သင့်ရဲ့ရည်းစားဟောင်းကို ဘယ်တော့မှမမေးသင့်တဲ့ မေးခွန်း(၄)ခု - Amawpyay
အချစ်ရေး
(၁)။ ရည်းစားသစ်ရနေပြီလား
(၃)။ ငါ့ကိုချစ်သေးလား
Credit Shwemom
Unicode
သင့်ရဲ့ရည်းစားဟောင်းကို ဘယ်တော့မှမမေးသင့်တဲ့ မေးခွန်း(၄)ခု
သင့်ဆီမှာ ရည်းစားဟောင်းတွေ ဘယ်လောက်များများ ရှိမလဲ မသိပေမယ့် တစ်ကြိမ်တစ်ခါလောက်တော့ လမ်းသွားရင်း၊ ကော်ဖီဆိုင် ထိုင်ရင်း၊ ဈေးဝယ် ထွက်ရင်း ရည်းစားဟောင်းနဲ့ အမှတ်မထင် ပြန်ဆုံနိုင် ပါသေးတယ်။
အဲဒီလို အခြေအနေတွေ ဆိုရင် သင် ပြောမှာက ဘာလဲ။ သင့်အနေနဲ့ နေကောင်းလား? အဆင်ပြေရဲ့လား? စတာတွေကို မေးနိုင်ပေမယ့် ရည်းစားဟောင်းနဲ့တွေ့ချိန်မှာ မမေးသင့် တဲ့မေးခွန်းတွေ လည်းရှိပါသေးတယ်။ ဘယ်တော့မှ မမေးသင့် တဲ့မေးခွန်း(၄)ခုပေါ့။
(၁)။ ရည်းစားသစ်ရနေပြီလား
ဒီမေးခွန်းက သင့်အနေနဲ့ သူ့ကို မျှော်လင့်နေဆဲ ဖြစ်တယ်လို့ အဓိပ္ပာယ်ပေါက်သွားစေပါတယ်။ ရည်းစားသစ် မရသေးဘူး ဆိုရင် ငါနဲ့ပြန်တွဲ ရအောင်လို့ မပြောရုံ တမယ် ပါပဲ။ သင်နဲ့သူက မဆိုင်တော့ဘူးလေ။ အဲဒီတော့ ရည်းစားအသစ် ရပြီ ဆိုရင်လည်း သူ့ဘာသာ သူနေပါစေ။
(၂)။ ပို ၀ လာတာလား? ပို ပိန်သွားတာလား?
သူ့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ဒီလိုမေးခွန်း မျိုးကို မမေးသင့် ပါဘူး။ မသိရင်ပဲ သူက သင်နဲ့လမ်းခွဲလိုက်လို့ ပို ၀ လာသလိုလို ၊ ပို ပိန်သွား သလိုလို ဘာလိုလိုနဲ့လေ။ ဒီမေးခွန်းကြောင့် သူလည်း မခံချင်ဖြစ်သွားနိုင်ပြီး သင့်ကို (၂)ဆပိုတိုးလို့ အမြင်ကတ် သွားပါ လိမ့်မယ်။
(၃)။ ငါ့ကိုချစ်သေးလား
ဘယ်လိုမေးခွန်းကြီ းပါလိမ့်။ ဒဲ့ကြီးနော်။ ကိုယ်တွေ ကိုသာ ရည်းစားဟောင်းက အဲဒီလို မေးလာရင်တော့ “သေလိုက်” လို့ပဲ ပြန်ပြော လိုက်မှာ။
ဘယ့်နှယ် မတွဲချင်လို့ လမ်းခွဲပြီးပါပြီ ဆိုမှ ချစ်သေးလား ဘာညာ လာလုပ် နေသေးတယ်။ ဒါပေမယ့် ချစ်လျက်နဲ့ကွဲ ခဲ့တာ ဘာညာတွေ ဆိုရင်တော့ “ချစ်သေးတယ်” လို့ ဝန်ခံလိုက် ရုံနဲ့တင် ပြန်အဆင်ပြေသွားနိုင် တဲ့ မေးခွန်းလည်းဖြစ် ပါတယ်။
(၄)။ ငါ့အကြွေးတွေဘယ်တော့ပြန်ပေးမှာလဲ
တကယ့်ကို ကြေကွဲစရာမေးခွန်းကြီးပါ။ ရည်းစားဟောင်းနဲ့ ပြန်တွေ့လိုက် ရတဲ့ အချိန် အမေးခံလိုက်ရတာက ငါ့အကြွေးတွေ ဘယ်တော့ပြန်ပေး မှာလဲ တဲ့။ ဒီလိုမေးခွန်းမျိုးက အရမ်းရိုင်း ပါတယ်နော်။
ကိုယ်က သူ့ကိုချေးထား တယ်ဆိုရင်လည်း ရည်းစားဘ၀ ပြီးသွား တဲ့နောက် ပြန်မတောင်း သင့်တော့ပါဘူး။ သူ့ဆီက ကိုယ်ယူထားတယ် ဆိုရင်လည်း ပြန်မပေးသင့်တော့ ပါဘူး။ မမေးသင့်ဆုံးမေးခွန်းကြီးပါ။
Credit Shwemom
No Comments
Leave a Reply
Your email address will not be published.
အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …
အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …
အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …