတ်ဖိစီးတဲ့ အရာကို ဖြေရှင်းတာ ကလည်း သင့်ကို စိတ်သက်သာရာ ရစေနိုင် ပါတယ်။ လူတွေကြောင့်ဆိုရင် သင့်အလုပ် ကိုပဲ အာရုံစိုက်ပြီး လူတွေနဲ့ လည်း အလုပ်အရပဲ ပြောဆို စရာ ရှိတာ ပြောဆိုပါ။
အလုပ်အရမ်းများ ရင်လည်း ကိုယ့်ကိုယ်ကို ကျန်းမာ အားရှိအောင် နေပြီး အလုပ်နဲ့ မျှတဲ့ လုပ်ခလစာ တောင်းဖို့ မမေ့ပါနဲ့။ ကိုယ် လုပ် ရတာနဲ့ ထိုက်တန်တဲ့ လခ ရခြင်းကလည်း သင့်ရဲ့ ပင်ပန်းမ ှုတွေကို လျော့နည်းစေ မှာပါ။
(၃) ကိုယ်ရေးကိုယ်တာ မဆန်ပါစေနဲ့
အလုပ်မှာ ဆုံတဲ့ လူတွေ ဆိုတာ သင့်သူငယ်ချင်းတွေ မဟုတ် ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေ ဆိုတာ မမေ့လိုက်ပါနဲ့။ လူမှုရေး အရမ်းဆန်ပြီး လူတွေနဲ့ ပေါင်းတဲ့ အခါ အလုပ်လုပ်တဲ့ အခါမှာ အဆင်မပြေတာတွေ ဖြစ်စေ သလို သင့်အတွက် စိတ်အနှောင့်အယှက် လည်း ဖြစ်စေနိုင် ပါသေးတယ်။
ဒါကြောင့် အလုပ်ကို အလုပ်လို လုပ်ပါ။ အလုပ်က သူတွေကိုလည်း လုပ်ဖော်ကိုင်ဖက်တွေ လိုပဲ ဆက်ဆံပါ။
(၄) အလုပ်ပဲ မှန်အောင် လုပ်ပါ
အလုပ်ကြောင့် မဟုတ်တဲ့ တစ်ခြား ဖိစီးမှုတွေ သာ အရမ်းများနေ ရင်တော့ သင် လုပ်ရမယ့် အလုပ်ကိုသာ အာရုံစိုက်ပြီး အလုပ်ကိုသာ လုပ်ပါ။ အလုပ်လုပ်ခြင်းက အာရုံမပြန့်စေ သလို အလုပ်ကို မြန်မြန်ပြီးမြောက်စေ တာကြောင့် သင့်ကို စိတ်ချမ်းသာမှု ရစေ နိုင်ပါ တယ်။
(၅) အလုပ်ပြောင်းပါ
ဒီအလုပ်က သင့်ကို အချိန်ပြည့် ဖိစီးမှုတွေ ပေးနေပြီး သင် ဆက်လုပ်နေရင် သင့်အတွက် စိတ်ဆင်းရဲစရာတွေသာ ဖြစ်နေမယ် ဆိုရင်တော့ အလုပ်ထွက်ပြီး နောက်ထပ် အဆင်ပြေတဲ့ လုပ်ငန်းခွင်
အသစ်ကို ပြောင်းဖို့ ကြိုးစား တာက အဖြေ ဖြစ်ပါတယ်။ ဒီ လုပ်ငန်းခွင်မှာပဲ ဆက်နေတာ မျိုးက သင့်ကို ပိုဆိုးတဲ့ အခြေအနေတွေနဲ့ စိတ်ရှုပ်မှုတွေပဲ ရစေ မှာပါ။
Kham
No Comments