လေးစားစွာဖြင့် ခရက်ဒစ်
ယူနီကုတ်
“လျှို့ဝှက်ချက်ကို သတိဖြင့် ထိန်းပါ”
လူတိုင်း၌ လျှို့ဝှက်ချက်ကိုယ်စီရှိကြပါတယ်။
ကျွန်တော်တို့ အယောက်စီ တိုင်းမှာလည်း လျှို့ဝှက်ချက် ကိုယ်စီ ရှိကြတယ်။ တိတ်တခိုး သိုမှီးထားတဲ့ စိတ်ကူးယဉ် အိမ်မက်တွေ၊ ကျိတ်မိတ်ပြီး
လူအများ မသိအောင် လုပ်နေတဲ့ အလုပ်တွေ၊ ကိုယ့်စဉ်းစားတွေးခေါ်ပုံတွေ စသည့် အရာများ များစွာ ရှိပါတယ်။
လျှို့ဝှက်ချက် တစ်ခုက ကိုယ့်ဘဝကို ပြောင်းလဲစေနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်နိုင် ပါတယ်။ ကျွန်တော်တို့ရဲ့ နှုတ်က ထိုလျှို့ဝှက်ချက်အား လေးစားကြည်ညို ရတဲ့ ဆရာ၊ မိဘ စသည့် ကိုယ်နဲ့ရင်းနှီးခင်မင်တဲ့ မိတ်ဆွေ ညီနောင်သားချင်းတွေကို ပြောမိ တတ်ကြ သည်။
သို့သော် ပညာရှိများက လျှို့ဝှက်သော အမှုကို လျှို့ဝှက်မှ သာကောင်းပါ တယ်ဟု ခံယူကြသည်။ လျှို့ဝှက်ချက် တစ်ခုကို မထိန်းနိုင်ပဲ ပြောမိ ပါက တစ်နေ့ အကျိုးပြတ် ရစမြဲသာ ဖြစ်သည်မှာ အသေအချာပင်။
လူ့ပါးစပ်ပေါက် ဆိုတာ ပိတ်ဖို့မလွယ် ပါ။ ဒါကြောင့် ကိုယ့်လျှို့ဝှက် ချက်ကို ကိုယ်ယုံကြည်ရတဲ့ သူ ကိုလည်း မပြော သင့်ပါ။
စကားပုံ တစ်ခု ရှိပါသည်။ ‘လျှို့ဝှက်ချက် တစ်ခုကို သင်သည် ထိန်းသိမ်း ထားနိုင်လျှင် ထိုလျှို့ဝှက်ချက်၏ အရှင်သခင်ဖြစ်၍ မထိန်းသိမ်းထား နိုင်ပါက သင်သည် ထိုလျှို့ဝှက်ချက် ၏ ကျေးကျွန်ဖြစ်မည်’ သာဖြစ် သည်။
ကိုယ်တိုင်လည်း ဖွင့်ဟ မိလို့ အကျိုးပျက်စီးခဲ့ ရပါတယ်။ ဒါကြောင့် ကိုယ့်လျှို့ချက်ကို ဘယ်သူ့ကိုမှ မဖွင့်ဟတာ အကောင်းဆုံးပါပဲ။ ကိုယ်တိုင်
တွေ့ကြုံ ခဲ့ ရလို့ သူငယ်ချင်းတို့လည်း ဒီလိုမျိုး မဖြစ်အောင် ထိန်းသိမ်း ထားနိုင်ဖို့ လို ပါ တယ်။
မိမိ၏ လျှို့ဝှက်ချက် ကို လျှို့ဝှက်ချက် အဖြစ် သိမ်းဆည် းနိုင်ရန် သတိသမ္ဗဇဉ် လိုပါသည်။ သည် လျှို့ဝှက်ချက်ကို ဘယ်သူတွေက ဘယ်လောက်ပဲ စကားလာ နိုက်နိုက် ကိုယ့်ဘက် က ထိန်းထား နိုင်ဖို့အတွက် သတိအမြဲ ရှိနေ ရပါ မယ်။ သတိ ဆိုတာ ပိုတယ် မရှိပါ။
အားလုံးပဲ ကိုယ့်မှာ ရှိတဲ့ လျှို့ဝှက်ချက်ကို မည်သူ့ကို မှ မပြောပဲ ကိုယ့်ရင် ထဲ၌သာ သိမ်းထား ပါလို့ အကြံပေး ပါရစေ….
No Comments